ကင်ဆာရောဂါကုသမှုဆေးခန်း (Oncology Clinic)

Building 1, 5th Floor Daily (7 days /week) - 07:00 - 23:00 66 (0)2 022-2480 info@samitivej.co.th

အတူတူရင်ဆိုင်ကျော်ဖြတ်ရမယ့်ကင်ဆာရောဂါ

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာရှိတဲ့ ကင်ဆာရောဂါကုသမှုဆေးခန်းဟာ အမြင့်မားဆုံးသောနိုင်ငံတကာအဆင့်မီစံချိန်စံညွှန်းများနဲ့ က်ိုက်ညီတဲ့ ကင်ဆာရောဂါကုသမှုအစီအစဉ် အမျိုးမျိုးကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ လူနာတစ်ယောက်ချင်းစီအတွက် လုံးဝပျောက်ကင်း သက်သာနိုင်မယ့် အကောင်းဆုံးအခွင့်အရေးတွေပေးစွမ်းဖို့အတွက် ပုံမှန်စစ်ဆေးမှု တွေကနေတစ်ဆင့် စောစောစီးစီးရောဂါရှာဖွေတွေ့ရှိဖို့ကို ဦးစားပေးပါတယ်။ အဲဒီနောက် သီးသန့်အထူးရေးဆွဲထားတဲ့ ကုသမှုနည်းလမ်းများစွာနဲ့ ကင်ဆာလူနာ တွေကို ကုသမှုပေးလျက်ရှိပါတယ်။ အဆိုပါကုသမှုနည်းလမ်းများထဲမှာ ခွဲစိတ်ကုသမှု၊ အိုင်အိုဒင်းကုထုံး(Iodine Therapy)၊ သွေးနဲ့ပတ်သက်တဲ့ရောဂါများအတွက်ကုသမှု များ၊ ဓာတ်ရောင်ခြည်ကုထုံး(Radiation)၊ ရိုးတွင်းခြင်ဆီအစားထိုးကုသမှု (Bone Marrow Transplants) နဲ့ ခီမိုဆေးသွင်းခြင်း(Chemotherapy) စတာတွေ ပါဝင် ပါတယ်။ ကုသမှုပေးနေစဉ်အချိန်အတွင်းမှာလည်း လူနာတစ်ဦးချင်းစီရဲ့ ဆိုးရွားတဲ့ ရောဂါလက္ခဏာများနဲ့ အဆင်မပြေမှုကို လျှော့ချဖို့ ရောဂါသက်သာစေမယ့် စောင့်ရှောက်မှုများကိုသာ လုပ်ဆောင်ပေးပါတယ်။ နောက်ဆုံးမှာတော့ လူနာကို လုံးဝအရှင်း ပြန်လည်သက်သာလာစေဖို့ လုပ်ဆောင်ပေးပြီး လူနာကို နဂိုအကောင်း အတိုင်းပြန်ဖြစ်အောင် ကူညီပေးပါတယ်။ ဒါတင်မကပါဘူး။ ဆစ်မီတဝေ့ဆေးရုံမှာ အစားထိုးခွဲစိတ်ကုသမှုများသာမက ရင်သားကင်ဆာလူနာများအတွက် ခွဲစိတ်ကုသမှုအပြီး ရင်သားပြုပြင်မှု များကိုပါလုပ်ဆောင်ပေးလျက်ရှိပါတယ်။

ကင်ဆာရောဂါဟာ စိတ်ပျက်အားလျော့စရာ ရောဂါတစ်ခုလို့ ထင်ရပေမယ့် ဆစ်မီတဝေ့ဆေးရုံရဲ့ အတွေ့အကြုံရှိ ဝါရင့် ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ၊ ဓာတ်မှန်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၊ အထူးလေ့ကျင့်သင်ကြားထားတဲ့ ကင်ဆာရောဂါသူနာပြုများ၊ ဆေးထိုးကျွမ်းကျင် သူနာပြုများများမှ လူနာအနေနဲ့ ဒီရောဂါကိုရင်ဆိုင်နိုင်ဖို့ အားပေးကူညီကြပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ ထိုင်းနိုင်ငံရဲ့ အတော်ဆုံး အကောင်းဆုံး ကျန်းမာရေးဝန်ထမ်း များကို ခန့်အပ်ထားပြီး အဆိုပါဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းဟာလည်း သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာ ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းကြသူများ ဖြစ်ပါတယ်။ နောက်ဆုံးပေါ်ကင်ဆာကုသမှု စက်ကိရိယာများ၊ ခေတ်နဲ့အညီစီစဉ်ထား ရှိမှုများနဲ့အတူပေါင်းစပ်ထားတဲ့ ဘာသာစကားပေါင်းစုံနားလည်တတ်ကျွမ်းတဲ့အဖွဲ့ ဟာလည်း ဆစ်မီတဝေ့ဆေးရုံကို JCI အသိအမှတ်ပြုခံရစေတဲ့ တစ်စိတ်တစ်ပိုင်း အကြောင်းအရင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ ဂုဏ်သတင်း တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ဝန်ဆောင်မှုများ

  • ခီမိုဆေးသွင်းခြင်း (Chemotherapy)
  • ကင်ဆာဆဲလ်ပစ်မှတ်ထားကုထုံး (Targeted Cancer Therapy)
  • ကင်ဆာခုခံအားကုထုံး (Cancer Immunotherapy)
  • X-Ray
  • ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammography)
  • အသံလှိုင်းဖြင့်ပုံရိပ်ဖော်စစ်ဆေးခြင်း (Ultrasonography)
  • Computerized Tomographic Scan (CT-Scan)
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
  • အသားစယူစစ်ဆေးခြင်းနှင့်ဆန်းစစ်အတည်ပြုခြင်း (Biopsy and Analysis)
  • လူနာများနဲ့၎င်းတို့ရဲ့ဆွေမျိုးများအတွက်စိတ်ပိုင်းဆိုင်ရာအားပေးမှုများ
  • နာကျင်မှုကိုသက်သာစေတဲ့စောင့်ရှောက်မှုများ
  • သိုင်းရွိုက်ကင်ဆာအတွက်သိုင်းရွိုက်တစ်ရှူးများကိုဖယ်ရှားခြင်း (I-131 Ablation)
  • အူမကြီးကိုဖောက်ပြီးကုသစောင့်ရှောက်ခြင်း (Colostomy Care)
  • ကိုယ်လက်အင်္ဂါအစားထိုးတပ်ဆင်ခြင်း
  • ဆေးဝါးနှင့်ကုသစောင့်ရှောက်ခြင်း(သို့)ဘက်စုံဝေဒနာပြုစုကုသမှု
  • ဆီးပိုက်နှင့် ခန္ဓာကိုယ်အတွင်းထည့်ရတဲ့ပိုက် တပ်ဆင်ဝန်ဆောင်မှုပေးခြင်း
  • ဖုန်းခေါ်ဆိုမှု
  • အဖုအသီးအမာရွတ်မဖြစ်အောင်ကာကွယ်ခြင်း
  • အာဟာရဆိုင်ရာအကြံပေးဆွေးနွေးခြင်း
  • စိတ်ခံစားမှုနှင့်စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း
  • ဗိုက်ဖောက်ကုသခြင်း (Ostomy care)
  • အရေပြားအောက်ကို အထူးပြုလုပ်ထားတဲ့သွေးကြောများထည့်သွင်းခြင်း
  • အကြံပြုအားပေးသည့်အဖွဲ့များ

ဆစ်မီတဝေ့ဆေးရံရဲ့စီစဉ်ထားရှိမှုများနဲ့ဆေးဘက်ဆိုင်ရာနည်းပညာများ

  • ပြင်ပလူနာစမ်းသပ်ခန်း
  • မီးယပ်ရောဂါစမ်းသပ်ခန်း
  • ပြင်ပလူနာခီမိုဆေးသွင်းကုသခန်း
  • သွေးစစ်ခန်း
  • စံချိန်စံညွှန်းမီဓာတုရောစပ်သည့်စက်များ
  • စွမ်းအင်နည်းပါးတဲ့မီးအားမြှင့်စက်
  • ကင်ဆာရောဂါလူနာများအတွက်သီးသန့်ပြင်ပလူနာစမ်းသပ်ခန်း
  • အတွင်းလူနာခီမိုဆေးသွင်းကုသခန်း
  • ရောဂါပိုးမွှားများပျံ့နှံ့မှုကိုကာကွယ်ပေးနိုင်တဲ့ Positive Pressure Room
  • ရိုးတွင်းခြင်ဆီအစားထိုးခြင်း