သင့် နှလုံးကို ဂရုစိုက်ပါ
ကလေးများ နဲ့ ဆယ်ကျော်သက်များအတွက် နှလုံးရောဂါ ကုသခြင်း
ဆစ်မီတဝေ့ ကလေးဆေးရုံရဲ့ ကလေးနှလုံးအထူးကုဆေးခန်းတွင် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများကို အသုံးပြုထားပြီး ပြည်တွင်းပြည်ပ လူနာများကို နိုင်ငံတကာအဆင့်မီ နှလုံးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိအမှတ်ပြု ခွဲစိတ်ဆရာဝန်များအဖွဲ့မှ ဦးဆောင်ကုသပေးနေပါတယ်။
ကလေးနှလုံးအထူးကုဆေးခန်းတွင် မွေးရာပါနှလုံးရောဂါများ၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော နှလုံးကြွက်သားအားနည်းရောင်ရမ်းခြင်း (hypertrophic cardiomyopathy)၊ နှလုံးအမြှေးပါးရောဂါများ၊ နှလုံးအဆို့ရှင်ရောဂါများ၊ နှလုံးပင်မသွေးလွှတ်ကြောဖောင်းပွခြင်း (aortic aneurysm)၊ အဆစ်အမြစ်ဆိုင်ရာရောင်ရမ်းခြင်းရောဂါ (rheumatic diseases) နဲ့ ခါဝါဆာကီရောဂါ (Kawasaki disease) စတဲ့ အမျိုးမျိုးသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ရောဂါရှာဖွေခြင်း နဲ့ ကုသခြင်းများကို ဆောင်ရွက်ပေးနေပါတယ်။ ကျွန်ုပ်တို့ ရဲ့ ကလေးနှလုံးအထူးကုဆရာဝန်များဟာ ပြင်ပလူနာ နဲ့ အတွင်းလူနာ နှစ်မျိုးစလုံးအတွက် အကောင်းဆုံး စောင့်ရှောက်မှုများကို ပေးနေပါတယ်။