ကျား တို့ရဲ့ မွေးရာပါရတနာမှာ ဖြစ်တတ်တာလေးတွေ ……

ကျား တို့ရဲ့ မွေးရာပါရတနာမှာ ဖြစ်တတ်တာလေးတွေ ……

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • အမျိုးသမီးအများစုဟာ အမျိုးသားတွေရဲ့လိင်တံအရွယ်အစားကို ခေါင်းထဲမထည့်ထားပါဘူး။ ဘယ်အရွယ်အစားပဲဖြစ်ဖြစ် အမျိုးသမီးတစ်ဦးကို ပြီးပြည့်စုံတဲ့ခံစားမှုအထွတ်အထိပ် ပေးနိုင်ပါတယ်။
  • တောင့်တင်းထောင်မတ်နေတဲ့လိင်တံဟာ မတူညီတဲ့ အနေအထားမှာ အပေါ် အောက် ဘယ် ညာ အမျိုးမျိုး ကွေးညွတ်လှုပ်ရှားနိုင်ပါတယ်။ ဒါကို အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။ အမျိုးသားတစ်ဦးဟာ ကောင်းမွန်တဲ့လိင်တံတောင့်တင်းမှုကိုထိန်းထားနိုင်သရွေ့ လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။
  • ပန်းသေပန်းညှိုးရောဂါ(Erectile Dysfunction) ဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကြောင့် ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအခြေအနေလို့ဆိုရာမှာ ဆီးချို ၊ ကျောက်ကပ်ရောဂါ ၊ အရက်စွဲခြင်း ၊ ဦးနှောက်နှင့်အာရုံကြောပျက်စီးခြင်း(Mutliple Sclerosis) ၊ နှလုံးသွေးကြောကျဉ်းခြင်း(Atherosclerosis) ၊ သွေးကြောဆိုင်ရာရောဂါ(Vascular Disease) ၊ အာရုံကြောဆိုင်ရာပြဿနာများ စသည်တို့ပါဝင်ပါတယ်။

မျိုးပွားအင်္ဂါဆိုတာဟာ ဖိုမဆက်ဆံရေးအတွက် သဘာဝကဖန်ဆင်းပေးထားတဲ့ လက်ဆောင်ဖြစ်ပါ တယ်။ အမျိုးသားများရဲ့လိင်အင်္ဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၇)သိန်းအချိန်လောက်ကတည်းက ခန္ဓာကိုယ်မှတစ်ဆင့် ဆန့်ထွက်ပြောင်းလဲလာတာဖြစ်ပြီး လိင်တံရဲ့ အလယ်မှာ လိင်တံအရိုး (Penile Bone) ရှိနေတယ်ဆိုတာကိုလည်း သိထားရပါမယ်။ သိပ္ပံပညာရှင်တွေဟာ လိင်တံအရိုးရဲ့ အဓိကလုပ်ဆောင်ချက်ကို သေချာမသိနိုင်ခဲ့ကြပေမယ့် ဒါဟာ ထောင်မတ်တဲ့ထိ စောင့်စရာမလိုဘဲ ဖိုမဆက်ဆံလုပ်ဆောင်မှုကို ပိုမြန်စေတာလည်း ဖြစ်နိုင်ပါတယ်။ ဆင့်ကဲပြောင်းလဲမှုများအရ လိင်တံအရိုးဟာပျောက်ကွယ်သွားပြီး လက်ရှိချိန်မှာ ခန္ဓာကိုယ်မကျန်းမာရင် (သို့) ပုံမှန်မဟုတ်တဲ့ သွေးလည်ပတ်မှုတွေဖြစ်မယ်ဆိုရင် လိင်တံမထောင်မတ်နိုင်ခြင်း(သို့) ဖိုမဆက်ဆံရာမှာ စိတ်မပါတာတွေ ဖြစ်နိုင်ပါတယ်။ သဘာဝတရားဟာ အမျိုးသားလိင်အင်္ဂါအပြင်ဘက် အစိတ်အပိုင်း တစ်ခုအဖြစ် သုတ်ပိုးဖြစ်တည်ရာ ဝှေးစေ့(Testes) ကိုကာကွယ်ဖို့ ကပ်ပယ်အိတ်(Scrotum) ကို ဖန်တီးနေရာချခဲ့ပါတယ်။ ဒါဟာတကယ်ကိုလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ထဲက အပူချိန်ဟာ မသင့်လျော်ခြင်း(သို့မဟုတ်) သုတ်ပိုးထုတ်လုပ်ဖို့ ပူလွန်းအားကြီးခြင်းကြောင့်ဖြစ်ပြီး သုတ်ပိုးအရေအတွက်ကိုလျော့ကျစေပါတယ်။

အမျိုးသမီးဖြစ်ဖြစ် ၊ အမျိုးသားဖြစ်ဖြစ် သန္ဓေသားဘဝမှာတည်းက မျိုးပွားအင်္ဂါအပြင်ဘက်ဟာ တူညီတဲ့ မူရင်းဇစ်မြစ်တွေဖြစ်ပါတယ်။   အမျိုးသားလိင်တံဟာ အမျိုးသမီးလိင်အင်္ဂါစေ့(Clitoris) လိုမျိုး တူညီတဲ့ သန္ဓေသားတစ်သျှူးတွေကနေ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။  ဒါ့အပြင် လိင်တံတစ်ဝိုက်မှာ ရှိတဲ့ အရေပြားနဲ့ ဆီးသွားပြွန်ဟာ အမျိုးသမီးအင်္ဂါဝနှုတ်ခမ်းသား(Labia Minora) အဖြစ် ဖွံ့ဖြိုးကြီးထွားစေတဲ့ သန္ဓေသားတစ်သျှူးကနေ ဆင်းသက်လာသလိုမျိုးပဲဖြစ်ပါတယ်။ လိင်တံထောင်မတ်ခြင်း(Erection) ဆိုတာက  လိင်တံတောင့်တင်းတိုးတက်လာတာဖြစ်ပြီး လိင်စိတ်နှိုးဆွခြင်းကြောင့်ဖြစ်နိုင်သလို ရာဂရမ္မက်စိတ်နဲ့မဆိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်လေ့ရှိတဲ့သတိပြုစရာလိင်တံအခြေအနေများ

လိင်တံတိုခြင်း သေးခြင်း အခြေအနေများ

  • The British Journal of Urology မှ သုတေသနပြုသူများဟာ နိုင်ငံတစ်ခုစီမှ အသက် (၁၇)နှစ်နှင့် အထက် အမျိုးသား အနည်းဆုံးအယောက်(၅၀)ကို စစ်တမ်းကောက်ပြီး အမျိုးသားလိင်တံ အရွယ်အစားကို လေ့လာခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ရလဒ်တွေအရ လိင်တံရဲ့ ပျမ်းမျှအရှည်ဟာ ၅.၁၆ လက်မ (၁၃.၁၂စင်တီမီတာ) ရှိပြီး ပျမ်းမျှလုံးပတ်ကတော့ ၄.၅၉ လက်မ(၁၁.၆၆စင်တီမီတာ) ရှိကြောင်းဆိုပါတယ်။ ကွန်ဂိုနိုင်ငံသားများရဲ့ လိင်တံကတော့ အရှည်ဆုံးဖြစ်ပြီး (၇.၁) လက်မရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှ အမျိုးသားများရဲ့ ပျမ်းမျှ လိင်တံအရှည်ဟာ ၄ လက်မ ရှိတယ်လို့ ဒီစစ်တမ်းမှာ တွေ့ရပါတယ်။ ဆိုရရင်တော့ လိင်တံအရွယ်အစားကြီးခြင်း သေးခြင်းဟာ မျိုးရိုးဗီဇနဲ့ ကိုယ်ဝန်ဆောင်ချိန် မိခင်မှာ ဓာတုပစ္စည်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိတွေ့မှုအပေါ်မူတည်ပါတယ်။

  • စစ်တမ်းအများအပြားက ညွှန်းဆိုမှုတွေအရ အမျိုးသမီးအများစုဟာ လိင်တံအရွယ်အစားကို အများကြီး ဂရုမစိုက်ကြပါဘူး။ ဘယ်လောက်အရွယ်အစားပဲရှိရှိ လိင်တံဟာ အမျိုးသမီးအင်္ဂါ (Vagina) ထဲ ထည့်သွင်းနိုင်တဲ့ထိ သေးတာမျိုးမဟုတ်ဘူးဆိုရင် အမျိုးသမီးတွေအတွက် စိတ်အလှုပ်ရှား အခြေအနေ(ပြီးမြောက်ခြင်း) ကို တော့ ပေးစွမ်းနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင် လိင်ဆက်ဆံတဲ့  ဟန်ပန်အနေအထားနဲ့လိင်မဆက်ဆံမီစိတ်တက်ကြွလာအောင် အစပျိုးခြင်း ဟာ အမျိုးသမီးများအတွက် လိင်မှုကိစ္စမှာ သာယာကောင်းမွန်တဲ့ ခံစားချက်ရဖို့ ပိုအရေးပါ ပါတယ်။

  • The British Journal of Urology ရဲ့  လိင်တံပိုသေးခြင်းဟာ ပြဿနာမဟုတ်ကြောင်း သက်သေပြတဲ့ နောက်ထပ်စစ်တမ်းအရ လိင်တံလုံးပတ်ဟာ လုံလောက်တဲ့ အတိုင်းအတာ ( ပျမ်းမျှ ၄.၅၉လက်မ သို့မဟုတ် ၁၁.၆၆ စင်တီမီတာ) ရှိယုံနဲ့ မအင်္ဂါနှုတ်ခမ်းဝ(Vaginal Opening) နူးညံ့တဲ့နေရာတစ်ဝိုက် နဲ့ မအင်္ဂါအတွင်းနံရံ(Vaginal Wall) ရှိ ထောင်မတ်နိုင်တဲ့တစ်သျှူးများကို နှိုးဆွနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီး (၉၀)ရာခိုင်နှုန်းကျော်ဟာ လုံးပတ်ပိုကြီးတဲ့လိင်တံ ကို ပိုမိုနှစ်သက်ကြပြီး အလျားပိုရှည်တဲ့ လိင်တံတွေထက် လိင်စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်ကြောင်း စစ်တမ်းတစ်ခုမှာ ထုတ်ပြန်ထားပါတယ်။ ပိုနားလည်လွယ်တဲ့ စကားနဲ့ပြောရရင် လိင်တံတိုတာပြဿနာမဟုတ် လုံးပတ်အတန်အသင့်ရှိရင်အဆင်ပြေတယ်လို့ ဆိုချင်တာပါ။

  • တကယ်လို့ သင်ဟာ လိင်တံသေးပေမယ့်လည်း လိင်ဆက်ဆံဖို့ လုံလောက်တဲ့အရွယ်အစား ရှိတယ် ဆိုရင် သန့်သန့်ရှင်းရှင်းရှိဖို့နဲ့ ပုံသဏ္ဍာန်အနေအထားကို အလေးထားဖို့က ပိုအရေးကြီးတယ်လို့ မှတ်ထားရပါမယ်။ သင့်ရဲ့လိင်တံကို သေချာဂရုစိုက်မယ်ဆိုရင် အမျိုးသမီးအများစုက အရွယ်အစားကို ခေါင်းထဲထည့်နေမှာမဟုတ်ပါဘူး

     

ကွေးကောက်နေတဲ့လိင်တံ

  • လိင်တံထောင်မတ်ခြင်းဟာ ဖိုမဆက်ဆံမှုကို လွယ်ကူချောမွေ့စေတာ သိပြီးသားဖြစ်မှာပါ။  ပုံမှန်လိင်တံထောင်မတ်ခြင်းဆိုရာမှာ သဘာဝအတိုင်းဖြစ်တဲ့ အနေအထားအရ  တွဲဆက်ထားတဲ့ အရွတ်အပေါ်မူတည်ပြီးတည့်တည့်မတ်မတ်နီးပါးထောင်မတ်ခြင်း ၊ အောက်ဘက် တည့်တည့်မတ်မတ်နီးပါးထောင်မတ်ခြင်း ဒါမှမဟုတ် အလျားလိုက်တည့်တည့်ထောင်မတ်ခြင်း ဖြစ်နိုင်ပါတယ်။
  • ထောင်မတ်နေတဲ့ လိင်တံဟာ  အထက် အောက် ဘယ် ညာ ပုံစံမျိုးစုံ ကွေးညွတ်နိုင်ပါတယ်။ ဒါဟာ မူမမှန်ခြင်း မဟုတ်သလို တွေးပူနေဖို့လည်းမလိုပါဘူး။ ယောက်ျားတစ်ယောက်ဟာ လိင်တံ ကောင်းကောင်းထောင်မတ်နေနိုင်သရွေ့ ပုံမှန် ဖိုမဆက်ဆံမှုကို ရရှိမှာ သေချာပါတယ်။
  • ဒါပေမယ့်လည်း လိင်တံဟာ အလွန်အမင်းကွေးနေတယ် ( လိင်တံအမျှင်တစ်သျှူးထူထပ်မှုကြောင့် ကောက်ကွေးနေသည့်ရောဂါ - Peyronie's disease) ဆိုရင် လိင်တံအရေပြားအောက်မှာ Plaque လို့ခေါ်တဲ့ အပေါ်ယံအပြားလွှာ (ကြားခံမှာဗက်တီးရီးယားများရှိနေသောအလွှာ) ဖြစ်လာနိုင်ပါတယ်။  အဆိုပါအပြားလွှာဟာ လိင်တံအရုန်းအဆန့်ကို လျော့ကျစေကာ  လိင်တံထောင်မတ်ချိန် မှာ ကွေးသွားခြင်း (သို့) ခေါက်ခြင်း ဖြစ်တတ်ပါတယ်။ အပေါ်ယံအပြားလွှာ ပိုကြီးနေတဲ့ အခြေအနေဆို ရင်တော့ လိင်ဆက်ဆံနိုင်ခြင်းမရှိတာမျိုးဖြစ်နိုင်ပါတယ်။  ဒီလိုမျိုးပြဿနာတွေအတွက် လိင်တံရဲ့ အမာရွတ်တစ်သျှူးတွေကို တိုက်ရိုက်ဆေးထိုးခြင်း(သို့) ခွဲစိတ်ခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။

ပန်းသေပန်းညှိုးရောဂါ

  • လိင်တံထောင်မတ်ခြင်း(Erection) ဆိုတာက လိင်တံထိပ်ဖုပေါ်လာဖို့အတွက် လိင်တံထိပ်အရေပြား မကျုံ့သွားခင်ထိ လိင်တံပိုမိုကြီးလာခြင်းနဲ့ သွေးကြောများတောင့်တင်း လာခြင်း အခြေအနေဖြစ်ပါ တယ်။ ဒါဟာ လိင်စိတ်ထကြွလာတဲ့အခါမှာ ဖြစ်ပေါ်တတ်သလို  လိင်စိတ်နဲ့မဆိုင်တဲ့ အခြေအနေ မှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ အလိုလိုနေရင်းနဲ့ အကြိမ်ကြိမ်လိင်တံထောင်မတ်လာခြင်းဟာ လူပျိုစဖြစ်ချိန်မှာ ဖြစ်တတ်ပြီး အဝတ်အစား နဲ့ပွတ်တိုက်မှုရှိခြင်း ၊  တင်းနေတဲ့ဆီးအိမ်(သို့) အူ ၊ ဟော်မုန်းမတည်ငြိမ်ခြင်း ၊ စိတ်လှုပ်ရှားခြင်း စတဲ့ အခြေအနေများမှာ အဖြစ်များပါတယ်။ အိပ်နေတဲ့ အချိန်နဲ့ အိပ်ယာထစ အချိန်မှာ လိင်တံထောင်မတ်နေခြင်းဟာလည်း သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။

  • လိင်တံထောင်မတ်ခြင်းမှာပါဝင်တဲ့ အဓိက ဇီဝကမ္မဆိုင်ရာအစိအပိုင်းကတော့ သွေးလွှတ်ကြောများ အလိုအလျောက်ဖောင်းကားလာခြင်းဖြစ်ပါတယ်။ အဆိုပါသွေးလွှတ်ကြောများဟာ လိင်တံထဲမှာရှိတဲ့ ထောင်မတ်စေနိုင်တဲ့တစ်သျှူးများ(Spongy  Erectile Tissue) ဆီ သွေးစီးဆင်းစေဖို့နဲ့ သွေးဖြည့်တင်းပေးခြင်းကို လုပ်ဆောင်တာဖြစ်ပါတယ်။  ဒီလိုအခြေအနေမှာ လိင်တံဟာ ပိုမိုရှည်လျား ပြီးတောင့်တင်းလာပါတယ်။  သွေးများနဲ့ပြည့်နှက်ကာ ထောင်မတ်နိုင်တဲ့ တစ်သျှူးများက လိင်တံထဲမှ သွေးများကိုမထိန်းနိုင်ဘဲဖြစ်နေတဲ့ သွေးပြန်ကြောကို ဖိသိပ်တင်းကျပ်နေစေဖို့ ဖြစ်ပါတယ်။  

  • ပန်းသေပန်းညှိုးရောဂါ(Erectile Dysfunction) ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအခြေအနေ များကြောင့် ဖြစ်တတ်ပြီး ပုံမှန်အားဖြင့် ကုသနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြဿနာများ ဆိုရာမှာ ဆီးချို ၊ ကျောက်ကပ်ရောဂါ ၊ အရက်စွဲခြင်း ၊ ဦးနှောက်နှင့်အာရုံကြောပျက်စီးခြင်း(Mutliple Sclerosis) ၊ နှလုံးသွေးကြောကျဉ်းခြင်း(Atherosclerosis) ၊ သွေးကြောဆိုင်ရာရောဂါ(Vascular Disease) ၊ အာရုံကြောဆိုင်ရာပြဿနာများ စသည်တို့ပါဝင်ပါတယ်။ တခြားသော ရောဂါပြဿနာများကို ကုသရာမှာ ပေးသည့် ဆေးဝါးများ ဥပမာ - Lithium ( စိတ်ကျရောဂါ ၊ စိတ်ကြွရောဂါ စသည်တို့ အတွက်ပေးသည်) ၊ Paroxetine(စိတ်ကျဝေဒနာအတွက်ပေးသည့်ဆေးတစ်မျိုး) ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ပါတယ်။

အချိန်ကြာရှည်စွာလိင်တံတောင့်တင်းခြင်း

အချိန်ကြာမြင့်စွာလိင်တံထောင်မတ်နေခြင်းကို ဆေးပညာအရ Priapism လို့ ခေါ်ပါတယ်။ ဒါဟာ ပြင်းထန်စွာနာကျင်ပြီး အန္တရာယ်ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အမျိုးသားတို့ရဲ့ လိင်တံဟာ (၄) နာရီထက်ပိုပြီးကြာမြင့်နေပြီဆိုရင် အရေးပေါ်အခြေအနေတစ်ခုအနေနဲ့ မှတ်ယူရပါ မယ်။ ဒါဟာ အာရုံကြောဆိုင်ရာနဲ့ သွေးကြောဆိုင်ရာ ပြဿနာများကြောင့်ဖြစ်နိုင်တယ်ဆိုပေမယ့် လည်း အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျ မဆိုနိုင်ပါဘူး။ ဖြစ်နိုင်တဲ့ အကြောင်းအရင်း ပြဿနာတွေကတော့ ခန္ဓာကိုယ်တွင်းကြွက်သားများဆီသွေးလုံလောက်စွာမရောက်ခြင်း (Local Ischemia) ၊ သွေးကြောများအတွင်းသွေးခဲခြင်း (Thrombosis) နဲ့ လိင်တံထောင်မတ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အရမ်းဆိုးရွားပြင်းထန်တဲ့ အခြေအနေဆိုရင် လိင်တံတစ်သျှူးများပုပ်ခြင်း(Penile Gangrene) ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကြာမြင့်စွာလိင်တံထောင်မတ်ခြင်း ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ပြသသင့်ပါတယ်။

တခြားသောလိင်တံပြဿနာအခြေအနေများ

လိင်တံကျိုးခြင်း(Penile Fracture)    - လိင်တံကျိုးခြင်းဟာ မတော်တဆထိခိုက်မှုကြောင့် ဖြစ်နိုင်သလို လိင်ဆက်ဆံချိန် အနေအထားမှားယွင်းမှု (ဥပမာ- လိင်ဆက်ဆံဖော်အမျိုးသမီးက အပေါ်မှာနေပြီး အမျိုးသားက အောက်မှာရောက်နေတဲ့ အခြေအနေ) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တောင့်တင်းနေတဲ့လိင်တံဟာ ရုတ်တရက်(သို့) အားတစ်ခုသက်ရောက်မှုကြောင့် ကွေးညွတ်သွားတဲ့ အခါ လိင်တံကျိုးခြင်း ဖြစ်နိုင်ပါတယ်။ ကျိုးတဲ့အခါမှာ နာကျင်မှုနဲ့အတူ ဖြောက်ကနဲ ဂျွပ်ကနဲ ဖျပ်ကနဲ အသံတစ်ခုခုနဲ့အတူ ဖြစ်လေ့ရှိပါတယ်။ သင့်အနေနဲ့ လိင်တံကျိုးသွားပြီလို့ သံသယရှိပြီဆိုရင် ဒီပြဿနာကို ရေရှည်မခံစားရအောင် ဆေးကုသမှုတွေကို ချက်ချင်း သတိမူပြီး လုပ်ဆောင်သင့်ပါတယ်။

Phimosis -  လိင်တံထိပ်မှ အရေပြားကို လိင်တံထိပ်ဖူးရဲ့ အနောက်ဆီ ဆွဲလှန်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။ မွေးရာပါဖြစ်တတ်တဲ့ ဒီပြဿနာရဲ့ အဓိကအကြောင်းအရင်း တိတိကျကျမရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ လူပျိုဖော်ဝင်စအရွယ်မှာ လိင်တံထိပ်အရေပြား(သို့) လိင်တံထိပ်ဖူး ကို ပိုးဝင်ခြင်း ၊ လိင်တံပေါ်မှာရှိတဲ့ အရေပြားတစ်သျှူးတည်ဆောက်မှုအရ အရုန်းအဆန့်မရှိခြင်း နဲ့ နောက်လှန်ဆွဲဖို့ ခက်ခဲခြင်း ပြဿနာများကြောင့်ဖြစ်ပါတယ်။ လိင်တံထိပ်အရေပြားငုံခြင်း ဖြစ်နေသူ တွေအနေနဲ့ ဆီးသွားရခက်ခဲခြင်း ၊ လိင်ဆက်ဆံချိန်နာကျင်ခြင်း တွေဖြစ်နိုင်ပြီး ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးကာ လိုအပ်တဲ့ နောက်ဆက်တွဲကုသမှုတွေကို ခံယူသင့်ပါတယ်။ တကယ်လို့ မကုသဘဲ ထားလိုက်မယ်ဆိုရင် လိင်တံတစ်ခုလုံးဖြစ်စေ လိင်တံ တစ်စိတ်တစ်ပိုင်းဖြစ်စေ နာတာရှည်ပြည်တည်နာ(သို့) အနာ ဖြစ်နိုင်သလို တစ်သက်လုံး လိင်တံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ထပ်ပြီးပြောစရာရှိတာတစ်ခုကတော့ လိင်တံထိပ်အရေပြားငုံနေတဲ့သူဟာ လိင်တံကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်များပါတယ်။ 

Pearly Penile Papules: ဒါကတော့ သာမန် ခန္ဓာဗေဒဆိုင်ရာပြောင်းလဲမှုလို့သာ မှတ်ယူရမျာဖြစ်ပြီး လိင်တံထိပ်ပိုင်းတစ်ဝိုက်ရဲ့ ကျန်ရစ်ခဲ့တဲ့ အစအနများလည်း ဖြစ်နိုင်ပါတယ်။ သေးငယ်နူးညံ့တဲ့ အစက်အပြောက်ဖုလေးတွေ ဖြစ်ပြီး အသက် (၂၀) မှ (၄၀) ကြား အမျိုးသားများရဲ့ လိင်တံ ထိပ်ဖူး အောက်ခြေ အဝန်းပတ်ပတ်လည်မှာ ဖြစ်တတ်ပါတယ်။ ၁၉၉၉ ခုနှစ်က လေ့လာချက်များအရ ဒီအခြေအနေဟာ အမျိုးသားအားလုံးရဲ့  ခန့်မှန်း (၈) ရာခိုင်နှုန်းကနေ (၄၈) ရာခိုင်နှုန်းမှာ ဖြစ်တတ်ကြောင်း ဆိုပါတယ်။ တစ်ခါတစ်ရံမှာ လိင်အင်္ဂါကြွက်နို့နဲ့မှားတတ်ပေမယ့် အန္တရာယ်လည်းမရှိ ကူးစက်တတ်တာမျိုးလည်း မဟုတ်တာကြောင့် ကုသရမယ့် အခြေအနေထိ မလိုအပ်ပါဘူး။

Paraphimosis: နောက်ကိုဆွဲလှန်ထားတဲ့ လိင်တံထိပ်အရေပြားဟာ လိင်တံထိပ်ဖူးအနောက်ဖက်မှာ တင်းကျပ်နေပြီး လိင်တံထိပ်ဘက်ကို ပြန်ဆွဲမရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ လိင်တံထိပ်အရေပြားမှာ အရည်တွေ ပိတ်မိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဆေးကုသမှုကြောင့် (သို့) အရှိန်ပြင်းပြင်းနဲ့ လိင်ဆက်ဆံချိန် ပွတ်တိုက်မှုမှတစ်ဆင့် လိင်တံထိပ်အရေပြားမှာ အရည်တွေ စုပုံနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရေယုန်ရောဂါ(Herpes)    - ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတစ်ဦးနဲ့ လိင်ဆက်ဆံမိပြီးတဲ့နောက် မှာ ရေယုန်ရောဂါပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ပါးစပ်(သို့) လိင်တံ မှာ အနာ နဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

လိင်အင်္ဂါနာကျင်မှုဝေဒနာ(Pudendal Neuralgia)    - အာရုံကြောနဲ့သက်ဆိုင်ပြီး ထိုင်တဲ့အချိန် တင်ပါးဆုံရိုးနေရာ တစ်ဝိုက်နာကျင်ခြင်း ၊ လိင်တံခံစားမှုအသိပျောက်ဆုံးခြင်း ၊ လိင်မှုကိစ္စပြီးမြောက်ရ န်ခက်ခဲခြင်း ၊ တစ်ခါတစ်ရံ တင်ပါးနေရာတစ်ခုလုံးကျင်နေခြင်း စတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ လိင်အင်္ဂါပြင်ပနာ့ဗ်ကြောများ ပျက်စီးခြင်း (သို့) တင်းကျပ်ခြင်းဟာ တင်းမာတဲ့စက်ဘီးထိုင်ခုံမှာ အချိန်ကြာရှည်စွာထိုင်မိခြင်းကြောင့်သော်လည်းကောင်း ၊ မတော်တဆထိခိုက်ဒဏ်ရာရမှုကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုနာကျင်မှုဝေဒနာဟာ အမျိုးသမီးအင်္ဂါ နဲ့ အမျိုးသမီးအင်္ဂါတွင်းရှိအစေ့ငယ် မှာလည်း ခံစားရနိုင်ပါတယ်။

လိင်တံကင်ဆာ(Penile Cancer)    - လိင်တံကင်ဆာ(သို့) လိင်တံမှာဖြစ်တဲ့ကင်ဆာ ဟာ တွေ့ရနည်းတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် အမျိုးသား အယောက် (၁) သိန်းမှာ တစ်ယောက်လောက်သာ ဖြစ်နိုင်ပါတယ်။ တချို့သော သတင်းရင်းမြစ်တွေ မှာတော့ လိင်တံအရေပြားဖြတ်ထုတ်ခြင်း(Circumcision) ဖြင့် လိင်တံကင်ဆာကို ကာကွယ်နိုင်တယ်လို့ ပြောဆိုနေပေမယ့် ဆေးပညာအသိုင်းအဝိုင်းမှာတော့ ဒီ အချက်ကို ယခုထိ အငြင်းပွားနေဆဲပဲဖြစ်ပါတယ်။

 

References
  • Keith L. Moore, T. V. N. Persaud, Mark G. Torchia, The Developing Human: Clinically Oriented Embryology 10th Ed. Elsevier Health Sciences, 2015 ISBN 9780323313483, pp 267-69
  • Richard E. Jones; Kristin H. Lopez (28 September 2013). Human Reproductive Biology. Academic Press. p. 352. ISBN 978-0-12-382185-0.
  • "Is Your Penis Normal? There's a Chart for That - RealClearScience". Veale, D.; Miles, S.; Bramley, S.; Muir, G.; Hodsoll, J. (2015). "Am I normal? A systematic review and construction of nomograms for flaccid and erect penis length and circumference in up to 15 521 men". BJU International. 115 (6): 978–986. doi:10.1111/bju.13010. PMID 25487360. ·
  • Video of gliding action Dixson, A. F. (2009). Sexual selection and the origins of human mating systems. Oxford University Press. pp. 61–65. ISBN 9780191569739.
  • Center of Disease Control. "DES Update: Consumers". Retrieved 2013-11-07. Swan SH, Main KM, Liu F, และคณะ (August 2005). "Decrease in anogenital distance among male infants with prenatal phthalate exposure". Environmental Health Perspectives. 113 (8): 1056–61. doi:10.1289/ehp.8100. PMC 1280349. PMID 16079079.
  • Montague, Peter. "PCBs Diminish Penis Size". Rachel's Hazardous Waste News. 372. Archived from the original on 2012-03-03.
  • Richard E. Jones; Kristin H. Lopez (28 September 2013). Human Reproductive Biology. Academic Press. ISBN 978-0-12-382185-0. ·
  • Ponchietti R, Mondaini N, Bonafè M, Di Loro F, Biscioni S, Masieri L (February 2001). "Penile length and circumference: a study on 3,300 young Italian males". European Urology. 39 (2): 183–6. doi:10.1159/000052434. PMID 11223678.
  • Sie JA, Blok BF, de Weerd H, Holstege G (2001). "Ultrastructural evidence for direct projections from the pontine micturition center to glycine-immunoreactive neurons in the sacral dorsal gray commissure in the cat". J. Comp. Neurol. 429 (4): 631–7. doi:10.1002/1096-9861(20010122)429:4<631::AID-CNE9>3.0.CO;2-M. PMID 11135240.
  • Schirren, C.; Rehacek, M.; Cooman, S. de; Widmann, H.-U. (24 April 2009). "Die retrograde Ejakulation". Andrologia. 5 (1): 7–14. doi:10.1111/j.1439-0272.1973.tb00878.x.
  • Y. de Jong; R.M. ten Brinck; J.H.F.M. Pinckaers; A.A.B. Lycklama à Nijeholt. "Influence of voiding posture on urodynamic parameters in men: a literature review" (PDF). Nederlands Tijdschrift voor urologie).
  • Prostate Enlargement. A Systematic Review and Meta-Analysis". PLOS ONE. 9 (7): e101320. doi:10.1371/journal.pone.0101320. PMC 4106761. PMID 25051345.
  • Sparling J (1997). "Penile erections: shape, angle, and length". Journal of Sex & Marital Therapy. 23 (3): 195–207. doi:10.1080/00926239708403924. PMID 9292834.
  • Carlson, Neil. (2013). Physiology of Behavior. Upper Saddle River, New Jersey: Pearson Education, Inc.
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။