ဘန်ကောက်မြို့၊ ဆစ်မီတဝေ့ ဆေးရုံရှိ နိုင်ငံတကာ အသိအမှတ်ပြုထားသော အရည်အသွေးမြင့် ပြန်လည်သန်စွမ်းရေးစင်တာတွင် ဝေဒနာအမျိုးမျိုးခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။ အားကစားကြောင့်ရရှိတဲ့ ဒဏ်ရာများအတွက် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကုထုံးများ ပေးခြင်းမှစ၍၊ ကြီးမားသော ခွဲစိတ်မှုကုသမှုများအပြီး ပြန်လည်ထူထောင်လာအောင် ကူညီပေးခြင်းအပြင်၊ မူးယစ်ဆေးဖြတ်ခြင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အစီအစဉ်များအထိ ကျွန်ုပ်တို့ရဲ့လူနာများကို ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာနှင့် ကောင်းမွန်စွာ ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးနေပါတယ်။
ကျွန်ုပ်တို့ဆီမှာ လာရောက်ကုသနေတဲ့ လူနာတွေထဲမှာ နှစ်ရှည်လများ နာတာရှည်ဝေဒနာခံစားနေရလို့ လူကောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသူများ ရှိသလို၊ မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက် ဘဝပျက်မတတ် ခံစားလိုက်ရသူများလည်း ရှိပါတယ်။ လူနာတွေအားလုံး မိမိတို့ ဆုံးရှုံးသွားခဲ့ရတဲ့ ကျန်းမာရေးနှင့် ပျော်ရွှင်စရာ လူနေမှုဘဝဟောင်းကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးရခြင်းဟာ ကျွန်ုပ်တို့ရဲ့ အဓိကရည်မှန်းချက်ပဲ ဖြစ်ပါတယ်။
ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့ရဲ့ ဆစ်မီတဝေ့ ဆူခွန်ဗစ်နှင့် ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံကြီးနှစ်ခုလုံးမှာရှိတဲ့ ‘ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးနဲ့ ကုသရေး ဆေးခန်း’ တွင် လူနာများကို ဘက်စုံစောင့်ရှောက်မှုပေးနိုင်ဖို့ ထိုင်းနိုင်ငံရှိ ထိပ်တန်း သမားတော်များ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်များ ၊ နေ့စဉ်ဘဝလုပ်ဆောင်မှုဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကုထုံးပညာရှင်များ ၊ အနှိပ်ကုထုံးပညာရှင်များ၊ ခြေတုလက်တုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စကားပြောကုထုံးပညာရှင်များကို စနစ်တကျ ခန့်အပ်ထားပါတယ်။ ဒါ့အပြင် ဝေဒနာများ အမြန်ဆုံးသက်သာပျောက်ကင်းစေရန် ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကိုလည်း အပြည့်အစုံ ဖြည့်ဆည်းပေးထားပါတယ်။ ဒါ့အပြင် ပြန်လည်ထူထောင်ရေးကာလအတွင်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ရှိလာနိုင်တာကို နားလည်ထားကြောင့် ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ခွန်အားဖြစ်စေဖို့ နှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ သင့်ရဲ့ ပြန်လည်ကျန်းမာလာမယ့် လမ်းခရီး ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့အဖွဲ့က အမြဲတမ်း အတူရှိနေမှာဖြစ်ပါတယ်။