ကလေး ကျောက်ကပ်ရောဂါ အထူးကု ဆေးခန်း

Building 1, Floor 2 Daily (7 days /week) - 07:00 - 20:00 66 (0) 2022-2236-40 info@samitivej.co.th

သင့်ကလေးရဲ့ ကျောက်ကပ်ကို စောင့်ရှောက်ပေးပါ

နိုင်ငံတကာအသိအမှတ်ပြုဆရာဝန်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ ဆစ်မီတဝေ့နိုင်ငံတကာကလေးဆေး ရုံမှာရှိတဲ့ ကျောက်ကပ်ရောဂါ ကလေးအထူးကု ဆေးခန်း ဟာ ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ရောဂါရှာဖွေ၊ ကုသမှုပေါင်းများစွာကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဆေးခန်းရဲ့ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေမှာ မျိုးရိုဗီဇ မူမမှန်မှုတွေကြောင့်အပြင် တခြားအခြေအနေတွေကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေကို ရှာဖွေ ဖော်ထုတ်ခြင်းတွေလည်းပါဝင်နေပါတယ်။ ဟာအခြေအနေတစ်ခုချင်းစီကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုအတည်ပြုဖို့အတွက် နောက်ထပ်လေ့ လာဆန်းစစ်မှုတွေနဲ့ အသင့်တော်ဆုံးကုသမှုအစီစဉ်တွေကိုရွေးချယ်ခြင်းတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်ရောဂါတစ်မျိုးမျိုးကိုရှာဖွေဆန်းစစ်ပြီးပြီးဆိုတာနဲ့ ရောဂါဖြစ်တဲ့အခြေအနေတွေကို ရပ်တန့်ဖို့ သို့မဟုတ် လျော့ချဖို့ရည်ရွယ်တဲ့ ကုသမှုတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒီဆေးခန်း မှာဆားရည်ပါဝင်တဲ့ ပျော်ရည်နဲ့ ကိုယ်တွင်း သတ္တုဓာတ်မညီမျှမှုများကို ကုသမှုပေးခြင်း၊ သွေးတိုးရောဂါကို ကုသခြင်း၊  ဆီးမထိန်းနိုင်မှု သို့မဟုတ် အိပ်ပျော်ချိန်ဆီးသွားခြင်းလို ဆီးအိမ်ဆိုင်ရာ ပြဿနာတွေနဲ့ အရေပြားလေးဘက်နာကြောင့်ဖြစ်တဲ့ ကျောက်ကပ် ပျက်စီးခြင်း၊ Berger’s Disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်က ကျောက်ကပ်မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း တို့လို ကျောက်ကပ်ရောင်ခြင်း တွေကိုလည်း ကုသပေးလျက်ရှိပါတယ်။ အောက်ပါ ရောဂါနဲ့ အခြေအနေများကို ဒီဆေးခန်းမှာ ကုသနိုင်ပါတယ်။

  • ကျောက်ကပ်သွေးသန့်စင်ခြင်းဖြင့် ကျောက်ကပ် ပျက်စီးခြင်းကို ကုသမှု
  • ဝမ်းဗိုက်အမြှေးပါးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းဖြင့်ကျောက်ကပ်ပျက်စီးခြင်းကို ကုသမှု
  • ကျောက်ကပ်အစားထိုးကုသခြင်း
  • အာထရာဆောင်း၊ ဓာတ်ရောင်ခြည်မဖြတ်နိုင်တဲ့ ဆိုးဆေး၊ ကျောက်ကပ် စကင်ဖတ်ခြင်းစတဲ့ ပုံရိပ်ဖော် စစ်ဆေးမှု နည်းလမ်း တွေကိုသုံးပြီး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမူမမှန်မှုတွေကို စမ်းသပ်စစ်ဆေးမှု
  • ကိုယ်တွင်းတစ်နေရာမှာရောဂါပြင်းထန်ခြင်းကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးခြင်းကို ကုသမှု
  • ကျောက်ကပ်ရောင်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောင်ခြင်းကို ကုသမှု
  • ကျောက်ကပ်မှ အသားစယူပြီး ဓာတ်ခွဲစစ်ဆေးမှု 
  • အရေးပြားလေးဘက်နာ (SLE) ကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောင်ရမ်းခြင်းကို ကုသမှု
  • မွေးရာပါကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းပြဿနာများကို ကုသမှု
  • ဆီးလမ်းကြောင်းရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့လို ဆီးလမ်းကြောင်းပိုးဝင်မှုများကို ကုသမှု
  • ဆီးတွင်သွေးနီဥဆဲလ်များ နဲ့/  သို့မဟုတ် အသားဓာတ်များပါခြင်းလို ဆီးလမ်းကြောင်း မူမမှန်ခြင်းများကို ကုသမှု
  • ဦးနှောက်ဂလင် (သို့မဟုတ်) ကျောက်ကပ်အလုပ်လုပ်မှုပုံစံမှားယွင်းခြင်းကြောင့် ရေဓာတ်ထိန်းသိမ်း မှုစ နစ်ဆုံးရှုံးကာ ဆီးသွားများခြင်း ရောဂါကုသမှု
  • ကျောက်ကပ်ရောဂါကြောင့်ဖြစ်တဲ့ သွေးတိုးခြင်းကိုကုသမှု
  •  အရည်နဲ့ကိုယ်တွင်း သတ္တုဓာတ်မညီမျှခြင်းကို ကုသမှု
  • နာတာရှည်ကျောက်ကပ်ရောဂါကို ကုသမှု (ဆီးအတွင်း အသားဓာတ်ပါလာကာ အသားဓာတ်ဆုံးရှုံးခြင်း )