နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းတွေက ဘာကြောင့်အရေးကြီးတာလဲ?

နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းတွေက ဘာကြောင့်အရေးကြီးတာလဲ?

အနှစ်ချုပ်

  • ကျန်းမာရေးစစ်ဆေးခြင်းဟာ ရောဂါတစ်ခု ကြီးထွားမလာခင်မှာ ကြိုတင်ကာကွယ်မှုကို ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ရောဂါလက္ခဏာ မပြတဲ့ ‌ရောဂါများဟာ ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆို‌တော့ လက္ခဏာ စတင်ပြသတာနဲ့ ရောဂါဟာ ကျွမ်းနေလို့ပဲဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးပြီး တဲ့နောက် ပုံမှန်မဟုတ်တဲ့ ရလဒ်တွေ တွေ့ရှိရတယ်ဆိုရင် ဆရာဝန်ရဲ့ အကြံပေး လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရပါမယ်။
  • သွေးပေါင်ချိန် ကို တစ်ကြိမ်တည်း တိုင်းတာခြင်းဟာ သွေးတိုးခြင်းကို ပြီးပြည့်စုံ စွာ မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဒါကြောင့် (၂) ကြိမ် - (၃) ကြိမ်လောက် ပြန်လည် တိုင်းတာပြီး ထွက်လာတဲ့ရလဒ်တွေကိုလည်း သေချာစစ်ဆေးရပါမယ်။ ဘာလို့လဲ ဆိုတော့ မောပန်းနွမ်းနယ်ခြင်း ၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှု၊ လုံလောက်တဲ့ အနာယူမှု မရှိခြင်း စတာတွေကလည်း သွေးပေါင်ချိန်အပေါ်ကို သက်ရောက် နိုင်စေ လို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ကျန်းမာရေးစစ်ဆေးမှုကိုလုပ်ဆောင်ခဲ့ပြီး ထွက်လာတဲ့ရလဒ်၊ အနှစ်ချုပ်ခြုံငုံသုံးသပ်ချက်ရလဒ်များနဲ့ပတ်သက်ပြီး ဆရာဝန်ရဲ့ ရှင်းလင်းပြောကြား ချက်ကို နားထောင်ခဲ့ပြီးပြီဆိုပါစို့ ။ သင့်အနေနဲ့ တချို့ အချက်အလက်များကို သတိရကောင်းရမှာဖြစ်ပေမယ့်လည်း တချို့အချက်အလက်တွေကို မေ့လျော့တာမျိုး (သို့) အပြည့်အဝ နားမလည်တာမျိုးဆိုရင်တောင်မှ အကျဥ်းချုံးရလဒ်တွေ ၊ ကိန်းဂဏန်း တွေ ၊ အရေအတွက်တွေ ကို ကျေးဇူးတင်ရပါမယ်။ သင်ဟာ သွေးတွင်းသကြားဓာတ် များခြင်း ၊ သွေးပေါင်ချိန်များခြင်း ၊ သတ်မှတ်ပမာဏထက် သွေးတွင်းအဆီများခြင်း စတာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒီလို ကိန်းဂဏန်းတစ်ခုချင်းစီဟာ သင့်ကျန်းမာရေးအခြေအနေနဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို ညွှန်ပြနေတယ်ဆိုတာကို သင်သိထားဖို့တော့လိုပါလိမ့်မယ်။

သွေးတွင်းသကြားဓာတ်ပမာဏ

သွေးတွင်းသကြားဓာတ်ပမာဏဟာ ဆီးချိုရောဂါ စစ်ဆေးရာမှာ အသုံးပြုပါတယ်။ ဘာမှ မစားခင်တိုင်းတဲ့ သွေးတွေင်းသကြားဓာတ်ဟာ ၇၀ - ၉၀ mg/dl (၁ ဒက်စီလီတာ တွင်ပါဝင်သော မီလီဂရမ်ပမာဏ) ရှိပါတယ်။ တကယ်လို့ သွေးတွင်းသကြားဓာတ်ဟာ ၁၀၀ - ၁၂၅ (mg/dl) ရှိနေတယ်ဆိုရင် ဆီးချိုဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၂၆ (mg/dl) နဲ့ အထက်ဆိုရင်တော့ ဆီးချိုရောဂါ အစပျိုး နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

HbA1c (Glycated hemoglobin) လို့ခေါ်တဲ့ စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ (၂)လ - (၃) လ အတွင်း သင့်ရဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို သိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှု အတွက် ဘာမှမစားရသေးခင်အချိန်မှာ စစ်ဖို့ မလိုအပ်သေးပါဘူး။ တစ်ခါတစ်ရံ ဒီနည်းလမ်းကို ဆီးချိုရောဂါ ရှာဖွေစစ်ဆေးမှုအတွက် အသုံးပြုသလို ဆီးချိုကို ထိန်းဖို့အတွက်လည်း အသုံးပြုပါတယ်။ ဒါ့အပြင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါပြဿနာတွေကို စစ်ဆေးရာမှာလည်း အသုံးပြုပါတယ်။ ဒီစစ်ဆေးမှုအတွက် ပုံမှန် HbA1c ပမာဏ ကတော့ ၅.၇ mg% ဖြစ်ပြီး ၅.၇ - ၆.၄ mg% ဆိုရင် ဆီးချိုဖြစ်နိုင်ခြေရှိတယ်လို့ ယူဆလို့ရပါတယ်။ ၆.၆ mg% နဲ့အထက်ဆိုရင်တော့ ဆီးချိုရောဂါ ဖြစ်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

ဆီးချိုရောဂါအပြင် နှလုံးသွေးကြောရောဂါ ၊ တစ်ကိုယ်လုံးလေဖြတ်ခြင်း ၊ လေတစ်ခြမ်းဖြတ်ခြင်း ၊ သွေးလွှတ်ကြောများကျဉ်းခြင်း ကြောင့် ခြေလက်များဆီ သွေးမရောက်နိုင်ခြင်း ၊ နာတာရှည်ကျောက်ကပ် ရောဂါ ၊ အမြင်အာရုံဆုံးရှုံးသည်အထိဖြစ်စေတဲ့ ဆီးချိုကြောင့်ဖြစ်တဲ့မျက်စိမှုန်ခြင်း  ကဲ့သို့ ဆိုးရွားတဲ့ ရောဂါများလည်း ဖြစ်ပွားနိုင်စေပါတယ်။

ကိုလက်စ်ထရောလ်၊ Triglycerideအဆီဓါတ် ၊ HDL နှင့် LDL အဆီစစ်ဆေးမှုများ

သင့်ရဲ့သွေးတွင်းအဆီဓာတ်ပမာဏကို အတိကျဆုံး သိရှိစေနိုင်ဖို့အတွက် သင့်ကို ဆရာဝန်မှ စစ်ဆေးမှုမတိုင်ခင် (၁၂) နာရီအတွင်း ဘာမှ မစား မသောက်ဖို့ အကြံပြုမှာ ဖြစ်ပါတယ်။ သွေးတွင်းမှာရှိတဲ့ အဆီ မော်လီကျူးများကို တိုင်းတာတဲ့ Lipid Panel စစ်ဆေးမှုအတွင်း အောက်ဖော်ပြပါ ရလဒ်တွေကို သိရှိနိုင်ပါတယ်။

  • ကိုလက်စ်ထရောလ် - သွေးတွင်းမှာရှိတဲ့ ကိုလက်စ်ထရောလ်ပမာဏ စုစုပေါင်းကို တိုင်းတာပါတယ်။ တကယ်လို့ ကိုလက်စ်ထရောလ်ပမာဏ ဟာ ၂၀၀ mg/dl ( ၁ ဒက်စီလီတာတွင်ပါဝင်သော မီလီဂရမ်ပမာဏ) အထက်မှာ ရှိနေမယ် ဆိုရင် သွေးကြောများ မာကျောခြင်း ၊ ကျဉ်းခြင်း ၊ ပိတ်ဆို့ခြင်းများဖြစ်နိုင်ပြီး ဒီလက္ခဏာတွေဟာ နှလုံးရောဂါဖြစ်ပွားစေနိုင်တဲ့ အဓိက အကြောင်းအရင်းများ ပဲ ဖြစ်ပါတယ်။
  • Triglyceride အဆီ - Triglyceride အဆီဟာ ဖက်တီးအက်ဆစ်သုံးခုနဲ့ ဂလစ်စရော ပေါင်းစပ်ထားတဲ့ အဆီဖြစ်ပါတယ်။ အဆိုပါ အဆီပမာဏဟာ ၁၅၀ mg/dl နှင့် အထက်မှာရှိနေမယ်ဆိုရင် သွေးကြောများမာကျောလာခြင်း ၊ သွေးကြောနံရံနဲ့ မုန့်ချိုအိတ် ထူပြောလာခြင်း စတာတွေကို ခံစားရစေနိုင် ပါတယ်။
  • High-Density Lipoprotein-Cholesterol (HDL-C): လူ့ခန္ဓာကိုယ်တွက် ကောင်းကျိုးပေးတဲ့ HDL ကိုလက်စ်ထရောလ်ဟာ သွေးကြောနံရံများမှ ပိုလျှံ နေတဲ့ကိုလက်စ်ထရောလ်များကိုသယ်ယူပြီး အသည်းကနေတစ်ဆင့် စွန့်ပစ်နိုင်ဖို့ ပို့ဆောင်ပေးပါတယ်။ HDL ကိုလက်စ်ထရောလ် ပမာဏများခြင်းဟာ နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အမျိုးသားများမှာ  HDL ကိုလက်စ်ထရောလ်ပမာဏ ၄၀ mg/dl အနည်းဆုံးရှိသင့်ပြီး အမျိုးသမီးများ မှာ ၅၀ mg/dl အနည်းဆုံးရှိသင့်ပါတယ်။ ၆၀ mg/dl နဲ့အထက်ရှိမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ပမာဏအဖြစ်သတ်မှတ်နိုင်ပါတယ်။
  • Low-Density Lipoprotein-Cholesterol (LDL-C): LDL ကိုလက်စ်ထရောလ်ဟာ လူကို ကောင်းကျိုးမပြုတဲ့အဆီအဖြစ် သိကြပါတယ်။ LDL ကိုလက်စ်ထရောလ် ပမာဏများနေတယ်ဆိုရင် နှလုံး နဲ့ ဦးနှောက်မှာ သွေးကြောပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ LDL ကိုလက်စ်ထရောလ်ပမာဏ ဟာ ၁၃၀ mg/dl ထက် မပိုသင့်ပါဘူး။

သွေးပေါင်ချိန်

သွေးပေါင်ချိန်ရလဒ် (Blood pressure) ဟာ လူတစ်ယောက်ရဲ့ အခြေခံ နှလုံးသွေးကြောကျန်းမာရေးအ တွက် အရေးပါတဲ့ အချက်အလက်များကို ပေးစွမ်းပါတယ်။ သာမန်အားဖြင့် သင့်ရဲ့ အပေါ်သွေးဟာ ၁၂၀ mm Hg အောက်မှာ ရှိသင့်ပြီး အောက်သွေးဟာ ၈၀ mm Hg အောက် ရှိသင့်ပါတယ်။ သွေးတိုးရောဂါ ရှာဖွေစစ်ဆေးရာမှာ သွေးပေါင်ချိန်လိုက်လို့ အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ဖြစ်နေတယ်ဆိုရင် သွေးတိုးနေတယ်လို့ သတ်မှတ်လို့ရပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ သွေးပေါင်ချိန်များနေတယ်ဆိုရင် တခြားသော ရောဂါ ကြီးကြီးမားမားတွေဖြစ်တဲ့ လေဖြတ်ခြင်း ၊ နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် တစ်ကြိမ် သွေးပေါင်တိုင်းလိုက်ရုံနဲ့ သွေးတိုးရောဂါ ရှိ မရှိကို မဆုံးဖြတ်နိုင်ပါဘူး။ (၂) ကြိမ်- (၃) ကြိမ်လောက် တိုင်းတာဖို့လိုအပ်ပြီး ထွက်လာတဲ့ ရလဒ်ကို ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။  ဘာလို့လဲဆိုတော့ မောပန်းနွမ်း နယ်ခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ စိတ်ဖိစီးမှု ၊ လုံလောက်စွာနားချိန်မရှိခြင်း စတာတွေ ကြောင့်လည်း သွေးပေါင်ချိန်များနေတာမျိုး ဖြစ်တတ်ပါတယ်။

အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း

သွေးရလဒ်အဖြေတွေကနေ အသည်းလုပ်ဆောင်ချက်ကို စစ်ဆေးနိုင်ပြီး လူနာအနေနဲ့ စစ်ဆေးမှုမတိုင်ခင် အစားရှောင်ဖို့မလိုအပ်ပါဘူး။ အသည်းလုပ်ဆောင်ချက်စစ်ဆေးပေး နိုင်တဲ့ သွေးရလဒ်အဖြေများကို အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။

  • ALT (သို့) SGPT အင်ဇိုင်း - Alanine aminotransferase (ALT) (သို့) Serum glutamic pyruvic transaminase (SGPT) ဆိုတာဟာ အသည်းဆဲလ် တွေထဲမှာ ရှိတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ပုံမှန် ALT ပမာဏဟာ အမျိုးသမီးများမှာ ၀ - ၃၄ U/L (တစ်လီတာမှာပါဝင်တဲ့ ယူနစ်ပမာဏ) အတွင်း ရှိရမှာဖြစ်ပြီး အမျိုးသား များအတွက် ၀ - ၄၅ U/L (တစ်လီတာမှာပါဝင်တဲ့ ယူနစ်ပမာဏ)အတွင်း ရှိရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ ပမာဏ ရှိနေတာကို တွေ့ရတယ်ဆိုရင် ဒါဟာ အသည်းဆဲလ်တွေ ပုံမှန်မဟုတ်တာကို ပြသပါတယ်။ အသည်းခြောက်ခြင်း ကဲ့သို့ အသည်းရောဂါကို ဖြစ်နိုင်ပါတယ်။
  • AST (သို့) SGOT အင်ဇိုင်း - Aspartate aminotransferase (AST) (သို့) Serum glutamic-oxaloacetic transaminase (SGOT) ဆိုတာဟာ အသည်းဆဲလ်တွေ ထဲမှာသာမက နှလုံး ၊ ကျောက်ကပ် ၊ ဦးနှောက် နဲ့ ကြွက်သားတွေထဲမှာ တွေ့ရှိနိုင်တဲ့ နောက်ထပ် အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီစစ်ဆေးမှု ဟာ အသည်းလုပ်ဆောင်ချက်ကို သိရှိနိုင်တဲ့ ALT စစ်ဆေးမှုနဲ့အတူ ပူးပေါင်း လုပ်ဆောင်ပါတယ်။ ပုံမှန် AST ပမာဏဟာ ၅ - ၃၄ U/L အတွင်းမှာ ရှိသင့်ပါ တယ်။
  • Alkaline phosphatase (ALP) အင်ဇိုင်း - ခန္ဓာကိုယ်တစ်ခုလုံးမှာ တွေ့ရှိရ တဲ့ အင်ဇိုင်းပရိုတိန်းတစ်မျိုးဖြစ်ပေမယ့်လည်း အသည်း ၊ အရိုး ၊ ကျောက်ကပ် နဲ့ အစာခြေစနစ်မှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ တကယ်လို့ အသည်း (သို့) အရိုးမှာ ပြဿနာရှိတဲ့ လက္ခဏာတစ်ခုခု ပြသတယ်ဆိုရင် အသည်းလုပ်ဆောင် ချက်သိရှိဖို့အတွက်  ALP စစ်ဆေးမှုကို ALT ၊ AST စတဲ့စစ်ဆေးမှုတွေ နဲ့အတူ ပူးတွဲလုပ်ဆောင်ပါတယ်။ ALP ပမာဏဟာ ၄၀ နဲ့ ၁၅၀ U/L အတွင်း ရှိနမယ်ဆိုရင် ပျမ်းမျှ အရွယ်ရောက်ပြီးသားလူတစ်ယောက် အတွက် ပုံမှန် အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ ALP ပမာဏ များပြားနေခြင်းဟာ အသည်းရောင်ခြင်း (သို့) အသည်းကင်ဆာ ဖြစ်နိုင်ခြေရှိပြီး အသည်းကိုထိခိုက် စေတဲ့ဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • အယ်လ်ဗျူမင်ပရိုတိန်း(Albumin) - အယ်လ်ဗျူမင်ပရိုတိန်းဟာ အသည်းက နေပြုလုပ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးဖြစ်ပြီး သွေး ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သွေးမှာပါတဲ့ အယ်လ်ဗျူမင်ပမာဏ စစ်ဆေးခြင်းဟာ အသည်းလုပ်ဆောင်ချက် အပြင် အသည်းအယ်လ်ဗျူမင်ထုတ်လုပ်မှုပမာဏနဲ့ ကျောက်ကပ်ကနေ အညစ်အကြေးစွန့်ထုတ်ခြင်း  အထောက်အကူပြုပါတယ်။ ပုံမှန်အယ်ဗျူမင်ပမာဏဟာ ၃.၅ - ၅.၂ g/dL အတွင်းမှာရှိပါတယ်။
  • စုစုပေါင်းဘီလီရူဘင်ပမာဏ - ဘီလီရူဘင် (Bilirubin) စစ်ဆေးခြင်းဟာ အသည်းလုပ်ဆောင်ချက်စစ်ဆေးရာမှာ အသုံးပြုပါတယ်။ ပုံမှန်ပမာဏဟာ ၀.၂ - ၁.၂ mg/dl ရှိ ရမှာဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ ရလဒ်တွေ ထွက်လာမယ်ဆိုရင်ဘာလုပ်သင့်သလဲ

ကျန်းမာရေးစစ်ဆေးခြင်းဟာ ရောဂါတစ်ခုမကြီးထွားလာခင် ကြိုတင်ကာကွယ်နိုင်မှု တစ်ခုကိုပေးစွမ်းပါတယ်။ ဒါ့အပြင် ရောဂါတစ်ခုဖြစ်နိုင်ခြေကို သိရှိစေနိုင်ပြီး စောစီးစွာ ရောဂါရှာဖွေစစ်ဆေးမှုကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ရလဒ်များတွေ့ရှိရပြီး ရောဂါတစ်ခု အစပျိုးနေပြီဆိုတာကို သိရှိရတယ်ဆိုရင် ဆရာဝန်မှ သောက်ဆေးများညွှန်ကြားပေးခြင်း ၊ ရောဂါနဲ့ပတ်သက် သည်များကို အကြံပြုလမ်းညွှန်ပေးခြင်း ၊  လူနာရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန် စေမယ့် ပြောင်းလဲမှုများ ၊ အထူးကုဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်က ကုသမှုများကို လမ်းညွှန်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းဟာ အဓိက ကျပါတယ်။ ကျန်းမာရေးစစ်ဆေးမှု ပြီးတဲ့အခါမှာလည်း ဆရာဝန်ရဲ့ အကြံပေး လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် ရောဂါဖြစ်နိုင်ခြေများတယ် ဒါပေမယ့် ရောဂါ စ မဖြစ်သေးဘူးဆိုရင် လိုက်နာဆောင် ရွက်ဖို့ က ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါတစ်ခုကို စောစောစီးစီး ကုသ ရင် ပျောက်ကင်းနိုင်မှုအခွင့်အရေး ပိုမိုများပြားလေ မို့လို့ပါပဲ။ ဒါမှသာ လူနာအတွက် နေ့စဉ်လုပ်ငန်းဆောင်တာများကို မြန်နိုင်သမျှအမြန်ဆုံး ဆောင်ရွက်နိုင်ကာ ပုံမှန်ဘဝ တစ်ခုကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အောက်မှာဖော်ပြထားတဲ့ အမူအကျင့်တွေကို နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံး မယ်ဆိုရင် ဖျားနာမှုနဲ့ ရောဂါဘယတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

  • အစာအုပ်စု (၅) ခုစလုံးပါဝင်အောင်စားသုံးပြီး အဆီများတဲ့ အစားအစာများနဲ့ အစပ်လွန်ကဲတဲ့ အစားအစာများကိုရှောင်ကျဉ်ပါ။ တစ်နေ့ကို ရေ (၈)ခွက် ကနေ (၁၀) ခွက်အထိသောက်ပေးပါ။ သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရတဲ့ အမျှင်ဓာတ်ကို ကြွယ်ဝစွာစားသုံးပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ရောဂါအခံရှိသူများအနေနဲ့ ကိုယ်အလေးချိန် များနေတယ် (သို့) တခြားရောဂါဖြစ်နိုင်ခြေတွေ ရှိနေမယ်ဆိုရင် လေ့ကျင့်ခန်း အစီအစဉ်တစ်ခုမရေးဆွဲခင်မှာ ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။
  • စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထူးဂရုပြုပြီး စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုများနဲ့ အဝေးမှာနေပါ။
  • အမြင့်မားဆုံးစိတ်လက်ပေါ့ပါးလန်းဆန်းမှု ရရှိစေဖို့အတွက် လုံလောက်စွာအိပ်စက်အနားယူပါ။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အလုံးစုံ ပြည့်ဝကောင်းမွန်စေဖို့ရည်ရွယ်တဲ့ “HEALTH RACE

ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ အမူအကျင့်တွေဟာ ပြောင်းလဲရလွယ်ကူလိမ့်မယ်လို့ ကျွန်တော်တို့ စပြီး တွေးခဲ့မိပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာ ကျွန်တော်တို့ တွေးထားတာထက် ပိုမိုခက်ခဲတယ်ဆိုတာ သိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ ၊ အချိန် ၊ လှုံ့ဆော်မှု ၊ စိတ်ဓာတ်ခွန်အား စတာတွေ မရှိလို့ပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ဟာ လုံလောက်တဲ့ ပြောင်းလဲမှုကို မလုပ်ချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်မျှော်မှန်းထားတဲ့ ကျန်းမာရေးကောင်းမွန်ခြင်း ပန်းတိုင်ခရီးကို အဖော် တစ်ယောက်နဲ့ တစ်နည်းအားဖြင့် Health Companion တစ်ယောက် နဲ့ အတူတူ လျှောက်လှမ်းခွင့် ရမယ်ဆိုရင် ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်မလဲ။ အထူးသဖြင့် အဲဒီ Health Companion ဟာလည်း ဆေးဆက်ဆိုင်ရာမှာကျွမ်းကျင် တဲ့ အထူးကုဆရာဝန်ဖြစ်ပြီး ရောဂါအမျိုးမျိုးအတွက် အထူးပြုလေ့လာထားတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကျေနပ်စရာကောင်းပါ လိမ့်မလဲ။ အခုဆိုရင်တော့ သင့်မှာ Health Race ရှိနေပြီဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ ဘေးဘယာတွေကို ကျော်လွှားစေနိုင်ပြီး သင့်အတွက်သီးသန့် ကျန်းမာရေးကောင်းမွန်မှု နဲ့ ပြီးပြည့်စုံမှု အသစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်မှာ သင့်ကို ထိရောက်မှုမြင့်မားတဲ့ နောက်ဆုံးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လမ်းညွှန်ချက်များကိုပံ့ပိုးပေးမှာဖြစ်ပြီး သင့်ရဲ့ ရေရှည် ကျန်းမာရေးအတွက် တိုးတက်မြင့်မားစေမယ့် တိုးတက်ကောင်းမွန်မှုနည်းလမ်း (၄) မျိုးနဲ့အတူ ပိုမိုကျန်းမာတဲ့ဘဝကို ရရှိစေမှာဖြစ်ပါတယ်။ အဆိုပါနည်းလမ်း (၄) သွယ်ဟာ ကျွန်တော်တို့ Health Race program ရဲ့ အခြေခံလမ်းညွှန်ချက်တွေ ဖြစ်ပြီး အောက်ဖော်ပြပါ ကျန်းမာရေးပန်းတိုင်ရည်မှန်းချက်များကို ပြည့်စုံစေမှာအမှန်ပဲ ဖြစ်ပါတယ်။

  • ကိုယ်ကာယဆိုင်ရာတိုးတက်ကောင်းမွန်စေခြင်း - စဉ်ဆက်မပြတ် ကျန်းမာရေး အကောင်းဆုံးအခြေအနေမှာ ရှိနေစေဖို့အတွက် အထူးရေးဆွဲထားတဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုနည်းလမ်းများပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လေ့ကျင့်ခန်း စနစ် ၊ ခန္ဓာကိုယ်ဖွဲ့စည်းမှုစစ်ဆေးခြင်း ၊ သီးသန့်လေ့ကျင့်ခန်းအစီအစဉ် စတာတွေကို စတင်မလုပ်ဆောင်ခင် သင့်ရဲ့ နှလုံးကျန်းမာရေးကောင်းမွန်မှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။
  • စားသောက်မှုပုံစံတိုးတက်ကောင်းမွန်စေခြင်း - သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် သီးသန့်ရေးဆွဲ ထားတဲ့ စားသောက်မှုပုံစံများပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝါရင့် အစားအသောက်ဆိုင်ရာ ပညာရှင်များရဲ့ အကြံပေးလမ်းညွှန်ချက်များကို အခြေခံ ပြီး သ်င့အတွက် အာဟာရစားသုံးမှု အစီအစဉ်ကို အသေးစိတ်ရေးဆွဲ ပေးမှာ ဖြစ်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေခြင်း -  စိတ်ပိုင်းဆိုင်ရာအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ သင့်ရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုများကို ခြုံငုံသုံးသပ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ၊ စိတ်ခံစားမှု များနဲ့ပတ်သက်တဲ့ အကူအညီများကို ပေးစွမ်းမှာဖြစ်ပါတယ်။
  • အိပ်စက်မှုဆိုင်ရာတိုးတက်ကောင်းမွန်စေခြင်း - ကောင်းစွာအိပ်မပျော်ခြင်း ၊ နှစ်ခြိုက်စွာအိပ်မပျော်ခြင်း ၊ ဟောက်ခြင်း စတဲ့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာများကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။ ကုသမှုနည်းလမ်းများကတော့ အိပ်နေစဉ်အသက်ရှူရပ်ခြင်း ကို စစ်ဆေးခြင်း ၊ အပ်စိုက်ကုသခြင်း ၊ အိပ်စက်မှု နဲ့ပတ်သက်ပြီးကြုံနေရတဲ့ ပြဿနာများကို ဖြေရှင်းဖို့ အစီအစဉ်များ ရေးဆွဲ ခြင်း စတာတွေပါဝင်ပါတယ်။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုဟာ မူမမှန်မှုများကို စစ်ဆေးပေးရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်တွင်းရှိ  အစိတ်အပိုင်းများရဲ့  လုပ်ဆောင်မှုများကိုစစ်ဆေးပေးကာ ဖြစ်လာနိုင်ခြေ ရှိတဲ့ ရောဂါပြဿနာများရဲ့ ရလဒ်များကို ပြသပေးပါတယ်။ ဒီနည်းလမ်း များကနေတစ်ဆင့် ဆရာဝန်မှ လူတစ်ယောက်မှာ ရှိနေနိုင်တဲ့ရောဂါ (သို့) ပုံမှန်မဟုတ် တဲ့ အခြေအနေများကို ရှာဖွေစစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးမှုရလဒ်အရ ရှိသင့်တဲ့ပမာဏထက်များနေမယ် ၊ ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်ရဲ့ အကြံပေးလမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။ အထူးသဖြင့် ရောဂါ မဖြစ်သေးပေမယ့် ရောဂါဖြစ်နိုင်ခြေရှိတယ်ဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ယနေ့ခေတ်မှာတော့ လူအများစုဟာ သူတို့ရဲ့ သီးသန့် ကျန်းမာရေးစောင့်ရှောက် မှုကို အလေးပေးလာကြပြီဖြစ်ပါတယ်။ ဒါ့အပြင် သီးသန့်ရေးဆွဲထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို စိတ်ဝင်စားလာကြသလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း လိုလိုလားလား ရယူချင်လာကြပါတယ်။ သာမန် ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာပုံစံရှိပြီး ကျန်းမာရေးရလဒ်ကောင်းသူတွေတောင်မှ ဒါကို စိတ်ဝင်စားကြပါတယ်။

The Health Race Program ဟာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးပြီး  မိမိတို့မျှော်မှန်းထားတဲ့ စဉ်ဆက်မပြတ်အလုံးစုံပြီးပြည့်စုံတဲ့ ကျန်းမာရေးပန်းတိုင်ကို ရောက်ရှိစေမှာဖြစ်ပါတယ်။  သင့်အတွက် အထူးသီးသန့် ရှိနေပေးမယ့် ကျန်းမာရေးအဖော် Health Companion အတွက် ကျွန်တော်တို့ရဲ့  Wellness Center ကိုဆက်သွယ်နိုင်ပါတယ်။ Health Race Program နဲ့အတူ ကျန်းမာရေးကောင်းမွန်ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်တဲ့ အချက်အလက်များနဲ့ အဆက်မပြတ်စေဖို့ ကျွန်တော်တို့ဆေးရုံမှ အမြဲ အသင့် ရှိနေပါမယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။