Endoscopic Discectomy Package for Seniors ခါးရိုးအဆစ်ပြားကျွံခြင်းခံစားနေရသော သက်ကြီးပိုင်းလူနာများအတွက် သင့်လျော်သော ထိုးဖောက်မှုအနည်းဆုံး မှန်ပြောင်းခွဲစိတ်ကုသမှု
၁ စင်တီမီတာသာရှိသော ခွဲကြောင်းရာ
နာကျင်မှုနည်းပါး၊ ပြန်လည်သက်သာမှု မြန်ဆန်
ခွဲစိတ်မှုကုသမှု ခံယူပြီးနောက်
လူနာများ၏ ၈၃.၃ ရာခိုင်နှုန်း သည်၂၄ နာရီမှ ၄၈ နာရီအတွင်း
လမ်းပြန်််််််လျှောက်နိုင်ပြီး၂ ပတ်အတွင်း
နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်ဆောင်ရွက်နိုင်
*အသက် ၆၀ အထက် လူနာများတွင် Endoscopic Discetomy - ထိုးဖောက်မှုအနည်းဆုံးမှန်ပြောင်းခွဲစိတ်ကုသမှုနည်းလမ်း ဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့သော ရလဒ်များ (ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ၊ ၂၀၂၄)
Endoscopic discectomy သည် အချင်းအားဖြင့် ၇.၉ မှ ၁၀.၅ မီလီမီတာခန့်ရှိသော ပြွန်ချောင်းတစ်ခု (endoscope) ကို အသုံးပြု၍ခွဲစိတ်ကုသသော နည်းပညာတစ်မျိုး ဖြစ်ပါတယ်။
ဤပြွန်ချောင်း၏ ထိပ်တွင် အသေးစိတ်ကို ချဲ့ထွင်ကြည့်ရှုနိုင်သော စွမ်းအားမြင့် မှန်ဘီလူး တပ်ဆင်ထားသောကြောင့်
ခွဲစိတ်ဆရာဝန်များသည် ကျောရိုးအတွင်းရှိ အာရုံကြောကို ဖိနေသော အဆစ်ပြား (disc) ကို
ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး တိကျမှန်ကန်စွာ ဖယ်ရှားပေးနိုင်ပါတယ်။
ဤနည်းလမ်းသည် အခြား ခွဲစိတ်နည်းများနှင့် နှိုင်းယှဉ်ပါက ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများအပေါ် ထိခိုက်မှုကို လျော့နည်းစေရန် ရည်ရွယ်ထားသည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက် နာကျင်မှုများကို လျော့နည်းစေနိုင်ပြီး အမြန်ဆုံးပြန်လည်သက်သာလာကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို အချိန်တိုအတွင်း ပြန်လည် လုပ်ဆောင်နိုင်စေပါတယ်။
ခါးရိုးအဆစ်ပြား (Herniated Disc) မှ အာရုံကြောဖိအားပေးမှုကြောင့် ဖြစ်ပေါ်သော ခါးနာခြင်း သို့မဟုတ် ခြေထောက်သို့ ဆက်လက်စီးဆင်းနာကျင်သော တင်ပါးအကြောညှပ်ခြင်း (Sciatica) ဝေဒနာကို ခံစားနေရသည့် သက်ကြီးပိုင်း လူနာများအတွက် အဆင့်မြင့် ခွဲစိတ်နည်းပညာများဖြင့် အထူးပြု ကုသစောင့်ရှောက်မှု ပေးအပ်လျက်ရှိပါတယ်။
- ပူးပေါင်းပါဝင်သော Credit Card များဖြင့် ၁၀ လအထိ အတိုးမဲ့ အရစ်ကျပေးချေနိုင်ပါတယ်။
- Krungsri Consumer Credit Card နှင့် UOB Credit Card များဖြင့် ၁၀ လ အထိ အတိုးမဲ့ အရစ်ကျ ပေးချေနိုင်ပါတယ်။
- Krungsri Consumer Credit Cards၊ UOB Credit Cards, BDMS-KBank Co-brand Credit Cards နှင့် KTC-Samitivej Hospitals Credit Cards များဖြင့် ၆ လ အတိုးမဲ့ အရစ်ကျ ပေးချေနိုင်ပါတယ်။
- Krungsri Consumer credit cards၊ UOB credit cards၊ KBank credit cards၊ KTC credit cards၊ နှင့် SCB credit cards များဖြင့် ၄ လ အထိ အတိုးမဲ့ အရစ်ကျ ပေးချေနိုင်ပါတယ်။
- ထိပ်တန်းအဆင့်ရှိသော credit card များကို အသုံးပြု၍ ငွေပြန်အမ်း (Cashback) အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။
| ပရိုဂရမ် | ပရိုမိုးရှင်း ဈေးနှုန်း (ထိုင်းဘတ်) |
| Endoscopic Discectomy Package for Seniors | 365,000 |
![]() |
Ajunct Assoc. Prof. Pornpavit Sriphirom, M.D. ထိုးဖောက်မှုအနည်းဆုံး မှန်ပြောင်း ခွဲစိတ်ကုသမှုနည်းလမ်းအထူးပြု (Endoscopic Discetomy Surgery)၊ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် သူ၏အဖွဲ့ မှ ခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ |
စည်းကမ်းသတ်မှတ်ချက်များ
- ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသာ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။
- ဤအစီအစဉ်ကို ကုမ္ပဏီ အကျိုးခံစားခွင့်များ၊ အာမခံ အကျိုးခံစားခွင့်များ နှင့်အတူ ပူးတွဲအသုံးပြုနိုင်သည်။
- ရောဂါအခံ နှင့် အခြားရှုပ်ထွေးသော ကျန်းမာရေးအခြေအနေများ မရှိသည့် လူနာများအတွက်သာ အကျုံးဝင်ပြီး ဆရာဝန်၏ ဆုံးဖြတ်ချက်အရ သင့်လျော်သည်ဟု ယူဆမှသာ ဤအစီအစဉ်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- Standard room တွင် ၂ ည တည်းခိုခွင့် ပါဝင်ပါသည်။
- ခွဲစိတ်မှုမပြုမီ ကျန်းမာရေးစစ်ဆေးမှုများ၊ ဓာတ်ခွဲခန်းစစ်ဆေးမှုများ၊ အထူး ဓာတ်မှန်များ၊ မူလရောဂါအခံအတွက် ဆေးဝါးများနှင့် နောက်ဆက်တွဲပြဿနာများအတွက် ဆေးဝါးများ မပါဝင်ပါ။
- ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းအသုံးပြုရမည့် ပစ္စည်းများ (ဥပမာ- ဝက်အူရစ်များ)၊ အိမ်သို့ ယူဆောင်သွားရမည့် ဆေးဝါးများ၊ ကာယကုထုံးများ နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထောက်ပံ့ပေးသော ကိရိယာများနှင့် အစားထိုးကိုယ်အင်္ဂါတုများအတွက် မပါဝင်ပါ။
- ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ၊ ကျောရိုးနှင့်အဆစ် ကုသရေးစင်တာ (Spine and Joint Center)၊ ပထမထပ်တွင် ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။
- ဒီဇင်ဘာလ ၃၁၊ ၂၀၂၆ အထိ
ဆစ်မီတဝေ့ ငွေသားဘောက်ချာ (Samitivej Cash Voucher) အသုံးပြုမှု စည်းကမ်းချက်များ
- ငွေပေးချေသည့်အချိန်တွင် Well by Samitivej App မှတစ်ဆင့် ရရှိထားသော Samitivej Cash Voucher ကို ငွေရှင်းကောင်တာတွင် ပြသပေးရပါမည်။
- ဤဘောက်ချာကို ဆစ်မီတဝေ့ ဆီရီနာခရင်ဆေးရုံတွင်ရှိသော ဝန်ဆောင်မှုများအတွက်သာ ငွေသားကဲ့သို့သာ အသုံးပြုနိုင်ပါသည်။
- ဤဘောက်ချာကို ဆရာဝန်ဆွေးနွေးခ သို့မဟုတ် ဆေးစစ်ခ များအတွက် အသုံးပြု၍ မရပါ။
- ဤဘောက်ချာကို လဲလှယ်ခြင်း၊ ငွေပြန်အမ်းခြင်း သို့မဟုတ် ငွေသားအဖြစ် ပြောင်းလဲထုတ်ယူခြင်း မပြုလုပ်နိုင်ပါ။
- ဤဘောက်ချာကို လက်ခံရရှိသည့်နေ့မှ စတင်၍ ရက်ပေါင်း ၁၂၀ အထိ အသုံးပြုနိုင်ပါသည်။

