ကလေးအတက်ရောဂါကုသရေးစင်တာ

2nd Floor Daily (7 days/week) - 07:00 - 20:00 + 66 (0) 2378-9110-1 info@samitivej.co.th

Epilepsy လို့ခေါ်တဲ့ အတက်ရောဂါဟာ ကလေး ဘဝမှာ အများဆုံးစတင်ဖြစ်ပွားကာ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ လက္ခဏာများဟာ တစ်ယောက်နဲ့တစ်ယောက်မတူ ညီကြပါဘူး။ ဒါကြောင့် အထိရောက်ဆုံးပျောက်ကင်း သက်သာဖို့အတွက် မှန်ကန်တိ ကျတဲ့ရောဂါရှာဖွေမှုနဲ့ အခြေအနေပေါ်မူတည်ကာ လုပ်ဆောင်ရတဲ့ ကုသမှုကို လိုအပ်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါများထဲမှ အထူးသဖြင့် အတက်ရောဂါကို ကုသဖို့ ဝါရင့်အတွေ့အကြုံရှိတဲ့ ဆေးကုသမှုအဖွဲ့ လိုအပ်ပါတယ်။

  • ဆစ်မီတဝေ့ဆေးရုံရဲ့အထူးကုဆရာဝန်ကြီးများ - ဆစ်မီတဝေ့ဆေးရုံမှာ ကလေးဦးနှောက်နှင့်အာရုံ ကြောအထူးကုဆရာဝန်ကြီးများ၊ ကလေးဦးနှောက် နှင့်အာရုံကြောခွဲစိတ်ဆရာ ဝန်ကြီးများ ၊ ကလေးပြန်လည်သန်စွမ်းရေးဆရာ ဝန်များ၊ ကလေးကိုယ်ကာယ ကုထုံးပညာရှင်များနဲ့ ကလေးအာဟာရပညာ ရှင်များဟာ အတူတကွပူးပေါင်းပြီး ကလေးငယ်တစ်ဦးချင်းစီအတွက် ထိရောက်မှုအရှိဆုံးနဲ့ ပြီးပြည့်စုံ တဲ့ ကုသမှုများကို လုပ်ဆောင်ပေးကြပါတယ်။ အဆိုပါအထူးကုဆရာဝန်ကြီးများနဲ့ ပညာရှင်များဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ သင်ယူလေ့လာခဲ့ကြပြီး ဝါရင့်အတွေ့အကြုံအများကြီးရှိကြ သူများ ဖြစ်ပါတယ်။
  • ဆစ်မီတဝေ့ဆေးရုံရဲ့အမျိုးမျိုးသောရောဂါရှာဖွေစစ်ဆေးမှုနည်းလမ်းများ - ဦးနှောက် CT Scan ရိုက်ခြင်း ၊ အတက်ရောဂါအတွက် အထူးလုပ်ဆောင်မှုများ နဲ့အတူ ဦးနှောက် MRI  ရိုက်ခြင်း ၊ Magnetic Resonance Spectroscopy (MRS) နည်းလမ်းနဲ့ ဦးနှောက်အတွင်းဇီဝဖြစ်စဉ် များကို စစ်ဆေးခြင်း၊  ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ခြင်း (Electroencephalography / EEG) နည်းလမ်းနဲ့ ဦးနှောက် လုပ်ဆောင်မှုကို စစ်ဆေးခြင်း စတဲ့နည်းလမ်းများ အသုံးပြုပြီး အတက်ရောဂါနဲ့ ရောဂါဖြစ်စေတဲ့အကြောင်းအရင်းကို တိတိကျကျ ရှာဖွေပေးနိုင် ပါတယ်။
  • ကောင်းမွန်ပြည့်စုံတဲ့ရွေးချယ်စရာကုသမှုများ - ဆစ်မီတဝေ့ဆေးရုံအနေနဲ့ လူနာများအတွက် တကယ့်ကိုထိရောက်ပြီး တစ်ဦးချင်းစီအတွက်လည်း သီးသန့် ရေးဆွဲထားတဲ့ ကုသမှုများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။  ပြန်လည် ကျန်းမာလာစေရေးနဲ့ တိုးတက်မှုရှိအောင် လှုံ့ဆော်ပေးခြင်းအပါအဝင် သီးသန့် ကုသမှုနဲ့ ထိရောက်တဲ့ ကုသမှုများကို ဆစ်မီတဝေ့ဆေးရုံမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သောက်ဆေးမတိုးတော့တဲ့ အတက်ရောဂါအတွက် ကာဗိုဟိုက်ဒရိတ်ပမာဏ အနည်းငယ်သာ စားသုံးတဲ့ Ketogenic Diets အပါအဝင် ဦးနှောက်မှထွက်တဲ့အာရုံကြော(Vagus Nerve) ဆီ လျှပ်စစ် စွမ်းရည် ပို့လွှတ်ခြင်းနည်းလမ်းတစ်ခုဖြစ်တဲ့ Vagus Nerve Stimulator(VNS) ကဲ့သို့သော ခွဲစိတ်ကုသမှုနည်းလမ်းကိုပါရွေးချယ်နိုင်ပါတယ်။
  • ပြီးပြည့်စုံတဲ့စီစဉ်ဆောင်ရွက်မှုများ - ဦးနှောက်လုပ်ဆောင်မှုကိုစစ်ဆေးတဲ့ ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ခြင်း (သို့) EEG Monitoring Unit (EMU) မှာ အချိန်ကြာရှည်စွာတက်ခြင်းကို ဗီဒီယိုကနေတစ် ဆင့် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးပြီး ဆေးမတိုးတော့တဲ့ အတက်ရောဂါအတွက် အတက် ရောဂါခွဲစိတ်ကုသမှု လိုမျိုး နည်းလမ်း နဲ့ ကုသဆောင်ရွက်ပေးပါတယ်။ ခွဲစိတ်ကုသမှုပြီးတာနဲ့ လူနာကလေး ငယ်များကို အမြင့်မားဆုံး သောစံချိန်စံ ညွှန်းများနဲ့ အနီးကပ် ကြပ်မတ် စောင့်ရှောက် ပေးမယ့် Pediatric Intensive Care Unit လည်းရှိပါတယ်။ သက်သောင့်သက်သာနားနေပြီး အနီးကပ်ကြပ်မတ် စောင့်ရှောက်မှုများဟာ  ကလေးငယ်တစ်ဦး နဂိုအကောင်းအတိုင်းပြန်ဖြစ်စေဖို့ အဓိကကျတဲ့အချက်များ ဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ အနီးကပ်ကြပ်မတ် စောင့်ရှောက်ပေးတဲ့ ကဏ္ဍနဲ့ပတ်သက်ပြီး Middle East Healthcare Leadership Awards မှာ အကောင်းဆုံးကိုယ်ကာယပြန်လည်သန်စွမ်းရေး ပညာရှင် Best Physiotherapist အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

အတက်ရောဂါကို ရောဂါရှာဖွေမှု ဘယ်လို လုပ်ဆောင်နိုင်သလဲ? ဘယ်လိုကုသနိုင်သလဲ?

ရောဂါရှာဖွေမှု
ကျွန်တော်တို့ရဲ့ ကလေးဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီးများမှ ရောဂါရှာ ဖွေဖို့အတွက် လူနာရဲ့ ကျန်းမာရေးရာဇဝင်နဲ့ လူနာခံစားနေရတဲ့ရောဂါလက္ခဏာများ နဲ့ ပတ်သက်တဲ့အချက်အလက်များကိုလိုအပ်မှာဖြစ်ပါတယ်။ အဲဒီနောက် လူနာရဲ့ အခြေအနေအပေါ်မူတည်ပြီး လူနာနဲ့ အကိုက်ညီဆုံး အသင့်လျော်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ စစ်ဆေးမှု အားလုံးကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ခြင်း (Electroencephalography / EEG) နည်းလမ်းနဲ့ ဦးနှောက် လုပ်ဆောင်မှု စစ်ဆေးခြင်းဟာ လူနာများအနေနဲ့ ဘယ်လိုပုံစံအမျိုးအစားနဲ့ အတက်ရောဂါ ခံစားရလဲ ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုအတွင်း Electrodes လို့ခေါ်တဲ့ လျှပ်ခေါင်းကို လူနာရဲ့ ခေါင်းပေါ်မှာကပ်လိုက်ပြီး ဦးနှောက်ရဲ့ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှုကို မှတ်တမ်းယူမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဆေးရုံရဲ့ အထူးကုဆရာဝန်ကြီးများမှ ပိုမိုတိကျတဲ့ရောဂါရှာဖွေမှုနဲ့ တက်တဲ့နေရာကို တိတိကျကျ အဖြေရှာဖို့အတွက် CT Scan နဲ့ MRI Scan နည်းလမ်းတွေ လုပ်ဆောင်ဖို့အကြံပေးမှာဖြစ်ပါတယ်။        
            
ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ပြီး ဦးနှောက်လုပ်ဆောင်မှုကိုစစ်ဆေးတဲ့ EEG Monitoring Unit (EMU) မှာ ကြာရှည် စွာ အချိန်ယူပြီး စစ်ဆေးခြင်းဖြင့် အ တက်ရောဂါ အမျိုးအစားများကို အဆင့်ဆင့် စစ်ဆေးနိုင် ပြီး ဘယ်သူတွေက ခွဲစိတ်ကုသမှုနည်းလမ်းနဲ့ သင့်လျော်မလဲ ဆိုတာကို သတ်မှတ် နိုင်မှာ ဖြစ်ပါတယ်။ EEG နည်းလမ်းကို အသုံးပြုပြီး လူနာကို တောက်လျှောက် စောင့်ကြည့် စစ်ဆေးခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုနဲ့ ဖွံ့ဖြိုးမှုကို စစ်ဆေးနိုင် ပြီး တက်တဲ့ နေရာအားလုံးကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။ 

ဆေးမတိုးတော့တဲ့ အတက်ရောဂါခံစားနေရတဲ့လူနာများ (သို့) ရောဂါလက္ခဏာ အခံအပါအဝင် တခြားသောအတက်ရောဂါကို ခံစားရတဲ့လူနာများ အနေနဲ့ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကိုသိရဖို့အတွက် EEG စစ်ဆေးမှုကို အချိန် ကြာရှည်စွာယူပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်မှုများဟာ ရောဂါရှာဖွေ ခြင်းနဲ့ ကုသမှုအပိုင်းမှာ လွန်စွာအကျိုးရှိပါတယ်။

မျိုးရိုးဗီဇစစ်ဆေးခြင်း
တချို့သောအတက်ရောဂါပုံစံများဟာ တိတိကျကျရောဂါရှာဖွေနိုင်ဖို့အတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းကိုပါ တစ်ဆက်တည်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မျိုးရိုးဗီဇ ရောဂါပြဿနာများစွာ ရှာဖွေစစ်ဆေးပေးနိုင်တဲ့အပြင် တိကျမှုမြင့်မားတဲ့ အဆိုပါ စစ်ဆေးမှုကို ဆစ်မီတဝေ့ ကလေးဆေးရုံမှာ လုပ်ဆောင်နိုင်ပါတယ်။  ကလေးထပ်ယူ ချင်တဲ့ မိဘများအတွက်လည်း ဒီလိုစစ်ဆေးမှုနည်းလမ်းဟာ များစွာ အကျိုးရှိပြီး အထောက်အကူပြုပါတယ်။

ရွေးချယ်စရာကုသမှုနည်းလမ်းများ

  • ဆေးဝါးများ
    အများအားဖြင့်ကုသမှုဟာအတက်ရောဂါကိုပျောက်ကင်းစေတဲ့ဆေးဝါးများနဲ့ စတင်ကုသ ပါတယ်။ ဒါဟာ ထိုးဖောက်မှုအနည်းဆုံးဖြစ်ပြီး ကလေးလူနာများရဲ့ (၆၀)-(၇၀) ရာခိုင်နှုန်းဟာ ပထမဆုံးဆေးသောက်တာနဲ့တင် သက်သာပါတယ်။
  • ကာဗိုဟိုက်ဒရိတ်လျှော့စားရတဲ့ Ketogenic Diet နဲ့ Atkins Diet
    Ketogenic Diet ဟာ အဆီဓာတ်မြင့်မားပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ ကာဗိုဟိုက်ဒရိတ်အလွန်နည်းပါးတဲ့ စားသောက်မှုပုံစံဖြစ်ပါတယ်။ ၎င်း စားသောက်မှုပုံစံဟာ ဦးနှောက်ကထုတ်လုပ်လိုက်တဲ့ စွမ်းအင်တွေကို လုပ်ဆောင်မှု အဖြစ်ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု စနစ်ကို နားလည်သဘောပေါက်သူလွန်စွာနည်းပါးသော်လည်း Ketogenic Diet ဟာ ၁၉၂၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လူနာများစွာအတွက် အတက်ရောဂါ ကို လျှော့ချပေးခဲ့ကြောင်း သက်သေတွေရှိခဲ့ပြီးဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ Ketogenic Diet နဲ့ပတ်သက်တဲ့ အဖွဲ့တစ်ခုရှိပြီး ၎င်း အဖွဲ့မှာပါဝင်တဲ့ ဝါရင့်အတွေ့အကြုံရှိ ကလေးဦးနှောက်နှင့်အာရုံကြော အထူးကု ဆရာဝန်ကြီးများ၊ ကလေးအာဟာရပညာရှင်များ၊ ကောင်းစွာသင်ယူလေ့ကျင့် ထားတဲ့ သူနာပြုများမှ ကလေးငယ်ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး အမြဲတမ်း အနီးကပ် စောင့်ကြည့်ပေးနေတာဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှုများ
    ဆေးမတိုးတော့တဲ့ အတက်ရောဂါခံစားနေရတဲ့ လူနာများအတွက် ခွဲစိတ်ကုသမှုနည်းလမ်းကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဒီလိုရွေးချယ်ရာမှာ လည်း ကလေးငယ်တစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ကုသမှုနည်း လမ်းကို သီးသန့် ရေးဆွဲသင့်ပါတယ်။ EGG နည်းလမ်းနဲ့ အနီးကပ်စောင့်ကြည့် ထားတဲ့ အချက်လက်များ၊ လိုအပ်ရင် MRI နဲ့ PET စစ်ဆေးမှုရလဒ်များ ကို စုစည်းသုံးသပ်ပြီး အတက်ရောဂါ ကိုဖြစ်စေတဲ့  အကွက်(Spot) တစ်ခုခုတွေ့ရှိရတယ် ဆိုရင် ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ ဘယ်လို ဖယ်ရှားပစ်လို့ရမလဲ ဆိုတာကို ဆက်လက်စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။
  • ဦးနှောက်မှထွက်တဲ့အာရုံကြော(Vagus Nerve) ဆီ လျှပ်စစ် စွမ်းရည် ပို့လွှတ်ခြင်းနည်းလမ်းတစ်ခုဖြစ်တဲ့ Vagus Nerve
    ဆေးမတိုးတဲ့ အတက်ရောဂါများ ၊ နေရာအနှံအပြားမှာ အတက်ရောဂါကို ဖြစ်စေတဲ့အကွက် (Spot) တွေ့ရှိရတဲ့အခြေအနေများ၊ အကွက် (Spot) မတွေ့ရှိရတဲ့ အတက်ရောဂါများ  အတွက် နောက်ထပ်ရွေးချယ်စရာ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ Vagus Nerve Stimulator (VNS) ကိုလည်း ဆစ်မီတဝေ့ဆေးရုံမှာရရှိနိုင်ပါတယ်။ ၎င်းနည်းပညာဟာ ကလေးငယ်ကြုံတွေ့ရတဲ့ အတက်ရောဂါအပေါ်မူတည်ပြီး တက်ခြင်းကိုခံစားရချိန်၊ အကြိမ်အရေအတွက်နဲ့ ရောဂါပြင်း ထန်မှုကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ကာယဆိုင်ရာကုထုံး(Physical Therapy) နဲ့ ကိုယ်စိတ်ပြန်လည် ကျန်းမာလာစေရေးကုထုံး(Occupational Therapy)

တချို့ကလေးငယ်များဟာ ခွဲစိတ်ကုသမှုအပြီး ခဏတာ လုပ်ဆောင်နိုင်မှုလျော့နည်း ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ သင့်လျော်တဲ့ ခွဲစိတ်ကုသမှုမတိုင်ခင် စောင့်ရှောက်မှု၊ ခွဲစိတ်ကုသမှုအပြီးစောင့်ရှောက်မှု နဲ့ ဆက်လက်စောင့်ရှောက်မှု များကို လိုအပ်ပြီး အတက်ရောဂါ ခံစားနေရသူ ကလေးငယ်များအတွက် ပြန်လည်ကောင်းမွန်သက်သာလာစေရေး (Rehabiliation)  ဟာ ကုသမှုရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာခွဲစိတ်ကုသမှုအပြီးနောက်မှာ ဆစ်မီတဝေ့ဆေးရုံရဲ့ ကိုယ်ကာယဆိုင်ရာပညာရှင်၊ လေ့ကျင့်မှုပညာရှင်များနဲ့ စကားပြောကုထုံးပညာရှင် များဟာ လူနာနဲ့ သူတို့ရဲ့မိဘများအတွက် ပူးပေါင်းပြီး လေ့ကျင့်ဆောင်ရွက်ပေး ကြပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ အဓိက ရည်မှန်းချက်ကတော့ သိသာတဲ့တိုးတက်လုပ်ဆောင်မှု တွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ ရောဂါခံစားခဲ့ရတဲ့ကလေးငယ်အတွက် ကောင်းမွန်တဲ့ ဘဝကို ပြန်လည် ပိုင်ဆိုင်နိုင်စေဖို့ဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အရှေ့အလယ်ပိုင်းကျန်းမာရေးစောင့်ရှောက်မှုအတွက်  အကောင်းဆုံးကလေး ဆေးရုံနဲ့ အကောင်းဆုံးကိုယ်ကာယကျွမ်းကျင်ပညာရှင်ဆု (‘Best Hospital in Pediatrics and Best Physiotherapist’ Award ) ကို ရရှိခဲ့ပါတယ်။

ရောဂါပြင်းထန်မှုအနည်းငယ်သာရှိတဲ့လူနာများဟာ သောက်ဆေး (၂)နှစ်စွဲသောက် ပြီးရင် အပြည့်အဝ ပြန်လည်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုဆိုးရွားတဲ့ တချို့ အခြေအနေဆိုရင်တော့ ဆေးကို ကြာရှည်စွာဆွဲသောက်ဖို့လိုပါတယ်။ ဒီလူနာတွေ ထဲမှာ အတက်ရောဂါလက္ခဏာတွေကို ဆေးနဲ့ ထိန်းဖို့လိုအပ်တဲ့သူဆိုရင် နောက်ထပ် ကုသမှုနည်းလမ်းတစ်ခုအနေနဲ့ ခွဲစိတ်ကုသမှုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ တချို့လူနာတွေအတွက် ဆေးလျှော့သောက်ရနိုင်သလို တချို့လူနာတွေက နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ ဝါရင့်အတွေ့အကြုံရှိ ကလေးဦးနှောက်နဲ့အာရုံကြော အထူးကု ဆရာဝန်ကြီးများဟာ တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းအပြင် တခြားသော အွန်လိုင်းဆွေးနွေးမှုများနဲ့လည်း လူနာများအားလုံးကို သင့်လျော်တဲ့ အကြံပေး လမ်းညွှန်မှုတွေပြုလုပ်ပေးလျက်ရှိပါတယ်။ လူနာအနေနဲ့ ဆေးရုံကို လူကိုယ်တိုင်မလာ ရောက်ခင် မိမိရဲ့ ကျန်းမာရေးအခြေအနေကို Virtual Channel များကနေ တစ်ဆင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဒါဆိုရင် အချိန်လည်း ပိုမိုသက်သာစေသလို ကုသရာမှာ လည်း မြန်မြန်ဆန်ဆန်စတင်လုပ်ဆောင် နိုင်ပါတယ်။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)