အစာအိမ်မှန်ပြောင်းကြည့်ခြင်း
EGD သို့မဟုတ် အစာအိမ်မှန်ပြောင်းကြည့်ခြင်း (အစာအိမ်အူလမ်းကြောင်း အထက်ပိုင်းမှန်ပြောင်းကြည့် စစ်ဆေး ခြင်း) ဟာဘယ်နေရာတွေမှာ အသုံးဝင်ပါသလဲ?
အစာအိမ်မှန်ပြောင်းကြည့်ခြင်း သို့မဟုတ် အစာအိမ်အူလမ်းကြောင်းအထက်ပိုင်းမှန်ပြောင်းကြည့် စစ်ဆေးခြင်း (Esophagogastroduodenoscopy (EGD) ဆိုတာ ပါးစပ်ကနေတစ်ဆင့် ကင်မရာပါတဲ့ပြွန်ရှည်ပုံစံ ပိုက် တစ်ခုကိုသွင်းကာ ရောဂါအခြေအနေကို ရှာဖွေစစ်ဆေးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အထူးကုဆရာဝန်တွေအတွက် အစာပြွန်၊ အစာအိမ် နဲ့ အူသိမ်အထက်ပိုင်းတွေရဲ့ အခြေအနေတွေကို ကြည့်ရှု စစ်ဆေးနိုင်အောင် ကူညီပေးပါတယ်။
ဘယ်လိုလူမျိုးတွေက အစာအိမ်မှန်ပြောင်းစစ်ဆေးမှု ခံယူဖို့ စဉ်းစားသင့်သလဲ?
သင့်မှာဒီလိုအခြေအနေတွေခံစားနေရပြီဆိုရင် အစာအိမ်မှန်ပြောင်းစစ်ဆေးမှုခံယူဖို့ စဉ်းစားသင့်ပါတယ်။
- ဝမ်းဗိုက်နာကျင်မှုနဲ့အတူ သွေးအားနည်းလက္ခဏာများခံစားနေရခြင်းဟာ အစာအိမ်မှာ နာတာရှည် အနာ များသို့မဟုတ် သွေးထွက်နေတဲ့ အလုံးအကျိတ်များရှိနေနိုင်တယ်လို့ ညွှန်းဆိုနေလိုပါ။
- အစားစားတဲ့ပုံစံ ပြောင်းလိုက်တာမျိုးမရှိပေမယ့် ဗိုက်နာပြီး ကိုယ်အလေးချိန်ရုတ်တရက်ကျသွားခြင်း
- အစားအစာ မျိုချရခက်ခဲခြင်း သို့မဟုတ် မျိုချချိန်မှာနာကျင်ခြင်း၊ ဒီလိုမျိုးဖြစ်တာဟာအစာပြွန်မှာ မူမ မှန်မှုတွေရှိနေတယ်လို့ ညွှန်ပြေနေလို့ပါ။
- နာတာရှည်ဗိုက်အောင့် ဝေဒနာခံစားရခြင်း၊ လေပွခြင်း၊ မကြာခဏအန်ခြင်း သို့မဟုတ် သွေးအန်ခြင်း တို့ပဲဖြစ်ပါတယ်။
အစာအိမ်မှန်ပြောင်းကြည့်ခြင်းကိုလုပ်မယ်ဆိုရင် ဘာတွေကြုံတွေ့ရနိုင်သလဲ
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဆိုတာ အစာပြွန်၊ အစာအိမ်နဲ့ အူသိမ်အထက်ပိုင်းတွေကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပြီး ခန့်မှန်းခြေ မိနစ် ၂၀ ကနေ ၃၀ အထိကြာမြင့်တတ်ပါတယ်။ မှန်ပြောင်းကြည့်မယ့်လူနာကို မသက်မသာ ဖြစ်မှု အနည်းဆုံးဖြစ်အောင်လို့ မှန်ပြောင်းကြည့်နေချိန်မှာ မေ့ဆေး သို့မဟုတ် အိပ်ဆေးပေးထားမှာဖြစ်ပါတယ်။
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဆိုတာ အစာပြွန်၊ အစာအိမ်နဲ့ အူသိမ်အထက်ပိုင်းတွေကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပြီး ခန့်မှန်းခြေ မိနစ် ၂၀ ကနေ ၃၀ အထိကြာမြင့်တတ်ပါတယ်။ မှန်ပြောင်းကြည့်မယ့်လူနာကို မသက်မသာ ဖြစ်မှု အနည်းဆုံးဖြစ်အောင်လို့ မှန်ပြောင်းကြည့်နေချိန်မှာ မေ့ဆေး သို့မဟုတ် အိပ်ဆေးပေးထားမှာဖြစ်ပါတယ်။
လူနာကိုထုံဆေးပါတဲ့ ပါးလုပ်ကျင်းရည် သို့မဟုတ် အိပ်ဆေးပေးလိုက်ပြီးချိန်မှာ ဆရာဝန်ဟာ ပါးစပ်ကနေ သေးငယ်ရှည်လျားတဲ့ ပိုက်လေးတစ်ချောင်းသွင်းလိုက်ပါမယ်။ ဒီပိုက်မှာအလင်းရောင်ပါဝင်တာကြောင့် စစ်ဆေး မှုအတွင်းမှာ အူလမ်းကြောင်းမှာရှိတဲ့အရာတွေကို ပိုပြီးထင်ထင်ရှားရှားမြင်တွေ့ရစေပါတယ်။
လူနာဟာ ဘယ်ဘက်ကိုစောင်း လှဲနေရမှာဖြစ်ပြီး မှန်ပြောင်းပါတဲ့ပိုက်ကို ပါးစပ်ကနေ သွင်းလိုက်ပါတယ်။ လွယ်လွယ်ကူကူသွင်းနိုင်ဖို့အတွက် လူနာဟာ စိတ်နဲ့ကိုယ်ကိုလျော့ထားရမှာဖြစ်ပါတယ်။ ပိုက်သွင်းပြီးတာ နဲ့ဆရာဝန်ဟာ လည်ချောင်းကနေစပြီး အစာပြွန်၊ အစာအိမ်၊ အူသိမ်အစပိုင်းတို့ကို စစ်ဆေးမှာဖြစ်ပါတယ်။ စစ်ဆေးနေချိန်အတွင်းမှာ မူမမှန်မှုတစ်ခုခုတွေ့ပြီဆိုတာနဲ့ နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့ အသားစကို ချက်ချင်းထုတ်ယူမှာဖြစ်ပါတယ်။
အစာအိမ်မှန်ပြောင်းကြည့်ပြီးနောက်ပိုင်းလုပ်ငန်းစဉ်
မှန်ပြောင်းကြည့်ပြီးတဲ့နောက်မှာ လူနာဟာ လည်ချောင်းအနည်းငယ်နာခြင်း သို့မဟုတ် လေပွခြင်းစတာတွေကို ခံစားရနိုင်ခြေရှိပါတယ်။ ဒါပေမယ့် လူနာအများစုဟာ မှန်ပြောင်းကြည့်ပြီး မကြာခင်မှာတင် ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှားဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ကောင်မွန်စွာသက်သာစေဖို့အတွက် အစားအစာ စားသောက် မှုကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။
Program |
Promotion Price
|
အစာအိမ်မှန်ပြောင်းကြည့်ခြင်း(အပျော့စား အိပ်ဆေးဖြင့် အစာအိမ်အူလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်စစ်ဆေးခြင်း၊ အစာအိမ်ပိုး (H.pylori) စစ်ဆေးခြင်း အပါအဝင်) |
20,000 |
