ဆစ်မီတဝေ့ဆေးရုံရဲ့ Special Needs Child Center အကြောင်း

Building 1, Floor 2 Daily (7 days/week) - 07:00 - 20:00 66 (0) 2022-2236-40 info@samitivej.co.th

အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်သည့်ကလေးများကိုပြုစုပျိုးထောင်ခြင်း

ကလေးအထူးကုဆရာဝန်များနဲ့နယ်ပယ်အသီးသီးမှကျွမ်းကျင်ပညာရှင်များပေါင်းစပ်ဖွဲ့စည်းထားတဲ့ Multidisciplinary Team နဲ့အတူ ဆစ်မီတဝေ့ကလေးဆေးရုံဟာ မွေးကင်းစနဲ့ကလေးငယ်များကျန်းမာရေးအတွက်တိကျအထောက်အကူပြုတဲ့အကြံဉာဏ် ပေးခြင်း နဲ့ပတ်သက်ရင် မိဘများရဲ့ယုံကြည်မှုတစ်ခုကို အသိအမှတ်ပြုခံထားရပါတယ်။

ကျွန်တော်တို့ဆေးရုံအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်တဲ့ကလေးများဟာ မတူညီတဲ့အဆင့်အလိုက်ကုသစောင့်ရှောက်မှုအမျိုးမျိုး လိုအပ်တယ်ဆိုတာကို ကောင်းစွာနားလည်သဘောပေါက်သည့်အားလျော်စွာ အဆင့်အတန်းမြင့်မားတဲ့ကလေးသူငယ်ဝန်ဆောင်မှုများကို ကဏ္ဍအသီးသီးအလိုက် ပြည့်စုံစွာ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီလိုအပ်ချက်များကိုဖြည့်စွမ်းဖို့အတွက် ကလေးသူငယ်နဲ့ဖွံ့ဖြိုးစ ကလေးများစိတ်ကျန်းမာရေးဆရာဝန်များ ၊ စိတ်ကျန်းမာရေးသူနာပြု များ၊ စကားပြောခြင်းဆိုင်ရာကုသမှုပညာရှင်များ(Speech Therapists) ၊ လက်တွေ့စိတ်ရောဂါပညာရှင်များ ၊ အထူးပညာရေးဆိုင်ရာ ဆရာ ဆရာမများ စသဖြင့် နယ်ပယ်ပေါင်းစုံကျွမ်းကျင်သူများ ကို ခန့်အပ် ပြီး  “ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်သည့် ကလေးများအတွက်ကုသစောင့်ရှောက်ရေးစင်တာ (Special Needs Child Center) ” ကို တည်ထောင်ခဲ့ပါတယ်။ အဆိုပါစင်တာမှာ ရောဂါရှာဖွေခြင်း ၊ အပြုအမူနဲ့သက်ဆိုင်တဲ့ကလေးငယ်များအတွက်ကုသအကြံပေးမှုများ ၊ စိတ်ခံစားမှုနဲ့သင်ယူမှုပြဿနာများ စသဖြင့် ကျယ်ပြန့်စွာ ကုသဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒီစင်တာရဲ့ အဓိကရည်မှန်းချက်ကတော့ကလေးသူငယ်များရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို အစောဆုံးအချိန်အတွင်း ပိုမိုမြင့်မားလာအောင် အကောင်းဆုံး ကုသစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ဖို့ပဲဖြစ်ပါတယ်။

    • ကလေးသူငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊ အမူအကျင့် ၊ စိတ်ခံစားမှုနဲ့ သင်ယူမှု စတာတွေနဲ့ ပတ်သက်တဲ့ ပြဿနာများအတွက် မှန်ကန်အသင့်လျော်ဆုံးကုသစောင့်ရှောက်မှုနည်းလမ်းများကိုဆုံးဖြတ်နိုင်ရန်  လေ့လာဆန်းစစ်ခြင်း
    • မိဘနှင့်ကလေးပြုစုထိန်းကျောင်းသူများအတွက် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှုကိုအလေးပေးသည့် သင်ကြားပို့ချရေးအစီအစဉ်များ
    • အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်သည့်ကလေးများကိုစာသင်ခန်းအတွင်းပုံမှန်သင်ယူနိုင်စေရန် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှုနှင့် အမူအကျင့်ဆိုင်ရာကုထုံး စသည်တို့အပါအဝင် ကုထုံးဆိုင်ရာကလေးသူငယ်စောင့်ရှောက်မှုအစီအစဉ်
    • တစ်ဦးချင်း(သို့)အဖွဲ့လိုက်သင့်လျော်သလိုလုပ်ဆောင်ပေးသည့်ကုထုံးများ
      • စကားပြောကုထုံး(Speech Therapy)
      • ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း နှင့် အမူအကျင့်ဆိုင်ရာကုထုံး(Behavioral Therapy)
      • အထူးပညာရေးဆိုင်ရာသင်ကြားမှုနည်းလမ်းများအသုံးပြု၍လေ့လာသင်ယူခြင်း
    • လူမှုဝန်းကျင်တွင်ဝင်ဆန့်နိုင်စွမ်း ၊ ပြောဆိုဆက်ဆံမှုနှင့်  စိတ်ကူးနိုင်စွမ်း တို့အတွက် ဂီတကုထုံး(Music Therapy)
    • ကုထုံးအတွင်း Hemoencephalogram ကိရိယာအသုံးပြုပြီး ဦးနှောက်လုပ်ဆောင်ချက်(Neurofeedback) စစ်ဆေးခြင်း
    • စိတ်ဖိစီးမှုနှင့်စိတ်ပိုင်းဆိုင်ရာပြဿနာများကိုလျှော့ချပေးဖို့အတွက် Biocomp နှင့် Alpha Chamber ခေါ် ကိရိယာများအသုံးပြုပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များကိုစစ်ဆေးခြင်း
    • ကလေးငယ်များရဲ့စိတ်ခံစားမှု ၊ ပြောဆိုဆက်ဆံမှုနှင့် ပြဿနာဖြေရှင်းမှုစွမ်းရည်များကို တိုးတက်စေရန် ဆော့ကစားရင်း ကုသပေးသည့်ကုထုံး (Play Therapy)
    • အပြုအမူနှင့်စိတ်ခံစားမှုဆိုင်ရာပြဿနာများရှိသည့်ကလေးများအတွက်ရုပ်ပုံကားချပ်များအသုံးပြုရသည့်ကုထုံး(Art Therapy)
    • အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်သည့်ကလေးများအတွက် လက်တွေ့အလုပ် လုပ်ဆောင်မှုကုထုံး(Occupational Therapy)
    • အပြုအမူဆိုင်ရာပြဿနာရှိသည့်ကလေးငယ်များနှင့် အော်တစ်ဇင်ကလေးငယ်များရဲ့ မိဘများအတွက် သင်ကြားမှုအစီအစဉ်များ
    • အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်သည့်ကလေးများအတွက်လူမှုစွမ်းရည်တိုးတက်ရေးသင်ကြားမှု
  • အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့်ဖြစ်သည့်ရောဂါပိုးဝင်ရောက်မှုအတွက် HBOT ခေါ် Hyperbaric Oxygen ကုထုံးနှင့် ရောဂါလက္ခဏာ များကို သင့်လျော်သည့်ဆေးဝါးများဖြင့်ပေါင်းစပ်ပြီးကုသပေးခြင်း
  • သင့်လျော်သည့်ဆေးဝါးများဖြင့်ရောဂါလက္ခဏာများကိုကုသခြင်း
  • ဦးနှောက်လျှပ်စစ်စီးမှုကိုစစ်ဆေးခြင်း (Electroencephalogram)
  • အာရုံစူးစိုက်မှုများကိုကွန်ပျူတာဖြင့်စစ်ဆေးခြင်း(TOVA)
  • အသိဉာဏ်စွမ်းရည် ၊ ပညာသင်ကြားနိုင်မှုစွမ်းရည် ၊ စိတ်နှင့် ခံစားမှုဆိုင်ရာလုပ်ဆောင်ချက်များအတွက် စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ
  • Hemoencephalogram ကိရိယာအသုံးပြုပြီး ဦးနှောက်လုပ်ဆောင်ချက်(Neurofeedback) စစ်ဆေးနေစဉ်အတွင်း ဦးနှောက်သွေးစီးဆင်းမှုစစ်ဆေးခြင်းနှင့် နှိုးဆွခြင်း
  • Neurofeedback နှင့် Alpha Chamber လုပ်ဆောင်နေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှနှင့်စိတ်ဖိစီးမှုသက်သာခြင်းကို စစ်ဆေးခြင်း
  • အာရုံခံစားမှုဆိုင်ရာအမျိုးမျိုးနှိုးဆွပေးသည့်ပစ္စည်းများတပ်ဆင်ထားရာအခန်း(Snoezelen Room) (သို့) အာရုံခံစားမှုအမျိုးမျိုးနှိုးဆွစေသည့် ပတ်ဝန်းကျင်(MSE) ။ အဆိုပါအခန်းဟာ လူနာတစ်ဦးချင်းစီအတွက် ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ သီးသန့်ချို့ယွင်းမှုများ(ဥပမာ - အကြားအာရုံ ၊ အမြင်အာရုံ ၊ ခံစားမှုနဲ့ တခြားခံစားမှုများ) အပေါ်မူတည်ကာ အထူးဖန်တီးထားသည့်အလင်းတန်းများ ၊ အရောင် ၊ အသံ ၊ ဂီတနှင့်မွှေးရနံ့ စသည်တို့ကိုအသုံးပြုပြီး အာရုံခံစားမှုများနိုးကြွလာစေရန် ရေးဆွဲဖန်တီးထားပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာ ဒီ ဝန်ဆောင်မှုများအားလုံးကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ ဝါရင့် ကလေးစိတ်ပညာအထူးကုပညာရှင်များ ၊ သူနာပြုများ ၊ စိတ်ရောဂါအထူးကုဆရာဝန်များ ၊ လက်တွေ့စိတ်ရောဂါအထူးကုဆရာဝန်များ ၊ အနုပညာကုထုံးပညာရှင်များ ၊ ဂီတကုထုံးပညာရှင်များ နဲ့ အထူးဆရာ ဆရာမများမှ ကုသလုပ်ဆောင်ပေးလျက်ရှိပါတယ်။

 

REAL CLEAN ဆိုသည်မှာ...