သားသားမီးမီးမှာ မျိုးရိုးဗီဇဆိုင်ရာ ဖောက်ပြန်မှုတွေ ကင်းဝေးစေဖို့ ဖေဖေမေမေ ဗီဇအကြိုစစ်ဆေးမှုတွေ လုပ်ကြပါစို့...

သားသားမီးမီးမှာ မျိုးရိုးဗီဇဆိုင်ရာ ဖောက်ပြန်မှုတွေ ကင်းဝေးစေဖို့ ဖေဖေမေမေ ဗီဇအကြိုစစ်ဆေးမှုတွေ လုပ်ကြပါစို့...

အနှစ်ချုပ်

  • ၈၀% သော မွေးကင်းစကလေးတွေမှာ မိဘမှာမပါရှိတဲ့ မျိုးဗီဇဖောက်ပြန်မှုလေးတွေ ပါလာတတ်ပါတယ်။
  • • မိဘနှစ်ပါးရဲ့ မျိုးဗီဇအကြိုစစ်ဆေးမှုတွေကို ပြုလုပ်ခြင်းအားဖြင့် အားကောင်းတဲ့ဗီဇအပေါ်မှာ လွှမ်းမိုးထားတဲ့ recessive genes လို့ခေါ်တဲ့ မျိုးဗီဇမျိုးကွဲပေါင်း ၆၀၀ ကျော်ကို ရှာဖွေပေးနိုင်ပါတယ်။ ဆိုလိုတာက မျိုးဗီဇ ဖောက်ပြန်မှုပေါင်း ၃၀၀ကျော်ကို ဖော်ထုတ်ပေးနိုင်ပြီး ဖြစ်လာနိုင်ချေကို တော့ ၉၅% အထိတောင် မှန်ကန်အောင် မှန်းဆနိုင်ပါတယ်။
  • • အဲဒီတော့.. ဒီလိုဗီဇမျိုးပါလာတာကိုကြိုတင်သိရှိမယ်ဆိုရင် မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ တိုင်ပင်ပြီး မိသားစုစီမံကိန်းအတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ကြိုတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

မှတ်တမ်းများရဲ့ ဖော်ပြချက်အရ ၈၀% သော မွေးကင်းစကလေးတွေမှာ မိဘမှာမပါရှိတဲ့ မျိုးဗီဇဖောက်ပြန်မှုလေးတွေ ပါလာတတ်ပါတယ်။

ဆိုလိုတာက ကိုယ်ဝန်ဆောင် ၅၅၀ မှာ တစ်ဦးဟာ မျိုးဗီဇဆိုးဆိုးရွားရွားဖောက်ပြန်နေတဲ့ ကလေးကို မွေးဖွားလာနိုင်ချေ ရှိနေပါတယ် တဲ့။ အဲဒီတော့ လေ့လာမှုများအရ မိဘနှစ်ပါးမှာ မျိုးဗီဇအကြို စစ်ဆေးမှု ပြုလုပ်ကြည့်ခြင်းဖြင့်သာလျှင် ဒီမလိုလားအပ်တဲ့ ကိစ္စကြီး ဖြစ်မလာစေဖို့ ကာကွယ်မှုပေးနိုင်ပါတယ်။ ဆက်စပ်လေ့လာမှုတွေအရ ဒီလို ဗီဇမမှန်ကန်တဲ့ ကလေးမျိုးမွေးမလာနိုင်စေရန် ကြိုတင်စမ်းသပ် ရောဂါရှာဖွေမှုတွေ ကနေ တစ်ဆင့် ၉၅% အထိ မှန်ကန်အောင်မှန်းဆပေးနိုင်ပြီး ကာကွယ်တားဆီးပေးနိုင်ဖို့ နည်းပညာတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။

မိဘနှစ်ပါးရဲ့ မျိုးဗီဇအကြိုစစ်ဆေးမှုတွေကို ပြုလုပ်ခြင်းအားဖြင့် အားကောင်းတဲ့ဗီဇအပေါ်မှာ လွှမ်းမိုးထားတဲ့ recessive genes လို့ခေါ်တဲ့ မျိုးဗီဇမျိုးကွဲပေါင်း ၆၀၀ ကျော်ကို ရှာဖွေပေးနိုင်ပါတယ်။ ဆိုလိုတာက မျိုးဗီဇ ဖောက်ပြန်မှုပေါင်း ၃၀၀ကျော်ကို ဖော်ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုအန္တရာယ်ရှိတဲ့ မျိုးဗီဇလက္ခဏာကို တွေ့တယ်ဆိုရင် ဒါကို သားသမီးဆီ ပါမသွားရအောင် တားဆီးထားနိုင်ပါတယ်။ ဒါဟာ သက်ကြီးကိုယ်ဝန်ဆောင်တွေ အတွက်တင်မကပါဘူး။ ဒီလို မမှန်ကန်တဲ့ မျိုးဗီဇဆိုတာ ကျွန်တော်တို့အားလုံးမှာ ပါရှိနိုင်ပါတယ်။

ဒါ့အပြင်.. တစ်ချို့ စစ်ဖို့ခက်တဲ့ စုံတွဲတွေကျတော့ မျိုးဗီဇကိုစစ်ပေးတဲ့ဆရာ၀န်က ကျန်းမာသန်စွမ်းမှု အရှိဆုံး သန္ဓေသားလောင်းကို သေသေချာချာ ဂရုတစိုက်ရွေးချယ်ပြီး သားအိမ်ထဲကို ထည့်ပေးလိုက်ခြင်းအားဖြင့် သိသိသာသာ အောင်မြင်တဲ့ သန္ဓေတည်နိုင်ဖို့ အခွင့်အလမ်းကို တိုးမြှင့်ပေးလိုက်နိုင်ပါတယ်။

ဗီဇအကြိုစစ်ဆေးမှုလုပ်ဖို့ ဘာကြောင့် လိုအပ်တာလဲ။

ဆေးပညာနယ်ပယ်ရဲ့ ခေတ်သစ်တီထွင်မှုများအရ ဆရာဝန်တွေဟာ အခုဆိုရင် ကလေးမယူခင်ကတည်းက ဇနီးမောင်နှံဆီမှာ ကူးပြောင်းနိုင်တဲ့ မျိုးဗီဇ ချွတ်ယွင်းမှုတွေရှိမရှိ ကို ဖော်ထုတ်ပေးနိုင်နေပြီဖြစ်ပါတယ်။ အဆိုပါ ချွတ်ယွင်းမှုများဟာ လူအများကြားမှာ ၃ - ၅ % အထိ တွေ့ရပါတယ်။

ဒါ့အပြင် ကြီးကြီးမားမားဖောက်ပြန်မှုတွေ ဖြစ်မလာစေဖို့ တားဆီးနိုင်ရေး ကြိုတင်ခန့်မှန်းမှုတွေ လုပ်ပေးနိုင်တဲ့ ခေတ်ပေါ် စစ်ဆေးနည်းတွေဟာ မိဘနှစ်ပါးမှာဆီကနေ သားသမီးဆီကို ပါသွားမယ့် အားကောင်းတဲ့ဗီဇအပေါ်မှာ လွှမ်းမိုးထားတဲ့ recessive genes လို့ခေါ်တဲ့ ဖောက်ပြန်နေတဲ့မျိုးဗီဇတွေကို ရှာဖွေဖော်ထုတ်ရာမှာ များစွာ အထောက်အကူ ရစေပါတယ်။ အထူးသဖြင့် မျိုးဗီဇကြောင့်ဖြစ်တဲ့ သွေးရောဂါ thalassemia မှာ မှန်နေတာကို တွေ့ရပါတယ်။ တကယ်လို့ မိဘနှစ်ဦးစလုံးဟာ ဒီလိုမျိုးဗီဇမျိုး ရှိနေတဲ့သူ / သယ်ဆောင်နေသူ ဖြစ်နေမယ်ဆိုရင် မွေးလာမယ့်ကလေးမှာ ဒီဗီဇ ပါမလာဖို့က ၂၅% ၊ သယ်ဆောင်နေသူဖြစ်နိုင်ခေျက ၅၀% နဲ့ မွေးရာပါ သွေးရောဂါ thalassemia ဖြစ်ဖို့က ၂၅% ရှိနေပါတယ်။ တကယ်လို့ အဖေရော အမေရောမှာ ဒီရောဂါ ရှိနေမယ်ဆိုရင် သားသမီးမှာလည်း ဒီရောဂါနဲ့ မွေးလာဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ ခုထိတော့ ကုလို့ မရသေးပါဘူး။

ဒါကြောင့် မျိုးဗီဇကိုစစ်ဆေးပြီး ကြိုတင်ခန့်မှန်းခြင်းဟာ ဇနီးမောင်နှံနှစ်ဦးအဖို့ သားသမီး ယူရေး မယူရေး ဆုံးဖြတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့အပြင် ဒီလို ကြိုတင်ခန့်မှန်းမှုကနေပြီးတော့မှ ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်တားဆီးနိုင်မှုနည်းလမ်းတွေကိုလည်း သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဗီဇအကြိုစစ်ဆေးမှု ပြုလုပ်ခြင်းရဲ့ ကောင်းကျိုးများ

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဗီဇအကြိုခန့်မှန်းမှုကနေ ပြဿနာပေးနိုင်တဲ့ မျိုးဗီဇပေါင်း ၆၀၀ကျော်ကို ဆန်းစစ် ဖော်ထုတ်ပေးနိုင်တဲ့အတွက် ဆရာဝန်တွေမှာလည်း မွေးမလာသေးတဲ့ကလေးလေးရဲ့ အရေးကြီးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ချွတ်ယွင်းအောင် ချို့တဲ့အောင် လုပ်ပစ်နိုင်တဲ့ မျိုးဗီဇတွေကို အပြည့်အစုံရှာဖွေဖော်ထုတ်ပေးနိုင်ဖို့ အခွင့်အရေးကောင်းတွေ အများကြီး ရနိုင်ခဲ့ပါတယ်။

မိဘတွေမှာ ဒီလိုမျိုးဗီဇတွေရှိနေခဲ့ရင် မွေးလာမယ့်ကလေးမှာ ဒီလိုဗီဇမျိုးပါမလာအောင်နဲ့ ကောင်းတဲ့ဗီဇတွေကို ချန်ထားခဲ့ပြီးမကောင်းတဲ့ဗီဇတွေကို ရှင်းလင်းပစ်နိုင်ဖို့ ကြိုတင်ခန့်မှန်းမှုကနေတစ်ဆင့် အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ ပြီးတော့မှ ကျန်းမာသန်စွမ်းတဲ့ သန္ဓေသားလောင်းကို သားအိမ်ထဲကို ပြန်ထည့်ပေးလိုက်ခြင်းအားဖြင့် စင်းလုံးချော ကျန်းမာတဲ့ ကလေးငယ်လေးကို မွေးဖွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိတယ်လို့ ယူဆတဲ့ မိခင်လောင်းတွေကိုလည်း ကိုယ်ဝန်ယူနိုင်ရေးအတွက် အထောက်အကူများစွာ ပေးနိုင်ပါတယ်။

ဘယ်လိုလူမျိုးတွေဟာ ဗီဇအကြိုစစ်ဆေးမှု ပြုလုပ်သင့်သလဲ။

  1. လက်ထပ်ထားတဲ့မည်သည့်စုံတွဲမဆို ဗီဇအကြိုစစ်ဆေးမှု ပြလုပ်သင့်ပါတယ်။
  2. မျိုးဗီဇဆိုင်ရာဖောက်ပြန်မှု မျိုးရိုးရှိတဲ့သူ၊ ကိုယ်တိုင်မှာလည်း အဲဒီမျိုးဗီဇ ရှိနေသူ ဒါမှမဟုတ် သယ်ဆောင်သူ ဖြစ်နေရင်လည်း စစ်ဆေးကြည့်သင့်ပါတယ်။
  3. ကိုယ်ဝန်ရဖို့အခက်အခဲရှိနေတဲ့ ဇနီးမောင်နှံတွေနဲ့ ကျန်းမာသန်စွမ်းတဲ့သားသမီးကလေးတွေ မွေးဖွားပေးလိုတဲ့ မိဘများအနေနဲ့လည်း မျိုးဗီဇအကြိုစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

ပုံမမှန်တဲ့ မျိုးဗီဇတွေ တွေ့တယ်ဆိုရင် ဘာလုပ်ကြမလဲ။

တကယ်လို့ ကိုယ့်ဆီမှာ ကူးပြောင်းနိုင်တဲ့ မျိုးဗီဇ ချွတ်ယွင်းမှုတစ်ခုခုကို ရှာတွေ့ပြီဆိုရင်လည်း သိပ်တော့ စိတ်မပူ စေချင်ပါဘူး။ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ဖန်ပြွန်သန္ဓေသား စတဲ့ နည်းလမ်းတွေနဲ့ ကိုယ်ဝန် ရယူနိုင်ပါသေးတယ်။

ဒါ့အပြင် သန္ဓေသားကို စီစစ်ရွေးချယ်ပြီးပြီဆိုရင် မျိုးဆက်ပွားရေးမှာအရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ သားအိမ်နံရံမှာ ကောင်းစွာတွယ်ကပ်နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကိုလည်း စစ်ဆေးရပါသေးတယ်။ ဒါကိုတော့ သားအိမ်ရဲ့ လက်ခံနိုင်မှုအားကို mitochondrion screening လို့ ခေါ်တဲ့ ဆဲလ်မှာအားဘယ်လောက်ရှိသလဲ ဆိုတဲ့ စမ်းသပ်နည်းနဲ့ စစ်ဆေးရပါတယ်။ ဒါတွေအားလုံးဟာ အောင်မြင်တဲ့ သန္ဓေအောင်မှုတစ်ခု ဖြစ်လာစေဖို့ သန္ဓေသားလောင်းကို ခွန်အားပေးရာမှာ ၅၀% အထိ အရေးပါပါတယ်။

ဗီဇအကြို စစ်ဆေးမှုလုပ်မယ်ဆိုရင် ဘာတွေလုပ်ထားရမလဲ။

ဗီဇအကြိုစစ်ဆေးမှုကို သားဖွားမီးယပ်ဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့အချိန်မျာ လုပ်နိုင်ပါတယ်။ မိခင်ဆီကနေ သွေးနမူမာ ယူရပါတယ်။ မစစ်ဆေးခင် အစာရှောင်တာတို့ ဘာတို့ လုပ်ဖို့ မလိုပါဘူး။ အဖြေက နမူနာကို ဓာတ်ခွဲခန့်ပို့ပြီးတဲ့နောက် ရက်သတ္တ ၃ ပတ်လောက် ကြာရင် ရပါတယ်။

အသေးစိတ်ထပ်မံသိချင်တာတွေရှိရင် ဒီလင့်ခ် လေးကိုနှိပ်ပြီးဆက်လက်လေ့လာနိုင်ပါတယ်။

မိဘတွေအနေနဲ့ မွေးလာမယ့် သားသားမီးမီးတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခပေးဖို့ ကိုယ့်ရဲ့ DNA ထဲမှာ ဗုံးထောင်ထားသလိုမျိုး ပုန်းနေတဲ့ မကျန်းမာမှုပေါင်းများစွာကို လျစ်လျူရှုထားသလိုမဖြစ်စေဖို့ ဗီဇအကြိုစစ်ဆေးမှုဟာ အရေးကြီးတဲ့ ရှုထောင့်တစ်ခုကနေ မီးမောင်းထိုးပြနေတာမို့လို့ ခုဆိုရင် အလွယ်တကူ သိနိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် မျိုးဗီဇအကြိုစစ်ဆေးမှုဟာ မိဘနှစ်ပါးမှာ ဘာမျိုးရိုးရှိသလဲဆိုတာကို စစ်ဆေးရုံမျှသာ မဟုတ်ဘူးဆိုတာကိုလည်း  သိစေချင်ပါတယ်။ ဒါဟာ ကျန်းမာသန်စွမ်းပြီး စင်းလုံးချောကောင်းမွန်တဲ့ သင့်ရဲ့ မျိုးဆက်သစ်ကလေးတွေ ပေါက်ဖွားလာနိုင်ဖို့အရေး သေချာစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကပြနေပါတယ် ဆိုတာကို ရေးသားတင်ပြလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။