ကလေးအစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါကုသမှုစင်တာ

Building 1, Floor 2 Daily (7 days /week) - 07:00 - 20:00 66 (0) 2022-2236-40 [email protected]

ကလေးအစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါကုသမှုစင်တာ

ကလေးအစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါကုသမှုစင်တာ

ထိုင်းနိုင်ငံသာမက အာရှတိုက်အတွင်းမှာပါ ကလေးငယ်များကျန်းမာရေး စောင့်ရှောက်ခြင်းဝန်ဆောင်မှုနဲ့ ပတ်သက်ရင် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ကလေးငယ်များမှာဖြစ်တဲ့ အစာခြေစနစ်နဲ့ အသည်းရောဂါ ကုသမှု ၊ ကြိုတင်ကာကွယ်မှုများကိုဝန်ဆောင်ပေးလျက်ရှိပြီး ကလေးလူနာများအတွက် ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ ဘဝတစ်ခုရရှိစေဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အသည်းနှင့်အစာခြေစနစ် အထူးကုဆရာဝန်ကြီးများနဲ့အတူ အထူးလေ့ကျင့်ထားတဲ့ ကလေးအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ အသည်းရောဂါအထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများဟာ အတူတကွ ပူးပေါင်းကာ ကုသပေးလျက်ရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေမှု နဲ့ကုသမှုများကို လုပ်ဆောင်ပေး နေတာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ ရောဂါ ကနဦးအဆင့်မှာ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး အဆင့်အတန်းမြင့်မားတဲ့ ကုသမှု နည်းစနစ်များနဲ့ အစာခြေစနစ်ဆိုင်ရာရောဂါများကို ကုသပေးနေတာဖြစ်ပါတယ်။

ဝန်ဆောင်မှုများနဲ့အထူးစစ်ဆေးခြင်းများ

  1. အသက်ရှူစစ်ဆေးမှုများ (Breath Test)
    • အစာခြေစနစ်
    • အူသိမ်အတွင်းရှိဘတ်တီးရီးယားများ
    • အစာအိမ်အတွင်းရှိဘတ်တီးရီးယားများ
  2. X-ray
    • ဝမ်းချုပ်ခြင်းကိုသိနိုင်တဲ့ ဝမ်း(မစင်)ဝမ်းဗိုက်ထဲရောက်ဖို့ ကြာချိန်ကိုစစ်ဆေးခြင်း (Colonic Transit Time Test)
    • အရည်တစ်မျိုးကိုမျိုချပြီးအစာအိမ်နှင့်အူလမ်းကြောင်းအထက် ပိုင်းကိုစစ်ဆေးခြင်း (Barium Study)
  3. အစာခြေရည်များအစာမျိုပြွန်အတွင်းဝင်ရောက်မှု အကြိမ်အရေအတွက်ကို စစ်ဆေးခြင်း (Esophageal Acidity Test)
  4. အစာအိမ်နှင့်အူလမ်းကြောင်း အထက်ပိုင်းနှင့်အောက်ပိုင်းကို မှန်ပြောင်းဖြင့် ကြည့်ခြင်း (GI endoscopy)
  5. ဆေးတောင့်ပုံသဏ္ဍာန်ကိရိယာ(Capsule Endoscope) မျိုချကာ အစာခြေလမ်းကြောင်းအတွင်းကြည့်ရှုစစ်ဆေးခြင်း (Video Capsule Endoscopy)
  6. စအိုနှင့်စအိုကြွက်သားများရဲ့လုပ်ဆောင်မှုကိုစစ်ဆေးခြင်း (Anal Manometry)
  7. အသည်းမာကျောမှုနှင့်အသည်းအတွင်းအဆီစုပုံမှုကိုစစ်ဆေးခြင်း (Fibroscan)
  8. နို့ နှင့် အစားအစာ များဓာတ်မတည့်မှုကိုစစ်ဆေးခြင်း (Food Challenge and SPT)
  9. အာထရာစောင်းရိုက်ခြင်း
  10. CT Scan ဖြင့်စစ်ဆေးခြင်း ၊ MRI ဖြင့်စစ်ဆေးခြင်း ၊ MRCP ဖြင့်စစ်ဆေးခြင်း

အထူးဝန်ဆောင်မှုများ

  • အာဟာရနှင့်စားသုံးမှုပုံစံနည်းစနစ်များ
  • အစာမျိုချမှုနှင့်ပတ်သက်ပြီးလေ့ကျင့်ပေးခြင်း
  • သန့်စင်ခန်းအလေ့အထနှင့်ပတ်သက်ပြီးလေ့ကျင့်ပေးခြင်း

Facilities

  • X-ray
  • အစာအိမ်နှင့်အူလမ်းကြောင်း အထက်ပိုင်းနှင့်အောက်ပိုင်းကို မှန်ပြောင်းဖြင့် ကြည့်ခြင်း  (GI endoscopy)
  • ဆေးတောင့်ပုံသဏ္ဍာန်ကိရိယာ(Capsule Endoscope) မျိုချကာ အစာခြေလမ်းကြောင်းအတွင်းကြည့်ရှုစစ်ဆေးခြင်း 
  • အာထရာစောင်းရိုက်ခြင်း
  • CT Scan, MRI, MRCP
  • CT Scan ဖြင့်စစ်ဆေးခြင်း ၊ MRI ဖြင့်စစ်ဆေးခြင်း ၊ MRCP ဖြင့်စစ်ဆေးခြင်း

Common Conditions:

  • ဝမ်းဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစာအိမ်ဖောရောင်ခြင်းနှင့် ဝမ်းဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေသော အစာခြေပြဿနာများ*
  • စားချဉ့်ပြန်ကြောင့် ငိုခြင်း၊ စိတ်ရှုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ တံတွေးထွေးခြင်း၊ အော့အန်ခြင်း၊ ရင်ပူခြင်း၊ ဟောက်ခြင်း၊ အိပ်ချိန်မလုံလောက်ခြင်း၊ သွေးအားနည်းခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါ **
  • နွားနို့နှင့် ပရိုတင်းဓာတ်မတည့်ခြင်း *
  • နာတာရှည် ဝမ်းချုပ်ခြင်း ကြီးထွားမှုနှောင့်နှေးခြင်း၊ လိပ်ခေါင်း၊ ဝမ်းယိုခြင်း၊  Hirschsprung’s ရောဂါ **
  • နာတာရှည် အူမကြီးရောင်ရမ်းခြင်း သို့မဟုတ် အူမကြီးတွင်း အဖုအကျိတ်ကြောင့် ဝမ်းတွင်းသွေးပါခြင်း**
  • ဗိုင်းရပ်စ်ကြောင့်အသည်းရောင်ခြင်း, အဆိပ်အတောက်များ သို့မဟုတ် အသည်းရောဂါ**
  • Biliary cirrhosis**
  • မျိုးရိုးဗီဇဆိုင်ရာရောဂါများ*

(* ကုသနိုင်သော ** လူနေမှုဘဝ မြှင့်တင်ရန် ကုသနိုင်သော)