ရင်သားကျန်းမာရေးစင်တာ

Breast Center, 3rd Floor Daily (7 days /week) - 07:00 - 20:00 66 (0) 2378-9304-5 info.srinakarin@samitivej.co.th

ဆစ်မီတဝေ့ဆေးရုံအားလုံးမှာ အမျိုးသမီးကျန်းမာရေးကို အရေးအကြီးဆုံးအနေနဲ့ ဦးစားပေးသတ်မှတ် ထားကြပါတယ်။ တကယ်လို့ အမျိုးသမီးလူနာများအတွက် အမျိုးမျိုးသော ရင်သား အခြေအနေများနဲ့ပတ်သက်ပြီး ကာကွယ်မှုပြုလုပ်ခြင်း ၊ ရောဂါရှာဖွေမှု ပြုလုပ်ခြင်း ၊ ကုသမှုခံယူခြင်းတွေပြုလုပ်ရာမှာ အကောင်းဆုံး ဆိုတာတွေနဲ့ပဲ ထိုက်တန်တယ်လို့ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ထို့အတွက်ကြောင့် ဆစ်မီတဝေ့အနေနဲ့ ရင်သားကင်ဆာရဲ့ ကနဦးအဆင့်မှာ စောစောစီးစီးသိရဖို့နဲ့ ရောဂါကို အနိုင်ရဖို့ နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို အသုံးပြုပါတယ်။ ဆစ်မီတဝေ့ရဲ့ ရင်သားကျန်းမာရေးစင်တာမှာ နောက်ဆုံးပေါ် ရင်သားဓာတ်မှန် (Mammography) ၊ ပုံမှန်စစ်ဆေးမှုများပြုလုပ်ပေးနိုင်တဲ့ အာထရာစောင်းနဲ့ MRI များသာမက လိုအပ်တဲ့ အခြားစစ်ဆေးမှုများအတွက် အသားစယူခြင်းပုံစံအမျိုးမျိုး လုပ်ဆောင်နိုင်တဲ့ ပစ္စည်းကိရိယာ အစုံအလင်ကို ထားရှိ အသုံးပြုပါတယ်။

ဘယ်လောက်ပဲ အကောင်းဆုံးသော စက်ပစ္စည်းကိရိယာပဲဖြစ်စေ သေချာစွာလေ့ကျင့်ထားပြီး နှံ့စပ်ကျွမ်းကျင်တဲ့ ဝန်ထမ်းမရှိရင် အသုံးမဝင်ပါဘူး။ ဒါကြောင့် ဆစ်မီတဝေ့ဆေးရုံအနေနဲ့ အကောင်းဆုံးတတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်များနဲ့ သူနာပြုများ ကို ခန့်အပ်ထားပါတယ်။ အဆိုပါ ဆေးဝန်ထမ်းများဟာ ထိုင်းနိုင်ငံသာမက တခြားပြည်ပနိုင်ငံများမှာပါ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီးသူများဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းများဟာ လူနာများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်အောင် လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တဲ့ Joint Commission International(JCI) နဲ့ တန်းတူ အကောင်းဆုံး အဖြစ်သတ်မှတ်ခံထားရပြီး ဆစ်မီတဝေ့ဆေးရုံဟာလည်း အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ရင် ထိပ်တန်းစာရင်းဝင်ဆေးရုံ ဖြစ်လာခဲ့ပါတယ်။

ရရှိနိုင်သည့်ဝန်ဆောင်မှုများ

  • ရင်သားကင်ဆာရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
  • ရင်သားကျန်းမာရေးနဲ့သက်ဆိုင်တဲ့အခြေအနေများအားလုံးအတွက်ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
  • ရင်သားအသားစယူခြင်းနှင့် သုံးသပ်လေ့လာခြင်း
  • ရင်သားဓာတ်မှန်(Breast Mammography) နှင့် အာထရာစောင်း
  • ခွဲစိတ်ကုသမှုအပြီးရင်သားပြန်လည်တည်ဆောက်ခြင်း
  • MRI ဖြင့် ရင်သားဓာတ်မှန်ရိုက်ပြီးသုံးသပ်လေ့လာခြင်း

ဆစ်မီတဝေ့ရဲ့ပံ့ပိုးမှုများနှင့်ဆေးဘက်ဆိုင်ရာခေတ်မီနည်းပညာများ

  • ရင်သားဓာတ်မှန်ပစ္စည်းကိရိယာများ
  • အာထရာစောင်း
  • MRI
  • ရင်သားအကျိတ်စမ်းသပ်ရန်အသားစယူခြင်း(Sentinel Node Biospy)
  • ကင်ဆာရှိ မရှိစမ်းသပ်ရန် အပ်ဖြင့်အသားစယူခြင်း (Fine Needle Biospy)