မွေးစကနေ အရွယ်ရောက်လာချိန်ထိအသက်အရွယ်လိုက်ထိုးရတဲ့ကာကွယ်ဆေး ၊ ရောဂါမျိုးစုံကို ခုခံတုန့်ပြန်နိုင်တဲ့ကာကွယ်ဆေးများအပြင် အမျိုးသမီးများအနေနဲ့ သူတို့ရဲ့ ရှုပ်ထွေးတဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းလုပ်ဆောင်မှုများကြောင့် ထိုးနှံသင့်တဲ့တခြားသောကာကွယ်ဆေးများလည်းရှိပါသေးတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်ကာလမှာဆိုရင် အမျိုးသမီးများမှာ မိခင်ရော သန္ဓေသားကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါတွေ အများကြီးရှိပါတယ်။
ကိုယ်ဝန်ဆောင်အားလုံးရဲ့ (၅၀) ရာခိုင်နှုန်းဟာ သေချာပြင်ဆင်ထားမှုမရှိပေမယ့်လည်း သတ်မှတ်ချက် အရ အမျိုးသမီးများဟာ ကိုယ်ဝန်မဆောင်ခင် တချို့သော ကာကွယ်ဆေးများကိုထိုးနှံသင့်ပါတယ်။ အောက်ဖော်ပြပါ ကာကွယ်ဆေးများဟာ အမျိုးသမီးတိုင်းထိုးနှံသင့်တဲ့ ကာကွယ်ဆေးများဖြစ်ပါတယ်။
တချို့သောကာကွယ်ဆေးများထိုးနှံပြီးပြီဆိုရင် အနည်းဆုံး (၁)လလောက် သန္ဓေတားဆေး သောက်ဖို့ လွန်စွာအရေးကြီးပါတယ်။ ကာကွယ်ဆေးတံဆိပ်အမျိုးအစားအပေါ်မူတည်ပြီး တချို့ဆရာဝန်များက (၃) လလောက် သန္ဓေတားဆေးသောက်ဖို့ အကြုံပြုလေ့ရှိပါတယ်။ အသေးစိတ်အချက်အလက် များကိုတော့ ဆရာဝန်နဲ့မေးမြန်းဆွေးနွေးနိုင်ပါတယ်။ သန္ဓေတားဆေးကိုမဖြစ်မနေအသုံးပြုရပါမယ်။ ဘာလို့လဲဆိုတော့ ဒီကာကွယ်ဆေးတွေဟာ ရောဂါပိုးမွှားများရဲ့ ရောဂါဖြစ်စေနိုင်မှုစွမ်းရည်ကို လျှော့ချပေးတဲ့ ကာကွယ်ဆေးတွေဖြစ်တဲ့အပြင် သန္ဓေသားမှာ မသန်မစွမ်းဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးလို့ရတဲ့ကာကွယ်ဆေးတွေ အများကြီးရှိပါတယ်။ ဒီကာကွယ်ဆေးတွေဟာ တကယ်တမ်းမှာလည်း ကလေးမမွေးခင်အချိန်အတွင်း ထိုးဖို့လုံးဝအကြံပြုထားတဲ့ ကာကွယ်ဆေးများ ဖြစ်ပါတယ်။ ဥပမာ- တုပ်ကွေးကာကွယ်ဆေးလိုမျိုး ကာကွယ်ဆေးတွေဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဒီဆေးကိုမထိုးထားခဲ့ဘူးဆိုရင် ဆရာဝန်က ကိုယ်ဝန်ဆောင် တတိယ (၃)လပတ်အတွင်း ထိုးဖို့အကြုံပြုမှာဖြစ်ပါတယ်။ မွေးလာတဲ့ကလေး မှာ ကြက်ညှာချောင်းဆိုးရောဂါ ၊ ဆုံဆို့နာ ၊ မေးခိုင်ရောဂါတွေကိုကာကွယ်ထားနိုင်ဖို့ ကိုယ်ဝန်ဆောင် တတိယ (၃)လပတ်အတွင်း Tdap ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံဖို့အကြံပြုလိုပါတယ်။
တချို့ကာကွယ်ဆေးတွေကတော့သန္ဓေသားကိုထိခိုက်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မသန်မစွမ်း ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်းမထိုးဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ရေကျောက်ကာကွယ်ဆေး ၊ ရေယုန်ကာကွယ်ဆေး ၊ လည်ပင်းကျိန်နှင့်ဝက်သက်ရောဂါ ကာကွယ်ဆေး တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးနှံလို့မရပါဘူး။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်ဖို့အစီအစဉ်ရှိတယ်ဆိုရင် မိခင် နဲ့ သန္ဓေသားရဲ့ ဘေးကင်းကျန်းမာမှုအတွက် သုံးလပတ်ကာလအပိုင်းအခြား တစ်ခုချင်း စီတိုင်း ဘယ်လိုကာကွယ်ဆေး တွေထိုးတာကသင့်လျော်မလဲဆိုတာကို ဆရာဝန် နဲ့သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။
The Vaccination and Travel Medicine Center (ဆစ်မီတဝေ့ရဲ့ကာကွယ်ဆေးနှင့်ခရီးသွားကျန်းမာရေး စင်တာ) ဟာ ရောဂါကာကွယ်မှုနဲ့ ရောဂါခုခံနိုင်မှုနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ဆောင်နေတဲ့ စင်တာ ဖြစ်ပါတယ်။ သင်ဟာ ကမ္ဘာအရပ်ရပ်က မတူညီတဲ့နေရာတွေကို သွားဖို့ ပြင်ဆင်ထားတယ် ဆိုရင် နိုင်ငံအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါတွေအကြောင်းကို သိရှိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ တချို့ရောဂါတွေဟာ သင့်မှာကြိုတင်ပြီးခုခံနိုင်စွမ်းရှိမနေပါဘူး။ ဆစ်မီတဝေ့အနေနဲ့ ထိုင်းနိုင်ငံသားများ အပြင် ၊ ထိုင်းနိုင်ငံတွင်လာရောက်နေထိုင်သူများ ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေပေးလျက်ရှိပါတယ်။ ဆစ်မီတဝေ့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘယ်အချက်တွေကိုပြင်ဆင်ထားသင့်တယ် ၊ခရီးမထွက်ခင် ဘာတွေ သိရှိထားသင့်တယ် ဆိုတာကို အကောင်းဆုံးအကြံဉာဏ်ပေးကာ ဝန်ဆောင်ပေးလျက်ရှိပါတယ်။
အရာများ
ဆောင်းပါးများ