နောက်ဆုံးပေါ်ကုသမှုနည်းပညာတွေနဲ့အတူ စိုးရိမ်စရာမလိုတော့တဲ့ ခါးနာခြင်းဝေဒနာ

နောက်ဆုံးပေါ်ကုသမှုနည်းပညာတွေနဲ့အတူ စိုးရိမ်စရာမလိုတော့တဲ့ ခါးနာခြင်းဝေဒနာ

အဓိကအချက်များ

  • ခါးနာတာကို ကုသတဲ့အချိန်မှာ ဆရာဝန်တွေအနေနဲ့ အကိုက်အခဲ ပျောက်ဆေးပေးခြင်း၊ အနားယူခြင်း၊ ခါးအသုံးပြုမှုလျှော့ချခြင်း၊ ကာယ ကုထုံး၊ အက်ိုက်အခဲ သက်သာအောင်ဆေးထိုးခြင်း စတဲ့ လုပ်ဆောင်မှု တွေနဲ့ ကုသလမ်းညွှန်ပေး လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ရောဂါ လက္ခဏာတွေကျန်ရှိနေသေးပြီး တခြားအဓိကကျတဲ့ အရိပ်အယောင် တွေရှိနေသေးတယ်ဆိုရင်တော့ ဆရာဝန်က ခွဲစိတ်ကုသဖို့ လုပ်ကောင်း လုပ်ပါလိမ့်မယ်။

  • ခွဲစိတ်ကုသမှုလုပ်နေစဉ်အတွင်း နာကျင်မှုသက်သာစေတဲ့နည်းလမ်းများ၊ ခွဲစိတ်ကုသပြီးနောက် ပြန်လည်သက်သာလာစေရေး ကာယလေ့ကျင့်ခန်း စတဲ့ နည်းလမ်းပေါင်းစုံကိုသုံးပြီးတော့ ကျောရိုးခွဲစိတ်ကုသ ခြင်း (Spinal Surgery) ကို အရင်ကတည်းကလုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုတိုးတက်မှု နည်းလမ်းတွေဟာ အောင်မြင်မှုရာခိုင်နှုန်းကို သိသိသာသာ မြင့်မားစေခဲ့ ပါတယ်။

  • MIS လို့အတိုကောက်ခေါ်တဲ့ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု နည်းလမ်း ဟာ သွေးထွက်ဆုံးရှုံးမှုနည်းပါးကာ တစ်ရှူးအနုများကို ထိခိုက်မှုနည်း ပြီး လူနာအတွက် အမြန်ဆုံးပြန်လည်သက်သာလာ စေတာကြောင့် နဂိုမူလအခြေအနေအတိုင်း ပြန်ကောင်းဖို့ အချိန်မြန်ဆန်ပါ တယ်။

ခါးနာခြင်းအတွက်ကုသမှု

ခါးနာခြင်း အတွက်ကုသမှုဟာ ရောဂါလက္ခဏာနဲ့ ရောဂါရှာဖွေမှုအပေါ်မှာ အခြေခံပါတယ်။ သာမန်ခါးနာခြင်းအတွက်ဆိုရင် အနားယူခြင်း၊ ခါးအသုံးပြုမှုကို လျှော့ချခြင်း၊ ဆေးသောက်ခြင်း၊ နည်းလမ်းမှန်ကန်တဲ့ခါးအကွေးအဆန့် လှုပ်ရှားမှုနဲ့အတူ ကြပ်ထုပ်ထိုးခြင်း(သို့)ရေခဲကပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုယ့်က်ိုယ်ကို သက်သာအောင်လုပ်လို့ရပါတယ်။

ဒါပေမယ့်လည်း လူနာအနေနဲ့ အထက်မှာဖော်ပြထားတဲ့အတိုင်းလုပ်ဆောင် သည့်တိုင် မသက်သာဘူး၊ ခါးနာခြင်းက သိသိသာသာပိုဆိုးလာတယ်ဆိုရင် သင့်လျော်တဲ့ကုသမှုတစ်ခုလုပ်ဆောင်ဖို့ ချက်ချင်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် သင့်ပါတယ်။ ယေဘုယျအားဖြင့် ကုသမှုနည်းလမ်းများကို အောက်ပါအတိုင်း အုပ်စု(၂)ခု ခွဲခြားနိုင်ပါတယ်။

၁ ။ အကိုက်အခဲပျောက်ဆေးများသောက်ပြီးရောဂါလက္ခဏာများကိုကုသခြင်း (ခွဲစိတ်ကုသရန်မလို)

  • သောက်ဆေးဖြင့်ကုသခြင်း - နာကျင်မှုသက်သာစေသည့်ဆေးများ၊ ရောင်ရမ်းခြင်းကိုသက်သာစေသည့်ဆေးများ(NSAIDS)၊ ကြွက်သားတင်းမှု ကိုလျော့ကျစေသည့်ဆေးများ၊ ကျောရိုးအာရုံကြောများထိခိုက်မှုကိုသက် သာစေသည့်ဆေးများသောက်ပြီးကုသနိုင်ပါတယ်။ ဒီလိုမျိုး နာကျင်မှု သက်သာစေသည့်ဆေးများကို အသုံးပြုခြင်းဟာ ဘေးထွက်ဆိုး ကျိုးများ လည်း ရှိတာကြောင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံကြောင့် ပုံမှန် ဆေးသောက်နေရသူများအနေနဲ့ သေချာသတိထားဖို့လိုပါတယ်။
  • ကိုယ်ကာယကုထုံး(Physiotherapy) - ဒီကုသမှုမှာ ရောဂါပြန်လည်ဖြစ် ပေါ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အာထရာစောင်းကုထုံး၊ လေဆာကုထုံး၊ ပြင်အားပျော့သည့်ရောင်ခြည်လှိုင်းဖြင့်ရှော့ခ်ရိုက်ကုသခြင်း(Shockwave Therapy)၊ ကြွက်သားသန်မာလာစေသည့်လေ့ကျင့်ခန်းများ စတာတွေ ပါဝင်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ ပြန်လည်သန်စွမ်းလာစေရန် ကုသ ရေးဌာန ဟာ ကုသမှုအမျိုးမျိုးကို အတွေ့အကြုံရှိ ကိုယ်ကာယကုထုံး ကျွမ်းကျင်ပညာရှင် များနဲ့ ပြန်လည်ကျန်းမာသန်စွမ်းရေးပညာရှင်များ လက်တွဲပူးပေါင်းပြီး စနစ်တကျ ကုသဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။
  • ခါးနာခြင်းကိုသက်သာစေသည့်ခါးပတ်(သို့)သိုင်းကြိုး - ဒီကိရိယာဟာ ခါးနာခြင်းခံစားနေရသူများအတွက် လွန်စွာအသုံးဝင်ပြီး အထောက်အကူ ပြုတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ၎င်းခါးပတ်(သို့)သိုင်းကြိုးဟာ ကျောရိုး ခွဲစိတ်ကုသမှု လောလောလတ်လတ် လုပ်ဆောင်ထားသူတွေရဲ့ ခါးအတွက် အထောက်အကူပြုပါတယ်။  ဒါ့အပြင် သက်သောင့်သက်သာ ဖြစ်စေပြီး နာကျင်မှုလျှော့ချပေးနိုင်တာကြောင့် အချိန်တိုတွင်း အသုံးပြုမှု အတွက် အကျိုးရှိပါတယ်။
  • ကျောရိုးဆိုင်ရာလုပ်ဆောင်မှုများ - အပ်စိုက်ကုခြင်း(Acupuncture)၊ နာသည့်နေရာကိုဆေးထိုးခြင်း(TPI)၊ အရိုးမျက်နှာပြင်ကိုထုံဆေးထိုးခြင်း (Facet Injections)၊ ခါးရိုးထဲသို့စတီးရွိုက်ထိုးခြင်း(Epidural Steroid Injections) စသည်တို့ ပါဝင်ပါတယ်။ ဒီလိုမျိုးကုသလုပ်ဆောင်မှုများ ဟာ နာကျင်မှုကို သိသိသာသာလျှော့ချပေးနိုင်ရုံမျှမက တိကျစွာ ရောဂါရှာဖွေ ပေးနိုင်ပါတယ်။  ဒါဟာထိရောက်မှုမြင့်မားပြီး လူနာကိုအန္တရာယ် လျော့နည်းစေကာ ခွဲစိတ်ဖို့မလိုတဲ့ကုသမှုများပဲဖြစ်ပါတယ်။ ဒီရောဂါများကို ဆစ်မီတဝေ့ဆေးရုံမှာ ဒီကုသမှုကို  အထူးဝန်ဆောင်မှုပေးနေတာကတော့ အားကစားနှင့်အရိုး အကြောထိခိုက်ဒဏ်ရာကုသမှုဌာန ပဲဖြစ်ပါတယ်
  • ပညာရှင်များရဲ့အကူအညီ - အရိုးအကြောပြုပြင်ပညာရှင် (Chirotractic) ဆီမှ အကူအညီနဲ့ ကျောရိုးအနေအထားဟန်ချက်မညီခြင်းကို ကွေးညွတ် နိုင်မှုမြင့်မားအောင်လုပ်နိုင်သလို လှုပ်ရှားမှုအမျိုးမျိုးနဲ့လည်း နာကျင်မှု ကို လျှော့ချနိုင်ပါတယ်။ အပ်စိုက်ကုသခြင်းနဲ့ အတွင်းပိုင်းတစ်ရှူးများထိ ရောက်အောင်နှိပ်နယ်ခြင်းဟာလည်း တူညီတဲ့ရလဒ် ရရှိစေမှာဖြစ်ပါတယ်။

၂ ။ ခွဲစိတ်ကုသမှု - ခွဲစိတ်ကုသဖို့မလိုတဲ့နည်းလမ်းများကို အနည်းဆုံး (၆) ပတ်မှ (၁၂)ပတ် လုပ်ဆောင်ပြီးသည့်တိုင် နာကျင်မှုမသက်သာသေးသူ များနဲ့ ကျောရိုးကြွက်သားအစုအဝေး(Sphincter) လျော့နည်းမှုကြောင့် ကြွက်သားသေးငယ်သွားခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း ကဲ့သို့သော အာရုံကြော ထိခိုက်မှုရှိသူများ အနေဖြင့် ခွဲစိတ်ကုသဖို့ စဉ်းစားရမှာပါ။

ခွဲစိတ်ကုသမှုနည်းလမ်းများ

ခါးနာခြင်းကိုကုသမယ်ဆိုရင် ရောဂါလက္ခဏာများနဲ့ ရောဂါအခြေအနေကို ဆရာဝန်များမှ အရင်ဆုံး သေချာမေးမြန်းစစ်ဆေးပါလိမ့်မယ်။  ကျောရိုးခွဲစိတ် ကုသမှု ပုံစံ(၂)မျိုးရှိပါတယ်။

၁။ အာရုံကြောမအပေါ်ဖိအားဖြေလျှော့ခွဲစိတ်ကုသခြင်း - ဒီနည်းလမ်းဟာ ထိခိုက်မိတဲ့ အာရုံကြောမကို ဖိအားဖြေလျှော့လိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်း ဟာ ခါးဆစ်အရိုးနုကျွံခြင်းကဲ့သို့သော ကျောရိုးကျဉ်းခြင်း(Spinal Stenosis) များဖြစ်စေမှု များကို ဖယ်ရှားဖို့ရည်ရွယ်တဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။ အာရုံကြောမအပေါ်ဖိအားဖြေလျှော့ခြင်းဟာ ကိရိယာထည့်ပြီး ကျောရိုးရှိ အရိုးများကိုတွယ်ဆက်ခြင်း(Lumber Fusion) လုပ်ဖို့ မလိုအပ်ပါဘူး။  ခွဲစိတ်မှု ပြီးတာနဲ့ လူနာဟာ အပြည့်အဝပြန်လည်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။

၂။ အာရုံကြောမ ဖြေလျှော့ခြင်းနှင့်ပေါင်းစပ်ခွဲစိတ်ကုသမှု - ဒီနည်းလမ်းဟာ ကျောရိုးထောက်ပံ့မှု ထပ်မံရရှိဖို့အတွက် ကိရိယာထည့်သွင်းကာ ထိုခိုက်မှုရှိတဲ့ အာရုံကြောမ ကို ဖြေလျှော့တာဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသမှုနည်းလမ်းဟာ  ထိခိုက်မှုရှိတဲ့နေရာမှာ ကျောရိုးကျဉ်းခြင်းခံစားနေရသော လူနာများနဲ့ ကျောရိုးပုံပျက်ခြင်း၊ ကျောရိုးနေရာလွဲမှားခြင်း၊ ကျောရုံးပုံမမှန်ခြင်း၊ ကျောရိုးစောင်းခြင်း စတာတွေခံစားနေရတဲ့ လူနာများအတွက် သင့်လျော်ပါတယ်။

ကျောရိုးခွဲစိတ်ကုသခြင်းကိုထိရောက်မှုမြင့်မားဖို့အသုံးပြုနေတဲ့နောက်ဆုံးပေါ် နည်းပညာနှင့်ဆေးဘက်ဆိုင်ရာစက်ကိရိယာများ

““ကျောရိုး(သို့)လည်ပင်းခွဲစိတ်ကုသမှုက သိပ်ကိုအန္တရာယ်ကြီးတာပဲ””
““
ကျောရိုးခွဲစိတ်ကုသမှုပြီးရင် ပြန်ပြီးအလုပ် လုပ်နိုင်မှာမဟုတ်ဘူး (သို့) လမ်းပြန်လျှောက်နိုင်မှာမဟုတ်ဘူး””

အထက်မှာဖော်ပြတဲ့ စိုးရိမ်မှုစကားသံတွေကို သူငယ်ချင်း(သို့) မိသားစုဝင်တွေ ဆီကနေ ကြားရကောင်းကြားရပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ ကျောရိုး (သို့) လည်ပင်းခွဲစိတ်ကုသမှုများအတွက် အသုံးပြုတဲ့ နောက်ဆုံးပေါ် နည်းပညာ များကြောင့် သင်ထင်ထားသလောက် စိုးရိမ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျောရိုးခွဲစိတ်ကုသမှုနဲ့ပတ်သက်ရင် ဆန်းသစ်ထားတဲ့ ကုသမှုနည်းပညာ တွေကြောင့်ဖြစ်ပါတယ်။ ဒီလိုကုသမှုများအတွင်း နာကျင်မှု ကိုသက်သာစေတဲ့ ခွဲစိတ်မှုများသာမက ခွဲစိတ်ပြီးနောက် သေချာအစီ အစဉ်တကျ ရေးဆွဲထားတဲ့ ကိုယ်ကာယကုထုံးများနဲ့အတူ ပြန်လည်သန်စွမ်း လာစေရေး အစီအစဉ်များ လည်း ပါဝင်ပါတယ်။ ခေတ်မီနည်းပညာများဟာ အန္တရာယ်ကိုလျှော့ချပေးနိုင်ပြီး အောင်မြင်မှုရာခိုင်နှုန်းကို သိသိသာသာမြင့်မားစေပါတယ်။ ယနေ့ခေတ်မှာ လုပ်ဆောင်နိုင်ပြီဖြစ်တဲ့ ခွဲစိတ်မှုနည်းလမ်းများကို အောက်ပါအတိုင်း (၂)မျိုး ခွဲခြားနိုင်ပါတယ်။
•    á€žá€™á€Źá€¸á€›á€­á€Żá€¸á€€á€ťá€”á€Šá€şá€¸á€œá€™á€şá€¸á€Ąá€á€­á€Żá€„á€şá€¸á€€á€ťá€ąá€Źá€›á€­á€Żá€¸á€á€˝á€˛á€…á€­á€á€şá€€á€Żá€žá€á€źá€„á€şá€¸ (Conventional Spine Surgery)
•    á€”္ဏက်ဆုလးပ္ဍ်နည်းပညဏဖဟငအ်ကဝ္ဏရိုးခွဲစိတ်ကုသခဟင်း (ထိုးဖောက်မှု အနည်းဆုံး Modern Spine Surgery

၁။ သမားရိုးကျနည်းလမ်းအတိုင်းကျောရိုးခွဲစိတ်ကုသခြင်း

  • အာရုံကြောမ ဖြေလျှော့ခြင်းနှင့်တွယ်ဆက်ကုသခြင်း
    • ခါးအနောက်ဖက်မှထိုးဖောက်ကာအရိုးများကိုတွယ်ဆက်ကုသခြင်း (DLPL Fusion) နှင့်အတူ အာရုံကြောမကိုပြေလျော့စေရန် ခွဲစိတ်ကု သခြင်း။

၂။ ထိုးဖောက်မှုအနည်းဆုံးခါးခွဲစိတ်ကုသမှု

ဒီကုသမှုဟာ ထိခိုက်ထားတဲ့နေရာမှကြွက်သားများပျက်စီးစေမှု လျော့နည်းခြင်း၊ သွေးဆုံးရှုံးမှုသိသိသာသာလျော့နည်းခြင်း၊ နာကျင်မှုနည်းခြင်း၊ လူနာကိုပိုမို မြန်ဆန်စွာသက်သာလာစေပြီး ပြန်လည်ကောင်းမွန်လာမှုအချိန်တိုတောင်းခြင်း စသည်တို့အပါအဝင် ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသမှုရဲ့ အကျိုးကျေးဇူး များ ရှိတဲ့ နည်းပညာ  တစ်ခု ဖြစ်ပါတယ်။

 á‚ ။ (၁) အာရုံကြောမ ဖြေလျှော့ခွဲစိတ်ကုသခြင်း

  • အတွင်းကြည့်မှန်ပြောင်းသုံးကာခါးရိုးခွဲစိတ်ခြင်း(FED)
  • ပိုမိုသေးငယ်သည့်အတွင်းကြည့်မှန်ပြောင်းသုံးကာခါးရိုးခွဲစိတ်ခြင်း

 

 

၂ ။ (၂) အာရုံကြောမ ဖြေလျှော့ခြင်းနှင့်ပေါင်းစပ်ခွဲစိတ်ကုသမှု

  • ကျောရိုးအဆစ်ပြားကိုဖယ်ရှားပြီးအရိုးနှစ်ခုကိုတွယ်ဆက်ကုသမှု (MIS TLIF) ဟာ ကျောရိုးကျဉ်းခြင်းအတွက် ကုသနိုင်ပါတယ်။ သေးငယ်တဲ့ခွဲ စိတ်ရာနဲ့ အံဝင်အောင်အထူးပြုလုပ်ထားတဲ့ သတ္ထုစကူ(Screw) ကို ခါးနာနေတဲ့ နေရာကိုထိုးသွင်းပြီး ခိုင်မြဲအောင်လုပ်တဲ့ ကုသမှုဖြစ်ပါတယ်။  ဒီနည်းဟာ သမားရိုးကျခွဲစိတ်ကုသမှုကြောင့်ဖြစ်တဲ့ ကြွက်သားပျက်စီးမှုကို လျှော့ချနိုင် သလို ပြန်လည်သက်သာဖို့ ဆေးရုံမှာနေရတဲ့ အချိန်ကိုလည်းလျှော့ချကာ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေပါတယ်။
  • ဝမ်းဗိုက်ဘက်မှဖောက်ပြီး အရှေ့ဖက်ခြမ်း ခါးဆစ်ရိုးများကိုတွယ်ဆက်ကု သခြင်း(ALIF)
  • ဘေးဘက်မှဖောက်ပြီးခါးဆစ်ရိုးများကိုတွယ်ဆက်ကုသခြင်း(LLIF)

၃။ ကွန်ပျူတာခြေရာခံစနစ်နှင့်စက်ရုပ်သုံးပြုကာကျောရိုးခွဲစိတ်ကုသခြင်း

ဒီကုသမှုနည်းလမ်းဟာ ခွဲစိတ်ဆရာဝန်များကို ကူညီပံ့ပိုးဖို့အတွက်  ကွန်ပျူတာ ခြေရာခံစနစ်အသုံးပြုပြီး လုပ်ဆောင်ရတဲ့ နည်းပညာဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ သတ္ထုစကူ(Screw)  (သို့) တခြားစကူ များကို ကျောရိုး (သို့) လည်ပင်းထဲသို့ ထည့်သွင်းချိန်မှာတိတိကျကျ ထည့်သွင်းနိုင်ခြင်း၊ ခွဲစိတ်ကုသမှုကြောင့်ဖြစ်တဲ့ ပင်မအာရုံကြောစနစ်ထိခိုက်မှုကို လျှော့ချနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက်ပြန်လည်သက်သာလာစေဖို့အဓိကအချက်များ

ခွဲစိတ်ပြီးနောက် ပြန်လည်ကောင်းမွန်သက်သာလာတဲ့အချိန်ကာလဟာ ရောဂါအခံ၊ ရောဂါလက္ခဏာပြင်းထန်မှု၊ ခွဲစိတ်ကုသရာမှာအောင်မြင်မှု၊ မခွဲစိတ်ခင်လုပ်ဆောင်မှုများ၊ ကုသပေးတဲ့ဆရာဝန်ရဲ့အတွေ့အကြုံနဲ့ အသုံးပြုတဲ့ နည်းပညာ စတာတွေအပေါ်မူတည်ပြီး လူနာတစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး။

ကျောရိုးခွဲစိတ်ကုသမှုအပြီး ပြန်လည်သက်သာလာဖို့အတွက် -

အကိုက်အခဲပျောက်ဆေးနဲ့ ထုံဆေး စတာတွေ အသုံးပြုဖို့လိုပါတယ်။

ကိုယ်ကာယကုထုံး(Physiotherapy)

လူနာများအနေနဲ့ ကိုယ်ကာယလှုပ်ရှားမှုစွမ်းရည်များပြန်လည်ရရှိပြီး သူတို့ရဲ့ နေ့စဉ်ဘဝများဆီ နဂိုအတိုင်းပြန်လည်ရောက်ရှိဖို့ ကိုယ်ကာယကုထုံး ကို အသုံးပြုရပါတယ်။ ကိုယ်ကာယကုထုံးမှာ လှုပ်ရှားမှုလေ့ကျင့်ခြင်း၊ ကိုယ်ဟန် အနေအထားပြုပြင်မွမ်းမံခြင်း၊ ကြွက်သားအရုန်းအဆန့်၊ ကျောဘက်နှင့် ခြေထောက်ကြွက်သားတို့ကိုသန်မာလာအောင်လုပ်ခြင်း စတဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာဖြစ်စေမှု(သို့) မအောင်မြင်တဲ့ ခွဲစိတ်ကုသမှု အခြေအနေကိုလျှော့ချနိုင်တဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်လုပ်ဆောင်ပေးပါတယ်။

ခြေသလုံးကြွက်သားကွေးဆန့်ခြင်းလေ့ကျင့်ခန်း

ကိုယ်ကာယကုထုံးပညာရှင်မှ လူနာကို လှဲနေစေပြီး ခြေဖဝါးကို လက်နဲ့ ဖိကာ ခြေကျင်းဝတ်ဘက်ဆီကို ဖြည်းဖြည်းချင်း တွန်းပေးမှာပါ။  လူနာအနေနဲ့ ခြေသလုံးမှာ နာကျင်တဲ့ခံစားမှု မရှိတော့တဲ့အထိ လုပ်ပေးရမှာပါ။  တစ်ကြိမ်လျှင် (၁၀) စက္ကန့် နှုန်းနဲ့ (၁၀)ကြိမ်လုပ်ပေးရမှာပါ။


ဝမ်းဗိုက်နှင့်ခါးကြားရှိကြွက်သားလေ့ကျင့်ခန်း

လူနာအနေနဲ့ အိပ်ယာပေါ်မှာလှဲလျောင်းပြီး ဒူးကို ကွေးပြီး ထောင်ထားရပါမယ်။ အဲဒီနောက် ချက် ကို ဝမ်းဗိုက်ဆီကို တွန်းပြီး အစာအိမ်နေရာကိုဖိထားကာ ခါးကို လည်း အိပ်ယာပေါ်မှာ အားပြုထားရပါမယ်။ ကိုယ်ကာယကုထုံးပညာရှင်မှ ခါး နဲ့ အစာအိမ်ကို လက်နဲ့ (၅) စက္ကန့်မှ (၁၀) စက္ကန့်ကြာ ဖိထားပေးမှာဖြစ်ပြီး (၁၀)ကြိမ်- အကြိမ်(၂၀) လောက် လုပ်ပေးရပါ မယ်။ 


ဒူးကြွက်သားလေ့ကျင့်ခန်း

လူနာဟာ အိပ်ယာမှာ ပက်လက်အနေအထားလှဲနေပြီး ခြေထောက်ကို ဆန့် ထားပြီး ဒူးအနောက်ဖက် နေရာကို ဖိနှိပ်ပေးရမှာပါ။ ဒီအတွက် ကိုယ်ကာယ ကုထုံးပညာရှင်ရဲ့ အကူအညီယူမှာဖြစ်သလို ဒူးအောက်မှာ ခေါင်းအုံးထားပြီး လည်းလုပ်ဆောင်နိုင်ပါတယ်။ ဒီလို ဖိထားတဲ့ အနေအထားကို တစ်ကြိမ်လျှင် (၅)စက္ကန့်မှ (၁၀) စက္ကန့်အချိန်ယူပြီး (၁၀)ကြိမ်မှ အကြိမ်(၂၀) လုပ်ဆောင်ရ ပါမယ်။


 á€á€˝á€˛á€…á€­á€á€şá€•á€źá€Žá€¸á€”á€ąá€Źá€€á€şá€œá€°á€”á€Źá€€á€­á€Żá€˜á€ąá€¸á€–á€€á€şá€…á€ąá€Źá€„á€şá€¸á€•á€ąá€¸á€‘á€Źá€¸á€žá€Šá€ˇá€şá€”á€Šá€şá€¸á€œá€™á€şá€¸

လူနာဟာ လှဲနေလျက်မှ ဒူးကိုကွေးထားပြီး ဝမ်းဗိုက်ကြောနေရာကိုလိမ် မထွက် သွားစေဘဲ ဘေးဖက်သို့ ဖြည်းဖြည်းချင်း လှိမ့်ရမှာဖြစ်ပါတယ်။ လှိမ့်နေတဲ့ အချိန်မှာ ကိုယ်ကာယကုထုံး ပညာရှင်ရဲ့လက်နဲ့ လူနာရဲ့ ပုခုံး၊ တင်ပါးတို့ကို ကိုင်ထားပြီး လူနာရဲ့ ခန္ဓာကိုယ် အလေးချိန် ဟန်ချက်ကို ထိန်းထားပေးမှာပါ။


ထိုင်နေရာမှ မတ်တပ်ရပ်လေ့ကျင့်ခန်း

လူနာအနေနဲ့ ခါးကိုမတ်မတ်မထားခင်မှာ လမ်းလျှောက်အထောက်အကူပြု ကိရိယာကို လက်နှစ်ဖက်နဲ့ သေချာဆုပ်ကိုင်ထားရပါမယ်။ ကုတင်ပေါ်မှ ချထားတဲ့ ခြေထောက်နှစ်ဖက်ကို ပုခုံးနှစ်ဖက် အကျယ်အတိုင်း တူညီစွာ ထားပါ။ ဒါမှသာလျှင် ကိုယ်အလေးချိန်က ခြေထောက်နှစ်ဖက်အပေါ်မှာ သက်ရောက်ပြီး ဒူးနဲ့ တင်ပါးကိုပါ မတ်နေတဲ့ အနေအထားဖြစ်စေမှာပါ။


လမ်းလျှောက်လေ့ကျင့်ခြင်း

ခြေလှမ်း လှမ်းချိန်မှာ လမ်းလျှောက်အထောက်အကူပြုကိရိယာ ပေါ်ကို လက်နှစ်ဖက်နဲ့ သေချာ ဆုပ်ကိုင်ပြီး ခြေထောက် တစ်ဖက်နဲ့ တစ်ဖက် ကို ဂရု တစိုက်နဲ့ ရှေ့ နောက် ဖြစ်နေစေရပါမယ်။ စလျှောက် ချိန်မှာ လူနာရဲ့ ခန္ဓာကိုယ် အလေးချိန်အများဆုံးဟာ ဒီ အထောက်အကူပြုကိရိယာအပေါ်ကို သက်ရောက် နေမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကိရိယာအပေါ် အားပြုနေရမှုကို လျှော့ချမယ် ဆိုရင် လူနာဟာ ပိုပြီး သန်မာလာမှာပါ။


ခွဲစိတ်ကုသပြီးနောက်မှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး၊ ခါး ခွဲစိတ်ကုသမှု အတွက် ဘယ်လိုနည်းလမ်းကိုရွေးချယ်မယ် စတာတွေကို ဆရာဝန်တွေက လမ်းညွှန်ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ ဒီလို လမ်းညွှန်ရာမှာ ရောဂါလက္ခဏာ ပြင်းထန်မှု၊ အသက်အရွယ်၊ ရောဂါအခံ၊ မခွဲစိတ်ခင်ကိုယ်ကာယဆိုင်ရာ လုပ်ဆောင်န်ိုင်မှု၊ ခွဲစိတ်မှုအပြီးပြန်လည်သက်သာလာဖို့ယူရမယ့်အချိန်၊ လူနာရဲ့ စိတ်အခြေအနေ စတာတွေအပေါ်ကို မူတည်ပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ ခွဲစိတ်ကုသမှုဖြစ်စေဖို့အတွက် လူနာအနေနဲ့ ကိုယ့်ရဲ့ လိုအပ်ချက် အပေါ်မူတည်ကာ ကုသမှုနည်းလမ်းကို လမ်းညွှန်ပေးမယ့် ခါးခွဲစိတ်အထူးကု ဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကိုယ်ကာယကုထုံးနဲ့ ခွဲစိတ်ကုသမှုပြုလုပ်ချိန်မှာ Covid-19 အန္တရာယ်ကို လျှော့ချခြင်း

ကျွန်တော်တို့ရဲ့ ဆစ်မီတဝေ့ဆေးရုံများဟာ Covid-19 ကူးစက်ပျံ့နှံ့မှု မြင့်မား နေတဲ့ အချိန်အတွင်း ကိုယ်ကာယကုထုံးနဲ့ ခွဲစိတ်ကုသမှု လုပ်ဆောင်ရာမှာ ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းမှုကို အထူးဂရုစိုက်ရမယ့် အရေးကြီးကိစ္စရပ် အဖြစ်သတ်မှတ်ထားပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ ကိုယ်ကာယလေ့ကျင့်ခန်း များနဲ့ ခွဲစိတ်ကုသမှုခံယူတဲ့ အချိန်တိုင်းမှာ လူနာများအတွက် သန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့အပြင် ရောဂါပိုးကင်းစင်တဲ့ ဝန်းကျင်တစ်ခုဖြစ်နေစေဖို့ လုံးဝ အာမခံ ပါတယ်။

ခွဲစိတ်ကုသနေစဉ် အတွင်း ရောဂါကာကွယ်မှုအစီအစဉ်များ

 á€á€…á€şá€€á€­á€Żá€šá€şá€›á€Šá€şá€€á€Źá€€á€˝á€šá€şá€›á€ąá€¸á€á€á€şá€…á€Żá€ś (PPE)

၁ ။ ခွဲစိတ်ကုသမှုပြုလုပ်နေစဉ်အတွင်း ခွဲစိတ်ခန်းထဲကို သတ်မှတ် လူအရေ အတွက်သာ ဝင်ခွင့်ပြုထားပြီး မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန် ထမ်းများသာ ဝင်ခွင့်ရရှိမှာပါ။

၂ ။ ခွဲစိတ်ခန်းထဲမှာရှိနေမယ့် ခွဲစိတ်ဆရာဝန်၊ ခွဲစိတ်အကူသူနာပြု၊ မေ့ဆေးပညာ ရှင်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးဟာ ခွဲစိတ်ခန်းဝတ်စုံ၊ N95 နှာခေါင်းစည်း၊ ရာဘာလက်အိတ်၊ တစ်ခါသုံးခေါင်းစွပ်၊ Face Shield (သို့) မျက်နှာအကာ နှင့် ဖိနပ်အစွပ် (ဖိနပ်အစွပ်မရှိလျှင် အထူးပြုလုပ်ထားသည့် ဖိနပ်) စတဲ့ ကာကွယ်ရေး ဝတ်စုံအပြည့်ကို မဖြစ်မနေဝတ်ဆင်ရပါမယ်။

၃ ။ လူနာအနေနဲ့ သတိရလာတဲ့အချိန်နဲ့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်နေ ချိန်မှာ Mask တပ်ထားရပါမယ်။

ခွဲစိတ်ခန်းကိုပြင်ဆင်ခြင်း

၁ ။ ခွဲစိတ်ခန်းသုံးပစ္စည်း၊ လိုအပ်တဲ့ကိရိယာများ၊ ဆေးပစ္စည်းများ(ချုပ်ရိုး၊ ပိတ်စ၊ ဝတ်စုံ)၊ ဆေးထိုးအပ် စတဲ့ ခွဲစိတ်ခန်းအတွက် မရှိမဖြစ်ပစ္စည်းများကိုသာ ခွဲစိတ်ခန်းထဲယူခွင့်ပြုပါတယ်။ ခွဲစိတ်ကုသမှုအတွက်သုံးတဲ့ ပစ္စည်းများအားလုံး ဟာ တစ်ခါသုံးပစ္စည်းများပဲဖြစ်ပါတယ်။

၂ ။ လူနာအတွက်ကုတင်မှာ စက်နဲ့အထူးပြုလုပ်ထားတဲ့ စက္ကူစနဲ့ ပတ်ထား ပေးမှာဖြစ်ပါတယ်။ မော်နီတာနဲ့ အခြားစက်ပစ္စည်းများကိုလည်း ပလတ်စတစ်အ လွှာနဲ့ ပတ်ထားမှာဖြစ်ပြီး ခွဲစိတ်မှုပြီးတာနဲ့ အနီရောင် အမှိုက်ပုံး (ရောဂါပိုး ကူးစက်တတ်သည့်ပစ္စည်းများဟုစာရေးထား) ထဲ လွှင့်ပစ်ရမှာပါ။

၃ ။ တံခါးကို လိုအပ်ချိန်မှသာဖွင့်မှာဖြစ်ပြီး လျှောတံခါးများကိုလည်း သေချာစွာ စီမံထားရှိပါတယ်။ တစ်နာရီလျှင်အနည်းဆုံး (၁၅)ကြိမ်လောက် လေ ကို လဲလှယ် ပြောင်းလဲပေးမှာပါ။ 

သန့်ရှင်းရေးအတွက်စီမံလုပ်ဆောင်မှုများ

၁ ။ ခွဲစိတ်ကုသမှုတစ်ခုပြီးနောက် (၁)နာရီ-(၂)နာရီ အထိ ခွဲစိတ်ခန်းမှာ အဲကွန်း ို ဆက်လက်ဖွင့်ထားမှာပါ။  ခွဲစိတ်မှုအစီအစဉ်တစ်ခုလုံး ပြီးဆုံးပြီးနောက် မိနစ်(၃၀) အကြာမှာ PPE အပြည့်အစုံ ဝတ်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်းမှ ပိုးမွှားများကို (၃)မိနစ်အတွင်း သေစေနိုင်တဲ့ CaviWipes အသုံးပြုကာ ကုတင်၊ စက်ပစ္စည်းနဲ့ ကိရိယာများအားလုံးကို သန့်ရှင်းရေးလုပ်မှာပါ။

၂ ။ ခွဲစိတ်မှုတစ်ခုပြီးတိုင်း ကျန်းမာရေးဝန်ထမ်းတွေလည်း မဖြစ်မနေ ရေချိုးရမှာ ပါ။

၃ ။ အသုံးပြုပြီးတဲ့ PPE ဝတ်စုံများကို ခွဲစိတ်ခန်းရဲ့ အမှိုက်ပုံးအနီရောင် များထဲကို လွှင့်ပစ်မှာပါ။ လက်ကို အယ်လ်ကိုဟောဂျယ်လ်နဲ့ ဆေးမှာဖြစ်သလို N95 Mask နဲ့ Face Shield များကိုလည်း နောက်တစ်ကြိမ်လိုရင်အသုံးပြုနိင်အောင် သေချာ ပိုးသတ်မှာပါ။

ခွဲစိတ်ကုသမှုပြီးလူနာကိုစောင့်ရှောက်ခြင်း

၁ ။ ခွဲစိတ်ကုသပြီးနောက် လူနာအတွက် ကနဦးစောင့်ရှောက်မှုများကို လူနာပြန်လည်သက်သာလာအောင်နားနေသည့်အခန်း အစား ခွဲစိတ်ခန်းထဲ မှာပဲ လုပ်ဆောင်ပေးပါတယ်။

၂။ သူနာပြုဝန်ထမ်းများဟာ လူနာလွှဲပြောင်းတဲ့အချိန်မှာ သူတို့ဝတ်ဆင်တဲ့ တစ်ခါသုံးခေါင်းစွပ်၊ N95 Mask၊ Face Shield၊ ရေစိုခံခွဲစိတ်ခန်းသုံးဝတ်စုံ၊ ရာဘာလက်အိတ်၊ ဖိနပ်အစွပ်(သို့)ခွဲစိတ်ခန်းသုံးအထူးဖိနပ်များကိုသာ ချန်ထားပြီး ကျန်တဲ့ PPE ကို ချွတ်ပစ်မှာပါ။

ကိုယ်ကာယကုထုံးလေ့ကျင့်ခန်းများလုပ်နေစဉ်အတွင်းကာကွယ်မှုများ

၁ ။ ဆရာဝန်၊ ကိုယ်ကာယကုထုံးပညာရှင်၊ အကူဝန်ထမ်းနဲ့တကွ မည်သူမဆို ကုသဆောင်ထဲမှာဖြစ်စေ၊ ပြန်လည်ကျန်းသက်သာကျန်းမာလာစေရေးဌာန ထဲမှာဖြစ်စေ လူနာနဲ့ဆက်ဆံတဲ့အချိန်တိုင်း Mask တပ်ထားရပါမယ်။

၂ ။ အာထရာစောင်းစက်၊ လျှပ်စစ်လှုံ့ဆော်မှုစက် အပါအဝင် ကိုယ်ကာယကုထုံး လုပ်ဆောင်ရာမှာသုံးတဲ့ စက်ပစ္စည်းများအားလုံးကို အသုံးမပြုခင်နဲ့ အသုံးပြုပြီး တိုင်း CaviWipes နဲ့ သေချာသန့်ရှင်းရေးလုပ်ဆောင်ပါတယ်။

၃ ။ အိပ်ယာကို အမြဲသန့်ရှင်းရေးပြုလုပ်သလို ကုတင်တစ်ခုလုံးကိုလည်း တစ်ကြိမ် အသုံးပြုပြီးတိုင်း အသစ်လဲပေးပါတယ်။

၄ ။ လူနာများအတွက် Locker များကိုလည်း CaviWipes နဲ့ သန့်ရှင်းရေးပြုလုပ် ပေးပါတယ်။

Phat Amnajtrakul, M.D.

အတွေ့အကြုံ(၁၀)နှစ်ကျော်ရှိပြီဖြစ်တဲ့ ကျောရိုးအထူးကုဆရာဝန်ကြီး Phat Amnajtrakul , M.D ဟာ ကျောရိုးခွဲစိတ်ကုသမှုကို တစ်နှစ်လျှင် ပျမ်းမျှ (၁၀၀)မှ (၁၂၀) ကြား ကုသပေးခဲ့ပါတယ်။ သူဟာ ထိုးဖောက်မှုအနည်းဆုံး နဲ့ကျောရိုး ခွဲစိတ်ကုသမှု အပြင် အရိုးအကြောထိခိုက်ဒဏ်ရာခွဲစိတ်ကုသမှု စတဲ့ ပညာရပ် များကိုအထူးပြုကာ ဂျာမဏီနိုင်ငံမှာဆည်းပူးလေ့လာခဲ့သူဖြစ်ပါတယ်။ အရိုး အကြောခွဲစိတ်ကုသမှု ဦးဆောင်ဆရာဝန်ကြီးတစ်ယောက်အနေနဲ့ Dr.Phat ဟာ ဆေးပညာလောကထဲစတင်ဝင်ရောက်လာသူဆရာဝန်များရဲ့ ပညာသင်ယူမှုမှာ အကြံဉာဏ်ပေးသူအဖြစ်ဆောင်ရွက်နေသလို ရုတ်တရက်ဖြစ်တဲ့ ကျောရိုးထိခိုက် ဒဏ်ရာ များနဲ့ပတ်သက်ပြီး ကိုယ်ပိုင်သုတေသနပြုလေ့လာနေပါတယ်။ ပုံမှန်အားဖြင့် Dr.Phat ရဲ့ သုတေသနစာတမ်းများဟာ ဆေးပညာဂျာနယ် များမှာ အမြဲတမ်းပုံနှိပ်ထုတ်ဝေဖော်ပြပေး လျက်ရှိပြီး ပြည်သူလူထုအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါတယ်။

အားကစားနှင့်အရိုးအကြောကုသမှုစင်တာ (Sports and Orthopedic Center)  ဟာ အရိုးအကြောထိခိုက်မှုဖြစ်သူများ(သို့) ရုတ်တရက်နဲ့ နာတာရှည် အရိုး အကြောထိခိုက်မှုဖြစ်သူများအတွက် ထိရောက်မှုရှိတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ဒီစင်တာမှာ အရိုးအကြောခွဲစိတ်ဆရာဝန်(၃၈)ယောက် ၊ ကိုယ်ကာယ လေ့ကျင့် ခန်းပညာရှင်များ ၊ အားကစားထိခိုက်မှုဒဏ်ရာနဲ့ ကိုယ်ကာယ ဆိုင်ရာ ပြန်လည် သန်စွမ်းရေးကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီး အတူတကွလက်တွဲ လုပ်ဆောင်လျက်ရှိပါတယ်။ ရောက်လာတဲ့လူနာများအားလုံး အကောင်းဆုံးသော ကျန်းမာရေးစောင့်မှုများရရှိစေဖို့အတွက် ကျွမ်းကျင်ဆရာဝန် နဲ့ ပညာရှင်များကို နောက်ဆုံးပေါ် ကိုယ်ကာယပြန်လည်သန်စွမ်းရေးစက်ကိရိယာများနဲ့ တွဲဖက်ပြီး ကုသဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များ ရှိခဲ့မယ်ဆိုရင် ယူဆောင်လာပါက ကုန်ကျစရိတ်ညှိနှိုင်းကာကုသမှုအစီအစဉ်ရေးဆွဲခြင်း။  
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့် ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။