Life Fit Program Life Fit Program

Life Fit Program

Available through ၃၁ ဒီ ၂၀၂၆

Life Fit Program

ဝိတ်ချလိုသူများအတွက် အထောက်အကူပြု အသေးစိတ်ကျန်းမာရေးအစီအစဉ်တစ်ခု

ကိုယ်အလေးချိန် အလွန်အကျွံများနေခြင်း သို့မဟုတ် အဝလွန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ သွေးတွင်း ကိုလက်စထရောများခြင်းနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားခြင်း စတဲ့ အန္တရာယ်တွေကို လူတွေက ကောင်းစွာ သိကြပါတယ်။ ဒီအန္တရာယ်တွေကို ကြောက်လို့လည်း လူအများစုဟာ စနစ်တကျ စီမံထား တဲ့ စားသောက်မှုပုံစံနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့  ကြိုးပမ်းကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်း အဝလွန်အဆင့်သို့ ရောက်နေသူတွေအတွက်ကတော့ ဒီမျှလောက်နှင့် မလုံလောက် နိုင်ပါ။

“Life Fit Program”အစီအစဉ်ကတော့ အဝလွန်နေသူတွေအတွက် ကိုယ်အလေးချိန် လျော့ကျစေဖို့ အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အထူးဂရုစိုက်မှုများ၊ ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်နိုင်ဖို့ ပိုက်စိတ်တိုက်စစ်ဆေးမှုများကိုလည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး “အိုမင်းရင့်ရော်မှု တားဆီးရေးနှင့် ပြန်လည် နုပျိုရေး အထူးကုဆရာဝန်ကြီးများ” က ကိုယ်အလေးချိန် လျှော့ချပေးရုံသာမက ဘဝအရည်အသွေး ပိုမို ကောင်းမွန်လာစေရန်နှင့် တစ်ကိုယ်ရည်ကျန်းမာရေး တိုးတက်လာစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို ရေးဆွဲပေးမှာ ဖြစ်ပါတယ်။ 

ပရိုဂရမ် ပရိုမိုးရှင်းဈေးနှုန်း
(ထိုင်းဘတ်)
Life Fit Program See details | Buy this program
Code: SVH-pack-lifefit
13,500
18,000
Life Fit Plus Program See details | Buy this program
Code: SVH-pack-lifefit-plus
17,500
22,000

မှတ်ချက်များ

  • ဖော်ပြပါဈေးနှုန်းမှာ ဆရာဝန်၏ ဓာတ်ခွဲခန်းစစ်ဆေးချက်အဖြေသုံးသပ်မှု နှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီးဖြစ်သော်လည်း၊ ပထမအကြိမ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်ခ မပါဝင်ပါ။
  • ဝန်ဆောင်မှု ရရှိနိုင်သည့်နေရာ
    • ဆစ်မီတစ်ဝေ့ဆူခွန်ဗစ်ဆေးရုံကြီး၊ အဆောက်အအုံ (၂)၊ တတိယထပ် Life Center မှာ တနင်္လာမှ သောကြာ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ၊ စနေ တနင်္ဂနွေ မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ ဤဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။
    • ဆစ်မီတဝေ့ ဆရီနာခရင်ဆေးရုံကြီး၊ စတုတ္ထထပ်၊ Well-Being Health Center  မှာ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဤဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။
  •  ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသာ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါတယ်။
  • ယနေ့မှ ၃၁ ဒီဇင်ဘာ ၂၀၂၆ အထိ။