ကိုဗစ်ကာလမှာထိုးနှံသင့်တဲ့ ကာကွယ်ဆေးများအကြောင်း

ကိုဗစ်ကာလမှာထိုးနှံသင့်တဲ့ ကာကွယ်ဆေးများအကြောင်း

စိတ်ဝင်စားစရာအချက်များ

  • နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ တုပ်ကွေးရောဂါ လက္ခဏာများဟာ COVID-19   ရောဂါလက္ခဏာများနဲ့ ဆင်တူပါတယ်။ ဒါကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း စတဲ့ ရောဂါလက္ခဏာတွေဟာ COVID-19 ရောဂါလက္ခဏာ များအဖြစ် အတည်ပြုဖို့ ခက်ခဲပါတယ်။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကတော့ လူငယ်များအတွက် Covid-19 ကာကွယ်ဆေးထိုးနှံပြီးနောက် (၂)ပတ်ကနေ (၄) ပတ်ခြားပြီး က်ိုယ်ခံအား မြှင့်တင်ဖို့ တုပ်ကွေးကာကွယ်ဆေးနဲ့ နမိုကိုကယ်ကာကွယ်ဆေး (PVC) ကိုထိုးနှံဖို့ အကြံပြုထားပါတယ်။

လက်ရှိ ကမ္ဘာပေါ်မှာ COVID-19 ရောဂါပိုးဟာ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှုဘဝ စသည်တို့ကို ပြောစရာမရှိလောက်အောင်ပင် ပျက်စီးဆုတ်ယုတ်စေတာကြောင့် လူအများစုဟာ ဒီရောဂါကာကွယ်ဆေးကို အတတ်နိုင်ဆုံး စောစောစီးစီး ထိုးနှံခွင့်ရရှိဖို့ စိတ်အားထက်သန်နေကြပါတယ်။ တစ်ဖက်မှာလည်း တခြားသော ဖျားနာခြင်းများ အတွက် ထိုးနှံနိုင်တဲ့ ကာကွယ်ဆေးတချို့ကို လမ်းညွှန်အကြံပြုချင်ပါ တယ်။

COVID-19 ကာလအတွင်းဘာကြောင့်တခြားဖျားနာခြင်းများအတွက်ပါ ကာကွယ်ဆေးထိုးထားသင့်တာလဲ?

ထိုင်းနိုင်ငံရဲ့ ကူးစက်ရောဂါကာကွယ်မှုအဖွဲ့(Infectious Disease Society of Thailand) နဲ့ ကလေးသူငယ်ကူးစက်ရောဂါကာကွယ်မှု အဖွဲ့ (Pediatric Infectious Disease Society of Thailand) များရဲ့ လမ်းညွှန်ချက်အရ -“လူတိုင်းအနေနဲ့ အတတ်နိုင်ဆုံး မိမိတို့ရဲ့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များအတိုင်း ထိုးနှံသင့်ပါတယ်။ တကယ်လို့ ကာကွယ်ဆေးထိုးနှံခြင်းကို ရွှေ့လိုက်မယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ပိုလီယို၊ တုပ်ကွေး စတဲ့ရောဂါတွေ တစ်ဖန်ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်။ ”လို့ဆိုပါတယ်။ကိုဗစ်ကာလအတွင်းမှာ ထိုးနှံသင့်တဲ့ ကာကွယ်ဆေးများကိုလည်း ထုတ်ပြန်လမ်းညွှန်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရောဂါပြဿနာများဟာလည်း လက်ရှိ Covid-19 ကြောင့် အခက်အခဲများစွာရှိနေတဲ့ လူထုကျန်းမာရေး စနစ်ကို ဝန်ပိစေခဲ့ပါတယ်။ ဒါကြောင့် လူငယ်များ ၊ အထူးသဖြင့် ရောဂါအခံရှိတဲ့ ကလေးသူငယ်များ၊ ကိုယ်ခံအား နည်းတဲ့ သက်ကြီးရွယ်အိုများ ဟာ မိမိတို့ရဲ့ အစီအစဉ်အလိုက် ကာကွယ်ဆေးများကို ထိုးနှံထားသင့်ပါတယ်။

အစီအစဉ်အတိုင်းကာကွယ်ဆေးထိုးနှံခြင်းရဲ့ကောင်းကျိုးများ2

  • ကြိုတင်ကာကွယ်နိုင်ပြီးအသက်ဆုံးရှုံးနိုင်သည်အထိဖြစ်စေတဲ့ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း။
  •  COVID-10 ရောဂါပိုးကဲ့သို့အန္တရာယ်ရှိတဲ့ ရောဂါပိုးများ ဝင်ရောက်နိုင်ခြေကို လျှော့ချပေးခြင်း ( တုပ်ကွေးရောဂါနမိုးကိုးကပ်စ်ဗိုင်းရပ်စ် )
  • လူထုကျန်းမာရေးစနစ်မှာ ရောဂါအန္တရာယ်လျှော့ချပေးနိုင်ခြင်း။

ဒါပေမယ့်လည်း လူတစ်ယောက်ဟာ ကာကွယ်ဆေးထိုးဖို့ ဆေးရုံကိုသွားပြီဆိုတာနဲ့ လမ်းမှာသော်လည်းကောင်း၊ ဆေးရုံမှာသော်လည်းကောင်း COVID-19 ရောဂါ ကူးစက်ခံရနိုင်ခြေရှိပြီး ကာကွယ်ဆေးထိုးဖို့ ရွှေ့ဆိုင်းလိုက်ရတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကလေးငယ်များအတွက်ထိုးရတဲ့ အားဆေးများကိုလည်း (၁)ပတ်ကနေ (၁)လကြား ရွှေ့ဆိုင်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးနောက်ကျခြင်း အချိန်ကာလဟာ တိုတောင်းနိုင်သမျှ တိုတောင်းဖို့ လိုပါတယ်။

ပုံမှန်အတိုင်းထိုးသင့်တဲ့ကာကွယ်ဆေးများ

WHO၊ The Infectious Disease Society of Thailand ၊ The Pediatric Infectious Disease Society of Thanland စတဲ့ အဖွဲ့အစည်းများအားလုံးဟာ အောက်ဖော်ပြပါ ကာကွယ်ဆေးများကို လုံးဝမထိုးဘဲမနေဖို့ တစ်ညီတစ်ညွတ်တည်း အကြံပြုထားကြ ပါတယ်။

၁။ ခွေးရူးပြန်ရောဂါ(Rabies)၊ မေးခိုင်ရောဂါ(Tetanus)၊ ဝက်သက်ရောဂါ (Measles)၊ ရေကျောက်(Chickenpox)၊ အသည်းရောင်အသားဝါဘီ စတဲ့ ကူးစက်နိုင်တဲ့ရောဂါများအတွက်ကာကွယ်ဆေးများ။ ဥပမာ- လူတစ်ယောက်ဟာ အကောင်အကိုက်ခံရပြီး ဆေးမထိုးလိုက်ဘူးဆိုရင် ဒါဟာ အသက်ဆုံးရှုံးနိုင်သည် အထိ ရောဂါပိုးကူးစက်ခြင်း ဖြစ်သွားနိုင်ပါတယ်။

၂ ။ မွေးကာစမှာ ထိုးနှံဖို့လမ်းညွှန်ထားတဲ့ တီဘီကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး(ပထမအကြိမ်) အပါအဝင် မွေးကင်းစကလေးငယ်များအတွက်ကာကွယ်ဆေးများ ။ ကလေးငယ်များရဲ့ ကိုယ်ခံအားစနစ်ဟာ အပြည့်အဝ တိုးတက်ခြင်းမရှိသေးခင်မှာ အိမ်ကိုပြန်လာ မယ်ဆိုရင် သူတို့အတွက် ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။

၃။  နမိုနီကယ်ကာကွယ်ဆေးတုပ်ကွေးကာကွယ်ဆေး စတဲ့ လူငယ်များအတွက် ကာကွယ်ဆေးများကို ရောဂါကာကွယ်ဖို့အတွက်သော်လည်းကောင်း၊ ပြင်းထန်တဲ့ လက္ခဏာများမကြီးထွားလာစေရေးအတွက်သော်လည်းကောင်း ထိုးနှံထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် ဒီလိုကာကွယ်ဆေးတွေ ထိုးနှံထားဖို့ အရေးကြီးတယ်ဆိုတာကို အောက်မှာ ရှင်းပြပေးထားပါတယ်။

  • နှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့ရောဂါတွေဖြစ်တဲ့ (COVID-19) သို့မဟုတ် တုပ်ကွေး ရောဂါဟာ အသက်ရှူလမ်းကြောင်းစနစ်ကို ပျက်စီးစေပြီး ကိုယ်ခံအား ဆုတ်ယုတ်လာစေသလို ဘတ်တီးရီးယားပိုးဝင်ရောက်နိုင်ခြေလည်း ပိုမိုမြင့်မား လာပါတယ်။
  • တရုတ်နိုင်ငံရဲ့ COVID-19 ရောဂါပိုးကူးစက်မှုနှုန်းကိုကြည့်မယ်ဆိုရင် (၅၉.၅) ရာခိုင်နှုန်းဟာ နမိုကိုကယ်ရောဂါပိုးကူးစက်မှုကြောင့်ဖြစ်တဲ့ ရောဂါများနဲ့ ဆက်စပ်နေကြောင်းတွေ့ရှိရပါတယ် ( ၂၀၂ဝခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ Jiansu ခရိုင်ရှိ COVID-19 လူနာ ၂၅၇ ဦးအား လေ့လာချက်များအရ )။8.
  • နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့တုပ်ကွေးရောဂါ နှစ်မျိုးစလုံးဟာ ရောဂါရှိသူရဲ့  ချောင်းဆိုး နှာချေရာမှထွက်လာတဲ့ တံတွေး၊ သလိပ်များနဲ့ ထိတွေ့မိမှုမှ တစ်ဆင့် အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဒီအခြေအနေဖြစ်ရပ် နှစ်ခုစလုံး ဟာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်းကဲ့သို့ COVID-19 နဲ့ဆင်တူတဲ့ ရောဂါလက္ခဏာများဖြစ်စေဖို့ဦးတည်ပြီး COVID-19 ရောဂါအဖြစ် တိတိကျကျအတည်ပြုနိုင်ဖို့ ခက်ပါတယ်။
  • နမိုးကိုးကပ်စ်ရောဂါပိုးကူးစက်မှုကြောင့်ဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဟာ ပိုမိုပြင်းထန်တဲ့အခြေအနေရှိတာကြောင့် တုပ်ကွေးရောဂါလိုမျိုး အိမ်မှာ ကုသလို့ မရပါဘူး။ တချို့လူနာတွေဆိုရင် Sepsis ခေါ် ပိုးဝင်ခြင်းတစ်မျိုးကို ခံစားပြီး အဲဒီလိုခံစားရတာနဲ့တစ်ပြိုင်နက် ရက်သတ္တပတ်နဲ့ချီ ဆေးရုံတက် ကုသရမှာဖြစ်သလို အခြေနေဆိုးရင်ဆိုးသလို အထူးကြပ်မတ်ကုသဆောင် (ICU) မှာ Ventilator နဲ့ ကုသရနိုင်ပါတယ်။

ကာကွယ်ဆေးတွေကလူငယ်တွေအတွက်စိတ်ချရရဲ့လား?

နမိုကိုကယ်နဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးနှစ်မျိုးစလုံးဟာ လူငယ်များ အသုံးပြုဖို့အတွက် လုံးဝစိတ်ချရပြီး အရင်ကတည်းကလည်း ကမ္ဘာပေါ်မှာ အသုံးပြုခဲ့ကြပြီးဖြစ်ပါတယ်။ ဖြစ်တတ်တဲ့နောက်ဆက်တွဲပြဿနာများကတော့ နာကျင်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ ဆေးထိုးတဲ့နေရာမှာအနီဖုထခြင်း တို့ဖြစ်ပြီး တစ်ခါတစ်ရံ အနည်းငယ်ဖျားနာခြင်းနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ဒီကာကွယ်ဆေးတွေရဲ့ ပါဝင်ပစ္စည်းများနဲ့ ဓာတ်မတည့်တဲ့လူနာများအတွက်သာလျှင် သင့်တော်မှုမရှိတာ ဖြစ်ပါတယ်။

တုပ်ကွေးနဲ့ နျူမိုကိုကယ်ကာကွယ်ဆေးများကိုဘယ်သူတွေထိုးထားသင့်လဲ?

နမိုးနီးယားနဲ့ တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသူများ၊ COVID-19 ရောဂါပိုးကူးစက်နိုင်ခြေ များသည့် အောက်ပါအခြေအနေရှိသူများ ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။

  • အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ။
  • နှလုံးရောဂါ၊ ဆီးချို၊ အဆုတ်ရောဂါ၊ ကင်ဆာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ စသည့် ရောဂါအခံရှိသူများ။

တုပ်ကွေးနဲ့နမိုကိုကယ်ကာကွယ်ဆေးတွေကိုဘယ်လိုထိုးနှံရမလဲ?

  • တုပ်ကွေးရောဂါကာကွယ်ဆေးကို တစ်နှစ်လျှင်တစ်ကြိမ်ထိုးနှံရပါမယ်။9
  • နမိုကိုကယ်ကာကွယ်ဆေး (PCV13) ကို ကိုယ်ခံအားခံနိုင်ရည်ရှိဖို့နဲ့ ကောင်းမွန်စေဖို့အရင်ထိုးသင့်ပြီး အနည်းဆေုံးနောက်တစ်နှစ်အကြာမှာ နမိုကိုကယ် Polysaccharide ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။
  • တုပ်ကွေးကာကွယ်ဆေးနဲ့ နမိုကိုကယ်ကာကွယ်ဆေးများကို တစ်နေ့တည်းမှာ ထိုးနှံရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးနှစ်မျိုးစလုံးထိုးနှံထားပြီးသူများဟာ COVID-19 ကာကွယ်ဆေးထိုးလို့ရလား?

  • COVID-19 ကာကွယ်ဆေးကိုထိုးနှံလို့ရပေမယ့်လည်း (၂)ပတ်မှ (၄)ပတ် ခြားပြီး ထိုးနှံရမှာဖြစ်ပါတယ်။

Reference

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။