ကလေးများရဲ့ ကျန်းမာရေးပြဿနာများအတွက် ဆစ်မီတဝေ့အွန်လိုင်းကလေးအထူးကုဆေးခန်း

သင့်ကလေးငယ်ရဲ့ ကျန်းမာရေးပြဿနာများအတွက် American Telemedicine Association ရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ Samitivej Virtual Hospital ကိုအသုံးပြု ပြီး ဆေးရုံကို လာစရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် အထူးကုဆရာဝန်ကြီး များနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။ သင့်ရဲ့ အိမ် (သို့) ရုံး စသဖြင့် အဆင်ပြေတဲ့ နေရာတစ်ခုခုကနေ သက်သောင့်သက်သာနေပြီး လူကြီးများရဲ့ ကျန်းမာရေး ပြဿနာများအပါအဝင် ကျန်းမာရေးပြဿနာအားလုံးနီးပါးကို ကျွန်တော်တို့ရဲ့ အထူးကုဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ Online Channel များ ကနေတစ်ဆင့်ရယူနိုင်ပါတယ်။

  • ဆစ်မီတဝေ့ဆေးရုံရဲ့ပုံမှန်လူနာများအနေဖြင့် သက်ဆိုင်ရာဆရာဝန်များနဲ့ အွန်လိုင်း Video Call ဆွေးနွေးပြသမှုအတွက် ရက်ချိန်းရယူနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကတစ်ဆင့် ဆွေးနွေးတိုင်ပင်သူများအနေနဲ့ ဆေးဝါးဝယ်ယူရာမှာ (၂၀)ရာခိုင်နှုန်း Discount ရရှိမှာဖြစ်ပါတယ်။
  • လက်ရှိရက်ချိန်းရယူထားတဲ့ ဆစ်မီတဝေ့လူနာများအနေနဲ့ သူတို့ရဲ့ ရောဂါလက္ခဏာများအတွက် သက်ဆိုင်ရာဆရာဝန်များနဲ့ Online Video Call ကနေတစ်ဆင့်ဆွေးနွေးတိုင်ပင်န်ိုင်ပါတယ်။
  • လက်ရှိလူနာများနဲ့ လူနာအသစ်များကတော့ Online Video Call ကနေ တစ်ဆင့် ဆစ်မီတဝေ့ဆေးရုံမှ ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

မွေးကင်းစမှအသက်(၁၅)နှစ်အထိကလေးလူနာများအတွက်ပြသဆွေးနွေးမှုများ

  • အထွေထွေကျန်းမာရေး
  • ပန်းနာရင်ကျပ်နှင့်ဓာတ်မတည့်မှုများ
  • အရေပြားရောဂါဆိုင်ရာပြဿနာများ
  • အရပ်ပုခြင်း (သို့) အချိန်မတိုင်ခင်လူပျို/အပျို ဖော်ဝင်ခြင်းအပါအဝင် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ
  • အာရုံစူးစိုက်မှုနည်းပြီးတက်ကြွလွန်သောပြဿနာ(Attention Deficit Disorder)၊ ခေါင်းမာခြင်း၊ စကားပြောဆိုမှုဆိုင်ရာပြဿနာ၊ လေ့လာသင်ယူရာမှာခက်ခဲခြင်း (စာဖတ်ခြင်း၊ စာရေးခြင်း၊ သင်္ချာတွက်ခြင်း) စသည်တို့အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပြဿနာများ

အွန်လိုင်းရက်ချိန်းရယူခြင်း

အဆင့်သတ်မှတ်ချက်
မှတ်ပုံတင်ရန်

မှတ်ပုံတင်ပြီးသားလား။