PM2.5 လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေး ပြဿနာများကိုစစ်ဆေးခြင်း ပရိုဂရမ်များ
ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ
အဆုတ်သာမက အခြား ကိုယ်တွင်းအစိတ်အပိုင်းများကို ပါ ထိခိုက်စေနိုင်သော PM2.5 အန္တရာယ်
PM2.5 အမှုန်များဟာ အလွန်သေးငယ်တဲ့အတွက် အသက်ရှူလမ်းကြောင်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ အချို့အမှုန်တွေက သွေးကြောထဲအထိ စိမ့်ဝင်နိုင်ပြီး သွေးလည်ပတ်မှုနှင့်အတူ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်းများဆီကို ပျံ့နှံ့သွားကာ ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း နှင့် အဆုတ် ကို ထိခိုက်စေနိုင်သော အန္တရာယ်များ
PM2.5 အမှုန်တွေဟာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် အလွန်သေးငယ်ပါတယ်။ အရွယ်အစားသေးငယ်လွန်းတဲ့ အမှုန်တွေဟာ အသက်ရှူလမ်းကြောင်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာစေနိုင်ပြီး နဂိုကျန်းမာတဲ့သူတွေမှာလည်း ပန်းနာရင်ကျပ်ရောဂါ စတင်ဖြစ်ပွားလာနိုင်ပါတယ်။ အမှုန်တွေဟာ အချိန်ကြာမြင့်စွာ စုပုံလာပါက အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်တဲ့အထိ အန္တရာယ် ရှိလာနိုင်ပါတယ်။
နှလုံးကိုထိခိုက်စေသော အန္တရာယ်များ
ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ PM2.5 အမှုန်တွေဟာ သွေးကြောများအတွင်း အနည်ထိုင်စေပြီး ပိတ်ဆို့မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေကြောင့် နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုဟာ နှလုံးကြွက်သားဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး နှလုံးခုန်စည်းချက်မမှန်ခြင်း (arrhythmia) သို့မဟုတ် ရုတ်တရက် နှလုံးလုပ်ဆောင်ချက် ချို့ယွင်းခြင်း (acute heart failure) အထိ ဖြစ်လာနိုင်ပါတယ်။
ဦးနှောက်ကို ထိခိုက်စေသော အန္တရာယ်များ
PM2.5 အမှုန်များဟာ သွေးကြောထဲတွင် စုပုံလာသောအခါ သွေးကို ပိုပျစ်စေပြီး သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါဟာ ဦးနှောက်သွေးကြောပိတ်ခြင်းနှင့် ဦးနှောက်သွေးကြောမာခြင်း/ထူခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပြီး လေဖြတ်နိုင်ခြေကို မြင့်မားစေပါတယ်။ လေဖြတ်ခြင်းကြောင့် ခန္ဓာကိုယ်တစ်ခြမ်း သေသွားခြင်း သို့မဟုတ် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အဆုတ်ကျန်းမာရေးစစ်ဆေးခြင်းပရိုဂရမ်
| Program | Promotion Price (THB) |
| Premium Eye Screening (မျက်စိကျန်းမာရေးစစ်ဆေးခြင်း) | See details | BOOK NOW | 3,600* |
| Pulmonary Function Test and Chest X-ray (အဆုတ်လုပ်ဆောင်ချက်စစ်ဆေးခြင်း နှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း) | 2,000* |
| Chest Low-dose Computed Tomography (LDCT) Buy Now: Srinakarin Shop | Lazada | Shopee |
4,500** |
| Lung Vitality Care Plus: ဆေးလိပ်မီးခိုးငွေ့ (သို့) လေထုညစ်ညမ်းမှုတွေကို အမြဲထိတွေ့နေရသူများအတွက် ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် | Details Buy Now: Samitivej Srinakarin Shop | Lazada | Shopee |
30,900* |
Pneumococcal Vaccine
| Program | Promotion Price (THB) |
| 20-valent Pneumococcal Vaccine [1 shot] Buy Vaccine: Srinakarin Shop | Lazada | Shopee |
4,650 * |
