Health Check-up with Heart Disease Screening
ရင်ဘတ်ထဲမှာ တင်းကျပ်နေခြင်းကို လူအများစုက အစာအိမ်အက်စစ်ရည်ပြန်ဆန်တတ်ခြင်းကြောင့်လို့သာ ထင်တတ်ကြပါတယ်။ တကယ်တော့ ရဲ့ အစောပိုင်း သတိပေးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
- နှလုံးသွေးကြောကျဉ်းရောဂါဟာ ထိုင်းနိုင်ငံသာမက ကမ္ဘာတဝန်းတွင် သေဆုံးမှုအများဆုံး ဖြစ်စေတဲ့ ရောဂါများအနက် တစ်ခု ဖြစ်ပါတယ်။
- နှစ်စဉ် လူပေါင်း သန်း ၂၀ ကျော်ဟာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးနေရပါတယ်။
- ၂၀၂၂ ခုနှစ် စာရင်းအရ သေဆုံးသူ ၁၉ သန်းကျော်ဟာ အရွယ်မတိုင်မီ သေဆုံးခဲ့ရတာဖြစ်ပြီး ၈၅% ဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းကြောင့် ဖြစ်ပါတယ်။
အရင်းအမြစ်ကိုးကားချက် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)
အစာအိမ်အက်စစ်ရည် ပြန်ဆန်တတ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရင်ဘတ်တင်းကျပ်မှုနှင့် နှလုံးရောဂါကြောင့် ဖြစ်ပေါ်တဲ့ ရင်ဘတ်တင်းကျပ်မှုတို့မှာ ကွဲပြားသော လက္ခဏာများ ရှိကြပါတယ်။
လက္ခဏာချင်း ဆင်တူနိုင်ပေမဲ့ အောက်ပါအချက်များကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။
အစာအိမ်အက်စစ်ရည်ပြန်ဆန်တတ်ခြင်းကြောင့် ရင်ဘတ်တင်းကျပ်ခြင်း
- ရင်ဘတ်အလယ်တည့်တည့် သို့မဟုတ် ရင်ညွန့်အောက်ပိုင်းတွင် အစားစားပြီးနောက် ပူလောင်ခြင်း
- လေခဏခဏတက်ခြင်း၊ ချဉ်သောလေများတက်ခြင်း သို့မဟုတ် လေပွခြင်း
- အစားအများကြီးစားပြီးချိန် သို့မဟုတ် စားပြီးပြီးချင်း လှဲအိပ်ချိန်တွင် ဗိုက်ကယ်ခြင်း၊ မအီမသာဖြစ်ခြင်း
- လည်ချောင်းထဲတွင် တစ်ခုခုတစ်နေသလို ခံစားရပြီး မျိုချရခက်ခြင်း
- အစာအိမ်အက်ဆစ်ကြောင့် လေပြွန်ကို ထိခိုက်ပြီး နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် လည်ချောင်းနာခြင်း
- လှဲအိပ်နေစဉ် အက်ဆစ်များ လေပြွန်အတွင်းရောက်ရှိကာ အသက်ရှူရ ခက်ခဲခြင်း
နှလုံးရောဂါကြောင့် ရင်ဘတ်တင်းကျပ်ခြင်း
- ရင်ဘတ်အလယ်တည့်တည့်တွင် တခုခုနဲ့ ဖိထားသလို တင်းကျပ်စွာ နာကျင်ခြင်း
- လက်မောင်း၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ပခုံးများပါနာကျင်ခြင်း
- လှုပ်လှုပ်ရှားရှားလုပ်စဉ် (ဥပမာ- လှေကားတက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း) တွင် ရင်ဘတ်အောင့်လာခြင်း
- ရင်ဘတ်တင်းကျပ်မှုဟာ ၅ မိနစ်မှ ၁၀ မိနစ်ထက် ပိုကြာတတ်ပြီး အနားယူသော်လည်း မသက်သာခြင်း
- ချွေးအလွန်အမင်းထွက်ခြင်း
- ရင်ဘတ်တင်းကျပ်ပြီး ချွေးစေးများ ထွက်ခြင်း
- မောပန်းခြင်း၊ အထူးသဖြင့် လှဲအိပ်စဉ် သို့မဟုတ် လှုပ်ရှားမှုလုပ်စဉ် အသက်ရှူမဝခြင်း
- ရင်ဘတ်တင်းကျပ်ခြင်းနဲ့အတူ နှလုံးခုန်မမှန်ခြင်း၊ ရင်တုန်ခြင်း
- ပြင်းပြင်းထန်ထန် မလှုပ်ရှားသော်လည်း ပုံမှန်ထက် ပိုမောနေခြင်း
- ရင်ဘတ်အောင့်နေစဉ် သတိလစ်ခြင်း သို့မဟုတ် မူးလဲခြင်း (၎င်းဟာ အရေးပေါ်အခြေအနေပါတယ်)
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေသော အချက်များ
နှလုံးရောဂါဖြစ်စေနိုင်သော အချက်များ
- သွေးတိုးရောဂါ ရှိခြင်း
- သွေးတွင်း ကိုလက်စထရော (အဆီဓာတ်) များခြင်း
- ဆီးချိုရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
- မိသားစုမျိုးရိုးတွင် နှလုံးရောဂါရှိခြင်း
ပြင်းထန်တဲ့ လက္ခဏာများ မပေါ်မီ ကျွန်ုပ်တို့ရဲ့ နှလုံးရောဂါစစ်ဆေးမှုပါဝင်သော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်နှင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ရှိ၊ မရှိ စစ်ဆေးလိုက်ပါ။
- ရောဂါဖြစ်နိုင်ခြေ ဘယ်လောက်ရှိကြောင်း ကြိုတင်သိရှိနိုင်ခြင်း
- ရုတ်တရက် နှလုံးဖောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ခြင်း
| Program | Promotion Price (THB) |
| Health Check-up (15 items) and Exercise Stress Test (EST) | Details | Buy Now | 10,000 |
| Health Check-up (15 items) and Echocardiogram (Echo) | Details | Buy Now | 11,000 |
| Health Check-up (15 items) and Exercise Stress Echocardiogram (ESE) | Details | Buy Now | 12,000 |
| Health Check-up (15 items), Exercise Stress Echocardiogram (ESE) and CT Calcium Scoring | Details | Buy Now | 16,500 |
