မျိုးရိုးဗီဇကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတွင်းအဆီဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေကို စစ်ဆေးအကဲဖြတ်သည့် အစီအစဉ်
Polygenic Risk Score for Coronary Artery Disease and Dyslipidemia
သွေးတွင်းအဆီဓာတ် မြင့်မားရခြင်းဟာ အစားအသောက်တစ်ခုတည်းကြောင့်ပဲလို့ လူတော်တော်များများက ယူဆထားကြပါတယ်။ သို့သော်လည်း လူတစ်ဦးချင်းစီရဲ့ သွေးတွင်းအဆီဓာတ်ပမာဏကို သတ်မှတ်ရာမှာတော့ မျိုးရိုးဗီဇကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ဘာကြောင့် သွေးတွင်း ကိုလက်စထရော မြင့်မားရတာလဲ။
- သွေးတွင်းကိုလက်စထရော မြင့်မားခြင်းဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပြီး အများအားဖြင့် အောက်ပါအချက်များ ပေါင်းစပ်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
- မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာများ
- နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ — အစားအသောက်၊ လေ့ကျင့်ခန်း၊ ခန္ဓာကိုယ်အလေးချိန်၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်းနှင့် ရောဂါအခံများ - သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ
သွေးတွင်းကိုလက်စထရော မြင့်မားခြင်းကို ထိန်းချုပ်ကုသရာမှာ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာများ သို့မဟုတ် ချွတ်ယွင်းချက်များနှင့် ဆက်စပ်သည်ဖြစ်စေ၊ မဆက်စပ်သည်ဖြစ်စေ အကြောင်းရင်း ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံး ရည်ရွယ်ချက်ကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်တားဆီးဖို့ပဲ ဖြစ်ပါတယ်။
သွေးတွင်း ကိုလက်စထရော မြင့်မားခြင်းကို ကုသရာမှာ ပဓာနအကျဆုံးက သွေးတွင်း အဆီဓာတ် ပမာဏကို လျှော့ချဖို့ သက်သက်မဟုတ်ဘဲ နောင်အနာဂတ်မှာ ရုတ်တရက် နှလုံးသွေးကြော ကျဉ်း/ပိတ်သည့် ရောဂါလက္ခဏာစု ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သွေးတွင်း အဆီဓာတ် ကာလရှည် မြင့်မားနေခြင်းဟာ နှလုံးသွေးကြောတွေကို မာကျော လာစေပြီး နှလုံးကြွက်သားသို့ သွေးစီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။ နောက်ဆက်တွဲအနေဖြင့် နှလုံးကြွက်သားများဆီသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်သွားခြင်းကြောင့် နှလုံးကြွက်သားပုပ်ခြင်း အန္တရာယ်ကို ဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် သွေးတွင်းကိုလက်စထရော မြင့်မားသူတိုင်းအနေနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို သင့်လျော်စွာ စစ်ဆေးအကဲဖြတ်သင့်ပါတယ်။
| ပရိုဂရမ် | ပရိုမိုးရှင်းဈေးနှုန်း (ထိုင်းဘတ်) |
| Polygenic Risk Score for CAD and Dyslipidemia (မျိုးရိုးဗီဇကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတွင်းအဆီဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေကို စစ်ဆေးအကဲဖြတ်ခြင်း) |
14,500 |
| Polygenic Risk Score for CAD and Dyslipidemia with Cardiac Health Panel (မျိုးရိုးဗီဇကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတွင်းအဆီဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို စစ်ဆေးအကဲဖြတ်ခြင်း) |
17,500 |
| Polygenic Risk Score for CAD and Dyslipidemia with Cardiac Health Panel and CT Calcium Score (မျိုးရိုးဗီဇကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတွင်းအဆီဓာတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို စစ်ဆေးအကဲဖြတ်ခြင်း၊ နှလုံးသွေးကြောအတွင်း ကယ်လ်စီယမ်ဓာတ် စစ်ဆေးခြင်း) |
22,500 |
