ခွဲစိတ်ကုသမှုဆေးခန်း

ခွဲစိတ်ကုသမှုဆေးခန်း

ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုများ

ဘန်ကောက်မြို့ရဲ့ အယုံကြည်ရဆုံး ခွဲစိတ်ကုသရေးအဖွဲ့

ဆစ်မီတဝေ့ဆေးရုံရဲ့ “ခွဲစိတ်ကုသမှုဆေးခန်း”ဟာ နိုင်ငံတကာ နှင့် ပြည်တွင်း ထိုင်း လူ့အဖွဲ့အစည်းတွေကို အရည်အသွေးအမြင့်မားဆုံးစံနှုန်းများ နှင့် အညီ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိနေပါတယ်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများစွာ ကြွယ်ဝပြီးဖြစ်တဲ့ အသိအမှတ်ပြုလက်မှတ်ရ ခွဲစိတ်ဆရာဝန်ကြီးများ အဖွဲ့က ဦးဆောင်ပြီး စုပေါင်းတာဝန်ယူမှုဖြင့် လိုအပ်သူတိုင်းကို ဘေးကင်းပြီး ထိရောက်တဲ့ ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေး လျက်ရှိတဲ့အတွက်လည်း အမြဲ ဂုဏ်ယူနေရပါတယ်။  ခွဲစိတ်ကုသဖို့ လိုအပ်လာပြီဆိုရင် မှန်ကန်တဲ့ ခွဲစိတ် ဆရာဝန် နှင့် တွေ့ဆုံရဖို့ဟာ အရေးအကြီးဆုံးပဲ ဆိုတာကို ကောင်းစွာသဘောပေါက်နားလည်ထားတဲ့အတွက် ကျွန်တော်များ အဖွဲ့မှာ အကောင်းဆုံး ခွဲစိတ်ဆရာဝန်များကိုသာ ရွေးချယ် ခန့်အပ်ထားပါတယ်။ ကျွန်‌တော်တို့ရဲ့  အရည်အသွေးပြည့်ဝတဲ့ ကတိကဝတ်များကို အသိအမှတ်ပြုသောအားဖြင့် ဆစ်မီတဝေ့ဆေးရုံကြီးဟာ နိုင်ငံတကာအဆင့် ဆေးရုံများသာ ရရှိနိုင်တဲ့ အမြင့်ဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး JCI အသိအမှတ်ပြုလက်မှတ် ကိုလည်း ရရှိထားပါတယ်။

ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ခွဲစိတ်အထူးကုဆရာဝန်ကြီးများဟာ သာမန်အရိုးကျိုးခြင်းကစပြီး ဦးနှောက်အကျိတ် များ နှင့် သွေးကြောပိတ်ဆို့ခြင်းများအထိ  အရာရာကို ခွဲစိတ်ကုသပေးနိုင်စွမ်းရှိပါတယ်။ ကုသမှုတွေဟာ ခွဲစိတ်ပြီး နာရီအနည်းငယ်အကြာမှာ ဆေးရုံကဆင်းပြီး အိမ်ပြန်နိုင်တဲ့ အတော်အသင့်သေးငယ်ပြီး ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်မှုပြုလုပ်ရန်မလိုတဲ့ ကုသနည်းများမှသည် အထူးကြပ်မတ်ကုသဆောင် (ICU)မှာ  အချိန်ကြာမြင့်စွာ နေထိုင်ဖို့လိုအပ်တဲ့  ကြီးမားတဲ့ခွဲစိတ်မှုကြီးများအထိ ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ရဲ့ လူနာတွေဟာ ဆိုရင်လည်း မွေးဖွားပြီး တစ်ပတ်တောင်မပြည့်သေးတဲ့ကလေးများ မှသည် အသက်တစ်ရာကျော် အရွယ် အထိ ရှိပါတယ်။

ဆရာဝန် တွေ အကောင်းဆုံးဆောင်ရွက်နိုင်စေဖို့ အကောင်းဆုံးကိရိယာများကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ကျွန်တော်တို့မှာရှိတဲ့  နောက်ဆုံးပေါ်ခေတ်မီခွဲစိတ်ကိရိယာများ၊ သန့်ရှင်းတဲ့ သီးသန့် အဆောက်အအုံများ နှင့် အထူးပြု နည်းစနစ်များကြောင့် လူနာတွေအတွက် ပြိုင်ဘက်ကင်းကုသမှုကို ရရှိစေဖို့ အာမခံနိုင်ပါတယ်။

ဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုများ

ခွဲစိတ်မှုမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်သော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ -

  • အသေးစား ဒဏ်ရာများနှင့် ထိခိုက်မှုများ
  • မီးလောင်ဒဏ်ရာများ
  • ဦးနှောက်အကျိတ်များ
  • ဦးနှောက်သွေးယိုစီးခြင်း
  • ဦးနှောက်ပြည်တည်နာ
  • ခါးဆစ်ရိုးကျွံခြင်း
  • နှလုံးအဆို့ရှင်ရောဂါ
  • သွေးကြောပိတ်ဆို့ခြင်းများ
  • အဆုတ်၊ ရင်သားနှင့် အသည်းအကျိတ်များ
  • သည်းခြေအိတ်၊ ကျောက်ကပ် သို့မဟုတ် ဆီးလမ်းကြောင်းရှိ သည်းခြေကျောက်များ
  • အူကျခြင်း
  • လိပ်ခေါင်းရောဂါ
  • ဆီးထဲတွင် သွေးပါခြင်း၊ ဆီးအိမ်အကျိတ်
  • သုက်ပြွန် ဖြတ်တောက်ချည်နှောင်ခြင်း (အမျိုးသား သားကြောဖြတ်ခြင်း) (မျိုးဆက်ပွားနိုင်စွမ်း တားဆီးခြင်း)
  • ဆီးကျိတ်ကင်ဆာ
  • အရိုးကျိုးခြင်းများ
  • ခါးနာခြင်း၊ နောက်ကျောနာခြင်း၊ လည်ပင်းနာခြင်း
  • ကလေးများတွင် ခြေဖဝါးနှင့် ခြေကျင်းဝတ် မူမမှန်ခြင်း

ခွဲစိတ်ကုသမှုများလုပ်ငန်းစဉ်များ

ဆေးရုံအဆောက်အဦများနှင့် ဆေးပညာဆိုင်ရာနည်းပညာများ

  • အထွေထွေ ကုသခန်းများနှင့် အရိုးကျိုးခြင်း အဆစ်လွဲခြင်းများအတွက် အထောက်အကူပြု Splint တပ်ဆင်ရန် ကုသခန်းများ
  • အရိုးသန်စွမ်းမှု တိုင်းတာသည့် စက်
  • ရင်သားဓာတ်မှန်ရိုက်စက်
  • အာထရာစောင်း စက်
  • ကွန်ပျူတာ ဓာတ်မှန် နှင့် ခါးရိုး စီတီစကင်(ကွန်ပျူတာဓာတ်မှန်)
  • သွေးနှင့် ဆီးနမူနာများကို စစ်ဆေးရန် ဓာတ်ခွဲခန်း
  • ခွဲစိတ်ရောဂါဗေဒဆိုင်ရာ စမ်းသပ်ကိရိယာများ

ဆစ်မီတဝေ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိသော 
ခန္ဓာကိုယ်တွင်း ထိုးဖောက်မှု အနည်းဆုံး ခွဲစိတ်ကုသခြင်း (MIS) နည်းပညာများ

  1. သမာရိုးကျ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
    ရိုးရိုးမှန်ပြောင်းဖြင့် ခွဲစိတ်ကုသရာမှာ  ဝမ်းဗိုက်ဧရိယာတဝိုက်မှာ အလွန်သေးငယ်တဲ့ ခွဲစိတ်မှု (၂) ချက် မှ (၄) ချက် အထိ ရှိနိုင်ပါတယ်။ တိတိကျကျပြောရရင် ခွဲစိတ်ဒဏ်ရာ တစ်ခုဟာ ခန့်မှန်းခြေ (၀.၅ စင်တီ မီတာ မှ ၁ စင်တီမီတာ) လောက်ပဲ ရှိပါမယ်။  အရင်တုန်းကအတိုင်း ဗိုက်ဖွင့် ခွဲစိတ်ကုသမယ် ဆိုရင် တော့ ဝမ်းဗိုက်ပေါ်က အနာရွတ်အရွယ်အစားဟာ  (၈ စင်တီမီတာမှ ၁၅ စင်တီမီတာ) ခန့် ထိ ရှည်လျား နိုင်ပါတယ်။ ပြီးတော့ ရိုးရိုးကျမှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းရဲ့ အဓိက အားသာချက်ကတော့  ခွဲစိတ် ပြီးတဲ့နောက် နာကျင်မှု လျော့နည်းခြင်း ဖြစ်ပါသည်။ ဒါ့အပြင် နာလန်ထအချိန်ကာလလည်း ပိုမို တိုတောင်းတာကြောင့် လူနာဟာ နေ့စဉ်ဘဝနှင့် လှုပ်ရှားမှုများဆီကို ပိုမိုလျင်မြန် စွာ ပြန်လည်ရောက်ရှိ စေပါတယ်။ အလှအပဆိုင်ရာ အားသာချက်အနေနဲ့ကတော့ ခွဲစိတ်ဒဏ်ရာ အရွယ်အစား သိသိသာသာ လျော့နည်းသွားခြင်းပဲ ဖြစ်ပါတယ်။
  2. အပေါက်တစ်ပေါက်တည်းဖောက်ပြီး မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
    အခုဆိုရင် သမရိုးကျမှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနည်းကို အပေါက်တစ်ပေါက်တည်း ဖောက်ပြီး မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနည်းလမ်း နှင့် ပိုမိုတိုးတက်အောင် ပြုလုပ်ထားပါတယ်။ ရိုးရိုးနည်းလမ်းမှာ ခွဲစိတ်ဒဏ်ရာ (၂) ချက်မှ (၄) ချက် ရှိခဲ့ရာကနေ အခု ဝင်ပေါက်နေရာ—ချက်တိုင် မှာ အပေါက်သေးသေး လေး တစ်ပေါက်တည်း သို့ လျှော့ချနိုင်ခဲ့ပါတယ်။ အပေါက်တစ်ပေါက်တည်း မှန်ပြောင်းဖြင့် ခွဲစိတ် ကုသခြင်းရဲ့ အဓိက အကျိုးကျေးဇူးကတော့ အလွန်ကောင်းတဲ့ အလှအပဆိုင်ရာ ရလဒ်များပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှု ပြီးဆုံးတာ နှင့် ချက်တိုင်ကို မူလနေရာအတိုင်း ညင်သာစွာ ပြန်လည် ထည့်သွင်း ပေးလိုက် တာကြောင့် ရလဒ်အနေ နှင့်ပျောက်ကင်းသွားတဲ့အခါ ခွဲစိတ်ထားတဲ့ ဒဏ်ရာမှာ မြင်သာတဲ့အမာရွတ် လုံးဝနီးပါး မကျန်ရစ်ခဲ့ပါ။ အခြားအကျိုးကျေးဇူးတွေကတော့ ရိုးရိုးမှန်ပြောင်း ခွဲစိတ်ကုသခြင်းရဲ့ အကျိုးကျေးဇူးများ နှင့် အတူတူပဲ ဖြစ်ပါတယ်။
  3. သဘာဝလမ်းကြောင်း (ခန္ဓာကိုယ်တွင် သဘာဝအတိုင်း တည်ရှိနေသော အပေါက်) မှ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (NOTES)နောက်ဆုံးပေါ် အဆင့်မြှင့် နည်းပညာ
    အမာရွတ်လုံးဝမကျန်ရစ်တဲ့ ဝမ်းဗိုက်ခွဲစိတ်မှုလို့ လူသိများပါတယ်။ ဆေးပညာအရ သဘာဝ လမ်းကြောင်းမှ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (NOTES) ဟာ ရိုးရိုး သမာရိုးကျမှန်ပြောင်း ခွဲစိတ် ကုသမှု နည်းလမ်းကနေ ပိုမိုတိုးတက်ပြောင်းလဲလာတဲ့ ခွဲစိတ်မှုပုံစံသစ်တစ်ခု ဖြစ်ပါတယ်။ ပါးစပ်၊ စအို သို့မဟုတ် မွေးလမ်းကြောင်း စတဲ့ သဘာဝလမ်းကြောင်းများ မှတစ်ဆင့် ခွဲစိတ်ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ ဘေးအကင်းဆုံးနှင့် စိတ်ကြိုက်အတွေ့ဆုံး နည်းလမ်းကတော့ မွေးလမ်းကြောင်းမှတစ်ဆင့် ခွဲစိတ်ခြင်း (transvaginal) ဖြစ်ပဲ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း မှ တစ်ဆင့် ခွဲစိတ်ခြင်း ဆိုတာ သေးငယ်တဲ့ကင်မရာ နှင့် ကိရိယာများကို မွေးလမ်းကြောင်း အပေါက်မှတစ်ဆင့် ဖြတ်သန်းပြီး ခွဲစိတ် ကုသမှု ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုရဲ့အဆင့်တိုင်းကို မွေးလမ်းကြောင်း အပေါက်ကိုသာ အသုံးပြုပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ဝမ်းဗိုက်ဧရိယာတွင် ခွဲစိတ်မှု မလုပ်ရတာကြောင့် အလှအပ နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုလုံးဝမရှိခြင်းဟာ အထင်ရှားဆုံး အားသာချက်ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း နှင့် ခွဲစိတ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုဟာလည်း ဝမ်းဗိုက်ကို ဖြတ်ပြီးပြုလုပ်တဲ့ အခြားသော မှန်ပြောင်း ခွဲစိတ်မှုများထက် အများကြီးလျော့နည်းပါတယ်။ ခွဲစိတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ပိုမိုလျင်မြန်တဲ့ နာလန်ထကာလကို ရရှိစေပါတယ်။

ဆစ်မီတဝေ့ဆေးရုံများရှိ ခွဲစိတ်မှု စောင့်ရှောက်မှုဆိုင်ရာ စံနှုန်းသစ်များ MIS အကြောင်း ကို ပိုမိုလေ့လာလိုပါက ဤနေရာတွင် နိုပ်ပြီးလေ့လာပါ။