စစ်ဆေးကာကွယ် ရင်သားကင်ဆာအန္တရာယ်

စစ်ဆေးကာကွယ် ရင်သားကင်ဆာအန္တရာယ်

အနှစ်ချုပ်

  • ရင်သားကင်ဆာရဲ့ ဒုက္ခပေးမှုကို အနောက်နိုင်ငံထက်စာရင် အာရှဒေသက အမျိုးသမီးငယ်တွေက ပိုပြီး ခံစားနေရပါတယ်။ အထူးသဖြင့်ကတော့ အသက် ၄၀ နဲ့ ၆၀ ကြားတွေမှာ အန္တရာယ် အရှိဆုံးဖြစ်ပါတယ်။
  • အသက် ၄၀ ကျော် အမျိုးသမီးတွေအနေနဲ့ ဒစ်ဂျစ်တယ်မမ်မိုဂရမ်စမ်းသပ်မှုကို ပြုလုပ်ခြင်းအားဖြင့် ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုနှုန်းကို ၃၀% အထိ လျှော့ချနိုင်ပါတယ်။
  • BRCA မျိုးဗီဇမှာ ပုံသဏ္ဌာန်မမှန်မှု ရှိခဲ့ရင် ဒါဟာ မိဘကနေ သားသမီးကို မျိုးရိုးလိုက်တတ် ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားမှု မှာ ၉၀% နဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားမှု မှာ ၅၀% တို့ရဲ့ လက်သည်ဟာ ဒီကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ရင်သားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာ စောစီးစွာ သိရှိဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းအနေနဲ့ ရင်သားစစ်ဆေးပုံအမျိုးမျိုးကို “လာမယ့်ဘေးပြေးတွေ့” နိုင်ဖို့ မဖြစ်မနေ သိထားဖို့လိုပါတယ်။ ဒါကြောင့် ရင်သားစစ်ဆေးတဲ့ နည်းအမျိုးမျိုးကို ဖော်ပြလိုက်ရပါတယ်။

စစ်ဆေးမှုနည်းလမ်း အကြိမ်ရေ ဘယ်သူတွေစစ်ဆေးဖို့လိုအပ်သလဲ?
အသက် ၂၀ နှင့် အထက်
ရင်သားကို ကိုယ်တိုင်စစ်ဆေးရန် လစဉ် စစ်ဆေးရန် အသက် ၂၀ နှစ်နှင့်အထက် အမျိုးသမီးတိုင်း
အသက် ၄၀ နှင့် အထက်
Mammogram and Ultrasound (မမ်မိုဂရန် နှင့် အာလ်ထရာဆောင်း) တစ်နှစ် တစ်ကြိမ် မှ နှစ်ကြိမ် အသက် ၄၀ အမျိုးသမီးတိုင်း။အထူးသဖြင့် အသက် ၃၀ ကျော်မှ သားသမီးမွေးဖွား ထားသူများ၊ အသက် ၁၂ နှစ် မတိုင်မီ ဓမ္မတာ စောစီးစွာ လာခဲ့ကြသူများ၊သွေးဆုံးနောက်ကျသူများ (၆၅နှစ် နောက်ပိုင်း)သန္ဓေတားဆေးများ နှင့် ဟိုမုန်းများကို သားသမီးမရနိုင်ရန် နှစ်ရှည်လများ အသုံးပြုခဲ့သူများ၊ရင်သားကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူထားသူများ၊မိမိဘာသာ ရင်သားစစ်ဆေးရာမှ ပုံမမှန်မှုတစ်ခုခုတွေ့သည့်အခါမျိုး၊မျိုးရိုးအတွင်း ရင်သားကင်ဆာ ဖြစ်ပွားမှုများ ရှိခဲ့ပြီး မိမိမှာလည်း ရင်သားကင်ဆာ ဖြစ်လာနိုင်ချေ များသူများ။
အသက် ၄၀ အောက်
Ultrasound (အာလ်ထရာဆောင်း) တစ်နှစ် တစ်ကြိမ်မှ နှစ်ကြိမ်

အသက် ၄၀ အောက် အမျိုးသမီးတိုင်း

  • အထူးသဖြင့်ရင်သားတစ်သျှူးသိပ်သည်းသူများ (အနောက်တိုင်းထက် အရှေ့တိုင်းသူ အမျိုးသမီးများတွင် ပိုမိုတွေ့ရတတ်)
  • ဆရာဝန်စမ်းသပ်သည့်အချိန် / မမ်မိုဂရမ် ရိုက်သည့်အချိန်အတွင် ထူးခြားမှုတစ်ခုခု တွေ့ရှိခြင်း၊
  • ဓာတ်ရောင်ခြည်ရိုက်ကူးမှုကို ရှောင်ရှားရမည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ။
အသက် ၃၀ အောက်
BRCA မျိုးရိုးဗီဇ စစ်ဆေးခြင်း   မိသားစုတွင်း ရင်သားကင်ဆာမျိုးရိုး ရှိသော အမျိုးသမီးများ စစ်ဆေးရန်

ရင်သားကို မိမိဘာသာ စစ်ဆေးခြင်း

အသက် ၂၀ က စပြီး ရင်သားတွေကို မိမိဘာသာ တစ်လတစ်ကြိမ်စစ်ဆေးရပါမယ်။ လစဉ်ဓမ္မတာရက်များ ကုန်ဆုံးတဲ့ အချိန် ရင်သားတွေ ပျော့ပြောင်းနေတာမို့လို့ ဒီအချိန်ဟာ စစ်ဆေးဖို့ အကောင်းဆုံးပါပဲ။ မှန်ရှေ့မှာ မတ်မတ်ရပ်ပြီး ရင်သားတွေ ပုံမှန်အနေအထားမျိုး ဟုတ် မဟုတ် ဘက်ပေါင်းစုံကနေ စစ်ဆေးရပါမယ်။ လက်မောင်းတွေကို ဘေးဘက်မှာ ချထားပြီးကြည့်၊ ခေါင်းပေါ် လက်နှစ်ဖက် တင်ပြီးကြည့်၊ ခါးထောက်ပြီးကြည့် စသည်ဖြင့် အနေအထားအမျိုးမျိုးနဲ့ စစ်ဆေးရပါမယ်။

မှန်ရှေ့မှာ စစ်ဆေးရန်

မိမိရင်သားလေးရဲ့ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရေပြားအခြေအနေ နဲ့ အရောင်တို့ကို ကြည့်ရပါမယ်။ အောက်ပါ ပုံမမှန်တဲ့ အခြေအနေတစ်ခုခုရှိနေတယ်လို့ ထင်ရင် ဆရာဝန်နဲ့ ပြသ စစ်ဆေးရပါမယ်။

  • အကျိတ်အဖု စမ်းမိရင်၊
  • ရောင်နေရင်၊ နီနေရင်၊ နွေး နေရင်၊
  • ရင်သားလေးရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဌာန် တစ်ခုခု အပြောင်းအလဲရှိနေရင်၊
  • နို့သီးခေါင်းမှာ အချိုင့်ကလေးတွေ တွေ့ရင်၊ တွန့်နေရင် (အရင်တုန်းက မချိုင့်ဘဲ ခုမှ ချိုင့်လာရင်)
  • ရင်သားအရေပြားဟာ လိမ္မော်ခွံလို ထူအမ်းအမ်းဖြစ်နေရင်၊
  • နို့သီးခေါင်းတစ်ဝိုက်မှာ ယားဖုနီလေးတွေ ထွက်နေရင်၊
  • သွေးလိုလို ပြည်လိုလို ပုံမှန်မဟုတ်တဲ့ အရည်တွေ နို့သီးခေါင်းကနေ ထွက်နေရင်၊
  • ရင်သားနဲ့ နို့သီးခေါင်းက အရေပြားတွေကို အတွင်းဘက်က ဆွဲထားသလို ချိုင့် ဝင်နေရင်။

 

checkBeast-myself

စမ်းကြည့်ဖို့ နည်းလမ်း

ဘယ်ဘက်ရင်သားကို ညာလက်၊ ညာဘက်ရင်သားဆိုရင် ဘယ်လက် ကို သုံးမယ်။ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်သုံးချောင်းကို ပူးပြီး ရင်သားပေါ်မှာ စက်ဝိုင်းပုံလှည့်ပြီး စမ်းကြည့်မယ်။ လက်တွေကို ရင်သားပေါ်ကနေ မခွာဘဲ ပွတ်ကြည့်မယ်၊ ရင်သားတစ်ခုလုံးကို နှံ့သွားအောင်စမ်းရမယ်၊ နို့သီးခေါင်းကနေ ချိုင်းအောက်အထိ စက်ဝိုင်းပုံ၊ အပေါ်အောက်၊ ဇစ်ဇက်၊ ထိပ်ကနေ အောက်ကို ဖြာထွက်သွားတဲ့ပုံ စသည်ဖြင့် စေ့စေ့စပ်စပ် ကိုင်တွယ်စမ်းသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်ပြီးရင် နောက်တစ်ဖက် နှစ်ဖက်လုံးကို တစ်လှည့်စီ စမ်းရမှာ ဖြစ်ပါတယ်။ အကြိတ်အဖု တစ်ခုခု စမ်းမိရင်၊ ဒါမှမဟုတ် ရှိနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ အမြန်ပြပါ။ မရှက်ပါနဲ့။

check

 

Digital Mammogram (ဒစ်ဂျစ်တယ် မမ်မိုဂရမ် ရိုက်ကူးခြင်း)

အမှန်တော့ ဒါက ရင်သားကို ဓာတ်မှန်ရိုက်တာပါပဲ။ ဆရာဝန်က ဒါကိုကြည့်ပြီး ရောဂါရှာပေးရမယ်လေ။ လက်နဲ့ စမ်းလို့ မမိတဲ့ အသေးစိတ်ပုံမမှန်မှုကလေးတွေက မမ်မိုဂရမ်နဲ့မှ ပေါ်တယ်။ အထူးသဖြင့် အသက်ကြီးတဲ့ မိန်းမတွေအတွက် ပိုကောင်းပါတယ်။

လေ့လာမှုတွေအရ မမ်မိုဂရမ်ရိုက်ခြင်းဖြင့် ရင်သားကင်ဆာကို အစောပိုင်းအဆင့်မှာတင် အုပ်မိတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ အဖြစ်အများဆုံးအုပ်စု ဖြစ်တဲ့ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေဟာ မမ်မိုဂရမ်ကို တစ်နှစ် ဒါမှမဟုတ် ၂နှစ် တစ်ကြိမ်တော့ ရိုက်သင့်တယ် လို့ အကြံပြုပါတယ်။ အသက် ၅၀ ကျော်တွေကျတော့ ဖြစ်ပွားမှုနှုန်း ပို မြင့်တာမို့ သူတို့ကတော့ နှစ်တိုင်း ရိုက်သင့်ပါတယ်။ ရိုက်တဲ့အခါအမှာ တိကျပြတ်သားတဲ့ ပုံတွေကို ရရှိဖို့ ရင်သားကို ဖိညှစ်ပြီး ရိုက်မှာမို့လို့ နည်းနည်းတော့ နာပါလိမ့်မယ်။ လက်နဲ့ စမ်းလို့ မမိနိုင်တဲ့ အကြိတ်အဖုတွေရဲ့ ကြီးထွားလာမှုဟာ မမ်မိုဂရမ်မှာတော့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဓာတ်မှန်မှာ မတွေ့နိုင်တဲ့ အကြိတ်အဖု ၁၀% လောက်က လက်နဲ့ စမ်းမှ တွေ့တာလည်း ရှိပါတယ်။

 

ဒစ်ဂျစ်တယ်မမ်မိုဂရမ်၏ ကောင်းကွက်များ (Digital Mammography)

  • ဓာတ်မှန်ရိုက်ခြင်းထက် ဓာတ်ရောင်ခြည်သင့်မှု နည်းပါး။
  • မူမမှန်အဖုအကြိတ်များကို 0.1-1cm အထိ ရှင်းရှင်လင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်။
  • ပုံများမသဲကွဲလျှင် နောက်တစ်ခေါက်ပြန်ရိုက်စရာမလိုဘဲ ပုံ၏ အရည်အသွေးကို မြှင့်တင်ပြီး ကြည့်နိုင်။
  • ရင်သားအတွင်းကို ထိုးဖောက်ကြည့်ရှုမှု အနည်းဆုံးဖြစ်သဖြင့် ရင်သားကို ထိခိုက်မှု နည်းပါး။

မမ်မိုဂရမ်( mammogram) ရိုက်ဖို့ ဘာတွေလုပ်ထားဖို့လိုအပ်သလဲ?

  • ချိူင်းကြားမှာ ရေမွှေးတို့၊ပေါင်ဒါတို့ လိုးရှင်းတို့ လူးမထားပါနဲ့။ မမ်မိုဂရမ် ရိုက်ကူးမှုအဖြေအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။
  • အရင်ရိုက်ထားတဲ့ အဟောင်းရှိရင် တစ်ပါတည်းယူသွားပါ။ ဒါမှ ဆရာဝန်က အဟောင်းနဲ့ အသစ်ကို ယှဉ်ကြည့်ပြီး ပြောင်းလဲမှုကို ရှာနိုင်မှာပါ။
  • ရင်သားတွေ တောင့်တင်းပြီး ကသိကအောက်ဖြစ်နေရင် မမ်မိုဂရမ် မရိုက်ပါနဲ့ဦး။ အကောင်းဆုံး အချိန်ကတော့ ဓမ္မတာလာပြီး ၇ ရက် ကနေ ၁၄ ရက် အတွင်းမှာ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းတွေ ကျဆင်းနေတာမို့ ရင်သားတွေ ပျော့ပြောင်းနေပြီး မမ်မိုဂရမ်ရိုက်တဲ့ အခါမှာ နာကျင်မှု နည်းပါးပါလိမ့်မယ်။
  • ရေနဲ့ အစာ ရှောင်ထားရန်မလိုပါ။
  • အရင်က ရင်သားခွဲစိတ်မှု ပြုထားဖူးရင် ဆရာဝန်ကို အသိပေးပါ။
  • တစ်ဆက်ထဲ ဂါဝန်မျိုးတွေဝတ်တာထက် ချွတ်လွယ်တဲ့ အပေါ်တစ်ထည် အောက်တစ်ထည် ဝတ်တာက ပို အဆင်ပြေပါမယ်။ နားဆွဲတို့ ဆွဲကြိုးတို့ ချွတ်ထားပါ။

အာလ်ထရာဆောင် ( Ultrasound )

ဒီကနေခေတ်မှာ ရင်သားကင်ဆာဆိုင်ရာ ရောဂါရှာဖွေမှုများအတွက် အာလ်ထရာဆောင်း နဲ့ မမ်မိုဂရမ် ကို တွဲပြီး ရိုက်ကူးလာကြပါတယ်။ အာလ်ထရာဆောင်းက အထဲက အကြိတ်ဟာ အရည်အိတ်လား၊ ကြွက်သားတွေ လုံးနေတာလား ဆိုတာကို ခွဲခြားပေးပါတယ်။ အာလ်ထရာဆောင်းက ရင်သားသေးတဲ့ အမျိုးသမီးတွေ နဲ့ နို့တိုက်မိခင်တွေ (နို့ရည်ပြုဂလင်းတွေကြောင့် ရင်သား လေးလံနေသူတွေ) အတွက် သင့်တော်ပါတယ်။ နောက်ပြီး ရင်သားကြီးအောင် ပြုပြင်ထားသူတွေနဲ့ X-Ray ဓာတ်ရောင်ခြည်ကနေ ရှောင်ရှားလိုတဲ့ ကိုယ်ဝန်ဆောင်တွေအတွက်လည်း သင့်တော်ပါတယ်။

အာလ်ထရာဆောင်းနဲ့ မမ်မိုဂရမ်တွဲဖက်အသုံးပြုပြီး ရင်သားကင်ဆာရောဂါ ရှာဖွေ ဖော်ထုတ်မှုဟာ အထူးသဖြင့် ရင်သားသိပ်သည်းမှုများတဲ့ အာရှသူတွေအတွက် ပိုပြီး တိကျတဲ့ အဖြေကို ထုတ်ပေးနိုင် ပါတယ်။ အာလ်ထရာဆောင်းဟာ ၂-၃ မီလီမီတာလောက်အထိ သေးငယ်တဲ့ မူမမှန်အကြိတ်လေးတွေ အထိ ရှာဖွေပေးနိုင်ပါတယ်။

ရင်သားကင်ဆာ

အတွေ့ရအများဆုံးကတော့ မျိုးရိုးကြောင့်ဖြစ်တဲ့ BRCA ရင်သားကင်ဆာပဲ ဖြစ်ပါတယ်။ BRCA1 နဲ့ BRCA2 ဆိုပြီး နှစ်မျိုး ကွဲပါတယ်။ BRCA မျိုးဗီဇ ပြောင်းလဲမှုတွေဟာ အဖေ ဆီကရော အမေ ဆီကနေပါ ပါလာတတ်ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားရမှု ၉၀% နဲ့ သားဥအိမ်ကင်ဆာ ၅၀% ဟာ BRCA မျိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မျိုးရိုးကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာကို တွေ့ပြီဆိုရင် ခွဲထုတ်ပစ်လိုက်တာ ကောင်းပါတယ်။

Learn more about BRCA and the necessity of genetic analysis here.

References

  1. The New York Times – Calls for More Genetic Testing for Cancer. Available from http://www.nytimes.com/2014/09/09/health/lasker-award-winner-calls-for-more-genetic-testing-in-cancers.html . Accessed on September 23, 2015.
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။