Bone Age Assessment Using AI - AI နည်းပညာဖြင့် အရိုးအသက် အကဲဖြတ်စစ်ဆေးခြင်း
အရိုးရဲ့သက်တမ်းက ဘာတွေကို ပြောပြနိုင်သလဲ?
အရိုးရဲ့သက်တမ်းဟာ ကလေးတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လောက်အထိ ထပ်ကြီးထွားလာနိုင်မလဲဆိုတာကို ခန့်မှန်းသိရှိနိုင်ဖို့ ကူညီပေးပါတယ်။ အကယ်၍ ကလေးရဲ့ အရိုးအသက်က လက်ရှိရောက်နေတဲ့အသက်အရွယ်ထက် ပိုကြီးနေ မယ်ဆိုရင် အရွယ်မတိုင်ခင် စောစီးစွာ ကြီးထွားနှုန်းမြန်နေတာကို ပြသနေတာ ဖြစ်ပြီး၊ အရွယ်ရောက်တဲ့အခါ ပုံမှန်ထက် အရပ်ပုသွားနိုင်ခြေ ရှိပါတယ်။ အကယ်၍ အရိုးအသက်က လက်ရှိအသက်ထက် ငယ်နေမယ် ဆိုရင်တော့ ဟော်မုန်းပြဿနာများကြောင့် ကြီးထွားမှု နှောင့်နှေးကြန့်ကြာနေခြင်းကို ဖော်ပြနေခြင်း ဖြစ်နိုင်ပါတယ်။
အရိုးသက်တမ်း အကဲဖြတ်စစ်ဆေးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများဟာ ကလေးငယ်တွေရဲ့ ပုံမမှန်ကြီးထွားမှုပုံစံတွေကို စောစီးစွာ သိရှိနိုင်မှာဖြစ်ပြီး၊ ကလေးရဲ့ အမြင့်ဆုံး အရပ်အမောင်း အလားအလာသို့ ရောက်ရှိနိုင်စေရန်အတွက် တစ်ဦးချင်းစီအလိုက်စောင့်ရှောက်မှု အစီအစဉ်များကို ရေးဆွဲကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ကြီးထွားမှု နှောင့်နှေးခြင်း သတိပေးလက္ခဏာများ
- အသက်ရွယ်တူချင်းယှဉ်လိုက်လျှင် သိသိသာသာ အရပ်ပုနေခြင်း ။
- အရပ်နှင့် ကိုယ်အလေးချိန်သည် အသက်အရွယ်အလိုက် ရှိရမည့် စံနှုန်းများအောက် ရောက်နေခြင်း (သို့မဟုတ်) မျှော်လင့်ထားသလို တိုးတက်မလာခြင်း။
- မိန်းကလေးများတွင် အသက် ၁၂ - ၁၃ နှစ်၊ ယောက်ျားလေးများတွင် အသက် ၁၃ - ၁၄ နှစ်အထိ လူပျို၊ အပျိုဖော်ဝင်သည့် လက္ခဏာများ မပြခြင်း ။
AI နည်းပညာဖြင့် အရိုးအသက် အကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များ - AI စနစ်သုံး အရိုးသက်တမ်း အကဲဖြတ်ခြင်းဟာ အရိုးရဲ့ အသက်ကို တိကျစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်ပြီး၊ အရွယ် ရောက်ချိန်မှာ ရှိလာမယ့် နောက်ဆုံး အရပ်အမောင်းကို ခန့်မှန်းပေးရာမှာ ကူညီပေးပါတယ်။ အရိုးရဲ့အသက်ဟာ ကလေးကျန်းမာရေးနှင့် ကြီးထွားမှုဆိုင်ရာမဟာဗျူဟာများကိုစီမံကိန်းချမှတ်ရာမှာအသုံးပြုတဲ့အဓိကသော့ချက် တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ ကလေးဟာ မျှော်လင့်ထားတာထက် အရပ်ပုနိုင်မယ် သို့မဟုတ် ကြီးထွား မှု ပုံမှန်ထက် စောစီးစွာ ရပ်တန့်သွားလိမ့်မယ် လို့ ခန့်မှန်းရပါက၊ ဆရာဝန်တွေဟာ ဒီအချက်အလက်ကိုအသုံးပြု ပြီး သင့်လျော်တဲ့ ကြီးထွားမှုဆိုင်ရာ ပံ့ပိုးကူညီမှု အစီအစဉ်ကို ရေးဆွဲပေးနိုင်မှာ ဖြစ်ပါတယ်။
AI နည်းပညာဖြင့် အရိုးအသက် အကဲဖြတ်ခြင်းဆော့ဖ်ဝဲဟာ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်ထားပြီး အရိုးရဲ့အသက်ကို အလွန်တိကျစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်တာကြောင့် ကလေးရဲ့ ကြီးထွားမှုအလားအလာကိုခန့်မှန်းနိုင်ပြီး သင့်လျော် တဲ့ ကြီးထွားမှုအစီအစဉ်များကို ပုံဖော်ပေးနိုင်ပါတယ်။ လက်ရှိ ဒီနည်းပညာကို ကိုရီးယား၊ စင်ကာပူနှင့်မလေးရှား နိုင်ငံတို့ရှိ ဆေးရုံပေါင်း ၃၀၀ ကျော်မှာ အသုံးပြုလျက် ရှိနေပါတယ်။
(ကလေးရဲ့ တကယ့်အသက်နှင့် နှိုင်းယှဉ်ရန် X-ray ဓာတ်မှန်ကို ခွဲခြမ်းစိတ်ဖြာခြင်း)
| ပရိုဂရမ် | ပရိုမိုးရှင်းဈေးနှုန်း (ထိုင်းဘတ်) |
| Wrist X-ray to assess bone age - လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်၍ အရိုးအသက်ကို အကဲဖြတ်ခြင်း Buy Now Samitivej Sukhumvit: Sukhumvit Shop | Lazada | Shopee Samitivej Srinakarin: Srinakarin Shop | Lazada | Shopee |
690 |
စည်းကမ်းသတ်မှတ်ချက်များ
- ဤဈေးနှုန်းတွင် X-ray ရိုက်ကူးခြင်း နှင့် AI စနစ်ဖြင့် အဖြေရှာဖွေခြင်း နှစ်မျိုးလုံးအတွက် ပါဝင်ပြီးဖြစ်ပါသည်။
- ဤဈေးနှုန်းတွင် အဖြေရှင်းလင်းချက်အတွက် ဆရာဝန်ဝန်ဆောင်မှု နှင့် ဆေးရုံဝန်ဆောင်ခများ မပါဝင်ပါ။
မှတ်ချက်: အကယ်၍ အရိုးအသက် မူမမှန်မှုတစ်ခုခု (တကယ့်အသက်ထက် ၁ နှစ်ထက်ပို၍ စောနေခြင်း သို့မဟုတ် နောက်ကျနေခြင်း) တွေ့ရှိရပါက ကလေး ဟော်မုန်းနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာအထူးပြုပညာရှင် များ နှင့် ဆက်လက်ကုသရန် ရက်ချိန်းရယူနိုင်ပါသည်။
ဝန်ဆောင်မှု ရရှိနိုင်သော နေရာများ
- ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ (ဆရီနာခရင်)၊ တတိယထပ်
- ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ (ဆူခွန်ဗစ်)၊ ဒုတိယထပ်

ယနေ့မှစ၍ ၃၁ မတ် ၂၀၂၆ အထိ
ကလေးငယ်များ ကြီးထွားမှုကို ပံ့ပိုးပေးမည့် နောက်ထပ် အစီအစဉ်များ
| ပရိုဂရမ် | ပရိုမိုးရှင်း (ထိုင်းဘတ်) |
| ကလေးအဝလွန်ခြင်း အကဲဖြတ်စစ်ဆေးမှု အစီအစဉ်- Childhood Obesity Assessment Program
ကလေးများတွင် အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လွန်ကဲခြင်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာ တိုးပွားလာနေတဲ့ ပြဿနာများ ဖြစ်ပါတယ်။ အသင့်စား အစားအစာများ နှင့် အချို စားသုံးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း စတဲ့ ကလေးတွေရဲ့ ခေတ်သစ်လူနေမှုပုံစံများကြောင့်ပဲ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ဆီးချို၊ သွေးတိုး၊ အသည်းအဆီဖုံးခြင်းနှင့် အသည်းရောင်ခြင်း စတဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အဝလွန်ခြင်းကို အကဲဖြတ်စစ်ဆေးခြင်းဖြင့် ကိုယ်ခန္ဓာ မူမမှန်မှုများကို စောစီးစွာ သိရှိနိုင်ပြီး ဆရာဝန်များက သင့်လျော်တဲ့ ကုသမှုများဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ |
|
| ကလေးအဝလွန်ခြင်း အခြေခံ ပဏာမ စစ်ဆေးခြင်း အစီအစဉ်- Initial Screening Program for Childhood Obesity Buy Now: Srinakarin Shop စစ်ဆေးမှုအမျိုးအစားများ
|
3,150* |
| ကလေးအဝလွန်ခြင်း အပြည့်အစုံ အကဲဖြတ်စစ်ဆေးခြင်း အစီအစဉ် - Childhood Obesity Assessment Program Buy Now: Srinakarin Shop စစ်ဆေးမှုအမျိုးအစားများ
|
6,650** |
| ကလေးကြီးထွားမှု အကဲဖြတ်စစ်ဆေးခြင်း အစီအစဉ် - Growth Assessment Program
ကလေးငယ်တစ်ဦးဟာ စံနှုန်းအတိုင်း ကြီးထွားဖွံ့ဖြိုးမှု ရှိမရှိကို မိဘများနှင့် ဆရာဝန်များ စောင့်ကြည့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ အာဟာရဆိုင်ရာ ပြဿနာများကို သိရှိစေပြီး အရပ်နှင့် ကိုယ်အလေးချိန် အပါအဝင် အထွေထွေ ကြီးထွားမှုအလားအလာကို အကဲဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အသက်အရွယ်မရွေး ကလေးများအတွက် သင့်လျော်ပြီး စောစီးစွာ ရောဂါရှာဖွေ ကုသနိုင်ဖို့ ကူညီပေးပါတယ်။ |
|
| ကလေးများအတွက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဓာတ်ခွဲဆန်းစစ်ခြင်း အစီအစဉ် (အသက် ၆ နှစ်မှ ၁၅ နှစ်အထိ) InBody Physical Composition Analysis Program for Children (age 6–15) Buy Now: Srinakarin Shop |
300** |
| အရပ်ပုသော ကလေးများအတွက် ကြီးထွားမှု အကဲဖြတ်စစ်ဆေးခြင်း အစီအစဉ် (အသက် ၆ နှစ်နှင့် အထက်) Growth Assessment Program for Children with Short Stature (age 6 and up) Buy Now: Srinakarin Shop Test Items
|
8,850** |
| MRI နည်းပညာသုံး ဦးနှောက်နှင့် ပစ်ကျူထရီဂလင်း ကြီးထွားဟော်မုန်း ချို့တဲ့မှု စစ်ဆေးခြင်း အစီအစဉ် - Brain and Pituitary Gland Growth Hormone Deficiency Screening Package Using MRI | 15,000** |
| ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေးထိုးခြင်း အစီအစဉ် - Growth Suppression Injection Program
ယနေ့လူ့အဖွဲ့အစည်းမှာ ကလေးအများစုဟာ အရွယ်မတိုင်ခင် စောစီးစွာ အပျိုဖော်/လူပျိုဖော်ဝင်ခြင်းနှင့် မူမမှန် ကြီးထွားမှုပုံစံများကို ကြုံတွေ့နေရပါတယ်။ မကုသဘဲထားပါက အရိုးကြီးထွားမှုအပိုင်း စောစီးစွာ ပိတ်သွားပြီး အရွယ်ရောက်ချိန်မှာ အရပ်ပုသွားတတ်ပါတယ်။ ဒါ့အပြင် စောစီးစွာ အပျို၊ လူပျိုဖော်ဝင်ခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မိမိခန္ဓာကိုယ်ရဲ့ လျင်မြန်စွာ ပြောင်းလဲလာမှုများအပေါ် စိတ်မသက်မသာ ဖြစ်ရခြင်းနှင့် သက်ရွယ်တူများကြားမှာ ရှက်ရွံ့အားငယ်စိတ်ဝင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဤဆေးထိုးခြင်း အစီအစဉ်ဟာ ကလေးငယ်ကို ၎င်း၏ အသက်အရွယ်အလိုက် သင့်လျော်တဲ့ ဖွံ့ဖြိုးမှုအဆင့် အတိုင်း ကြီးထွားလာစေရန် ကူညီပေးပါတယ်။ ကုသမှုပုံစံဟာ ကလေးတစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွဲပြား နိုင်ပါတယ်။ |
|
|
၁ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၂ ကြိမ်) |
19,000** |
| ၁ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၄ ကြိမ်) | 35,500** |
| ၁ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၆ ကြိမ်) | 51,500** |
| ၁ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၁၂ ကြိမ်) | 93,000** |
| ၃ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၁ ကြိမ်) | 22,000** |
| ၃ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၂ ကြိမ်) | 39,990** |
| ၃ လတစ်ကြိမ် ထိုးရသော ကြီးထွားမှု ထိန်းချုပ်/နှောင့်နှေးစေသော ဆေး (၄ ကြိမ်) | 71,500** |
စည်းကမ်းသတ်မှတ်ချက်များ
- (*) ပြထားသော ဈေးနှုန်းများတွင် ဆရာဝန်ခနှင့် ဆေးရုံဝန်ဆောင်ခများ ပါဝင်ပြီးဖြစ်သည်။
- (**) ပြထားသော ဈေးနှုန်းများတွင် ဆရာဝန်ခနှင့် ဆေးရုံဝန်ဆောင်ခများ မပါဝင်ပါ။
- ဝန်ဆောင်မှု ရရှိနိုင်သော နေရာများ
- ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ (ဆရီနာခရင်) - တတိယထပ်
- ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ (ဆူခွန်ဗစ်) - ဒုတိယထပ်
