ကလေးများရဲ့ဖွံ့ဖြိုးတိုးတက်မှုပြဿနာကိုအွန်လိုင်းဆွေးနွေးတိုင်ပင်မှုကနေအဖြေရှာခြင်း

၁။ စိတ်ရောဂါပညာရှင်နဲ့ ဆရာဝန်ဘယ်လိုကွာခြားသလဲ? စိတ်ရောဂါပညာ ရှင်နဲ့ဘာကြောင့်ဆွေးနွေးတိုင်ပင်သင့်တာလဲ?

၂။ ကလေးစိတ်ရောဂါပညာရှင်တစ်ယောက်က ဘယ်လို အကြံဥာဏ်တွေ လမ်းညွှန်မှုတွေပေးနိုင်လဲ?

၃။ ကလေးသူငယ်ဖွံ့ဖြိုတိုးတက်ရေးအွန်လိုင်းဆွေးနွေးတိုင်ပင်မှုရဲ့ အားသာချက်များ။

၄။ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးတိုင်ပင်မှုမှာ ကလေးစိတ်ရောဂါ ပညာရှင်များကဘာတွေလုပ်ဆောင်ပေးနိုင်သလဲ?

၅။ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးတိုင်ပင်မှု ကျွမ်းကျင် ပညာရှင်များ။

၆။ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ။

၇ ။ အာမခံအကျိုးခံစားနိုင်ခွင့်နှင့်ကုန်ကျစရိတ်။

၈။ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးမှုမစတင်ခင် ပြင်ဆင်မှုများ။

၉။ အထူးကုဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ပြီး ဂရုတစိုက်စောင့်ကြည့်ရမည့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းရဲ့လက္ခဏာများ။

 


စိတ်ရောဂါပညာရှင်နဲ့ ဆရာဝန်ဘယ်လိုကွာခြားသလဲ? ဘာကြောင့် စိတ်ရောဂါပညာရှင်နဲ့ဆွေးနွေးတိုင်ပင်သင့်တာလဲ?

ကိုယ့်ကလေးရဲ့ အခြေအနေဟာ ဆရာဝန်နဲ့ ပြဖို့ လိုတာလား မလိုတာလား ဇဝေဇဝါဖြစ်နေတဲ့မိဘများဟာ ကလေးစိတ်ရောဂါပညာရှင်နဲ့ အရင်ဆုံး ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ ကလေးစိတ်ရောဂါပညာရှင်မှ မိဘများရဲ့ပူပန်မှုများကို သက်သာအောင် လမ်းညွှန်ပေးနိုင်တဲ့အပြင် သူတို့မှာ ကလေးများမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းများရှိကောင်းရှိနိုင်ပါတယ်။ ကလေးငယ် များရဲ့ ပြဿနာကို မိဘများအနေနဲ့ ဘယ်လိုမျိုး ချဉ်းကပ်ဖြေရှင်း ရမယ်ဆိုတာကို စိတ်ရောဂါပညာရှင်မှ ဆုံးဖြတ်ပေးမှာဖြစ်တဲ့အပြင် ဘယ်လို အခြေအနေမှာ လိုအပ်တဲ့ တိုင်ပင်မှုတွေလုပ်ပြီး ဆရာဝန်ဆီမှ တိုက်ရိုက်ကုသမှု ခံယူရမလဲ ဆိုတာကိုပါ ပြောပြပေးမှာပါ။

ကလေးစိတ်ရောဂါပညာရှင်တစ်ယောက်ဟာဘယ်လိုအကြံဥာဏ်တွေ လမ်းညွှန်ပေးနိုင်လဲ?

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း

  • Gross Motor Skills ဖွံ့ဖြိုးမှု။ ( ခြေထောက်နှင့်လက်များကို အသုံးပြုပြီး ရွေ့လျားသွာမှု။ ဥပမာ - တွားသွားခြင်း၊ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ ဟန်ချက်ညီခြင်း။)
  • Fine Motor Skills ဖွံ့ဖြိုးမှု။ ( လက်နှင့်လက်ချောင်းများကိုအသုံးပြုရသည့် လုပ်ဆောင်မှုများ။ ဥပမာ-ဆော့ကစားခြင်း၊ စာရေးခြင်း၊ ဖြတ်ညှပ်ခြင်း။)
  • ဘာသာစကားနားလည်နိုင်မှုဆိုင်ရာတိုးတက်မှု။ ( ကလေးများရဲ့ ပတ်ဝန်းကျင်ရှိအမည်များကိုသိရှိခြင်း၊ သင်ကြားပို့ချမှုနောက်ကို လိုက်နာခြင်း၊ ထောက်ပြခြင်း၊ ရွေးချယ်ခြင်း။)
  • ဘာသာစကားပြောဆိုမှုတိုးတက်ခြင်း။ ( စကားပြောနှင့် ဆက်သွယ်ပြောဆိုမှု။)
  • လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု။ (အပြန်အလှန်ရှိခြင်း၊ ကစားခြင်း၊ နားလည်ခြင်း၊ စိတ်ခံစားမှုကိုဖော်ပြခြင်း။)

ကလေးငယ်များနှင့်ပတ်သက်သည့်အထွေထွေပြဿနာများ

  • စိတ်ပိုင်းဆိုင်ရာပြဿနာများ။ (ဥပမာ- လွန်စွာထုံခြင်း(သို့)ငြိမ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်းကဲ့သို့သော အမူအရာနှင့် စိတ်မထိန်းနိုင်ခြင်းများ။)
  • အပြုအမူဆိုင်ရာပြဿနာများ။ (ဥပမာ - လွန်စွာထုံခြင်း(သို့) အစအ အနောက်သန်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပြုမူခြင်း၊ သူငယ်ချင်းများနှင့် မတည့်ခြင်း(သို့)ရန်ဖြစ်ခြင်း၊ ဆရာ ဆရာမများနှင့်ပြဿနာတက်ခြင်း၊ ပြောမရဆိုမရဖြစ်ခြင်း၊ အမိန့်မနာခံခြင်း။)

အွန်လိုင်းမှတစ်ဆင့်သင်ယူမှုနှင့်ပတ်သက်သည့်အချက်များ

  • စိတ်ပါဝင်စားခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ အသက်အရွယ်(သို့) တချို့ အကျင့်လက္ခဏာများရှိတဲ့ ကလေးများအတွက် မသင့်တော်သည့် အွန်လိုင်း သင်ယူမှုကန့်သတ်ချက်များ။
  • သင်ယူမှုနှင့်အိမ်စာများကို သေချာလိုက်လုပ်ခြင်း။
  • အွန်လိုင်းလုပ်ဆောင်မှုများတွင် အချိန်များစွာအသုံးချရခြင်း။

ကလေးသူငယ်ဖွံ့ဖြိုးမှုအွန်လ်ိုင်းဆွေးနွေးတိုင်ပင်ခြင်းရဲ့အားသာချက်များ

ကလေးငယ်များဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်တဲ့ နည်းလမ်းများနဲ့ ပြဿနာများကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မိဘများကို အကြံပေးမှာဖြစ်ပါ တယ်။ ဒီလို အကြံဥာဏ်များကို အုပ်စု(၃)ခု ခွဲခြားနိုင်ပါတယ်။

၁။ အသက်အရွယ်အရ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

  • ကလေးငယ်များကို အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ကလေးသူငယ်စိတ်ရောဂါပညာရှင်များမှ အထူးပြုလုပ်ထား တဲ့ ကစားစရာများကို အကြံပေးလမ်းညွှန်မှာဖြစ်ပါတယ်။
  • အွန်လိုင်းကနေပဲ ဆွေးနွေးတိုင်ပင်ပြီး အွန်လိုင်းကနေပဲ ပြန်လည် ပြသရမှာဖြစ်တာကြောင့် ဆေးရုံကိုလာဖို့ မလိုအပ်ပါဘူး။

၂။ လူမှုရေးနှင့် အပြန်အလှန်ဆက်ဆံမှု

  • မိဘများ၊ ကလေးထိန်းများအနေနဲ့ ကိုယ့်ကလေးငယ်များကို ကိုယ်တိုင်သင်ကြားပေး န်ိုင်တဲ့ နည်းလမ်းများကို ကလေးသူငယ် စိတ်ရောဂါပညာရှင်များမှ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ တိုးတက်မှု ကို စောင့်ကြည့်ဖို့အတွက် အွန်လိုင်းဆွေးနွေးခြင်း လည်းရှိမှာ ဖြစ်ပါတယ်။
  •  နောက်ထပ်လိုအပ်တာကတော့ Social Skills Training ပဲဖြစ်ပါ တယ်။ Samitivej Children’s Hospital – Srinakarin Campus မှာ ရှိတဲ့ ဒီသင်တန်းကို မိဘများအနေနဲ့ ကလေးကိုပါခေါ်လာပြီး တက်ရောက်နိုင်ပါတယ်။

၃။ စကားပြောနှင့်နားထောင်မှုစွမ်းရည်

  • ကလေးငယ်များရဲ့ ဘာသာစကားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန် ကလေး သူငယ်စိတ်ရောဂါပညာရှင်များမှ အထောက်အကူပြု အခြေခံ နည်းလမ်းများကို မိဘများအတွက် အကြံဥာဏ်ပေးမှာဖြစ် ပါတယ်။
  • စကားပြောလေ့ကျင့်ဖို့လိုအပ်တဲ့ကလေးငယ်များ၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ သူတို့ရဲ့ သီးသန့်လိုအပ်ချက်များကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ကလေးငယ်များအတွက်လည်း စကားပြောနှင့်ဂီတကုထုံး(Speech and Music Therapy) ကို ကလေးသူငယ်စိတ်ရောဂါပညာရှင်များမှ အကြံပြုထားပါတယ်။ ဒီသင်တန်းမှာ မိဘများအနေနဲ့ သိရှိလိုသည် များကို အသေးစိတ်မေးမြန်းနိုင်ပြီး Samitivej Children’s Hospital – Srinakarin Campus ကို ကလေးများခေါ်လာကာ တက်ရောက်နိုင် မှာဖြစ်ပါတယ်။

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးတိုင်ပင်မှုမှာ ကလေး စိတ်ရောဂါ ပညာရှင်များကဘာတွေလုပ်ဆောင်ပေးသလဲ?

  • အခြေအနေကိုသေချာနားထောင်ပါတယ်။
  • ပြဿနာနဲ့ပတ်သက်ပြီးထပ်မံသိရှိလိုသည်များကိုမေးမြန်းနိုင်ပါတယ်။
  • ပြဿနာကိုသေချာသိအောင်လုပ်ပါတယ်။ ခြုံငုံသုံးသပ်ပါတယ်။ ပြီးလျှင် ဝန်ဆောင်မှု ရယူမည့်သူနှင့် အတူလက်တွဲပြီး ဘာကြောင့်ဖြစ်တယ်ဆို တာကို အတည်ပြုပါတယ်။
  • ပြဿနာကိုပြေလည်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုအကြံဥာဏ်ပေး ပါတယ်။
  • တကယ်လို့ ဝန်ဆောင်မှုရယူသူမိဘများက နောက်တစ်ကြိမ်ပြသလိုတယ် ဆိုရင် နောက်တစ်ကြိမ်ဆွေးနွေးတိုင်ပင်မှုအတွက် ကြိုတင်ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။
  • တကယ်လို့ ကလေးရဲ့အခြေအနေကို သုံးသပ်ပြီးတဲ့အခါမှာ ဆရာဝန်နဲ့ ထပ်မံပြသဖို့ လိုအပ်တယ်ဆိုရင် ဆရာဝန်နဲ့ရက်ချိန်းရယူဖို့ ချက်ချင်း အကြံပြုပေးမှာဖြစ်ပါတယ်။

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးမှုအတွက် ကျွမ်းကျင်ပညာရှင်များ

ကလေးများရဲ့ဖွံ့ဖြိုးတိုးတက်မှုပြဿနာကိုအွန်လိုင်းဆွေးနွေးတိုင်ပင်မှုကနေအဖြေရှာခြင်း

P’ Roong (Lalida Therakomen)

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိတ်ရောဂါပညာရှင်
အတွေ့အကြုံ

  • အာရုံနှိုးဆွမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အပြုအမူပြောင်းလဲမွမ်းမံခြင်း။(၇နှစ်)
  • သင်တန်းနှင့်ပို့ချမှုများလုပ်ဆောင်ပေးခဲ့သည့်ခေါင်းစဉ်များ။
    • အထူးဂရုစိုက်မှုလိုအပ်သည့်ကလေးများကိုနားလည်သဘော ပေါက်ခြင်း။
    • အွန်လိုင်းသင်ယူမှုအတွင်းကလေးငယ်များကို ပံ့ပိုးပေးခြင်း။
  • AIA Application မှ ပံ့ပိုးပေးတဲ့ Alive မှတစ်ဆင့် ဖွံ့ဖြိုးစကလေးငယ်များ အပေါ် မိဘများရဲ့နားလည်သဘောပေါက်မှုကိုမြှင့်တင်ခြင်း ဆိုတဲ့ ခေါင်းစဉ် နဲ့ ဦးဆောင်ဆွေးနွေးခြင်း။
ကလေးများရဲ့ဖွံ့ဖြိုးတိုးတက်မှုပြဿနာကိုအွန်လိုင်းဆွေးနွေးတိုင်ပင်မှုကနေအဖြေရှာခြင်း

P’ May (Kanokon Srirojnoppakun)

  • စိတ်ရောဂါရှာဖွေစစ်ဆေးမှုကိရိယာများအသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကိုစစ်ဆေးခြင်း။ ( ၅ နှစ်)

  • CBT ကုထုံးသုံး စိတ်ရောဂါပညာရှင်အဖြစ် (၄)နှစ်။ ( ထိုင်းနှင့် အင်္ဂလိပ်)

  • “အွန်လိုင်းသင်ယူမှုအတွင်းကလေးငယ်များကိုပံ့ပိုးခြင်း” ခေါင်းစဉ်ဖြင့် သင်တန်းနှင့် ပို့ချမှုများ။
  • AIA Application မှ ပံ့ပိုးပေးတဲ့ Alive မှတစ်ဆင့် ဖွံ့ဖြိုးစကလေးငယ်များ အပေါ် မိဘများရဲ့နားလည်သဘောပေါက်မှုကိုမြှင့်တင်ခြင်း ဆိုတဲ့ ခေါင်းစဉ် နဲ့ ဦးဆောင်ဆွေးနွေးခြင်း။

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ

  • ဆွေးနွေးတိုင်ပင်မှုခံယူမည့်သူနှင့်ပတ်သက်သည့်အချက်အလက်များ ကို ဖြည့်သွင်းခြင်း။
  • လက္ခဏာနှင့်အခြေအနေများကို စစ်ဆေးပြီး ကလေးစိတ်ရောဂါပညာရှင် နှင့် စတင်ဆွေးနွေးတိုင်ပင်ခြင်း။

ကလေးသူငယ်တစ်ဦးချင်းစီအတွက် မတူညီတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးဖို့ လိုပါတယ်။ တချို့ပြဿနာတွေက ဆွေးနွေးတိုင်ပင်ရုံတစ်ခုတည်းနဲ့ ပြီးမသွား ပါဘူး။ လိုအပ်တဲ့ ကုသမှုအစီအစဉ်များအတွက် ရောဂါရှာဖွေဖို့နဲ့ အကြံဥာဏ် များအတွက် ဆရာဝန်ဆီသွားရောက်ပြသဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

အာမခံအကျိုးခံစားခွင့်နှင့်ကုန်ကျစရိတ်

  •  ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးစိတ်ရောဂါပညာရှင်နဲ့ ဆွေးနွေးတိုင် ပင်ခြင်းအတွက် မိနစ်(၃၀)လျှင် ထိုင်းဘတ် (၅၀၀) ကျသင့်မှာဖြစ်ပါတယ်။ အာမခံအကျိုးခံစားခွင့်ကို စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်ပါ တယ်။
  • နေ့စဉ် မနက်(၁၀)နာရီမှ ညနေ(၅)နာရီအတွင်း ဆွေးနွေးတိုင်ပင်နိုင် ပါတယ်။

     

ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဆွေးနွေးမှုမစတင်ခင် ပြင်ဆင်မှုများ။

  • ဆွေးနွေးတိုင်ပင်မှုပြုလုပ်ဖို့အတွက် အနှောင့်အယှက်ကင်းတဲ့ သီးသန့်ခန်း တစ်ခုကိုပြင်ဆင်ထားရပါမယ်။ (အိမ်အပြင်မှာ (သို့) ကားမောင်းနေတာ မဖြစ်ရပါဘူး။)
  • အင်တာနက်လိုင်းကောင်းမွန်ဖို့လိုအပ်ပါတယ်။
  • မိုဘိုင်းလ်ဖုန်း၊ မှတ်စုစာအုပ်၊ Tablet စသဖြင့် လိုအပ်တဲ့ ပစ္စည်းများကို ပြင်ဆင်ထားရမှာဖြစ်သလို ခေါ်ဆိုမှုအတွက် လုံလောက်တဲ့ ဘက်ထရီအား ရှိရပါမယ်။
  • ဆွေးနွေးတိုင်ပင်တဲ့ပြဿနာ(သို့) အကြောင်းကိစ္စအတွက် ဆွေးနွေးတိုင်ပင်ရာမှာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရပါမယ်။ (ဥပမာ - မိမိဆွေးနွေးလိုတဲ့အချက်များကိုကြိုတင်ချရေးထားရပါမယ်။)

အထူးကုဆရာဝန်နှင့်ဆွေးနွေးပြသပြီး ဂရုစိုက်ရမည့်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းပြဿနာများ

က​လေးစိတ်​ရောဂါအထူးကုဆရာဝန်နှင့် ကြိုတင်သိရှိထားရမည့်သတင်းအချက်အလက်များအတွက် ဒီ​နေရာတွင်ကလစ်နှိပ်ပါ။ ​ဆွေး​နွေးတိုင်ပင်မှုစတင်သည့်အချိန်တွင် ကျသင့်​ငွေကို ​ကောက်ခံသွားမည် ဖြစ်ပါသည်။

အဆင့်သတ်မှတ်ချက်
မှတ်ပုံတင်ရန်

မှတ်ပုံတင်ပြီးသားလား။