လက္ခဏာများ မပေါ်မီ ဆဲလ်များ ပျက်စီးမှုနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို စောစီးစွာ သိရှိနိုင်သည့် ကျန်းမာရေးစစ်ဆေးမှု ပရိုဂရမ်
AI နည်းပညာကို အသုံးပြု၍ ရေရှည်ကျန်းမာရေးအခြေအနေများကိုလည်း ခွဲခြမ်းစိတ်ဖြာပေးပါတယ်။
မကြာခဏ မေ့လျော့ခြင်နဲ့ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားနေရသူများအတွက်
ဦးနှောက်ကျန်းမာရေး စစ်ဆေးမှုကို ဘာကြောင့် ခံယူသင့်တာလဲ?
အောက်ပါ အကြောင်းအရင်းများကြောင့် ဦးနှောက်ကျန်းမာရေး စစ်ဆေးခြင်းက အရေးကြီးပါတယ်။- ဦးနှောက်တွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို စောစီးစွာ သိရှိခြင်းဖြင့် အချိန်မီ ကုသမှုခံယူနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။ ရောဂါလက္ခဏာများ မပေါ်လာမီကတည်းက သိရှိထားပါက ကြိုတင်စောင့်ရှောက်မှုများ စတင်လုပ်ဆောင်နိုင်ပြီး ဦးနှောက်လုပ်ဆောင်ချက်များ ယိုယွင်းလာမှုကို နှောင့်နှေးစေနိုင်ပါတယ်။
- မေ့လျော့ခြင်းကဲ့သို့သော လက္ခဏာများ စတင်ပေါ်ပေါက်လာချိန်တွင် ဦးနှောက်တစ်ရှူးများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေပြီးသား ဖြစ်နိုင်တာကြောင့် ဦးနှောက်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာအောင် ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)၊ ပါကင်ဆန်ရောဂါ (Parkinson’s disease) နဲ့ လေဖြတ်ခြင်း ကဲ့သို့သော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို ဆန်းစစ်နိုင်ပါတယ်။
- ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာဖွေသိရှိနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းဖို့ နေထိုင်မှုပုံစံနဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။
- ဦးနှောက်ကျန်းမာရေး စောင့်ရှောက်မှု များက ထိရောက်မှု ရှိ၊ မရှိ ဆန်းစစ်နိုင်ခြင်း နဲ့ ကုသမှုရလဒ်တွေကို စောင့်ကြည့်အကဲဖြတ်နိုင်ပါတယ်။
အဓိကစစ်ဆေးမှုများ
- Oligomerized Amyloid-Beta သွေးစစ်ဆေးမှု ဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို အကဲဖြတ်ပေးနိုင်တဲ့ အသစ်တီထွင်ထားသော သွေးစစ်ဆေးမှုတစ်မျိုး ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး ဦးနှောက်လုပ်ဆောင်ချက်များ၊ မှတ်ဉာဏ်၊ သိမြင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုမှာ ဦးနှောက်အတွင်း Amyloid-Beta ပရိုတင်း တွေ စုပုံလာပြီး အာရုံကြောဆဲလ်တွေကို ထိခိုက်ပျက်စီးစေခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီသွေးစစ်ဆေးမှုက ရောဂါလက္ခဏာတွေ မပေါ်လာမီ ၁၀ နှစ်မှ ၁၅ နှစ်ခန့်အထိ ကြိုတင်ပြီး ရောဂါဖြစ်နိုင်ခြေကို အကဲဖြတ်နိုင်ပါတယ်။ ရောဂါအစောပိုင်းအဆင့်မှာ လက္ခဏာမပြသေးဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ပါသေးတယ်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်းလို လက္ခဏာတွေ ပေါ်လာချိန်မှာတော့ ဦးနှောက်တစ်ရှူးတွေ သိသိသာသာ ပျက်စီးနေပြီး ဖြစ်နိုင်တာကြောင့် ဦးနှောက်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒီစစ်ဆေးမှုရဲ့ Sensitivity နဲ့ Specificity ဟာ ၈၀% ကျော် ရှိပါတယ်။ ဒါ့အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ အခြားလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများအကြောင်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
- APOE genotype စစ်ဆေးမှု (အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်း) ဟာ APOE မျိုးရိုးဗီဇရဲ့ အမျိုးအစားကို သိရှိနိုင်တဲ့ မျိုးရိုးဗီဇစစ်ဆေးမှုတစ်မျိုး ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို အကဲဖြတ်နိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချဖို့ ကုသမှုအစီအစဉ်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲမှုတွေကို စီစဉ်ရာမှာ အထောက်အကူပြုပါတယ်။
သိထားသင့်တဲ့ အချက်များ- APOE genotype စစ်ဆေးမှုဟာ ရောဂါရှိ၊ မရှိ အတည်ပြုပေးတဲ့ စစ်ဆေးမှုမဟုတ်ဘဲ ရောဂါဖြစ်နိုင်ခြေကို အကဲဖြတ်ပေးတာ ဖြစ်ပါတယ်။
- ရောဂါဖြစ်နိုင်ခြေဟာ နေထိုင်မှုပုံစံ၊ အစားအသောက်နဲ့ မိသားစုရာဇဝင် စတဲ့ အခြားအချက်တွေပေါ်မှာလည်း မူတည်ပါတယ်။
- ဦးနှောက် MRI စစ်ဆေးမှု ဟာ Dementia နဲ့ ဆက်စပ်တဲ့ ဦးနှောက်ပြောင်းလဲမှုတွေကို အကဲဖြတ်ဖို့ဖြစ်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်ဖွဲ့စည်းပုံကို အသေးစိတ်ပုံရိပ်ဖော်ပေးတာကြောင့် Dementia နဲ့ ဆက်စပ်တဲ့ မူမမှန်ပြောင်းလဲမှုတွေကို ဆရာဝန်တွေက ရှာဖွေသိရှိပြီး အကဲဖြတ်နိုင်ပါတယ်။ အထူးသဖြင့် မှတ်ဉာဏ်နဲ့ သင်ယူမှုဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ Hippocampus နဲ့ Temporal Lobe တို့မှာ ဦးနှောက်တစ်ရှူးများ ကျုံ့လာခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် အခြားဦးနှောက်ဆိုင်ရာ မူမမှန်မှုတွေကိုလည်း ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။
ဘယ်သူတွေနဲ့ သင့်တော်သလဲ
- မိသားစုဝင် သို့မဟုတ် ဆွေမျိုးနီးစပ်သူများတွင် Dementia ရောဂါရှိသူများ
- နေ့စဉ်ဘဝကို ထိခိုက်စေတဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသူများ
ဥပမာ - ဖတ်ရှုထားတဲ့ အကြောင်းအရာကို နားလည်ရခက်ခြင်း၊ ဆုံးဖြတ်ချက်များ မကြာခဏ မှားယွင်းခြင်း၊ စိတ်ခံစားချက် သို့မဟုတ် အပြုအမူ ပြောင်းလဲလာခြင်း၊ လက်ရှိနေ့ရက်နဲ့ အချိန်ကို မသိတော့ခြင်း - အသက် ၄၀ နှစ်နဲ့ အထက်ဖြစ်ပြီး လာမယ့် ၁၅ - ၂၀ နှစ်အတွင်း Dementia ရောဂါ ဖြစ်နိုင်ခြေကို သိရှိလိုသူများ၊ ရေရှည်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လိုသူများ
- အသက် ၆၀ နှစ်နဲ့အထက် လူကြီးများ
- စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး ဦးနှောက်လုပ်ဆောင်ချက်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို ပြန်လည်ကောင်းမွန်စေလိုသူများ
ပရိုဂရမ်၏ထူးခြားချက်များ
- ရောဂါဖြစ်နိုင်ခြေကို ၁၀ နှစ်မှ ၁၅ နှစ်ခန့် ကြိုတင်အကဲဖြတ်နိုင်ခြင်း - ရောဂါလက္ခဏာများ မပေါ်သေးဘဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်တဲ့ အစောပိုင်းအဆင့်မှာပင် ဖြစ်နိုင်ခြေကို သိရှိနိုင်ပါတယ်။
- ဆဲလ်အဆင့်အထိ ယိုယွင်းပြောင်းလဲမှုများကို စစ်ဆေးနိုင်ခြင်း - Dementia မဖြစ်ပွားမီ ဦးနှောက်ကျန်းမာရေးအခြေအနေကို အကဲဖြတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
- ကိုယ်ပိုင်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် - Anti-aging Medicine ဆရာဝန်များ၊ အာရုံကြောအထူးကုဆရာဝန်များနဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များက တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ရေးဆွဲပေးပါတယ်။
- Brain shot - သွေးကြောမှတစ်ဆင့် ဗီတာမင်များ ဖြည့်တင်းပေးတဲ့ ကုထုံးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊ လန်းဆန်းတက်ကြွမှု လျော့နည်းခြင်းတို့ကို ခံစားနေရသူများအတွက် ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကို အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။
- Brain Rebuild shot - သွေးကြောမှတစ်ဆင့် ဗီတာမင်များ ဖြည့်တင်းပေးပြီး ဦးနှောက်ကို အာဟာရဖြည့်တင်းကာ မှတ်ဉာဏ်လုပ်ဆောင်ချက်ကို အထောက်အကူပြုဖို့ ရည်ရွယ်တဲ့ ကုထုံးဖြစ်ပါတယ်။ မေ့လျော့သူများ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရဖူးသူများ သို့မဟုတ် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူဖူးသူများအတွက် သင့်တော်ပါတယ်။
မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ အကဲဖြတ်မှု အစီအစဉ်များ
| ပရိုဂရမ် | ပရိုမိုးရှင်းဈေးနှုန်း (ထိုင်းဘတ်) |
| Oligomerized Amyloid-Beta Alzheimer’s Risk Assessment Program ရောဂါလက္ခဏာများ မပေါ်လာမီ ၁၀ နှစ်မှ ၁၅ နှစ်ခန့် ကြိုတင်၍ ဖြစ်နိုင်ခြေကို အကဲဖြတ်နိုင်ခြင်း Purchase program: Srinakarin Shop | Lazada | Shopee |
5,500 |
| APOE Genotype for Alzheimer's Disease Genetic Testing Program အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို အကဲဖြတ်ရန် Purchase program: Srinakarin Shop | Lazada | Shopee |
4,500 |
| MRI Brain Program ဦးနှောက်ဖွဲ့စည်းပုံကို အသေးစိတ်စစ်ဆေးပြီး ဦးနှောက်တစ်ရှူးများ ကျုံ့လာမှုကို ရှာဖွေကာ Dementia ကို အကဲဖြတ်ရန် Purchase program: Srinakarin Shop | Lazada | Shopee |
12,000 |
| Alzheimer’s Screening with MRI Brain Program အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို အကဲဖြတ်ရန် IDetails Purchase program: Srinakarin Shop | Lazada | Shopee |
22,000 |
| Longevity Plus Brain Health Oligomerized Amyloid-Beta (အမျိုးသမီး): လက္ခဏာများ မပေါ်လာမီ ဆဲလ်အဆင့်ရှိ ယိုယွင်းပြောင်းလဲမှုများနဲ့ Dementia ဖြစ်နိုင်ခြေကို စောစီးစွာ သိရှိနိုင်ရန် AI နည်းပညာဖြင့် ရေရှည်ကျန်းမာရေးပြောင်းလဲမှုများကို ဆန်းစစ်ပေးသည့် ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် I Details Purchase program: Srinakarin Shop | Lazada | Shopee |
33,900 |
| Longevity Plus Brain Health Oligomerized Amyloid-Beta (အမျိုးသား): လက္ခဏာများ မပေါ်လာမီ ဆဲလ်အဆင့်ရှိ ယိုယွင်းပြောင်းလဲမှုများနဲ့ Dementia ဖြစ်နိုင်ခြေကို စောစီးစွာ သိရှိနိုင်ရန် AI နည်းပညာဖြင့် ရေရှည်ကျန်းမာရေးပြောင်းလဲမှုများကို ဆန်းစစ်ပေးသည့် ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် I Details Purchase program: Srinakarin Shop | Lazada | Shopee |
30,000 |
Brain Restoration Program (ဦးနှောက်ကျန်းမာရေး ပြန်လည်အားဖြည့်စောင့်ရှောက်မှု အစီအစဉ်)
- IV Vitamin Therapy (သွေးကြောမှတစ်ဆင့် ဗီတာမင်ဖြည့်တင်းကုထုံး) က ဘယ်လိုအထောက်အကူပြုနိုင်လဲ?
- ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး မှတ်ဉာဏ်ကောင်းမွန်စေရန် အထောက်အကူပြုပါတယ်။
- ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး ဦးနှောက်လုပ်ဆောင်ချက်တွေ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုပါတယ်။
- ဘယ်သူတွေအတွက်သင့်တော်လဲ? စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊ လန်းဆန်းတက်ကြွမှု လျော့နည်းခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်းတို့ကို ခံစားနေရသူများ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရဖူးသူများနဲ့ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူဖူးသူများအတွက် သင့်တော်ပါတယ်။
- Brain Supplement (ဦးနှောက်ကျန်းမာရေး ဖြည့်စွက်စာ)
- ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး တစ်ကိုယ်လုံးရှိ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေရန် အထောက်အကူပြုပါတယ်။
- သွေးနီဥ ထုတ်လုပ်မှုကို အားပေးပြီး သွေးအားနည်းခြင်း ဖြစ်နိုင်ခြေကို လျှော့ချရန် အထောက်အကူပြုပါတယ်။
- နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ စိတ်ဖိစီးမှုကို လျှော့ချရန် အထောက်အကူပြုပါတယ်။
- အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်၊ အမြင်အာရုံနဲ့ ဟန်ချက်ထိန်းနိုင်စွမ်းတို့ကို အထောက်အကူပြုပါတယ်။
- အာရုံကြောနဲ့ ကြွက်သားများ ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
- စိတ်နဲ့ကိုယ်ကို ပြေလျော့စေပြီး ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပြုပါတယ်။
| ပရိုဂရမ် | ပရိုမိုးရှင်းဈေးနှုန်း (ထိုင်းဘတ်) |
| Brain IV Formula Intravenous Vitamin Therapy: ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး မှတ်ဉာဏ်ကောင်းမွန်စေရန် အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လန်းဆန်းတက်ကြွမှု လျော့နည်းခြင်းကို ခံစားနေရသူများအတွက် (၁ ကြိမ်) | 3,000 |
| Brain IV Formula Intravenous Vitamin Therapy: ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး မှတ်ဉာဏ်ကောင်းမွန်စေရန် အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လန်းဆန်းတက်ကြွမှု လျော့နည်းခြင်းကို ခံစားနေရသူများအတွက် (၅ ကြိမ်) | 13,000 |
| Brain Rebuild IV Formula Intravenous Vitamin Therapy: ဦးနှောက်ကို အာဟာရဖြည့်တင်းပေးပြီး လုပ်ဆောင်ချက်များ ပြန်လည်ကောင်းမွန်လာစေရန်နဲ့ မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် အထောက်အကူပြုပါတယ်။ မှတ်ဉာဏ်လျော့နည်းခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရဖူးခြင်း သို့မဟုတ် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူဖူးသူများအတွက် (၁ ကြိမ်) | 4,500 |
| Brain Rebuild IV Formula Intravenous Vitamin Therapy: ဦးနှောက်ကို အာဟာရဖြည့်တင်းပေးပြီး လုပ်ဆောင်ချက်များ ပြန်လည်ကောင်းမွန်လာစေရန်နဲ့ မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် အထောက်အကူပြုပါတယ်။ မှတ်ဉာဏ်လျော့နည်းခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရဖူးခြင်း သို့မဟုတ် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူဖူးသူများအတွက် (၅ ကြိမ်) | 20,000 |
Brain Supplement Vitamins (ဦးနှောက်ကျန်းမာရေးအတွက် ဗီတာမင်ဖြည့်စွက်စာများ)
|
2,500 |
