စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်ကုသမှု -  ဒူးဆစ် နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း ပရိုဂရမ် စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်ကုသမှု -  ဒူးဆစ် နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း ပရိုဂရမ်

စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်ကုသမှု - ဒူးဆစ် နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း ပရိုဂရမ်

Available through ၃၁ ဒီ ၂၀၂၆

စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်ကုသမှု - ဒူးဆစ် နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း ပရိုဂရမ်

Mako SmartRobotics™ ဆိုတာကတော့ ဒူးဆစ်နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ပိုမိုတိကျစေရန် နှင့် ခွဲစိတ်မှုရလဒ်များ ပိုမိုကောင်းမွန်စေရန် ဒီဇိုင်းထုတ်ထားတဲ့ စက်ရုပ်နည်းပညာ အထောက်အကူပြု ခွဲစိတ်ကုသမှုနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ခွဲစိတ်မှုများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံကြီးမှ ကျွမ်းကျင်အရိုးခွဲစိတ်ဆရာဝန်ကြီးများက ဆောင်ရွက်ပေးလျက်ရှိပါတယ်။

  • ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသခြင်း (TKA)
  • ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ်ကုသခြင်း (UKA)
  • တင်ပါးဆုံအဆစ် တစ်ခုလုံး အစားထိုးခွဲစိတ်ကုသခြင်း  (THA)
စက်ရုပ်နည်းပညာ အထောက်အကူပြု ခွဲစိတ်ကုသမှုနည်းလမ်းဟာ ဘယ်လိုလူနာမျိုးတွေအတွက် သင့်တော်ပါသလဲ?
  • ဒူးခေါင်းအဆစ်ရောင် ဝေဒနာရှင်များ
    ဆေးဝါး သို့မဟုတ် အခြားသော ကုထုံးများဖြင့် မသက်သာတော့ဘဲ နာတာရှည် ဒူးနာခြင်းဝေဒနာကို အသင့်အတင့်မှ ပြင်းထန်စွာ ခံစားနေရတဲ့ ဒူးခေါင်းအဆစ်ရောင် လူနာများ။
  • တင်ပါးဆုံရိုး အဆစ်ရောင်ဝေဒနာရှင်များ
    တင်ပါးဆုံ အရိုးဆစ် ယိုယွင်းပျက်စီးမှုကြောင့် နာတာရှည် နာကျင်မှုကို ခံစားနေရသူများ သို့မဟုတ် နေ့စဉ် လူမှုဘဝလှုပ်ရှားမှုများအပေါ် သိသိသာသာ သက်ရောက်မှု ရှိနေသူများ။ 
  • အထူးတိကျသော ခွဲစိတ်မှု လိုအပ်နေသည့် ဝေဒနာရှင်များ
    အရိုးတည်ဆောက်ပုံ ပုံမှန်မဟုတ်သူများ၊ အရိုးအဆစ် ပုံစံပျက်ယွင်းနေသူများ စတဲ့ အလွန် တိကျသေချာတဲ့ ခွဲစိတ်ကုသမှု လိုအပ်လျက်ရှိတဲ့ လူနာများ။ 
  •  အမြန်ဆုံး နာလန်ထပြီး ပြန်လည်ကျန်းမာလိုတဲ့ ဝေဒနာရှင်များ
    စက်ရုပ်နည်းပညာ အထောက်အကူပြု ခွဲစိတ်ကုသမှုနည်းလမ်းဟာ တိကျသေချာမှု မြင့်မားတဲ့အတွက် လူနာများကို ပိုမိုမြန်ဆန်စွာ နာလန်ထူနိုင်စေပါတယ်။ ခွဲစိတ်စဉ် သွေးထွက်ခြင်းကို အနည်းဆုံးဖြစ်စေပြီး အနီးနားရှိ ကြွက်သားများ၊ အရွတ်များနှင့် တစ်သျှူးများ ထိခိုက်မှုကို လျှော့ချပေးနိုင်တာကြောင့် ဒဏ်ရာအကျက်မြန်စေကာ ပုံမှန်လုပ်ငန်းခွင်ကိုအချိန်တိုအတွင်း ပြန်လည်ဝင်ရောက်နိုင်စေပါတယ်။
  • သမရိုးကျ ခွဲစိတ်ခြင်းနည်းလမ်းတွင် အန္တရာယ်ရှိနိုင်သည့် ဝေဒနာရှင်များ
    အချို့သော အခြေအနေတွေမှာ ရောဂါအခံရှိသူများ၊ သမရိုးကျခွဲစိတ်မှုနည်းလမ်းဖြင့် ခွဲစိတ်မှုပြုလုပ်ရန် ဘေးကင်းမှုမရှိသူများ (ဥပမာ - အသက်ကြီးလွန်းသူများ၊ နူးညံ့သောတစ်သျှူးများတွင် ဒဏ်ရာရရှိ ထားသူများ သို့မဟုတ် ပိုးဝင်နိုင်ခြေ မြင့်မားသူများ) စတဲ့သူတွေအတွက် စက်ရုပ်နည်းပညာ အထောက်အကူပြု ခွဲစိတ်ကုသမှုနည်းလမ်းကို ခံယူခြင်းဖြင့် ဒဏ်ရာရရှိမှုကို လျှော့ချနိုင်ပြီး ပိုမိုတိကျတဲ့ ကုသမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အဆင့်မြင့်ခွဲစိတ်မှုအတတ်ပညာနှင့် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုအောက်မှာ ခွဲစိတ်ဒဏ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးခြင်းနှင့် အမြန်ဆုံးနာလန်ထပြီး ပြန်လည်ကျန်းမာလာခြင်း စတဲ့ အကျိုးထူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

လူနာတစ်ဦးချင်းစီအတွက် သီးသန့်ခွဲစိတ်မှု အစီအစဉ်
  • လူနာတစ်ဦးစီအလိုက် သီးခြားခန္ဓာဗေဒ တည်ဆောက်ပုံအပေါ် အခြေခံပြီး သီးသန့်ခွဲစိတ်မှု အစီအစဉ် ချမှတ်နိုင်ရန် 3D CT ဓာတ်မှန်သုံး တွက်ချက်ဆန်းစစ်မှုစနစ်ကို အသုံးပြုပါတယ်။ 
  • အကောင်းဆုံး တိကျမှု ရရှိစေရန်အတွက် အရိုးအဆစ်တည့်မတ်မှု အနေအထား (Bone Alignment)၊ တစ်သျှူးသိပ်သည်းဆ (Tissue Density) နှင့် အဆစ်တစ်ခုနဲ့တစ်ခုကြားရှိ ထောင့်ချိုးအနေအထားများ (Joint Angles) စတာတွေကို တိကျစွာ တိုင်းတာစစ်ဆေးပေးပါတယ်။ 
အဆင့်မြင့် ဘေးကင်းလုံခြုံမှုစနစ်
  • Mako စက်ရုပ်နည်းပညာစနစ်ဟာ AccuStop™ Haptic နည်းပညာကို အသုံးပြုပြီး "ခွဲစိတ်မှုဘေးကင်းဇုန်" (Haptic Boundary) တစ်ခုကို သတ်မှတ်ပေးထားပါတယ်။ 
  • ဒီစနစ်မှာ ခွဲစိတ်ကိရိယာဟာ သတ်မှတ်ဘေးကင်းနယ်နိမိတ်ထက် ကျော်လွန်သွားခဲ့ရင် အလိုအလျောက် ရပ်တန့်ပေးခြင်းဖြင့် အရိုးကို လိုအပ်တာထက် ပိုမိုလှီးဖြတ်မိခြင်းမှ ကာကွယ်ပေးပါတယ်။ 
  • Haptic နည်းပညာဖြင့် အရိုးရဲ့ တည်နေရာကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်ပေးပြီး ခွဲစိတ်ကိရိယာများကို "ခွဲစိတ်မှုဘေးကင်းဇုန်"အတွင်းမှာသာ ရှိနေစေခြင်းဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ နူးညံ့တဲ့ တစ်သျှူးတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားပါတယ်။ ပုံမှန်ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်ပါက ဒီစနစ်ဟာ အရိုးနှင့် နူးညံ့သော တစ်သျှူးများ ပျက်စီးမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ 
နာကျင်မှုနည်းပါးခြင်နှင့် နောက်ဆက်တွဲပြဿနာ လျော့နည်းခြင်း 
  • ပုံမှန်ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်ပါက နာကျင်မှုကို ၅၅.၄% အထိ လျှော့ချပေးနိုင်ပါတယ်။ 
  • အကိုက်အခဲပျောက်ဆေး သုံးစွဲရမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။  ပြန်လည်ခွဲစိတ်ရနိုင်ခြေ (Revision Surgery) ကိုလည်း ၃၀% အထိ လျှော့ချပေးနိုင်ပါတယ်။ 
လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ခြင်း (Faster recovery)
  • ဆေးရုံတက်ရတဲ့ ကာလတိုတောင်းပြီး ၁ ရက်မှ ၂ ရက်အတွင်း ပြန်လည်နာလန်ထူနိုင်ခြင်း။
  • လှုပ်ရှားသွားလာနိုင်မှု စွမ်းရည် တိုးတက်လာပြီး နေ့စဉ်လူမှုဘဝ လုပ်ငန်းဆောင်တာများသို့ ပိုမိုမြန်ဆန်စွာ ပြန်လည်ဝင်ရောက်နိုင်ခြင်း။

နှစ်ရှည်လေ့လာမှုရလဒ်မှတ်တမ်းများ (၅ နှစ်တာ လေ့လာမှု) အရ စက်ရုပ်နည်းပညာအထောက်အကူပြု ဒူးဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ကုသခြင်း၏ ခိုင်ခံ့စိတ်ချရမှုနှုန်းမှာ ၉၅.၆% အထိ ရှိပါတယ်။
(ရင်းမြစ် - Australian Orthopedic Association, Annual Report 2024)

Robotic-assisted Surgery Programs (စက်ရုပ်နည်းပညာအထောက်အကူပြု ခွဲစိတ်မှု အစီအစဉ်များ) PromotionalPrice
ပရိုမိုးရှင်းဈေးနှုန်း (THB)
Total Knee or Partial Knee Replacement Surgery Program
(ဒူးဆစ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ် ကုသခြင်း)
529,000
Hip Replacement Surgery Program
(တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသခြင်း) 
629,000

သတ်မှတ်ချက်များ နှင့် စည်းကမ်းချက်များ

  • စျေးနှုန်းတွင် ဆရာဝန်ခနှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီးဖြစ်သည်။
  • စျေးနှုန်းတွင် ဆေးရုံတက်ရောက်မှု (၄) ရက်စာနှင့် ခွဲစိတ်မှုသုံး အစားထိုးပစ္စည်း (Implant) စရိတ်များ ပါဝင်သည်။
  • ဈေးနှုန်းတွင် ခွဲစိတ်မှုမတိုင်မီ ကျန်းမာရေးစစ်ဆေးမှုများနှင့် ရောဂါအခံများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများအတွက် ကုန်ကျစရိတ်များ မပါဝင်ပါ။
  • ဤပရိုမိုးရှင်းကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဝယ်ယူရရှိနိုင်ပါသည်။
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံရှိ Sports and Orthopedic Center တွင် ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။