Heart & Metabolic Screening for Longevity ကျန်းမာစွာ အသက်ရှည်နေဖို့ နှလုံး နှင့် ဇီဝကမ္မ ဖြစ်စဉ်ကို စစ်ဆေးကြည့်ကြပါစို့။ Heart & Metabolic Screening for Longevity ကျန်းမာစွာ အသက်ရှည်နေဖို့ နှလုံး နှင့် ဇီဝကမ္မ ဖြစ်စဉ်ကို စစ်ဆေးကြည့်ကြပါစို့။

Heart & Metabolic Screening for Longevity ကျန်းမာစွာ အသက်ရှည်နေဖို့ နှလုံး နှင့် ဇီဝကမ္မ ဖြစ်စဉ်ကို စစ်ဆေးကြည့်ကြပါစို့။

Available through ၃၁ ဒီ ၂၀၂၆

Heart & Metabolic Screening for Longevity ကျန်းမာစွာ အသက်ရှည်နေဖို့ နှလုံး နှင့် ဇီဝကမ္မ ဖြစ်စဉ်ကို စစ်ဆေးကြည့်ကြပါစို့။

ကျန်းမာစွာအသက်ရှည်နေနိုင်ရေးအစီအစဉ်များအတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ခန္ဓာကိုယ်အစာခြေ ဖျက်မှုနှင့် စွမ်းအင်ထုတ်လုပ်မှုများဆိုင်ရာ ဇီဝကမ္မဖြစ်စဉ် ကျန်းမာရေးအခြေအနေတွေကို အသေးစိတ် ဆန်းစစ်ချက်များဟာ များစွာ အထောက်အကူပြုပါတယ်။ ဒီစစ်ဆေးမှုဟာ သာမန် ကိုလက်စထရော (သွေးတွင်းအဆီ) နှင့် သွေးချိုပမာဏ ကို စစ်ဆေးရုံသာမကဘဲ ရောဂါလက္ခဏာများ မပြမီကပင် ပုန်းကွယ်ငုပ်လျှိုးနေတဲ့ ကျန်းမာရေးအန္တရာယ် တွေကို ကြိုတင်သိရှိနိုင်စေဖို့ အဆင့်မြင့်ပြီး အသေးစိတ်တဲ့ဆန်းစစ်ချက်များကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။


ဘာကြောင့် ဒီအစီအစဉ်ကို ရွေးချယ်သင့်သလဲ?

သွေးတွင်းအဆီ (LDL) ပမာဏ ပုံမှန်အတိုင်း ရှိနေသည့်တိုင် ApoB ပမာဏ မြင့်မားနေခြင်းဟာ နှလုံး သွေးကြောနံရံတွေကို အဆီဖုံးစေပြီး သွေးကြောကိုကျဉ်းသွားစေနိုင်တဲ့ lipoprotein မော်လီကျူးများ ခန္ဓာကိုယ်အတွင်း များပြားနေခြင်းကို ဖော်ပြနေတတ်ပါတယ်။ ဒါကို သာမန်အဆီ စစ်ဆေးမှုတစ်ခုတည်းနှင့် မသိနိုင်ပါဘူး။ ယူကေနိုင်ငံ ကျန်းမာရေး နှင့် မျိုးဗီဇဆိုင်ရာ သုတေသန အချက်အလက်ဌာန UK Biobank သုတေသန ပြုချက်များအရ LDL-C နှင့် နှိုင်းယှဉ် ပါက ApoB ပမာဏ ပိုမိုမြင့်မားနေသူတွေဟာ LDL နှင့် ApoB ပမာဏ နှစ်ခုလုံး တစ်ပြေးညီ ပုံမှန်ဖြစ်နေသူများနှင့်စာရင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။

  • ငုပ်လျှိုးနေသော မျိုးရိုးဗီဇဆိုင်ရာ ကျန်းမာရေးအန္တရာယ် (ကမ္ဘာ့လူဦးရေ ၅ ဦးမှာ ၁ ဦး Lp(a) မြင့်မားနေနိုင်ပါတယ်)
    • Lipoprotein(a) [Lp(a)] ဆိုတာကတော့ အများအားဖြင့် မိဘမျိုးရိုးဗီဇပေါ်မှာ မူတည်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၂၀ ရာခိုင်နှုန်းလောက်ဟာ Lp(a) ပမာဏ မြင့်မားနေတတ်ပြီး ဒီအချက်ဟာ နှလုံး သွေးကြောဆိုင်ရာ ရောဂါများနှင့် လေဖြတ်နိုင်ခြေကို များစွာ မြင့်တက်စေပါတယ်။ သာမန်သွေးတွင်း အဆီပမာဏ စစ်ဆေးချက်များမှာ ပုံမှန်လို့ ဖော်ပြနေပေမယ့်လည်း Lp(a) မြင့်မားနေပါက နှလုံး သွေးကြောကျဉ်းရောဂါ (ASCVD) ဖြစ်ပွားနိုင်ခြေဟာ နှစ်ဆအထိ ပိုမိုမြင့်မားစေနိုင်ပါတယ်။
    • ၂၀၂၆ ကျန်းမာရေးလမ်းညွှန်ချက်များအရ အရွယ်ရောက်ပြီးသူတိုင်း တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်တော့ Lp(a) စစ်ဆေးမှုကို ခံယူသင့်ကြောင်း တိုက်တွန်းထားပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ အန္တရာယ်ကို သာမန်သွေးတွင်းအဆီစစ်ဆေးမှုလုပ်ရုံနှင့် မသိရှိနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
  • ငုပ်လျှိုးနေသော ဆီးချိုရောဂါဖြစ်နိုင်ခြေ - သွေးတွင်းသကြားဓာတ် တက်မလာမီ အချိန်အတော် ကြာကတည်းက ခန္ဓာကိုယ်မှာ အင်ဆူလင်ခုခံမှုတွေ စတင်ဖြစ်ပေါ်နေတတ်တာကြောင့် သွေးတွင်း သကြားဓာတ်တစ်မျိုးတည်းကို စစ်ဆေးရုံမျှနှင့် မလုံလောက်နိုင်ပါ။ ဒီစစ်ဆေးမှုအစီအစဉ်မှာတော့ အင်ဆူလင် (Insulin)၊ ပျမ်းမျှသွေးတွင်းသကြားဓာတ်ပမာဏ (HbA1c) နှင့် သွေးတွင်းသကြားဓာတ် (Glucose) စစ်ဆေးမှုတွေကို စုံလင်စွာ ထည့်သွင်းထားပါတယ်။ ဒါကြောင့် မိမိရဲ့ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချွတ်ယွင်းချက်တွေကို ရောဂါမဖြစ်မီကတည်းက အသေးစိတ် ဆန်းစစ်ဖော်ထုတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
  • မြို့ပြနေလူဦးရေအကြား ဗီတာမင် ဒီ ချို့တဲ့မှုပြဿနာ - သုတေသနလေ့လာချက်တွေအရ လုပ်ငန်းခွင်ဝင်နေတဲ့ လူလတ်ပိုင်း ၄၀ ရာခိုင်နှုန်းကျော် မှာ ဗီတာမင် ဒီ ပမာဏ လုံလောက်စွာ မရှိခြင်း (ချို့တဲ့ခြင်း) ကို ရင်ဆိုင်နေရတယ်လို ဆိုပါတယ်။ ဗီတာမင် ဒီ ချို့တဲ့တာဟာ ကိုယ်လက် လှုပ်ရှားမှု စွမ်းဆောင်ရည်၊ ကြွက်သားများ ပြန်လည်သန်စွမ်းလာမှု နှင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ် တို့အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
  • ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု -  C-reactive protein (CRP) စစ်ဆေးခြင်းဖြင့် နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါတွေရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ နာတာရှည်ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုများ ကို ကြိုတင်ရှာဖွေ ဖော်ထုတ်ပေးနိုင်ပါတယ်။
  • ဟော်မုန်းဆိုင်ရာ ဆန်းစစ်ချက် - ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏများ မျှတမှု ရှိ / မရှိကို တိုင်းတာခြင်းဖြစ်ပြီး မောပန်းနွမ်းလျခြင်း၊ ခန္ဓာကိုယ်ပင်ပန်းမှုများမှ ပြန်လည်နာလန်ထူရန် အချိန် ကြာမြင့်ခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ စိတ်ခံစားချက် မတည်ငြိမ်ခြင်း၊ အိပ်စက်ရခက်ခဲ ခြင်း သို့မဟုတ် နေထိုင်မကောင်းသလို ခံစားရခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်ရခြင်းရဲ့ နောက် ကွယ်က အရင်းခံအကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပေးတာဖြစ်ပါတယ်။ ဟော်မုန်း ဟာ ခန္ဓာကိုယ် စွမ်းအင်၊ ဇီဝကမ္မဖြစ်စဉ်၊ ပြန်လည်သန်စွမ်းလာမှု၊ စိတ်ခံစားချက်နှင့် ယေဘုယျ ခန္ဓာကိုယ်တွင်း မျှချေ စတာတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့် ဟော်မုန်းဆန်းစစ် ခြင်းဟာ မိမိရဲ့ ကျန်းမာရေး အခြေအနေကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်စေဖို့ အလွန် အရေးကြီးပါတယ်။ 
  • TSH စစ်ဆေးခြင်း - TSH စစ်ဆေးခြင်းကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်၊ ကိုယ်အလေးချိန်၊ ရင်တုန်ခြင်း၊ မောပန်းနွမ်းလျခြင်း နှင့် အအေးဒဏ်မခံနိုင်ခြင်း စတာတွေနှင့် တိုက်ရိုက်ဆက်စပ်နေတဲ့ သိုင်းရွိုက်ဂလင်း၏ လုပ်ငန်းဆောင်တာများကို ဆန်းစစ်ပေးတာပဲ ဖြစ်ပါတယ်။
  • Cortisol စစ်ဆေးခြင်း - ခန္ဓာကိုယ်ရဲ့  စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှု၊ စွမ်းအင်ပမာဏ၊ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုနှင့် ယေဘုယျ ခန္ဓာကိုယ်တွင်း မျှချေ တို့နှင့် တိုက်ရိုက်သက်ဆိုင်တဲ့ အက်ဒရီနယ်ဂလင်းရဲ့ လုပ်ငန်းဆောင်တာများ ကို ဆန်းစစ်တာ ဖြစ်ပါတယ်။ ကော်တီစော ပမာဏ ပုံမှန်မဟုတ်ခဲ့ရင် နုံးချိခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း သို့မဟုတ် အက်ဒရီနယ် ဂလင်း ဆိုင်ရာ ရောဂါဝေဒနာများနှင့် ဆက်စပ်နေနိုင်ပါတယ်။
  • DHEAS စစ်ဆေးခြင်း - DHEAS ဆိုတာကတော့ အက်ဒရီနယ်ဂလင်းက ထုတ်လုပ်ပေးလိုက်တဲ့  ဟော်မုန်းတစ်မျိုးဖြစ်ပြီး လိင်နှင့် ပတ်သက်တဲ့ဟော်မုန်း (ကျား ဟိုမုန်း၊ မ ဟိုမုန်း) ဖြစ်ပေါ်လာစေဖို့ အတွက် အခြေခံအကျဆုံး ရှေ့ပြေးဟော်မုန်းလည်း ဖြစ်ပါတယ်။ အက်ဒရီနယ်ဂလင်းရဲ့ လုပ်ငန်း များနှင့် လိင်ဟော်မုန်းများအကြား မျှတမှု ရှိ၊ မရှိကို ဆန်းစစ်ပေးနိုင်ပြီး အထူးသဖြင့် ဟော်မုန်းမမျှတ မှု ဖြစ်ပွားနေတယ်လို့ သံသယရှိတဲ့ အခြေအနေမျိုးအတွက် စစ်ဆေးကြည့်ရာမှာ အလွန်အသုံးဝင် ပါတယ်။
  • လိင်နှင့်ပတ်သက်သောဟော်မုန်းများ / ကျား ဟောမုန်းများ  (FSH, LH, Estradiol နှင့် Free Testosterone) စစ်ဆေးခြင်း - FSH၊ LH၊ Estradiol (မ ဟော်မုန်း) နှင့် Free Testosterone (ကျား ဟော်မုန်း) စတာတွေကို စစ်ဆေးကြည့်ခြင်းဖြင့် ရာသီမမှန်ခြင်း၊ သွေးဆုံးခါနီး လက္ခဏာများ ခံစား လာရခြင်း၊ လိင်ဟော်မုန်းပမာဏ လျော့နည်းခြင်း၊ စွမ်းအင်နှင့် ကြွက်သားထုထည် ပြောင်းလဲလာ ခြင်း စတာတွေ အပြင် မျိုးပွားအင်္ဂါများနှင့် ဝှေးစေ့လုပ်ငန်းဆောင်တာများကို ဆန်းစစ်အကဲဖြတ် နိုင်မှာ ဖြစ်ပါတယ်။

ဒီစစ်ဆေးခြင်းအစီအစဉ်ဟာ အောက်ပါ ပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါတယ်။ 
  • ကိုယ်အလေးချိန် တက်လွယ်ပြီး ပြန်ချရန် ခက်ခဲခြင်း၊ ဗိုက်တွင် အဆီစုခြင်း သို့မဟုတ် အင်ဆူလင်ခုခံမှု ဖြစ်မည်ကို စိုးရိမ်နေရသူများ။
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ရလဒ်များမှာ ကောင်းမွန်နေသော်လည်း မောပန်းနွမ်းလျခြင်း၊ ခန္ဓာကိုယ် ပင်ပန်းမှုများမှ ပြန်လည် ကောင်းမွန်ရန် ကြာမြင့်ခြင်း သို့မဟုတ် မိမိကိုယ်ကို အရင်ကလောက် ကျန်းမာရေးမကောင်း တော့ဟု ခံစားနေရသူများ။
  • စိတ်ဖိစီးမှုများပြီး အနားယူမှု မလုံလောက်သဖြင့် မိမိ၏ ကျန်းမာရေးအခြေအနေကို အသေးစိတ် ဆန်းစစ်ကြည့်ချင်သူများ။
  • သာမန်ကျန်းမာရေးစစ်ဆေးမှုများထက် ကျော်လွန်ပြီး နှလုံးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ ဆီးချိုရောဂါနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးအန္တရာယ်များကို ပိုမိုနက်ရှိုင်းစွာ သိရှိလိုသူများ။
  •  မိသားစုမျိုးရိုးထဲတွင် နှလုံးရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီများခြင်း သို့မဟုတ် လေဖြတ်ခြင်း ရာဇဝင်ရှိသူများ။
  • ရောဂါလက္ခဏာများ မပြမီကပင် ဖြစ်လာနိုင်ခြေရှိသော ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ရှာဖွေကာ ရေရှည်ကျန်းမာ အသက်ရှည်ရေးကို ဦးစားပေးလိုသူများ။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ခံယူထားပြီးသူများရော ဒီစစ်ဆေးမှုကို ထပ်ပြီးပြုလုပ်ဖို့လိုအပ်ပါသေးသလား။

နှလုံးသွေးကြောနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးအန္တရာယ်တွေကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လို တယ်ဆိုရင်တော့ ဒီအစီအစဉ်နှင့်  စစ်ဆေးလိုက်မယ်ဆိုရင် သာမန်အခြေခံအဆင့် ကျန်းမာရေးစစ်ဆေးမှု တွေမှာ မပါဝင်နိုင်တဲ့  တိကျပြီး ပိုမိုအဆင့်မြင့်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ဖြည့်စွက်ဖော်ထုတ် ပေးနိုင်မှာ ဖြစ်ပါတယ်။


ဘာရောဂါလက္ခဏာမှ မပြရင်ရော စစ်ဆေးမှုခံယူဖို့ လိုအပ်ပါသေးသလား။

လိုအပ်ပါတယ်။ ကျန်းမာရေးအန္တရာယ်အများစုဟာ ရောဂါလက္ခဏာမပြခင်ကတည်းက ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် စတင်ဖြစ်ပွားနေလေ့ ရှိပါတယ်။ ဒါကြောင့် လက္ခဏာမပြသေးတဲ့ အစောပိုင်းအဆင့်မှာ ကြိုတင်စစ်ဆေးခြင်းနိုင်ခြင်းဟာ ရောဂါမဖြစ်အောင် ကာကွယ်ရေးနှင့်  ရေရှည်ကျန်းမာရေးစနစ်တကျ စီမံခန့်ခွဲဖို့အတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။ 


စစ်ဆေးမှုခံယူမီ ကြိုတင်ပြင်ဆင်ရန်အချက်များ
  • သွေးမစစ်မီ အနည်းဆုံး ၈ နာရီမှ ၁၂ နာရီအထိ အစာရှောင်ပေးပါ။ 
  • ရေဆာပါက ရိုးရိုးရေကို လိုအပ်သလို သောက်နိုင်ပါတယ်။
  • ရောဂါအခံတစ်ခုခုရှိခြင်း သို့မဟုတ် ပုံမှန်သောက်နေကျ ဆေးဝါးများရှိပါက ဆေးစစ်ရက်ချိန်းမယူမီ ဝန်ထမ်းများကို ကြိုတင်အသိပေးထားပါ။

Program Promotional Price
(THB)
Heart & Metabolic Screening for Longevity - Essential | Details
Purchase ProgramSrinakarin Shop | Lazada | Shopee
9,990
15,000
Heart & Metabolic Screening for Longevity – Precision | Details
Purchase ProgramSrinakarin Shop | Lazada | Shopee
17,800
23,500

မှတ်ချက်များ

  • ဖော်ပြပါဈေးနှုန်းမှာ ဆရာဝန်စမ်းသပ်ခ နှင့် ဆေးရုံဝန်ဆောင်မှုများ ပါဝင်ပြီးဖြစ်ပါတယ်။
  • ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသာ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါတယ်။
  • ယနေ့မှ ၃၁ ဒီဇင်ဘာ ၂၀၂၆ အထိ။
  • ဆစ်မီတဝေ့ ဆရီနာခရင်ဆေးရုံကြီး၊ နှလုံးစင်တာ မှာ ဤဝန်ဆောင်မှုကို သီးသန့် ရယူနိုင်ပါတယ်။