Sleep Apnea Screening – Samitivej Sukhumvit အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံ Sleep Apnea Screening – Samitivej Sukhumvit အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံ

Sleep Apnea Screening – Samitivej Sukhumvit အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံ

Available through ၃၁ ဒီ ၂၀၂၆

Sleep Apnea Screening – Samitivej Sukhumvit အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံ


ဟောက်ခြင်းနဲ့တွဲ၍ ဖြစ်ပေါ်တတ်သော Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း) ၏ လက္ခဏာများ?

တချို့သူတွေမှာ အိပ်ပျော်နေစဉ် ဟောက်တတ်ပေမယ့် Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဝေဒနာ) ကိုပါ ခံစားနေရတာကို ကိုယ်တိုင် သတိမထားမိတတ်ကြပါဘူး။ မိမိနဲ့အတူ အိပ်တဲ့သူတွေ၊ မိသားစုဝင်တွေကသာ အောက်ပါလက္ခဏာတွေကို သတိထားမိတတ်ကြပါတယ်။

  • အိပ်ပျော်နေစဉ် ရုတ်တရက် လန့်နိုးလာခြင်း
  • သီးခြင်းနဲ့ဆင်တူသော လက္ခဏာများပြခြင်း
  • အသက်ရှူရခက်ခဲနေသလို ပြင်းပြင်းထန်ထန် အသက်ရှူခြင်း

ဒါ့အပြင် ကိုယ်တိုင်လည်း အောက်ပါလက္ခဏာတွေကို သတိထားမိနိုင်ပါတယ်။ အိပ်ချိန်လုံလောက်ပေမယ့် အိပ်ရာနိုးလာတဲ့အခါ လန်းဆန်းမှုမရှိခြင်း၊ မနက်အိပ်ရာနိုးတိုင်း ခေါင်းကိုက်ခြင်း၊ အစာအိမ်အက်ဆစ်ပြန်တက်ခြင်း (Acid Reflux) ကဲ့သို့လက္ခဏာများ 


Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း) က အန္တရာယ်ရှိပါသလား?ဟောက်တတ်ပြီး Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း) လည်း ဖြစ်နေသူတွေဟာ အိပ်ချိန်လုံလောက်ပေမယ့် မနက်အိပ်ရာနိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေခြင်း၊ အိပ်ရေးမဝသလို ခံစားရခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် Sleep Apnea ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အောက်ပါရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
  • သွေးတိုးရောဂါ
  • နှလုံးခုန်နှုန်း မမှန်ခြင်း 
  • နှလုံးကြွက်သားဆီသို့ သွေးစီးဆင်းမှု နဲ့ အောက်ဆီဂျင်လျော့နည်းခြင်းကြောင့် ရုတ်တရက် နှလုံးလုပ်ငန်းစဉ် ရပ်တန့်ခြင်း (Acute myocardial infarction) ကို ဖြစ်စေတတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic heart disease)
  • ဦးနှောက်သွေးကြောဆိုင်ရာရောဂါများ (Cerebrovascular disease) 

 အိပ်စက်ခြင်းကိုစစ်ဆေးခြင်း Sleep test ဆိုတာဘာလဲ?Polysomnography (အိပ်စက်မှုဆိုင်ရာ စစ်ဆေးခြင်း) လို့လည်းခေါ်တဲ့ Sleep Test ဟာ ဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ အိပ်စက်နေစဉ် ခန္ဓာကိုယ်ရဲ့ အခြေအနေတွေကို စစ်ဆေးအကဲဖြတ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စစ်ဆေးတဲ့ညမှာ လူနာရဲ့ အိပ်စက်မှုအရည်အသွေးကို အကဲဖြတ်ပေးပါ တယ်။ ကောင်းစွာ အိပ်ပျော်ခြင်း ရှိ၊ မရှိ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း ရှိ၊ မရှိ၊ အိပ်ပျော်စဉ် အသက် ရှူရပ်ခြင်း (Sleep apnea) ဖြစ်ပေါ်ခြင်း ရှိ၊ မရှိ နှင့် သွေးတွင်းအောက်စီဂျင်ပမာဏ စတာတွေကိုစစ်ဆေး ပေးပါတယ်။ ရရှိလာတဲ့ ရလဒ်တွေက လူနာရဲ့ အခြေအနေ ပြင်းထန်မှုအဆင့်ကိုသတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။
 
ပရိုဂရမ် ပရိုမိုးရှင်းဈေးနှုန်း
(ထိုင်းဘတ်)
Snoring and Sleep Apnea Diagnosis [Full-Night] 25,000

မှတ်ချက်များ

  • ဤစျေးနှုန်းတွင် ဆရာဝန်ခနဲ့ ပြင်ပလူနာဝန်ဆောင်မှုခများ ပါဝင်ပါတယ်။
  • ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံတွင်သာ ဝန်ဆောင်မှုရရှိနိုင်ပါတယ်။
  • ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အသုံးပြုနိုင်ပါတယ်။
  • အသေးစိတ်အချက်အလက်များ သိရှိလိုပါက သို့မဟုတ် ရက်ချိန်းယူလိုပါက  ဦးနှောက်အာရုံကြောဆိုင်ရာကုသရေးစင်တာ(Neurology Center) သို့ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်သလို [email protected] သို့ အီးမေးလ်ပေးပို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 
  • ထိုင်းနိုင်ငံသားများနဲ့ ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအတွက်သာဖြစ်ပါတယ်။