Skin Prick Test (အပ်ဖြင့် အပေါ်ယံအရေပြားကို ဖောက်၍ ဓာတ်မတည့်မှုများကို စစ်ဆေးခြင်း)
Skin Prick Test (အပ်ဖြင့် အပေါ်ယံအရေပြားကို ဖောက်၍ ဓာတ်မတည့်မှုများကို စစ်ဆေးခြင်း) ဟာ ကလေးရဲ့ ရောဂါရာဇဝင်ကို မေးမြန်းခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတို့ထက် ပိုမိုတိကျစွာ ဓာတ်မတည့်မှုကို ဖြစ်စေသော အကြောင်းအရင်းများကို ရှာဖွေစစ်ဆေးပေးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ စစ်ဆေးမှုရဲ့ ရလဒ်တွေကို အချိန်တိုအတွင်း သိရှိနိုင်တာကြောင့် ဓာတ်မတည့်မှုများကိုဖြစ်စေသော အကြောင်းအရင်းများကို ရှောင်ကြည်နိုင်ရန် အထောက်အကူဖြစ်စေပါတယ်။
Skin prick test ဟာ ရိုးရှင်းလွယ်ကူတဲ့ စစ်ဆေးနည်းတစ်ခုဖြစ်ပြီး အချိန် ၁၅ မိနစ်မှ ၂၀ မိနစ်ခန့်သာ ကြာမြင့်ပါတယ်။ အရေပြားပေါ်ကို အပ်ဖျားလေးနဲ့ အနည်းငယ် ထိုးဖောက်စစ်ဆေးခြင်းဖြစ်တာကြောင့် မြန်ဆန်ပြီး နာကျင်မှုလည်း မရှိသလောက်ပါပဲ။ (သို့သော် အရေပြားအနှံ့ အနီစက်များ သို့မဟုတ် အရေပြားနာ/နှင်းခူရောဂါ ဖြစ်နေသူများ၊ အသက်ငယ်လွန်းသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဤစစ်ဆေးမှု မပြုလုပ်သင့်ပါ)။
Skin prick test ရဲ့ စစ်ဆေးပုံအဆင့်ဆင့် (အပ်ဖြင့်အပေါ်ယံအရေပြားကိုဖော်၍ စစ်ဆေးခြင်း)
- စစ်ဆေးမယ့် အရေပြားနေရာ (လက်ဖျံ သို့မဟုတ် ကျောကုန်း) ကို အယ်လ်ကိုဟောဖြင့် အရင် သန့်စင်ပါ။
- စစ်ဆေးမယ့် နေရာတွေကို ဘောပင်ဖြင့် အမှတ်အသား ပြုလုပ်ပါ။
- ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို စမ်းသပ်နိုင်အောင် အထူးပြင်ဆင်ထားတဲ့ အရည်တစ်မျိုး (allergen extract) ကို စစ်ဆေးမယ့် နေရာများပေါ်တွင် ချပေးပါ။
- ပိုးသတ်ထားသော အပ်ဖြင့် အရေပြားမျက်နှာပြင်ကို ညင်သာစွာ ထိုးဖောက်ပါ။
- စစ်ဆေးမှုရလဒ်ထွက်ရန် (၁၅ မိနစ်မှ ၂၀ မိနစ်) အထိ စောင့်ပါ။ စောင့်ဆိုင်းနေစဉ်အတွင်း ထိုးထားသော အရေပြားနေရာကို လုံးဝ မကုတ်မထိရပါ။
Skin prick test ရဲ့ ရလဒ်ကို ဘယ်လို အဓိပ္ပါယ်ဖော်မလဲ
အကယ်၍ လူနာမှာ ဓာတ်မတည့်မှု ရှိပါက စမ်းသပ်ထားသော အရေပြားနေရာတွင် အနီရောင်အဖုအပိမ့်လေးများ ထွက်လာမှာဖြစ်ပါတယ်။ ဒီအနီအဖု တွေကို ကြည့်ပြီး လူနာက ဘယ်လိုအရာတွေကို ဓာတ်မတည့်လဲဆိုတာကို သိနိုင်ပါတယ်။ ဤစစ်ဆေးမှုဟာ ရိုးရှင်းပြီး အလွန်ဘေးကင်းတဲ့အပြင် ပြင်းထန်သော ဓာတ်မတည့်မှုတုံ့ပြန်မှု ဖြစ်နိုင်ခြေဟာလည်း အယောက်တစ်သန်းမှာ တစ်ယောက်နှုန်းလောက်သာ ရှိပါတယ်။ သို့သော် ဤစစ်ဆေးမှုကို ဆေးရုံတွင်သာ ပြုလုပ်သင့်ပြီး အထူးကုဆရာဝန်ဖြင့် စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း၊ အဖြေထုတ်ခြင်းနဲ့ လိုအပ်သော ကုသမှုများပေးခြင်းမျိုးကို လုပ်ဆောင်သင့်ပါတယ်။
စစ်ဆေးမှုမပြုမီ ပြင်ဆင်ခြင်း လူနာအနေနဲ့ ဓာတ်မတည့်မှုဆေးများ (antihistamines) သို့မဟုတ် အယားပျောက်ဆေး အမျိုးအစားအားလုံးကို စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး (၇) ရက်ကြိုတင် ရပ်နားထားရပါမယ်။ အကယ်၍ အိပ်ဆေး သောက်နေရပါက စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး (၁) ပတ်မှ (၃) ပတ်အထိ ကြိုတင် ရပ်နားထားရန် အကြံပြုပါတယ်။
စစ်ဆေးနိုင်သော ဓာတ်မတည့်ပစ္စည်းများ
(လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်ရာကို ရွေးချယ်စစ်ဆေးပါ)
- အိမ်ပြင်ပ၊ ပြင်ပ ပတ်ဝန်းကျင် ရှိ ဓာတ်မတည့်မှုများ – ပန်းဝတ်မှုန်၊ မြက်ပင်များ၊ မှိုပိုးမွှားများ
- မြက်ကပ်ပင် (Bermuda grass)
- မြက်မြိန်ပင် (Johnson grass)
- ကိုးရှားပင် (Kochia)
- တောရိုင်းပင် (Careless weed)
- မှိုပိုးမွှား အမျိုးမျိုး (Mixed mold spores)
- အိမ်တွင်း၊ အဆောင်အအုံအတွင်းရှိ ဓာတ်မတည့်မှုများ - အိမ်မွေးတိရစ္ဆာန်များ၏ အရေပြားအမှုန်လေးများ/အမွေးများ၊ ဖုန်မှုန့်၊ ပိုးဟပ်
- ကြောင် (အရေပြားအမှုန်လေးများ/အမွေးများ၊ တံတွေး)
- ခွေး (အရေပြားအမှုန်လေးများ/အမွေးများ၊ တံတွေး)
- အမေရိကန် ပိုးဟပ်
- ဂျာမန် ပိုးဟပ်
- ဖုန်မှုန့်
- အစားအစာ ဓာတ်မတည့်မှုများ
- နွားနို့
- ပဲပိစပ် (Soybean)
- ကြက်ဥအကာ
- ဂျုံ
- ငါး
- ပုစွန်
- မြေပဲ
- ဝက်သား
- အမဲသား
Skin Prick Test (ဓာတ်မတည့်မှု စစ်ဆေးခြင်းများ)
| Program | Promotional Price (THB) |
| Test for 10 Allergens | 2,100* |
| Test for 15 Allergens | 2,999* |
