Sleep Apnea Screening – Samitivej Srinakarin အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံ Sleep Apnea Screening – Samitivej Srinakarin အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံ

Sleep Apnea Screening – Samitivej Srinakarin အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံ

Available through ၃၁ ဒီ ၂၀၂၆

Sleep Apnea Screening – Samitivej Srinakarin အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဆိုင်ရာ စစ်ဆေးခြင်း ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံ


အိပ်စက်စဉ် အသက်ရှူရပ်ခြင်းနှင့်တွဲ၍ ဟောက်ခြင်း၏ ရောဂါလက္ခဏာများ

အိပ်စက်စဉ် အသက်ရှူရပ်ခြင်း၏ ရောဂါလက္ခဏာများ -  တချို့ အခြေအနေတွေမှာ အိပ်ပျော်တဲ့ အချိန် ဟောက်တတ်တဲ့သူတွေဟာ “အိပ်စက်စဉ်အသက်ရှူရပ်ခြင်းဝေဒနာ”ကိုပါ ခံစားနေရတာကို ကိုယ်တိုင် သတိပြုမိလေ့ မရှိကြပါ။ မိမိနှင့် နီးစပ်သူတစ်ဦးဦးကသာ အောက်ပါလက္ခဏာတွေကို သတိပြုမိ တတ်ကြပါတယ်။ 

  • အိပ်ပျော်နေစဉ် ရုတ်တရက် လန့်နိုးလာခြင်း
  • အသက်ရှူကျပ်ခြင်း သို့မဟုတ် သီးခြင်းနှင့်တူသော လက္ခဏာများပြခြင်း
  • လေမလုံလောက်သကဲ့သို့ ပြင်းထန်စွာ အသက်ရှူခြင်း

သို့သော် အိပ်ချိန်လုံလောက်စွာ အိပ်စက်ခဲ့ပေမယ့် နိုးလာတဲ့အခါ လန်းဆန်းမှုမရှိဘဲ ပင်ပန်းနေခြင်း၊ မနက်ခင်းမှာ မကြာခဏ ခေါင်းကိုက်ခြင်း၊  ရင်ပူခြင်း (သို့မဟုတ်) စားချဉ့်ပြန်ခြင်း(အစာခြေရည် အပေါ်ပြန်ဆန် တက်ခြင်း) စတဲ့ လက္ခဏာတွေကိုတော့ ကိုယ်တိုင်လည်း သတိပြုမိနိုင်ပါတယ်။


အိပ်စက်စဉ် အသက်ရှူရပ်ခြင်းက အန္တရာယ်ရှိပါသလား?ဟောက်တတ်ပြီး အိပ်စက်စဉ်အသက်ရှူရပ်ခြင်းဝေဒနာခံစားနေရသူတွေဟာ အိပ်ချိန်အလုံအလောက် ရရှိခဲ့ရင်တောင် နိုးလာတဲ့အခါ မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် မလန်းဆန်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အောက်ပါ ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
  • သွေးတိုးရောဂါ
  • နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmia)
  • နှလုံးကြွက်သားဆီသို့ သွေးစီးဆင်းမှု နှင့်အောက်ဆီဂျင်လျော့နည်းခြင်းကြောင့် ရုတ်တရက် နှလုံးလုပ်ငန်းစဉ် ရပ်တန့်ခြင်း (Acute myocardial infarction) ကို ဖြစ်စေတတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic heart disease)
  • ဦးနှောက်သွေးကြောဆိုင်ရာရောဂါ (Cerebrovascular disease)

အိပ်စက်ခြင်းကို စစ်ဆေးခြင်း (Sleep Test)?ပိုလီဆွန်နိုဂရပ်ဖီ (polysomnography ) သို့မဟုတ် အိပ်စက်ခြင်းဆိုင်ရာ ဓာတ်ခွဲခန်းစစ်ဆေးမှုလို့ ခေါ်တဲ့  အိပ်စက်ခြင်းကို စစ်ဆေး ခြင်း "Sleep test" ဆိုတာကတော့ ဆရာဝန်တစ်ဦးက ကြီးကြပ်ပြီး အိပ်စက်ခြင်းကို လေ့လာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ စစ်ဆေးတဲ့ညမှာ လူနာရဲ့ အိပ်စက်မှုအရည်အသွေးကို အကဲဖြတ်ပေးပါ တယ်။ ကောင်းစွာ အိပ်ပျော်ခြင်း ရှိ၊ မရှိ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း ရှိ၊ မရှိ၊ အိပ်စက်စဉ် အသက် ရှူရပ်ခြင်း (Sleep apnea) ဖြစ်ပေါ်ခြင်း ရှိ၊ မရှိ နှင့် သွေးတွင်းအောက်စီဂျင်ပမာဏ စတာတွေကိုစစ်ဆေး ပေးပါတယ်။ ရရှိလာတဲ့ ရလဒ်တွေက လူနာရဲ့ အခြေအနေ ပြင်းထန်မှုအဆင့်ကိုသတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။

ပရိုဂရမ် ပရိုမိုးရှင်းဈေးနှုန်း
(ထိုင်းဘတ်)

Comprehensive Technician-attended in-hospital Sleep Test* ကျွမ်းကျင်ပညာရှင်၏ ကြပ်မတ်မှုဖြင့် ပြီးပြည့်စုံသော ဆေးရုံတွင်း အိပ်စက်မှု စစ်ဆေးခြင်း အစီအစဉ်
Buy Now: Srinakarin ShopLazada | Shopee

18,000
24,000

မှတ်ချက်များ

  • ဤစျေးနှုန်းတွင် ဆရာဝန် ဝန်ဆောင်မှု နှင့် ပြင်ပလူနာဝန်ဆောင်မှုစရိတ်များ ပါဝင်ပြီး ဖြစ်သည်။
  • ဆစ်မီတစ်ဝေ့ ဆရီနာခရင်ဆေးရုံတွင်သာ ဝန်ဆောင်မှု ရယူနိုင်ပါသည်။
  • စျေးနှုန်းများသည် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသာ အကျုံးဝင်ပါသည်။
  • အသေးစိတ်အချက်အလက်များ သိရှိလိုပါက သို့မဟုတ် ရက်ချိန်းရယူလိုပါက ဦးနှောက်အာရုံကြောဆိုင်ရာကုသရေးစင်တာ(Neurology Center) သို့ လူကိုယ်တိုင် (သို့မဟုတ်) [email protected] သို့ အီးမေးလ်ပေးပို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
  • ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအတွက်သာ။