မျက်စိရေတိမ်စစ်ဆေးမှု အစီအစဉ် (Glaucoma Screening Package) မျက်စိရေတိမ်စစ်ဆေးမှု အစီအစဉ် (Glaucoma Screening Package)

မျက်စိရေတိမ်စစ်ဆေးမှု အစီအစဉ် (Glaucoma Screening Package)

Available through ၃၁ ဒီ ၂၀၂၆

မျက်စိရေတိမ်စစ်ဆေးမှု အစီအစဉ် (Glaucoma Screening Package)

မျက်စိရေတိမ်နဲ့ပတ်သက်ပြီး အောက်ပါ အချက် (၄)ချက်ကို သတိမထားမိဘူး ဆိုရင် အမြင်အာရုံကို ထိခိုက်ချို့ယွင်းစေမှာအမှန်ပါပဲ။

  • ၂၀၂၀ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးမှာ မျက်စိရေတိမ်စွဲနေသူအရေ အတွက်ဟာ (၇၆)သန်းနီးပါးရှိခဲ့ပါတယ်။
  • မျက်စိရေတိမ်ဟာ လက္ခဏာမပြဘူးဆိုပေမယ့် နောက်ဆုံးအဆင့်ကို ရောက်တဲ့အခါမှာ လူနာအနေနဲ့ တဖြည်းဖြည်းအမြင်ဝေဝါးမှုကို ခံစားရနိုင်ပြီး ဒါကိုမကုသဘဲထားလိုက်မယ်ဆိုရင် အမြင်အာရုံ လုံးဝ ကွယ်ပျောက်သွားနိုင်ပါတယ်။
  • မျက်စိရေတိမ်ကို မျက်စဉ်း၊ လေဆာ စတဲ့ကုသမှုနည်းလမ်းများနဲ့ ကုသလို့ ရနိုင်သလို မျက်စိဖိအားပိုမိုလျော့ကျဖို့ ခွဲစိတ်ကုသနိုင်ပါတယ်။
  • မျက်စိရေတိမ်ဖြစ်နိုင်ခြေမြင့်မားစေတဲ့အကြောင်းအရင်းများ
    • အသက်(၄၀)ကျော်ခြင်း
    • မျက်လုံးအတွင်းဖိအားများခြင်း
    • မိသားစုမျိုးရိုးမှာရေတိမ်ဖြစ်ဖူးသူရှိခြင်း
    • စတီးရွိုက်ပါတဲ့ဆေးဝါးများပုံမှန်သောက်သုံးခြင်း
    • ဆီးချိုကဲ့သို့ ရောဂါအခံရှိသူများ
    • မျက်စိထိခိုက်မိထားသူများ
    • ဆိုးဆိုးရွားရွားအဝေးမှုန်ခြင်း (သို့) အနီးမှုန်ခြင်း

မျက်စိစမ်းသပ်စစ်ဆေးခြင်းအတွက်ပြင်ဆင်မှုများ

  • စမ်းသပ်စစ်ဆေးမှုမပြုလုပ်ခင်ညမှာ လူနာအနေနဲ့ လုံလောက်တဲ့ အိပ်စက်ချိန်ရှိရမှာဖြစ်ပြီး အနည်းဆုံး (၆)နာရီ ကနေ (၈) နာရီ အိပ်စက်ရပါမယ်။
  • လူနာဟာ ဆေးရုံကို ကိုယ်တိုင်ကားမမောင်းလာသင့်ပါဘူး။
  • လူနာအနေနဲ့ စမ်းသပ်စစ်ဆေးမှုအပြီးတပ်ဖို့အတွက် နေကာမျက်မှန် ယူဆောင်လာရပါမယ်။
အစီအစဉ်များ အထူးဈေးနှုန်းများ
(THB)
မျက်စိရေတိမ် စစ်ဆေးခြင်း (Full Glaucoma Workup) အသေးစိတ် ကြည့်ရှုရန် | Buy Now 3,600
4,550

မှတ်ချက်များ

  • ဖော်ပြပါစျေးနှုန်းတွင် ဆရာဝန်၏ ဓါတ်ခွဲခန်းစစ်ဆေးမှု ကုန်ကျစရိတ်များပါဝင်ပြီးဖြစ်ပါသည်။
  • ဖော်ပြပါစျေးနှုန်းတွင် ဆေးရုံဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်ပါဝင်ပါသည်။
  • ဖော်ပြပါစျေးနှုန်းတွင် လိုအပ်လျှင်လုပ်ဆောင်ရသည့် သူငယ်အိမ်ချဲ့ခြင်း အတွက် ကုန်ကျစရိတ်မပါဝင်ပါ။ 
  • ဖော်ပြပါစျေးနှုန်းတွင် တခြားလိုအပ်သည့် ဆွေးနွေးတိုင်ပင်မှုနှင့်စမ်းသပ်စစ်ဆေးမှု ကုန်ကျစားရိတ်များ မပါဝင်ပါ။
  • ဝန်ဆောင်မှုများသည် ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံ တတိယထပ်ရှိ မျက်စိအထူးကုဆေးခန်း (The Eye Clinic) တွင်သာ ရရှိနိုင်ပါသည်။