FotoFinder (Mole Mapping) နည်းပညာ အသုံးပြု၍ အရေပြားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း အစီအစဉ် FotoFinder (Mole Mapping) နည်းပညာ အသုံးပြု၍ အရေပြားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း အစီအစဉ်

FotoFinder (Mole Mapping) နည်းပညာ အသုံးပြု၍ အရေပြားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း အစီအစဉ်

Available through ၃၁ ဒီ ၂၀၂၆

FotoFinder (Mole Mapping) နည်းပညာ အသုံးပြု၍ အရေပြားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း အစီအစဉ်

အရေပြားကင်ဆာကို အစောပိုင်းအဆင့်တွင် သိရှိရပါက အောင်မြင်စွာ ကုသနိုင်ပါတယ်။ အရေပြားကင်ဆာကိုဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ နေရောင်ခြည်ဒဏ်ကို အလွန်အကျွံထိတွေ့ခံစားရခြင်းနဲ့ အရေပြားကင်ဆာဖြစ်ဖူးသော မိသားစုမျိုးရိုးရှိခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာကို အသုံးပြုထားတဲ့ ဒီပရိုဂရမ်က အထူးပြု အရေပြားကင်ဆာစစ်ဆေးမှုများမှတစ်ဆင့် သင့်အရေပြားကျန်းမာရေးကို ကြိုတင်ဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကူညီပေးပါတယ်။

FotoFinder ဖြင့် အရေပြားကင်ဆာ စစ်ဆေးခြင်း

FotoFinder ဖြင့် အရေပြားကင်ဆာ စစ်ဆေးခြင်း - FotoFinder ဆိုတာ AI နည်းပညာကို အသုံးပြုထားသော ခေတ်မီ အရေပြားပုံရိပ်ဖော်စနစ်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အရေပြားအထူးကုဆရာဝန်များဟာ ခန္ဓာကိုယ်အနှံ့ အရေပြားပုံရိပ် မှတ်တမ်းတင်ခြင်း(Total Body Mapping)နဲ့ အရေပြားမှန်ဘီလူးကြည့်ခြင်း(Dermoscopy)ပြုလုပ်ရာတွင် အသုံးပြုပါတယ်။ ဒီစနစ်ဟာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မှဲ့များနဲ့ အရေပြား အမှတ်အသားများရဲ့ အခြေအနေကို စုံစုံလင်လင် မှတ်တမ်းတင်ပေးထားနိုင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိ၊ မရှိကို အတိအကျ စောင့်ကြည့်နိုင်ပြီး အရေပြားကင်ဆာကို စောစောစီးစီးနဲ့ တိကျမှန်ကန်စွာ သိရှိနိုင်အောင် ကူညီပေးပါတယ်။

  • ထိရောက်မြန်ဆန်သော စစ်ဆေးမှု 
  • ပုံမှန်စစ်ဆေးပေးခြင်းအားဖြင့် အရေပြားအပြောင်းအလဲတွေကို စောစောစီးစီး သိနိုင်ခြင်း
  • မလိုအပ်ဘဲ ခွဲစိတ်ကုသရခြင်းမျိုး မဖြစ်အောင် ရှောင်ရှားနိုင်ခြင်း

FotoFinder – အရေပြားကင်ဆာ စစ်ဆေးခြင်းအကြောင်း အသေးစိတ် လေ့လာရန်

ပရိုဂရမ် ပရိုမိုးရှင်းဈေးနှုန်း
(ထိုင်းဘတ်)
Skin Cancer Screening using Foto Finder (Foto Finder နည်းပညာ အသုံးပြု၍ အရေပြားကင်ဆာစစ်ဆေးခြင်း)  5,000

မှတ်ချက်များ

  • ဖော်ပြပါဈေးနှုန်းတွင် ဆရာဝန်ခ ပါဝင်ပြီးဖြစ်သော်လည်း ဆေးရုံဝန်ဆောင်မှုစရိတ်မပါဝင်ပါ။
  • ပရိုမိုးရှင်းဈေးနှုန်းများသည် ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံခြားသား များအတွက်သာအကျုံးဝင်ပါသည်။
  • ယနေ့မှစ၍ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ 
  • ဝန်ဆောင်မှုကို ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရှိ အလှအပရေးရာအင်စတီကျု (Samitivej Esthetics Institute) တွင် ရယူနိုင်ပါသည်။