သွေးတွင်းယူရစ်အက်ဆစ်များခြင်းဆိုတာ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်ပြီး ဆေးပညာအရ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် သွေးတွင်းယူရစ်အက်ဆစ်ပမာဏ ဟာ သွေးတွင်းပျော်ဝင်နေတဲ့ ယူရစ်အက်ဆစ် မိုနိုဆိုဒီယမ်ယူရိတ်ရဲ့ ပျော်ဝင်နိုင်မှုထက်မြင့်မားပြီး အခန်းအပူချိန် 37 oC မှာ 6.8 mg/dL ရှိနေတာဖြစ်ပါတယ်။
သွေးတွင်းယူရစ်အက်ဆစ်ပမာဏ 7 mg/dL ကိုရောက်ပြီဆိုရင် သွေးတွင်းပျော်ဝင်နေတဲ့ ယူရစ်အက်ဆစ် မိုနိုဆိုဒီယမ် ယူရတ် ကနေတစ်ဆင့် အဆစ်ရောင်ခြင်း (သို့) ဂေါက်ရောဂါအဆင့်ကိုရောက်ရှိပြီး ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်နိုင်ခြေမြင့်မားလာပါတယ်။ ဒါကြောင့် ယူရစ်အက်ဆစ်ပမာဏ 7 mg/dL ကျော်ပြီဆိုရင် သွေးတွင်းယူရစ်အက်ဆစ်များခြင်း ဖြစ်နေပြီလို့ နားလည်ထားရမှာဖြစ်ပါတယ်။ ယူရစ်အက်ဆစ်များခြင်းကိုဖြစ်စေနိုင်တဲ့ တခြားသောအကြောင်းအရင်းများကတော့ ကျောက်ကပ်လုပ်ဆောင်မှု (Creatinine Level) ၊ ခန္ဓာကိုယ်အလေးချိန် ၊ အသက်အရွယ် ၊ ကျား/မ ၊ သွေးပေါင်ချိန်နဲ့ အရက်သောက်သုံးခြင်း တို့ပဲဖြစ်ပါတယ်။
ကလေးများမှာတော့ ကျောက်ကပ်ကနေအညစ်အကြေးစွန့်ပစ်မှုရဲ့ သက်ရောက်မှုကြောင့် ယူရစ်အက်ဆစ်ပမာဏဟာ 3 – 4 mg/dL လောက်ရှိပါတယ်။ ယောက်ျားလေးများ လူပျော်ဖော်ဝင်ချိန်မှာ ယူရစ် အက်ဆစ်ပမာဏဟာ 1–2 mg/dL လောက် မြင့်တက်လာပြီး ဘဝတစ်လျှောက်လုံးအဲဒီပမာဏမှာပဲ ရှိနေပါတယ်။ အမျိုးသမီးများမှာတော့ မီးယပ်သွေးမဆုံးခင်အချိန်အထိ ယူရစ်အက်ဆစ်ပမာဏဟာ ပြောင်းလဲဖို့ ခဲယဉ်းပါတယ်။ ဒါဟာ အီစထရိုဂျင်(Estrogen) လို့ခေါ်တဲ့ မ ဟော်မုန်းကြောင့်ဖြစ်ပြီး ဆီးသွားခြင်းကနေတစ်ဆင့် ယူရစ်အက်ဆစ်စွန့်ပစ်မှုကို ကြီးထွားစေပါတယ်။ မီးယပ်သွေးဆုံးပြီးချိန်မှာ အမျိုးသမီးများရဲ့ ယူရစ်အက်ဆစ်ပမာဏဟာ တဖြည်းဖြည်းများပြားလာပြီး အမျိုးသားများရဲ့ ယူရစ်အက်ဆစ် ပမာဏနဲ့ အတူတူလောက်ဖြစ်သွားပါတယ်။
သွေးတွင်းယူရစ်အက်ဆစ်ပမာဏ 9 mg/dL အထက်မြင့်တက်သူများဟာ ယူရစ်အက်ဆစ်ပမာဏ 7 mg/dL မြင့်တက်သူ များနဲ့ ယှဉ်မယ်ဆိုရင် တစ်နှစ်မှာ ဂေါက်ရောဂါဖြစ်နိုင်ခြေ ၄.၉ ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဒါပေမယ့် ယူရစ်အက်ဆစ်များတဲ့သူများဟာ ဂေါက်ရောဂါနဲ့ပတ်သက်တဲ့ဘာလက္ခဏာမှ မပြပါဘူး။ အဲဒီအစား သွေးတိုးခြင်း ၊ သွေးတွင်းအဆီဓာတ်များခြင်း ၊ အဝလွန်ခြင်း ၊ ဆီးချိုရောဂါအရမူတည်တဲ့ ဆင်ဆူလင် ပမာဏ စတဲ့ ဇီဝကမ္မဆိုင်ရာ လက္ခဏာများသာ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် သွေးတွင်းယူရစ်အက်ဆစ်များခြင်းဟာ ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ နောက်ဆုံးမှာ ဂေါက်ရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ယူရစ်အက်ဆစ်ပမာဏ 9 mg/dL အထက် (၅)နှစ်ကြာ ရှိတဲ့သူတွေဟာ ဂေါက်ရောဂါဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိပါတယ်။ တစ်ချိန်တည်းမှာ ၅ နှစ်ကြာကာလအထိ ယူရစ်အက်ဆစ်ပမာဏ 7 – 8.9 mg/dL မှာ ရှိတဲ့သူတွေကတော့ ဂေါက်ရောဂါဖြစ်နိုင်ခြေ (၃) ရာခိုင်နှုန်း ပဲ ရှိပါတယ်။
ဂေါက်ရောဂါဟာ အရိုးအဆစ်နေရာတွေမှာ ရုတ်တရက် ဆိုးဆိုးရွားရွားကိုက်ခဲခြင်းကိုဖြစ်စေပြီး အသက် (၄၀)-(၆၀) အတွင်းရှိအမျိုးသားမှာအဖြစ်များသလို မီးယပ်သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ပထမကာလအချိန်တွေမှာတော့ အဆစ်တစ်နေရာတည်းမှာ ကိုက်ခဲပါတယ်။ အဖြစ်များတဲ့ အဆစ်နေရာတွေ ကတော့ ခြေမအဆစ်မှာကိုက်ခဲပြီး ခြေဖဝါးနဲ့ ခြေကျင်းဝတ်ထိပ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။
ဂေါက်ရောဂါအတွက် အတိကျဆုံးရောဂါရှာဖွေအတည်ပြုနိုင်တဲ့နည်းလမ်းကတော့ ကိုက်ခဲနေတဲ့ အဆစ်နေရာက အရည်နမူနာကိုယူပြီး Monosodium Urate ခေါ် ပုံဆောင်ခဲများကိုစစ်ဆေးတာဖြစ်ပါတယ်။ Monosodium Urate ခေါ် ပုံဆောင်ခဲများဟာ အဆစ်နေရာအရည်များထဲရှိ သွေးဖြူဥတွေထဲမှာ အပ် တစ်ချောင်းလိုပုံစံနဲ့ မြင်တွေ့ရပါတယ်။ အဆစ်များထဲရှိ synovial fluid လို့ခေါ်တဲ့ အဲဒီလို အရည်များ မရနိုင်ဘူးဆိုရင်တော့ ရောဂါရှာဖွေအတည်ပြုဖို့အတွက် ဆေးဘက်ဆိုင်ရာအကူအညီတွေလိုအပ်ပါတယ်။
ဆေးပေးစရာမလိုတဲ့ ကုသမှုများ
ယူရစ်အက်ဆစ်များခြင်းအတွက် ကုသမှုများ
ကုသမှုများကတော့ ရောဂါကိုသေချာတိတိကျကျအတည်ပြုနိုင်ပြီး သင့်လျော်တဲ့ဆေးဝါးများ ညွှန်ပြ ပေးနိုင် တဲ့ အထူးကုဆရာဝန်နဲ့သာလုပ်ဆောင်သင့်ပါတယ်။
နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ ကနေတစ်ဆင့် ဆရာဝန်များအနေနဲ့ မူမမှန်မှုများကိုသိရှိနိုင်ပါတယ်။ နှစ်စဉ်ကျန်းမာရေဂစစ်ဆေးမှုများ လုပ်ဆောင်ခြင်းအားဖြင့် အခြေအနေတွေ ဆိုးဆိုးရွားရွားမဖြစ်ခင် လိုအပ်တဲ့ အကြံဉာဏ်နဲ့ ကုသမှုများကို ဆရာဝန်များက အချိန်မီလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ယူရစ်အက်ဆစ်ပမာဏနဲ့ပတ်သက်ပြီး မူမမှန်မှုတစ်ခုခု သံသယဖြစ်တယ်ဆိုရင် နေထိုင်မှုပုံစံများပြောင်းလဲပြီး ယူရစ်အက်ဆစ်ပမာဏကိုလျှော့ချခြင်းဟာ အထိရောက်ဆုံးကုသမှုနည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှု များဟာ အန္တရာယ်မရှိ ၊ ဘေးထွက်ဆိုးကျိုးမရှိလုပ်ဆောင်နိုင်ပြီး ကျန်းမာတဲ့ဘဝကိုပြန်လည်ရရှိစေမှာ အမှန်ပါပဲ။
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆစ်မီတဝေ့ဆေးရုံဟာကျန်းမာရေးစောင့်ရှောက်မှုပေးရာ ထိပ်တန်းဆေးရုံ တစ်ခု ဖြစ်သည့်အားလျော်စွာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားလူနာများအတွက် တစ်နေရာတည်းပြီးပြည့်စုံတဲ့ ကျန်းမာရေးစစ်ဆေးခြင်းများ ကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ကြိုတင်ကာကွယ် စောင့်ရှောက်မှုများနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ရောဂါလက္ခဏာမပြခင် ရောဂါ ၊ မူမမှန်မှုနဲ့ အခြေအနေများကို ကြိုတင်သိရှိခြင်းအားဖြင့် ဆေးရုံကိုရောက်ရှိ လာတဲ့ လူနာများရဲ့ အချိန် နဲ့ငွေကို သက်သာစေအောင် အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။