
ဆစ်မီတဝေ့ဆေးရုံဟာ ထိုင်းနိုင်ငံမှပြည်သူတွေ ကိုဗစ်ရောဂါ ကပ်ဆိုးကာလကို အောင်မြင်ကျော်လွှားနိုင်ဖို့ ပံ့ပိုးကူညီနိုင်မှုမှန်သမျှကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အဖက်ဖက်မှအကောင်းဆုံးပံ့ပိုးဖြည့်တင်းရာမှာ ဆေးရုံရဲ့ကုသဝန်ဆောင်မှုကိုခံယူလိုသော်လည်း ယခုလိုကာလမှာ ဆေးရုံကို လူကိုယ်တိုင်လာဖို့အဆင်မပြေသူများအတွက်လည်း ထည့်သွင်းစဉ်းစားပါတယ်။ ဒီလိုစိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းဖို့ အွန်လိုင်းမှတစ်ဆင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်း၊ လူနာများအနေနဲ့ အိမ်မှာပဲနေပြီး ဆေးရုံဝန်ဆောင်မှုများကို ရယူနိုင်တဲ့ဝန်ဆောင်မှုအသစ်များ၊ ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများရဲ့ ရောဂါကာကွယ်မှုကို အထူးဦးစားပေးတဲ့ ကာကွယ်ဆေး ထိုးနှံခြင်း အပါအဝင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်များ စသည်တို့ကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။
ကိုဗစ်ကာလအတွင်း သန့်ရှင်းမှု၊ လုံခြုံမှုနဲ့ ရောဂါပိုးမွှားကင်ဝေးရေးကို ဦးစားပေးတဲ့ ဆစ်မီတဝေ့ဆေးရုံဟာ ဆေးရုံပရဝုဏ်နေရာအားလုံးကို ရောက်လာသူတိုင်း အမြင့်မား ဆုံးသော ယုံကြည်မှုရရှိအောင် စီစဉ်ပေးထားပါတယ်။ ဒီလိုပြင်ဆင်ထားရှိမှုဟာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တာဖြစ်ပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်။
