SARS-CoV-2 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကလေးငယ်အရေအတွက် တဖြည်းဖြည်းနဲ့ မြင့်တက်လာတာကို သင်တို့တွေ မြင်နေကြားနေရမှာပါ။ ဒီလိုအခြေအနေမှာ မိဘများအနေနဲ့ ကလေးငယ်များကို COVID-19 ရောဂါဘေးမှကင်းဝေးအောင် ဘယ်လိုမျိုး ထိန်းသိမ်း စောင့်ရှောက်မလဲဆိုတာကို စိုးရိမ်ပူပန်နေကြမှာ အသေအချာပါပဲ။ တချို့မိဘတွေဆိုရင်လည်း မိမိကလေး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီ ဆိုတာနဲ့ ဘယ်လောက်အတိုင်းအတာအထိ စိုးရိမ်ရလဲ၊ ဒီလိုအခြေအနေကြုံရင် ဘာလုပ်ရမလဲ စသဖြင့် တွေးတောပူပန်နေနိုင်ပါတယ်။ ကံကောင်းထောက်မစွာပါပဲ .. ကျွန်တော်တို့ဆစ်မီတဝေ့ဆေးရုံမှ ကူးစက်ရောဂါနဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်များမှ ဒီလိုအချိန်မှာ စိုရိမ်နေကြတဲ့မိဘများရဲ့ သောကတွေကိုပြေပျောက်စေဖို့ ကလေးငယ်များနဲ့COVID-19 အန္တရာယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အကြံပြု တင်ပြပေးချင်ပါတယ်။
ပြီးခဲ့တဲ့နှစ် COVID-19 ဖြစ်ပွားမှုအရ COVID-19 ရောဂါပိုးကူးစက်ခံရတဲ့ ကလေးသူငယ်များအားလုံးရဲ့ (၁၃) ရာခိုင်နှုန်းဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးကူးစက်ခံရတဲ့ကလေးငယ် အများစုဟာ ရောဂါလက္ခဏာအနည်းငယ်သာပြတာမျိုး (သို့) ရောဂါလက္ခဏာ လုံးဝ မပြခြင်းမျိုးကို ကြုံခဲ့ကြရပါတယ်။ တချို့ရောဂါဖြစ်ပွားသူအနည်းငယ်သာလျှင် လက္ခဏာ ကြီးကြီးမားမားပြတာကြောင့် ဆေးရုံမှာ ကြပ်ကြပ်မတ်မတ်ကုသမှု ခံယူဖို့လိုအပ်ပြီး Ventilator အသုံးပြုဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်များအနေနဲ့ အဝလွန်ခြင်း၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ မွေးရာပါနှလုံးအားနည်းခြင်း၊ မျိုးရိုးလိုက်သည့် ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ စတဲ့ရောဂါတွေ ရှိခဲ့မယ်ဆိုရင် ပိုမိုပြင်းထန်တဲ့လက္ခဏာ(သို့) ရောဂါကူးစက်ခံရခြင်းကြောင့် နောက်ဆက်တွဲ ရောဂါခံစားရခြင်းများ ရှိလာနိုင်ပါတယ်။ ,
အသက်(၁)နှစ်အောက်ကလေးများဟာ ရောဂါပိုးကူးစက်ခံရချိန်မှာ ၎င်းတို့ရဲ့ ကိုယ်ခံအားစနစ်ပိုမိုအားနည်းပြီး ဖွံ့ဖြိုးမှုအားနည်းတာကြောင့် အသက်(၁)နှစ်အထက် ကလေးငယ်များနဲ့ယှဉ်ရင် ပိုပြီးတော့ ရောဂါလက္ခဏာပြင်းထန်နိုင်ပါတယ်။ ဒါပေမယ့် လည်း သေချာသုံးသပ်ရရင် ဒီလိုပြဿနာတွေဟာ အသက်ရှူလမ်းကြောင်းစနစ် နဲ့ ဆက်စပ်နေတဲ့လက္ခဏာခံစားရတဲ့ မွေးကင်းစတုပ်ကွေးလူနာကလေးငယ်များ နဲ့ ဆင်တူနိုင်ပါတယ်။ ပြင်းထန်တဲ့ဘက်တီးရီးယားကူးစက်မှုများအတွက် ကာကွယ်ဆေး ထိုးထားတဲ့ ကလေးတွေဟာ အဆိုပါ ကာကွယ်ဆေးများက ရည်ရွယ်ထားတဲ့ ရောဂါပိုးကူးစက်မှုများကိုသာ ကာကွယ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။
ကလေးငယ်များ SARS-VoV-2 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပုံနည်းလမ်းဟာ လူကြီးများ ကူးစက်ခံရပုံနဲ့ ခြားနားခြင်းမရှိပါဘူး။ အတိအကျပြောရမယ်ဆိုရင် ရောဂါပိုးကူးစက် ခံရတဲ့ လူနာနဲ့အတူထိုင်မိခြင်း(သို့) ရောဂါပိုးကူးစက်ခံရတဲ့သူနဲ့ Mask မတပ်ဘဲ ထိတွေ့မိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုဂရုမစိုက်ခြင်း၊ ခပ်ခွာခွာမနေခြင်း စတဲ့နည်းလမ်းများနဲ့ ကူးစက်ခံရတာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့သူဟာ ရောဂါလက္ခဏာပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ကိုယ့်ဘက်ကနေ ကြိုတင်ကာကွယ်မှု တွေ မလုပ်ထားဘူးဆိုရင် သူ့ဆီကနေ ကူးစက်တာလည်း ဖြစ်နိုင်ပါတယ်။ COVID-19 လူနာကလေးငယ်များဆီမှလည်း သူတို့မိဘများဆီ ကူးစက်နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့ ရောဂါထိန်းချုပ်မှုဗဟိုဌာန(CDC) မှ မိသားစုအတွင်း ကလေးငယ်များကို COVID-19 မကူးစက်စေရေးအတွက် အောက်ပါ ညွှန်ကြား ချက်များ ကို အကြံပြုထားပါတယ်။
လက်ကိုအမြဲသန့်ရှင်းအောင်ထားပါ
ခပ်ခွာခွာနေပါ
အိမ်ကိုသန့်ရှင်းရေးလုပ်ပါ
Mask တပ်ဆင်ခြင်း
နောက်ထပ်အရေးကြီးတာက ကလေးငယ်များအထူးသဖြင့် အသက်(၂)နှစ် အောက် ကလေးများဟာ ကျန်းမာရေးစစ်ဆေးမှုများ နဲ့ ကာကွယ်ဆေးထိုးနှံမှု များ ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ Social Distancing အတိုင်း အတိအကျ လိုက်နာပြီးဝန်ဆောင်မှုပေးတဲ့ ဆေးရုံများကိုရွေးချယ်နိုင်မှသာ ကလေးငယ်များ အတွက် ဘေးကင်းလုံခြုံမှုကိုရရှိစေမှာပါ။
နောက်ဆုံးအကြံပြုချင်တာကတော့ မိဘများနဲ့ တခြားမိသားစုဝင်လူကြီးများ အားလုံးဟာ မိသားစုအတွင်းကလေးငယ်များရဲ့ စံပြဖြစ်အောင် COVID-19 ကာကွယ်မှုနည်းလမ်းများ ကို လိုက်နာသင့်တယ်ဆိုတာပဲဖြစ်ပါတယ်။
ဆောင်းပါးများ