Metabolic Balance Program (ဇီဝကမ္မဖြစ်စဉ် မျှခြေထိန်းညှိမှု အစီအစဉ်) Metabolic Balance Program (ဇီဝကမ္မဖြစ်စဉ် မျှခြေထိန်းညှိမှု အစီအစဉ်)

Metabolic Balance Program (ဇီဝကမ္မဖြစ်စဉ် မျှခြေထိန်းညှိမှု အစီအစဉ်)

Available through ၃၁ ဒီ ၂၀၂၆

Metabolic Balance Program (ဇီဝကမ္မဖြစ်စဉ် မျှခြေထိန်းညှိမှု အစီအစဉ်)

အဝလွန်ခြင်းနှင့် ဇီဝကမ္မကျန်းမာရေးအတွက် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ စစ်ဆေးခြင်း

အဝလွန်ခြင်းဆိုတာ ထင်တာထက် ပိုပြီး စောစောဖြစ်လာတတ်ပါတယ်။
နေ့စဉ်နေထိုင်မှုပုံစံ အမူအကျင့်တွေက ဖြစ်ပွားနိုင်ခြေအန္တရာယ်ကို တဖြည်းဖြည်းချင်း မြင့်မားလာစေတတ်ပါတယ်။
ကိုယ်အလေးချိန်ကို အခုကတည်းက စနစ်တကျ ထိန်းညှိခြင်းဟာ ရေရှည်ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

အာရှနွယ်ဖွားများအတွက် ကိုယ်အလေးချိန်ပိုခြင်းနှင့် အဝလွန်ခြင်းကို ဆန်းစစ်ခြင်း
BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) တွက်ချက်ပုံ နည်းလမ်း
BMI = ကိုယ်အလေးချိန် (ကီလိုဂရမ်) ÷ အရပ်အမြင့် (မီတာ)²

  • BMI ၁၈.၅ မှ၂၂.၉ kg/m² : ပုံမှန်ကိုယ်အလေးချိန်
  • BMI ၂၃.၀ မှ၂၄.၉ kg/m²: ကိုယ်အလေးချိန်ပိုခြင်း
  • BMI ၂၅.၀ နှင့်အထက် kg/m²: အဝလွန်ခြင်း

အာရှနွယ်ဖွားတွေအတွက် သတ်မှတ်ထားတဲ့ BMI စံနှုန်းများကို အသုံးပြုခြင်းဖြင့် ရောဂါလက္ခဏာ မပြသေးသူများ သို့မဟုတ် သိသိသာသာ အဝမလွန်သေးသူတွေမှာတောင် ဖြစ်ပွားနိုင်ခြေရှိနေပြီဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်စစ်ဆေး သိရှိနိုင်မှာ ဖြစ်ပါတယ်။

BMI တစ်ခုတည်းနဲ့ရော လုံလောက်ပြီလား?

BMI ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပေမယ့်လည်း ကြွက်သားထုထည်များသူများ၊ သက်ကြီးရွယ်အိုများ စတဲ့ အချို့သူတွေမှာ ခါးလုံးပတ်အကျယ်ကိုပါ ထည့်သွင်းစဉ်းစားခြင်း သို့မဟုတ် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အသေးစိတ်ဆန်းစစ်ခြင်းစတာတွေကို ပြုလုပ်ပြီး အရေပြားအောက်ကအဆီထက် နှလုံးရောဂါနှင့် ဆီးချိုရောဂါ ဖြစ်ပွားမှုတို့နဲ့ ပိုမိုဆက်စပ်နေတဲ့ ဝမ်းဗိုက်အတွင်းရှိအဆီစုပုံမှုကို ဆန်းစစ်ခြင်းများလည်း ဆောင်ရွက်ပါတယ်။

ခါးလုံးပတ်အကျယ် နှင့် ဝမ်းဗိုက်အဆီစုဝေးခြင်း (ဗိုက်ပူခြင်း) -  BMI အပြင် ခါးအတိုင်းအတာကလည်း ဝမ်းဗိုက် အတွင်း အဆီစုပုံမှုကို ပြသတဲ့ အရေးကြီးအညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီစုနေခြင်းဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်ပွားနိုင်ခြေနှင့် တိုက်ရိုက် ဆက်စပ်နေပါတယ်။

အာရှနွယ်ဖွားများအတွက် ကျန်းမာရေးအန္တရာယ် ရှိနိုင်ခြေကို ညွှန်ပြသည့် ခါးအတိုင်းအတာ သတ်မှတ်ချက်များ

  • အမျိုးသား - ၉၀ စင်တီမီတာ နှင့် အထက်
  •  အမျိုးသမီး - ၈၀ စင်တီမီတာ နှင့် အထက်

BMI  က ပုံမှန်အဆင့်အတွင်း ရှိနေပေမယ့် ခါးလုံးပတ်အကျယ်ဟာ သတ်မှတ်ချက်ထက် များနေမယ်ဆိုရင် ရေရှည်ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ရှိနေနိုင်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ပိုခြင်းနှင့် အဝလွန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

အဝလွန်ခြင်းဆိုတာ အစားအသောက် အလွန်အကျွံ စားသုံးခြင်း တစ်ခုတည်းကြောင့် ဖြစ်ရတာမဟုတ်ပါ။ အမူအကျင့်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနှင့် နေထိုင်မှုပုံစံဆိုင်ရာ လွှမ်းမိုးမှုများအပါအဝင် ရှုပ်ထွေးပြီး အပြန်အလှန် ဆက်နွယ်နေတဲ့ အကြောင်းအချက်များစွာ စုပေါင်းရာက ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ဒီအကြာင်းရင်းတွေက ခန္ဓာကိုယ်ရဲ့ ရေရှည်စွမ်းအင်ညီမျှမှုနှင့် ကိုယ်အလေးချိန် ထိန်းညှိမှုစနစ်တွေ အပေါ်မှာ သက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။

စနစ်တကျ ထိန်းသိမ်းခြင်းမရှိပါက အောက်ပါ ပြင်းထန်ကျန်းမာရေးအခြေအနေများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်

  • နှလုံးသွေးကြောကျဉ်းရောဂါ
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • သွေးတွင်းအဆီများခြင်း
  • ဒူးဆစ်အရိုးရောင်ခြင်း နှင့် နာတာရှည် အဆစ်အမြစ် ကိုက်ခဲခြင်း
  • အချို့သော ကင်ဆာရောဂါများ (ဥပမာ - ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သားဥအိမ်ကင်ဆာ)

 

ပရိုဂရမ် ပရိုမိုးရှင်းဈေးနှုန်း 
(ထိုင်းဘတ်)
Metabolic Balance Program (ဇီဝကမ္မဖြစ်စဉ် မျှခြေထိန်းညှိမှု အစီအစဉ်)
|  စစ်ဆေးမှု အမျိုးအစားများ
5,399
7,600

မှတ်ချက်များ

  • ဖော်ပြပါဈေးနှုန်းမှာ ဆရာဝန်ဆောင်ရွက်ပေးမှုနှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီး ဖြစ်ပါသည်။ 
  • ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသာ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ 
  • ယနေ့မှ ဒီဇင်ဘာ ၃၁ ရက် ၂၀၂၆ အထိ။
  • ဆစ်မီတစ်ဝေ့ဆူခွန်ဗစ်ဆေးရုံကြီး၊ အဆောက်အအုံ (၁)၊ ပထမထပ်၊ ကောင်တာ (၂) ရှိ Prime Metabolic Health Center မှာ ဤဝန်ဆောင်မှုကို ရယူနိုင်ပါသည်။