သားယောက်ျားလေးများအတွက် မိဘတို့သိထားသင့်တဲ့လိင်တံအရေပြား ဖြတ်ထုတ်ခြင်းအကြောင်း

သားယောက်ျားလေးများအတွက် မိဘတို့သိထားသင့်တဲ့လိင်တံအရေပြား ဖြတ်ထုတ်ခြင်းအကြောင်း

အဓိကအချက်များ

  • အမျိုးသားအားလုံးဟာ လိင်တံထိပ်ဖူးကိုကာကွယ်ဖို့အတွက် သူတို့ရဲ့ လိင်တံအရေပြားဟာ လိင်တံထိပ်ဆုံးထိ ဖုံးအုပ်ထားတဲ့ ပုံစံနဲ့ မွေးဖွားလာ ကြပါတယ်။ လိင်တံအရေပြားဟာ ဘတ်တီးရီးယားပိုးမွှားများ စုပုံနေတတ် တဲ့ နေရာဖြစ်တာကြောင့် သေချာဂရုစိုက်ပြီး ဆေးကြောသန့်စင်သင့်ပါ တယ်။ ယောက်ျားလေးများဟာ လိင်တံအရေပြားဖြတ်ခြင်း (Circumcision) ကို မွေးဖွားပြီး (၁)ရက် - (၂)ရက် အကြာမှာ လုပ်ဆောင် နိုင်ပါတယ်။  
  • လိင်တံအရေပြားဖြတ်ခြင်း ဟာ လိင်တံအရေပြားပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အသက်ကြီးတဲ့အမျိုးသားများမှာ လိင်ဆက်ဆံ ရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ ဖြစ်စေမှုကို လျှော့ချပေးတဲ့အပြင် လိင်တံကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လိင်တံအရေပြားဖြတ်ခြင်းဆိုတာဘာလဲ?

လိင်တံထိပ်ဖုံးအုပ်နေတဲ့အရေပြားခွဲစိတ်ဖြတ်ထုတ်ခြင်းကို လိင်တံအရေပြားဖြတ်ခြင်းလို့ ခေါ်ပါတယ်။

ဘယ်အသက်အရွယ်မှာလိင်တံအရေပြားဖြတ်ဖို့အသင့်တော်ဆုံးလဲ?

  • လိင်တံထိပ်ရောင်ရမ်းခြင်း(Balanoposthitis) (သို့) လိင်တံအရေပြား ရှည်လျားလွန်းတာကြောင့် လိင်တံထိပ်ကို ဖုံးအုပ်နေတဲ့ အသက်အရွယ် မရွေးအမျိုးသားများအားလုံး လိင်တံအရေပြား ဖြတ်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
  • လိင်တံထိပ်ရောင်ရမ်းခြင်း (Balanoposthitis) ဟာ ဖြစ်လေ့ရှိတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး လိင်တံထိပ်အရေပြားတင်းကျပ်ကာ နောက်ပြန်ဆွဲဖို့ (သို့) လိင်တံထိပ်ကိုဖွင့်ဖို့ ခက်ခဲတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။
  • မွေးဖွားပြီး (၁)ရက် - (၂)ရက်သာ ရှိသေးတဲ့ ယောက်ျားလေးများဟာ ဘာသာရေးအရသော်လည်းကောင်း၊ အစဉ်အလာယုံကြည်မှု အရသော်လည်းကောင်း မွေးကင်းစအရွယ်မှာပင် လိင်တံအရေပြား ဖြတ်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ လိင်တံအရေပြားဖြတ်ခြင်းကို ဘေးကင်းစွာလုပ်ဆောင်နိုင်ဖို့အတွက် မွေးကင်းစကလေးငယ်များဟာ ကျန်းမာရေးကောင်းရမှာဖြစ်ပြီး လမစေ့ဘဲ မွေးလာတာမျိုး မဖြစ်ဖို့လည်း လိုပါတယ်။

လိင်တံအရေပြားဖြတ်ခြင်းရဲ့ကောင်းကျိုးများ

တကယ်လို့ လိင်တံအရေပြားမဖြတ်ထားဘူးဆိုရင် လိင်တံအရေပြားကနေ Segma ခေါ် အညစ်အကြေးများကွာကျခြင်းကြောင့် ဘက်တီးရီးယားများစုပုံခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်တတ်ပါတယ်။  လိင်တံအရေပြားဖြတ်မယ်ဆိုရင် အောက်ဖော်ပြပါ ကောင်းကျိုးတွေရရှိမှာဖြစ်ပါ တယ်။

  •  ပိုမိုရိုးရှင်းလွယ်ကူစွာနဲ့ လိင်တံကိုသန့်ရှင်းရေးလုပ်နိုင်ခြင်း။
  •  ရောဂါပိုးဝင်ရောက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း များကို လျှော့ချနိုင် ခြင်း။
  •  လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများကို လျှော့ချပေးခြင်း။
  •  လိင်တံကင်ဆာဖြစ်ပွားမှုကိုလျှော့ချနိုင်ခြင်း။

ဒါပေမယ့် ဒီပြဿနာတွေဟာ လိင်တံအရေပြားကိုမဖြတ်ဘဲ ကိုယ်တိုင်ဂရုတစိုက် သန့်ရှင်းရေးလုပ်ရုံနဲ့လည်း ဖြေရှင်းနိုင်ပါတယ်။

လိင်တံအရေပြားဖြတ်ခြင်းရဲ့ဆိုးကျိုးများ

  • လိင်တံအရေပြားဖြတ်လိုက်မယ်ဆိုရင် ဂလင်းများကို ကာကွယ်ဖို့ အရေပြား မရှိတော့တာကြောင့် အထိမခံနိုင်မှုကို လျော့ကျစေပါတယ်။ အဝတ်နဲ့ ခဏခဏထိမယ် (သို့) အောက်ခံဘောင်းဘီနဲ့ ခဏခဏ ထိတွေ့မိမယ်ဆိုရင် အထိမခံနိုင်မှုလျော့ကျသွားမှာဖြစ်ပါတယ်။
  • ဒါ့အပြင် ဖြတ်ပြီးသွားတဲ့အခါမှာ လိင်တံရဲ့ အသွင်အပြင်ဟာ မျှော်မှန်းထားသလောက် ဖြစ်မလာနိုင်ပါဘူး။
  • ဖြတ်ထုတ်လိုက်တဲ့အရေပြားပမာဏ အရမ်းနည်းမယ်(သို့) အရမ်းများ မယ် ဆိုရင် အောက်ပါပြဿနာတွေရှိလာနိုင်ပါတယ်။
    • လိင်တံရေပြားဖြတ်ထုတ်လိုက်တာများသွားမယ်ဆိုရင် လိင်တံထောင်မတ် တဲ့အချိန်မှာ  နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။
    • လိင်တံအရေပြားဖြတ်ထုတ်မှုပမာဏ အရမ်းနည်းတယ်ဆိုရင်လည်း နာကျင်မှု ကိုခံစားရမှာဖြစ်ပြီး နောက်ထပ် ခွဲစိတ်ကုသမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။ 
  • ဆီးပြွန်အဝ (Urethra) နဲ့ အဝတ်ကြား ပွတ်တိုက်မှုကြောင့် ဆီးပြွန်အဝ ရောင်ရမ်းခြင်းနဲ့ ကျဉ်းမြောင်းခြင်းကို ဖြစ်စေပါတယ်။

လိင်တံအရေပြားဖြတ်ထုတ်ခြင်း

  • ထုံဆေး (Local Anesthesia) နဲ့လိင်တံအရေပြားဖြတ်ထုတ်ခြင်း 
    • မွေးကင်းစကလေးငယ်များဟာ မေ့ဆေး(General Anesthetic) မလိုအပ်ပါဘူး။ ထုံဆေးကို အသုံးပြုနိုင်ပြီး အရည်နဲ့ အစားအစာ ကြိုတင်ရှောင်ရှားထားဖို့လည်း မလိုအပ်ပါဘူး။
    • လိင်တံအရေပြားမဖြတ်ထုတ်ခင် နာရီဝက် တစ်နာရီလောက်အလို မှာ ကလေးငယ်ကို ပါရာစီတမောသောက်ဆေး ပေးမှာဖြစ်ပါတယ်။ ဒါဆိုရင် ခွဲစိတ်ကုသမှုအတွင်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ဝတ်စုံ နဲ့ ဖုံးထားတဲ့အချိန်မှာ စိတ်တည်ငြိမ်မှု ရှိနေစေမှာဖြစ်ပါတယ်။
    • လိင်တံဖြတ်ထုတ်မှုပြုလုပ်နေစဉ်အတွင်း နာကျင်မှုမရှိဘဲ ထုံနေအောင် ခွဲစိတ်ဆရာဝန်မှ လိင်တံ အောက်ခြေကို ထုံဆေး ထိုးမှာဖြစ်ပါတယ်။  အဲဒီနောက် ခွဲစိတ်ဆရာဝန်မှ လိင်တံထိပ်ဖုံး အရေပြားကိုဖြတ်ထုတ်ကာ သွေးတိတ်အောင်လုပ် အနာကို ပြန်ချုပ်ပြီး ဆေးအဝတ်နဲ့ ပြန်ဖုံးလိုက်မှာဖြစ်ပါတယ်။
    • မွေးကင်းစကလေးများအတွက် အနာကျက်စေဖို့နဲ့ သွေးမထွက် စေဖို့ တစ်ရက်လောက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သေချာဂရုစိုက်ဖို့ ကျန်းမာရေးဝန်ထမ်း များမှ မိဘများကို အကြံပြုပြောကြားမှာဖြစ်ပါတယ်။
  • မေ့ဆေး(General Anesthesia) နဲ့ လိင်တံအရေပြားဖြတ်ထုတ်ခြင်း
    • (၂)လသားနဲ့အထက် ကလေးငယ်များအနေနဲ့ လိင်တံအရေပြား ဖြတ်ထုတ်ရာမှာ အကိုက်အခဲပျောက်ဆေးနဲ့ မေ့ဆေး အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မဖြတ်ထုတ်ခင် (၆)နာရီ-(၈)နာရီ လောက်မှာ အရည်နဲ့ အစားအစာများ စားသုံးခြင်းမှ ကြိုတင် ရှောင် ထားရမှာဖြစ်ပါတယ်။
    • ခွဲစိတ်မှုအစမှာ မေ့ဆေးဆရာဝန်ဟာ ကလေးနဲ့ စကားစမြည် ပြောမှာဖြစ်ပြီး ဖြေးဖြေးချင်း မေ့ဆေးထိုးပေးမှာဖြစ်ပါတယ်။
    • Tမေးဆေးအရှိန်ကြောင့် ကလေးဟာ မေ့သွားတဲ့အချိန်မှာ လိင်တံအရေပြားဖြတ်ခြင်းကို စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ သွေးတိတ်သွားတာနဲ့ ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးနဲ့ အနာကို ပြန်ချုပ်မှာ ဖြစ်ပါတယ်။
    • ခွဲစိတ်မှုပြီးတဲ့နောက် ကလေးငယ်ကို နားနေခန်းထဲမှာ (၂)နာရီ လောက်ထားပြီး ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်မှာ ဖြစ်ပါတယ်။
    • ကလေးငယ်ဟာ ပြန်ကောင်းပြီဆိုတာသေချာရင် အိမ်မှာပြန်ပြီး နားနေစေမှာဖြစ်သလို တခြားစောင့်ကြည့်မှုတွေအတွက် ဆေးရုံမှာ တစ်ညအိပ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။

ကလေးငယ်များလိင်တံအရေပြားဖြတ်ထုတ်ဖို့ မိဘတွေဘက်က ဘာတွေပြင်ဆင် ထားရမလဲ?

  • မိဘများအနေနဲ့ လိင်တံအရေပြားဖြတ်ထုတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး ၊ ကြုံရနိုင်တဲ့အန္တရာယ်များနဲ့ တခြားကုသမှုပုံစံများကို ဆရာဝန်ဆီကနေ အကြံဥာဏ်ရယူရမှာဖြစ်ပါတယ်။
  • မေ့ဆေးသုံးပြီး လိင်တံအရေပြားဖြတ်ထုတ်မယ့်ကလေးငယ်များအနေနဲ့ ခွဲစိတ်မှုမတိုင်ခင် (၆)နာရီ-(၈)နာရီ လောက်မှာ အစားအစာနဲ့ အရည် ကို ကြိုတင်ရှောင်ရှားထားရမှာဖြစ်ပါတယ်။
  • ခွဲစိတ်မှုမတိုင်ခင် ကလေးကို ရေချိုးပြီးသန့်ရှင်းရေး လုပ်ပေးထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လိင်တံကို ခရင်မ်(သို့) ကိုယ်လိမ်းပေါင်ဒါ လိမ်းပေးထားတာမျိုး မလုပ်ရပါဘူး။

လိင်တံအရေပြားဖြတ်ထုတ်မှုအပြီးလုပ်ဆောင်ရမည့်အချက်များ

  • ခွဲစိတ်ပြီးနောက် လိင်တံကို တစ်ရက်လောက်ပတ်တီးစည်းထားရမှာဖြစ်ပါ တယ်။ ပြီးတဲ့အခါမှာတော့ ရေနွေးနွေးထဲမှာ (၅)မိနစ်-(၁၀)မိနစ်လောက် စိမ်ထားသင့်ပါတယ်။ ကလေးငယ်ကို ထိုင်ခိုင်းကာ လိင်တံကို ရေဇလုံထဲမှာနှစ်ပြီး ရေချိုးပေးရင်း ပတ်တီးကို ဖြေးဖြေးချင်း ဖြည်ရမှာဖြစ်ပါ တယ်။ ရေဇလုံထဲကထွက်ပြီး ပိုးသတ်ဆေးမထည့်ခင်မှာ အနာကို ရေစိုနေတဲ့အဝတ်စနဲ့ ဖြေးဖြေးချင်း သုတ်ပေးရမှာဖြစ်ပါတယ်။ ( မိဘများ အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ရိုးရိုးရေအစား ဆားရည်အသုံးပြုသင့်ပါတယ်။) 
  • ခွဲစိတ်မှုအပြီး (၁)ရက်-(၂)ရက်လောက်ကြာထဲအထိ အနာမှာ အနာဖတ် လေးတွေ ကပ်နေတတ်ပါတယ်။ ဒါပေမယ့်လည်း (၁)ပတ် -(၂)ပတ် လောက် ဆိုရင် သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကို ကုတ်မယ်၊ ဆွဲခွာမယ်၊ အားနဲ့ပွတ်မယ်ဆိုရင် သွေးထွက်တတ်တာကြောင့် မလုပ်သင့်ပါဘူး။
  • ကလေးငယ် ဆီးသွားပြီးတိုင်းမှာ အညစ်အကြေးနဲ့ ဘတ်တီးရီးယား စုပုံနေ မှုကို ကာကွယ်ဖို့အတွက် ဆားရည်(သို့)ပိုက်ခေါင်းမှထွက်တဲ့ ရေနဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
  • နာကျင်မှုခံစားရတဲ့ ကလေးငယ်များအနေနဲ့ ပါရာစီတမောသောက်သင့် ပါတယ်။
  • အနာလုံးဝမကျက်မချင်း လိင်တံကို ပေါင်ဒါ(သို့) ခရင်မ် မလိမ်းသင့်ပါဘူး။
  • ချုပ်ရိုးဟာ (၁၀)ရက်-(၁၄)ရက် အကြာဆိုရင် အလိုလို အရည်ပျော်သွား ပါတယ်။
  • ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းများ မရှိစေ ဖို့အတွက် (၁၄)ရက်လောက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရေကူးခြင်း အပါအဝင် အားကစားလုပ်ခြင်းကို ခဏ ရပ်ထားရပါမယ်။ ကလေးငယ် အနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ပြန်လည်ပြသရမယ့် ရက်ချိန်းအားလုံးကို မပျက်မကွက် ပြသရမှာဖြစ်ပါတယ်။
  • သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပြည်တည်ခြင်း၊ ဖျားနာခြင်း နဲ့ အပြင်းအထန်နာကျင်ခြင်းများကို ခံစားရတဲ့ ကလေးငယ်များ အနေနဲ့ ဆေးရုံသွားပြီး လိုအပ်တဲ့ စစ်ဆေးမှု ကုသမှုများကို လုပ်ဆောင်ပေးနိုင်တဲ့ ကလေးအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

လိင်တံအရေပြားဖြတ်ထုတ်ခြင်းနဲ့ဆက်စပ်နေတဲ့နောက်ဆက်တွဲပြဿနာများ

လိင်တံအရေပြားဖြတ်ထုတ်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာ အနည်းငယ်သာရှိပြီး အောက်ပါလက္ခဏာတချို့ကို ခံစားရနိုင်ပါတယ်။

  • သွေးထွက်ခြင်း။
  • အနာပိုးဝင်ခြင်း။
  • မေ့ဆေးနဲ့ဓာတ်မတည့်ခြင်း။
  • ဂလင်းများထိခိုက်ပျက်စီးခြင်း။ 
  • ခွဲစိတ်ကုသမှုကြောင့် လိင်တံရဲ့အသွင်အပြင်ဟာ အဖုအကျိတ် (သို့) အခြား မလိုလားအပ်သော အပြစ်အနာအဆာများဖြစ်ခြင်း။

လိင်တံကိုသန့်ရှင်းစွာထားခြင်း

လိင်တံအရေပြားဟာ ပုံမှန်အတိုင်း နောက်ကို ဆွဲလှန်နိုင်ပြီဆိုရင် အောက်ပါ အချက်တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

  • ရေချိုးတိုင်း လိင်တံကို သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပါ။
  • လိင်တံအရေပြားကို အဆုံးထိဆွဲကာ ရေနဲ့လိင်တံသန့်ရှင်းရေးလုပ်ပြီး နဂိုမူလအတိုင်းပြန်ဖြစ်အောင် ထားရပါမယ်။ 
  • ဆီးသွားတဲ့အချိန်မှာ ဆီးနဲ့ အရေပြား ထိတွေ့မှုမရှိစေဖို့အတွက် လိင်တံအရေပြားကို ဖြေးညင်းစွာဆွဲလှန်ထားရပါမယ်။ လိင်တံအရေပြား ကို နဂိုအနေအထားအတိုင်းပြန်မထားခင်မှာ ဆီးအကုန်သွားပြီး မပြီးဆိုတာကို စစ်ဆေးရပါမယ်။
  • ကျိန်းစပ်ခြင်းမဖြစ်စေဖို့အတွက် လိင်တံကို ပေါင်ဒါ(သို့)ခရင်မ် လိမ်းခြင်းကို မပြုလုပ်ရပါဘူး။

လိင်တံအရေပြားဖြတ်ထုတ်ပြီးတဲ့အခါ

  • လိင်တံကို အထက်မှာဖော်ပြထားတဲ့ နည်းလမ်းများအတိုင်း သန့်ရှင်းရေး လုပ်ရမှာဖြစ်ပါတယ်။ လိင်တံထိပ်အရေပြားမရှိဘူးဆိုရင် သန့်ရှင်းရေး လုပ်ရတာ ပိုမိုရိုးရှင်းလွယ်ကူပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဆစ်မီတဝေ့ကလေးဆေးရုံ ဟာ ကလေးခွဲစိတ်အထူးကုဆရာဝန်များအတွက် နောက်ဆုံးပေါ် နည်းပညာ နဲ့ စက်ကိရိယာများ အသုံးပြုထားပြီး အရည်အသွေးပြည့်ဝတဲ့ ခွဲစိတ်ဆရာဝန် များဟာလည်း အဓိက ခွဲစိတ်ကုသမှုများအားလုံးမှာ အတွေ့အကြုံရှိသူများ ဖြစ်ပါတယ်။

ဆစ်မီတဝေ့ကလေးဆေးရုံမှာရှိတဲ့ မွေးကင်းစကလေးငယ်နှင့်ကလေးခွဲစိတ် အထူးကုစင်တာ (The Newborn and Pediatric Surgery Center) ဟာ ကလေးငယ်များရဲ့ ခွဲစိတ်ကုသမှုအမျိုးမျိုးကို ကုသပေးလျက်ရှိပြီး မွေးရာပါ အပြင် မွေးဖွားအပြီးမှဖြစ်ပွားတဲ့ အထူးအသေးစိတ် ကုသမှုများလိုအပ်တဲ့ ကလေးရောဂါများအတွက်လည်း ခွဲစိတ်ကုသပေးနေတာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများအားလုံးဟာ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များရရှိထားပြီး ကလေးခွဲစိတ်ကုသမှုဆိုင်ရာ လေ့ကျင့် မှုများကိုလည်း လုပ်ဆောင်ဖူးသူတွေဖြစ်ပါတယ်။ ကလေးခွဲစိတ်အထူးကုဆရာဝန် များဟာ မွေးကင်းစ ကနေစလို့ လူငယ်ပိုင်းရောက်တဲ့အချိန်အထိ လူနာများအားလုံးအတွက် ကုသမှု၊ ရောဂါရှာဖွေမှု၊ စောင့်ရှောက်မှုများကို တိတိကျကျ လုပ်ဆောင်ပေးနိုင်ကြသူများဖြစ်ပါတယ်။  အမေရိကန်နိုင်ငံ Doernbecher Children’s Hospital နဲ့ တွဲဖက်လုပ်ဆောင်မှုကြောင့်လည်း ဆစ်မီတဝေ့ဆေးရုံရှိ ကလေးခွဲစိတ်အထူးကုဆရာဝန်များဟာ ကလေးငယ်များ အတွက် စိတ်ချရတဲ့ ကုသမှုများကို ပိုမိုလုပ်ဆောင်နိုင်လာကြပြီဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ မိတ်ဆက်ဆေးရုံဖြစ်တဲ့ Doernbecher Children’s Hospital
အကြောင်း ပိုမိုသိရှိလိုရင် ဒီနေရာကိုကလစ်နှိပ်ပါ။

ဆစ်မီတဝေ့ဆေးရုံရဲ့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများ

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။