သွေးလွန်တုပ်ကွေးရောဂါ အမျိုးအစား (၄) မျိုးအတွက် ကာကွယ်ဆေးအသစ်
သွေးလွန်တုပ်ကွေးရောဂါ (Dengue) ဟာ ခြင်ကိုက်ရာကနေတစ်ဆင့် ကူးစက်တဲ့ ဖျားနာခြင်းတစ်မျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာများအဖြစ် ဖျားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း ၊ အနီအပိန့်များထခြင်း စတာတွေကို ခံစားရနိုင်ပြီး ကမ္ဘာတစ်ဝန်းလူထုကျန်းမာရေးနယ်ပယ်မှာ စိန်ခေါ်မှုအဖြစ်ရှိနေတဲ့ အထူးသဖြင့် အာရှတိုက်မှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံရဲ့ သွေးလွန်တုပ်ကွေးရောဂါ အမျိုးအစား (၄) မျိုးအတွက် ကာကွယ်ဆေးအသစ် (4-Serotype Dengue Fever Vaccine) ဟာ ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတဲ့ ရလဒ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ အသက် (၄) နှစ်မှ အသက် (၆၀) အထိ သင့်တော်ပြီး (၃) လခြားကာ နှစ်ကြိမ်သာ ထိုးနှံဖို့ လိုအပ်ပါ တယ်။ အဆိုပါ ကာကွယ်ဆေးအသစ်ဟာ ပိုမိုကျယ်ပြန့်တဲ့အသက်အရွယ် အပိုင်းအခြားအလိုက်ထိုးနှံနိုင်ပြီး ထိုးနှံရတဲ့အကြိမ်အရေအတွက်လည်း ပိုမိုနည်းပါး ကာ သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းရာဇဝင် (သို့) သွေးစစ်မှုရလဒ်လည်း မလိုအပ်တော့ တာကြောင့် ယခင်ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပါတယ်။
4-Serotype Dengue Fever Vaccine ဟာ ကြိုတင်ကာကွယ်နိုင်စွမ်းမြင့်မားပြီး အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသူများအတွက် အထူးသင့်လျော် တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ အဆိုပါကာကွယ်ဆေးဟာ ပြင်းထန်တဲ့ဖျားနာမှုများနဲ့ သေဆုံးနိုင်ခြေကို လျှော့ချရာမှာလည်း အရေးပါ ပါတယ်။
ကာကွယ်ဆေးရဲ့ထိရောက်မှုနှုန်း*
-
သွေးလွန်တုပ်ကွေးရောဂါ (၄) မျိုးစလုံးအတွက် ကာကွယ်နိုင်မှု (၈၀.၂) ရာခိုင်နှုန်း
- ဆေးရုံတက်ရောက်ခြင်းကိုလျှော့ချနိုင်မှု (၉၀.၄) ရာခိုင်နှုန်း
ကာကွယ်ဆေးထိုးနှံသင့်သူများ
- အသက်(၄)နှစ်မှ အသက်(၆၀)အတွင်းရှိသူများ
- သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရာဇဝင်ရှိဖူးသူများ (သို့) ရောဂါဖြစ်ပွားမှု ရာဇဝင်မရှိသေးသူများ (သွေးစစ်ရန်မလိုအပ်ပါ)
- ကိုယ်ခံအားစနစ်ရောဂါအခံမမရှိသူများအတွက်သင့်လျော်ခြင်း
- (၃)လခြားပြီး နှစ်ကြိမ်သာ ကာကွယ်ဆေးထိုးနှံရန်လိုအပ်ခြင်း
| အစီအစဉ်များ | အထူးဈေးနှုန်းများ (THB) |
| New 4-serotype Dengue Fever Vaccine for Ages Over 18 (2 doses) Buy Vaccine | Sukhumvit Shop | Srinakarin Shop | Lazada | Shopee |
4,500 |
