လိင်မှုဆိုင်ရာစွမ်းဆောင်ရည်စစ်ဆေးခြင်းပရိုဂရမ် လိင်မှုဆိုင်ရာစွမ်းဆောင်ရည်စစ်ဆေးခြင်းပရိုဂရမ်

လိင်မှုဆိုင်ရာစွမ်းဆောင်ရည်စစ်ဆေးခြင်းပရိုဂရမ်

Available through ၃၁ ဒီ ၂၀၂၅

လိင်မှုဆိုင်ရာစွမ်းဆောင်ရည်စစ်ဆေးခြင်းပရိုဂရမ်

ပန်းသေပန်းညှိုးခြင်းဆိုသည်မှာ?

ပန်းသေပန်းညှိုးခြင်းကို ဆေးပညာအရ အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ လိင်ဆက်ဆံမှုအတွက် လုံလောက်သော လိင်တံထောင်မတ်နိုင်စွမ်းမရှိခြင်း၊ လိင်ဆက်ဆံနေစဥ်တစ်လျှောက် ထောင်မတ်ခြင်း ကို အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းမရှိခြင်း သို့မဟုတ် လိင်ဆက်ဆံမှုကို အဆုံးသတ်နိုင်ခြင်းမရှိခြင်း လို့ ဆိုလိုပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ်ကို မဖြစ်စေ နိုင်ပေမယ့် တစ်ကိုယ်ရည်ကျန်းမာရေးပြဿနာများ၊ အထူးသဖြင့် လေဖြတ်ခြင်း နဲ့ သွေးကြောပိတ်၍ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ သွေးလည်ပတ်မှုနဲ့ သွေးကြောစနစ်ဆိုင်ရာ မူမမှန်မှုများကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေအတွက် သတိပေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။  အဆိုပါရောဂါတွေ အားလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို လုံလောက်တဲ့ သွေးစီးဆင်းမှု မရှိခြင်းနဲ့ ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်၊ ပန်းသေပန်းညှိုးခြင်းဟာ အိမ်ထောင်ဖက်နှင့် ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပြီး မိသားစုပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။


လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ကိုစစ်ဆေးတယ်ဆိုတာ 
  • PSA  (Prostate-Specific Antigen) - သွေးထဲရှိ PSA ပရိုတင်း (ပရိုစတိတ်ဂလင်းမှ ထုတ်လုပ်ပြီး သွေးထဲသို့ ရောက်ရှိလာသော ပရိုတင်းဓာတ်) ပမာဏကို တိုင်းတာတဲ့ သွေးစစ်ဆေးမှု။
  • တက်စတိုစတီရုန်း (Testosterone) - သွေးထဲရှိ အမျိုးသားလိင်ဟော်မုန်း ပမာဏကို တိုင်းတာသည့် စစ်ဆေးမှု
စစ်ဆေးမှုမှာ ဘာတွေပါဝင်သလဲ?

ဆီးလမ်းကြောင်းအထူးကုဆရာဝန် မှ ကိုယ်တိုင် စစ်ဆေးခြင်းအပြင် PSA ပရိုတင်းအဆင့် နဲ့ တက်စတိုစတီရုန်းအဆင့် တို့ကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုလည်း ပါဝင်ပါတယ်။ သွေးစစ်ဆေးမှုအတွက် ကြိုတင်၍ အစာနှင့် ရေကို ရှောင်စရာလည်း မလိုပါ။


ကုသမှုနည်းလမ်းများ 

အမျိုးသားတွေမှာ ဖြစ်တဲ့ ပန်းသေပန်းညှိုး ရောဂါကို စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း၊ ဘဝနေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲပေးခြင်း၊ ဆေးဝါးဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကိရိယာများအသုံးပြုခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။ ကုသမှုကို ရွေးချယ်ဖို့ကတော့ ဖြစ်ပွားရသည့်အကြောင်းရင်း၊ ပြင်းထန်မှုအဆင့်နဲ့ အခြားဆက်စပ်အခြေအနေ တွေပေါ်မှာ မူတည်ပါတယ်။ လူနာတစ်ဦးချင်းအတွက် အသင့်တော်ဆုံး ကုသမှုကို ဆရာဝန်က အောက်ပါအချက်တွေအတိုင်း ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ 

  • ဆေးဝါးဖြင့်ကုသခြင်း - လိင်တံရှိ သွေးကြောများကို ကျယ်စေရန် သောက်ဆေးတွေကို အသုံးပြုနိင်ပေမယ့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရပါမယ်။ ကိုယ့်သဘော နဲ့ ကိုယ်သောက်သုံးခြင်းကို လုံးဝမပြုလုပ်ရပါ။ အထူးသဖြင့် ရောဂါအခံရှိသူများနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူး သတိပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးကြောများကို ကျယ်စေတဲ့ ပန်းသေပန်းညှိုးဆေးများသည် အသက်အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးဖြစ်ရ ခြင်း သည် တက်စတိုစတီရုန်းပမာဏ မူမမှန်ဘဲ နည်းပါးခြင်းကြောင့်ဆိုပါက ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိစေရန်အတွက် ဓာတုနည်းဟော်မုန်းထိုးဆေးများဖြင့် ကုသပေးနိုင်ပါတယ်။
  • ခွဲစိတ်ကုသခြင်း - လိင်တံအစားထိုးထည့်သွင်းခြင်းကို များသောအားဖြင့် အခြားကုသမှုများ ထိရောက်မှုမရှိတဲ့အခါမှသာ အကြံပြုလေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် တာကြောင့် ဖြစ်ပါတယ်။ အထူးကျွမ်းကျင်မှုရှိတဲ့ ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန် ကသာ ဒီခွဲစိတ်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။
  • အသံလှိုင်းကုထုံး* - ပန်းသေပန်းညှိုးရောဂါကို ကုသဖို့အတွက် နောက်ဆုံးပေါ် နည်းပညာ ဖြစ်ပါတယ်။ လိင်တံ၏ အပြင်ဘက်ကနေ ပြင်းအားနိမ့် ခန္ဓာကိုယ်ပြင်ပမှ အသံလှိုင်း  ကို အသုံးပြု ကုသခြင်းဖြစ်ပါတယ်။ သည်ကုထုံးဟာ သွေးကြောမျှင်အသစ်များ ဖွဲ့စည်းမှုကို လှုံ့ဆော်ပေးခြင်း၊ သွေးလည်ပတ်မှုကို တိုးမြှင့်ပေးခြင်း နှင့် လိင်တံထောင်မတ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။ အလွန်ဘေးကင်းတယ်လို့ ယူဆရပြီး ဆေးဝါးနှင့်ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း မရှိပါ။

*အသံလှိုင်းကုထုံးကို အထူးကုဆရာဝန်မှသာ ပြုလုပ်ပေးရပါမယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို စနစ်တကျ ရောဂါရှာဖွေဆုံးဖြတ်ခြင်း သည် လူနာအတွက် အသင့်တော်ဆုံး ကုသမှုကို အကဲဖြတ်ရွေးချယ်ရန်နှင့် အကောင်းဆုံး ဖြစ်နိုင်ခြေရလဒ်ကို အာမခံနိုင်ရန်အတွက် အရေးကြီးပြီး မရှိမဖြစ် လိုအပ်ပါတယ်။


လိင်မှုဆိုင်ရာစွမ်းဆောင်ရည်စစ်ဆေးခြင်းအစီအစဉ်ဟာ အောက်ပါ ပုဂ္ဂိုလ်များအတွက် သင့်လျော်ပါတယ် -

  • အသက် ၄၀ နှစ်နှင့်အထက် အမျိုးသားများ
  • ပန်းသေပန်းညှိုး ခံစားနေရသော အမျိုးသားများ
  • တက်စတိုစတီရုန်းချို့တဲ့နေသော အမျိုးသားများ
  • နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုး သို့မဟုတ် ဆီးချို စတဲ့ ရောဂါအခံ သို့မဟုတ် နာတာရှည်ရောဂါများ ရှိသူများ
Program Promotional Price
(THB)
Sexual Performance Screening Program
Purchase:
Srinakarin Shop | Lazada | Shopee
2,900
3,819

ဆွေးနွေးမတိုင်မီ ပြင်ဆင်ရန်များ - စစ်ဆေးမှုမပြုလုပ်မီ ရက် ကြိုတင်၍ သုက်မလွှတ်ဘဲ ရှောင်ကြဉ်ရမည်။

မှတ်ချက်များ

  • Price includes doctor’s fees and hospital service fees
  • Available only for Thai nationals and foreigners living in Thailand
  • Services are available at the Surgery Clinic, 1st Floor, Samitivej Srinakarin Hospital
  • Today – December 31, 2025