Vision Care
ဘာကြောင့် Vision Care ပရိုဂရမ် ကိုရွေးချယ်သင့်တာလဲ?
မျက်စိနဲ့ပတ်သက်ပြီး ပြဿနာရှိတဲ့သူတွေဟာ ပြင်းထန်တဲ့အဆင့်မရောက်မချင်း လက္ခဏာမပြတတ် တာကြောင့် အောင်မြင်စွာကုသပျောက်ကင်းနိုင်ဖို့ အရမ်းနောက်ကျနေတတ်ပါတယ်။
Vision Care ပရိုဂရမ် က ဘယ်သူတွေ နဲ့ သင့်လျော်သလဲ?
- ဆိုးဆိုးဆိုးရွားရွားအဝေးမှုန်တဲ့လူနာများ
- မိသားစုထဲမှာရေတိမ်ဖြစ်ပွားဖူးသူများ
- မျက်စိထိခိုက်ဒဏ်ရာရဖူးသူများ
- တီဘီဆေး ၊ အဆစ်ရောင်ရောဂါပျောက်ဆေး ၊ စတီးရွိုက်ကဲ့သို့သော စွဲသောက်ရတဲ့ဆေး လိုအပ်သူလူနာများ
- ဆီးချိုနဲ့သွေးတိုးကဲ့သို့ရောဂါအခံရှိသူများ
Vision Care ပရိုဂရမ် နဲ့ သင့်လျော်တဲ့ သက်အပိုင်းအခြား
- အသက်ကြီးလာရင် မျက်စိယိုယွင်းလာပြီဖြစ်တာကြောင့် အသက် (၄၀)ကျော်ပြီဆိုရင် စစ်ဆေးဖို့ သင့်လျော်ပါတယ်။ ဒီအသက်အရွယ်အပိုင်းအခြားဟာ အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့အမြင်လွှာ ယိုယွင်းခြင်း ၊ အမြင်လွှာသွေးကြောများပိတ်သွားခြင်း ၊ အတွင်းတိမ် စတာတွေ ဖြစ်လာနိုင်ပါတယ်။
Vision Care ပရိုဂရမ် ရဲ့ အားသာချက်များ
- စစ်ဆေးမှုအတွင်း အမြင်ကြည်လင်ပြတ်သားမှု ၀.၀၁ မီလီမီတာအထိအသေးစိတ်တိကျတဲ့ Optical Coherence Tomography(OCT) နည်းပညာဖြင့်စစ်ဆေးပေးခြင်း
- တိတိကျကျရောဂါရှာဖွေမှု
- ပြီးမြောက်ဖို့ (၅)မိနစ်တောင်မကြာဘဲ မြန်ဆန်ရိုးရှင်းတဲ့စစ်ဆေးမှု
- စစ်ဆေးရာမှာနာကျင်မှုမရှိခြင်း
- မည်သည့်ဓာတ်ရောင်ခြည်နဲ့မှ ထိတွေ့မှုမရှိတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိခြင်း
