မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) နှင့် ကလေးအထူးကြပ်မတ်ကုသဆောင် (PICU)

Building 1, Floor 4 24 Hours 66 (0) 2022-2222 [email protected]

မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) နှင့် ကလေးအထူးကြပ်မတ်ကုသဆောင် (PICU)

မွေးကင်းစကလေးငယ် စောင့်ရှောက်မှုမှာ အပြည့်အဝယုံကြည်စိတ်ချအားကိုးရာ

ဆစ်မီတဝေ့ဆေးရုံကြီးဟာ မွေးကင်းစကလေးငယ်တို့အတွက် ထူးကဲကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေနှင့် မိသားစုများအတွက် ဘက်စုံပံ့ပိုးကူညီမှုတွေကို ပေးအပ်ရာကဏ္ဍမှာ ရေရှည်တည်တံ့ပြီး ထင်ရှားကျော်ကြားတဲ့ မှတ်တမ်းကောင်းများ ရရှိထားပါတယ်။ ၁၉၉၈ ခုနှစ် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဆစ်မီတဝေ့ ဆေးရုံကြီးကို "မိခင်နှင့်ကလေးတို့အတွက် ရင်းနှီးနွေးထွေးမှုပေးရာဆေးရုံကြီး" (Mother & Baby Friendly Hospital) အဖြစ် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း "ရွှေတံဆိပ်အဆင့် ဆိုင်းယက်ရတ်ဆေးရုံ" (The Gold Class Sai Yak Rak Hospital) အကဲဖြတ်မှုအဆင့်ကို ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုများအားလုံးအပြင် ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ အဆောက်အအုံ၊ အသုံးအဆောင်များနှင့် ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်တဲ့ JCI အသိအမှတ်ပြုလက်မှတ် ကိုလည်း ဂုဏ်ယူဖွယ်ရာ ရရှိထားပါတယ်။

ဒါပေမယ့် ဒီလို ဆုတံဆိပ်တွေ၊ အများပြည်သူအသိအမှတ်ပြုချီးကျူးမှုတွေထက် ကျွန်တော်တို့ဆီကို လာရောက် ပြသကြတဲ့ မိခင်များနှင့် ရင်သွေးငယ်တို့ရဲ့ စိတ်ကျေနပ်မှုနှင့် ဘေးကင်းကျန်းမာရေးကသာ ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ မွေးကင်းစကလေးငယ်စောင့်ရှောက်ဆောင်နှင့် မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင် (Nursery & NICU) ဟာ မွေးကင်းစကလေးငယ်များ၊ လမစေ့မွေးဖွားလာတဲ့  ကလေးငယ်များနှင့် စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးဖို့ တာဝန်ယူထားပါတယ်။ မွေးကင်းစကလေးငယ် တစ်ဦးအနေနှင့် ဘဝရဲ့ ပထမဆုံးအစောပိုင်းနာရီအနည်းငယ်ဟာ ဘယ်လောက်တောင် အသက်တမျှအရေးကြီး တယ် ဆိုတာကို ကျွန်တော်တို့ ကောင်းစွာနားလည်ထားပါတယ်။ ဒါကြောင့် အတွေ့အကြုံရင့် ဆရာဝန်များ၊ သူနာပြုများနှင့် ကလေးအထူးကုဆရာဝန်ကြီးများအားလုံးဟာ အခုလိုအရေးတကြီးကာလအတွင်း လူနာလေး တွေ လိုအပ်နေတဲ့ ပံ့ပိုးကူညီမှုများကို အကောင်းဆုံးပေးနိုင်ဖို့ အထူးလေ့ကျင့်ထားကြပါတယ်။  ကလေးတစ်ဦး ချင်းစီအလိုက် သီးသန့်ဂရုစိုက်မှု၊ ခေတ်မီဆန်းသစ်တဲ့ နည်းပညာများနှင့်  ၂၄ နာရီပတ်လုံး အနီးကပ် အထူး ကြပ်မတ်စောင့်ရှောက်မှုတို့ကြောင့် မွေးကင်းစကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ မောကျပ်ခြင်းရောဂါ လက္ခဏာစု (R.D.S) ကဲ့သို့သော ပြင်းထန်အခြေအနေရှိတဲ့ လမစေ့မွေးဖွားလာတဲ့ ကလေးငယ်များကိုပင် ကျန်းမာပျော်ရွှင်တဲ့ ကလေး များအဖြစ် ကြီးပြင်းလာနိုင်စေဖို့ ဆောင်ရွက်ပေးပါတယ်။

  • ပုံမှန်မဟုတ်သော လက္ခဏာများဖြင့် မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များကို ကုသမှုပေးခြင်း၊
  • မိမိတို့ဆေးရုံ၌ မွေးဖွားသော ကလေးငယ်များနှင့် အခြားဆေးရုံများမှ လွှဲပြောင်းလာသော ကလေးငယ် များကို ကုသစောင့်ရှောက်မှုပေးခြင်း၊
  • ဘီပိုးကာကွယ်ဆေး (Hepatitis B) နှင့် တီဘီကာကွယ်ဆေး (BCG) များ ထိုးနှံပေးခြင်း၊
  • သွေးစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေပေးခြင်း၊
  • အကြားအာရုံ စစ်ဆေးပေးခြင်း၊
  • မွေးဖွားပြီး နောက်ဆက်တွဲဆိုးကျိုး ခံစားရသည့် မွေးကင်းစကလေးငယ်များကို ကုသစောင့်ရှောက်မှု ပေးခြင်း၊
  • လမစေ့မွေးဖွားလာသော ကလေးငယ်များနှင့် စိုးရိမ်ရသည့် အခြေအနေရှိသော မွေးကင်းစ ကလေးငယ်များကို ကုသစောင့်ရှောက်မှုပေးခြင်း၊
  • မွေးကင်းစကလေးငယ် စောင့်ရှောက်ဆောင်တွင် မွေးကင်းစကလေးအထူးကုဆရာဝန်ကြီး ကိုယ်တိုင် အနီးကပ်ရှိနေပေးခြင်း၊
  • ကလေးငယ်တစ်ဦးချင်းစီအတွက် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး သီးသန့်သူနာပြုတစ်ဦးစီဖြင့် စောင့်ရှောက်မှုပေးခြင်း၊
  • မိဘများအနေဖြင့် ကလေးငယ်ထံ အချိန်မရွေး လာရောက်တွေ့ဆုံခွင့်ပြုခြင်းဖြင့် မိဘနှင့် ရင်သွေးငယ် ကြား သံယောဇဉ်ကို ပိုမိုခိုင်မြဲစေခြင်း၊
  • အသစ်စက်စက် မိခင်များအတွက် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း၊
  • ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်သည့် အရေးပေါ်ဖုန်းလိုင်း (Hotline) ထားရှိပေးခြင်း။

ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ခေတ်မီနည်းပညာများ