Child Development and Learning Enhancing Center ကလေးသူငယ် ဖွံ့ဖြိုးမှုနှင့် သင်ယူမှု မြှင့်တင်ရေးစင်တာ

Building 1, Floor 2 Daily (7 days/week) - 07:00 - 20:00 66 (0) 2022-2236-40 [email protected]

Child Development and Learning Enhancing Center ကလေးသူငယ် ဖွံ့ဖြိုးမှုနှင့် သင်ယူမှု မြှင့်တင်ရေးစင်တာ

ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း

ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်းဆိုတာ သူတို့ရဲ့ သဘာဝအတိုင်း ကြီးထွားမှုကို နှောင့်ယှက်ခြင်း သို့မဟုတ် ပိုမြန်လာအောင် အတင်းတွန်းအားပေးခြင်း မဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ဘက်စုံဖွံ့ဖြိုးမှု မျှတစေဖို့အတွက် သူတို့ရဲ့ အခြေအနေအရပ်ရပ်ကို သေသေချာချာ သိရှိနားလည်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်နှင့် တစ်ယောက်က ရုပ်ရည်သွင်ပြင်နှင့် ကိုယ်ရည်ကိုယ်သွေးတင်မကဘဲ ဖွံ့ဖြိုးမှုနှုန်းပါ မတူကြပါဘူး။ ကလေးတွေ ဖွံ့ဖြိုးတဲ့နှုန်း မတူတာဟာ သူတို့မှာ ပြဿနာရှိနေလို့လည်း မဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို စံနှုန်းများဖြင့် တိုင်းတာသတ်မှတ်ထားပြီး ကလေးရဲ့ ဖွံ့ဖြိုးမှု ပုံမှန်ရှိမရှိ သို့မဟုတ် နှောင့်နှေးမှုရှိမရှိကို ၎င်းစံနူန်းများဖြင့် တိုင်းတာဆုံးဖြတ်ကြပါတယ်။

ကလေးများကို သိရှိနားလည်ခြင်း - ကလေးမွေးဖွားလာတဲ့ နေ့ကစပြီး ကလေးထံမှပြတဲ့ အမူအရာများကို ကြည့်ကာ ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်အောင် ကြိုးစားကြရပါတယ်။ ကလေးက ကိုယ့်ကို ကြည့်တဲ့အခါမျိုးမှာ မိဘတွေပျော်ရွှင်ကြရပါတယ်။ ကလေးတွေ စကားမပြောတတ်ခင် အချိန်မှာ သူတို့ကို ပိုပြီးသိရှိနားလည်ထားခြင်းက မိခင်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သလို ကလေးရဲ့ အချက်ပြမှုများကို မှားယွင်းကောက်ချက်ချခြင်း သို့မဟုတ် မှားယွင်းတုံ့ပြန်မိခြင်းမျိုးမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ကလေးက လမ်းလျှောက်တတ်၊ စကားပြောတတ်လာတဲ့ အချိန်အထိလည်း မိဘတွေအနေနှင့် လေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ဆက်ပြီး လေ့လာနားလည်ထားသင့်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ အသက် ပထမ ၃ နှစ်အတွင်းမှာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတာကြောင့် မိဘများအနေဖြင့် ဤကဲ့သို့ လျင်လျင်မြန်မြန် ပြောင်းလဲမှုများအပေါ် လိုက်လျောညီထွေဖြစ်အောင် အမြဲအသင့်ပြင်ထားရပါမယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်းဟာ သူတို့ရဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ် ဖြစ်တာကြောင့် အရေးကြီးလှပါတယ်။

ကစားခြင်း - ကစားခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို ကလေးတွေအတွက် အရမ်းကို အရေးကြီးပါတယ်။ ကစားခြင်းဟာ ကလေးတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (Emotional intelligence / EQ) နှင့် အတွေးအခေါ်ဆိုင်ရာ ဉာဏ်ရည် (Intelligence quotient / IQ) တို့ကို မြှင့်တင်ပေးနိုင်ပါတယ်။ မိဘတချို့ကတော့ သူတို့ ငယ်ငယ်တုန်းက ကစားခဲ့ပြီး ပျော်ခဲ့ရတာတွေကို မေ့နေတတ်ကြပါတယ်။ သူတို့ ကလေးတွေနှင့် ကစားတဲ့အခါ တခါတလေ အရမ်းကြီး စည်းကမ်းတင်းကျပ်ခြင်း သို့မဟုတ် ပေါ့ပျက်ပျက် ဖြစ်သွားခြင်းများကြောင့် ကလေးများကို ပျော်ရွှင်မှု မပေးနိုင်တော့သလို ဖွံ့ဖြိုးမှုကိုလည်း မလှုံ့ဆော်ပေးနိုင်တော့ပါ။ ကလေးနှင့် ကစားပေးတယ်ဆိုတာ အနုပညာရော သိပ္ပံပညာပါ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ကလေးအကြောင်းကို ဘက်စုံနားလည်ထားရင် သူတို့ရဲ့ ပင်ကိုယ်စရိုက်ကိုပါ သိနိုင်ပါတယ်။ သူတို့ ဘယ်လိုလှုပ်ရှားမှုတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲ၊ ပတ်ဝန်ကျင်အသစ်နှင့် အလွယ်တကူ လိုက်လျောညီထွေ ဖြစ်ရဲ့လား၊ အသစ်အဆန်းတစ်ခုခုကို လက်ခံဖို့ ဘာကြောင့် အချိန်အကြာကြီး ယူနေရတာလဲ၊ သူတို့စိတ်မဝင်စားတဲ့ အလုပ်တွေကို လုပ်ချင်လာအောင် ဘယ်လိုတွန်းအားပေးရမလဲ၊ ဤအချက်တွေကို ကလေးကို ပြုစုစောင့်ရှောက်သူတွေက သေချာ ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်ချင်းစီကို နားလည်အောင် လုပ်ဖို့လည်း လိုပါတယ်။ ကလေးတစ်ယောက်အတွက် အဆင်ပြေတဲ့ နည်းလမ်းက သူ့ရဲ့ မောင်နှမတွေအတွက် အဆင်ပြေချင်မှ ပြေမှာပါ၊ ဘာလို့လဲဆိုတော့ ကလေးတိုင်းက မတူညီတဲ့ ပင်ကိုယ်စရိုက်တွေ ရှိကြလို့ ပဲ ဖြစ်ပါတယ်။

ကလေးအထူးကု ဆရာဝန်ကြီးများကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ကျွန်ုပ်တို့ရဲ့ ဆွေးနွေးတိုင်ပင်ခြင်းနှင့် ကလေးဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်...

  • ကလေးရဲ့ ဖွံ့ဖြိုးမှု၊ အပြုအမူနှင့် ပင်ကိုယ်စွမ်းရည်တွေကို အကဲဖြတ်စစ်ဆေးပေးခြင်း 
  • ကလေးရဲ့ စိတ်နေစိတ်ထားနှင့် မိသားစုရဲ့ နေထိုင်မှုပုံစံပေါ် မူတည်ပြီး ဖွံ့ဖြိုးမှုမြှင့်တင်နိုင်မယ့် နည်းလမ်းများကို အကြံဉာဏ်ပေး ဆွေးနွေးပေးခြင်း
  • ကစားစရာများ သို့မဟုတ် ပညာပေးပစ္စည်းများကို သုံးပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုမြှင့်တင်ရမလဲဆိုတဲ့ နည်းစနစ်များကို အကြံပြုပေးခြင်း၊ ပြုစုစောင့်ရှောက်သူများကို ၎င်းပစ္စည်းများ သုံးစွဲပုံ သီအိုရီနှင့် လက်တွေ့အသုံးချပုံများကို သင်ကြားပေးခြင်း
  • ကျွမ်းကျင်ပညာရှင်များနှင့် ဆရာများရဲ့ စောင့်ကြည့်လှုံ့ဆော်ပေးမှုအောက်မှာ ကစားစရာမျိုးစုံ၊ လှုပ်ရှားမှုမျိုးစုံကို အသုံးပြုပြီး ကလေးရဲ့ စိတ်နေစိတ်ထားပေါ် မူတည်ကာ ကြွက်သားကြီး(လက်မောင်း၊ခြေထောက်၊..)/ ကြွက်သားငယ်(ခြေချောင်း၊လက်ချောင်း၊..) ထိန်းချုပ်မှု၊ ဘာသာစကား၊ စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေး အရည်အချင်း စတဲ့ ဘက်စုံဖွံ့ဖြိုးမှုတွေကို အကဲဖြတ်ပေးခြင်း
  • ကျွမ်းကျင်ပညာရှင်များနှင့် ဆရာများရဲ့ လမ်းညွှန်မှုနှင့် အတူ အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာ မိဘတွေကိုယ်တိုင် ပါဝင်ပေးခြင်းအားဖြင့် ကလေးအပေါ် နားလည်မှု ပိုရှိလာအောင် ကူညီပေးပါခြင်း၊ ကလေးရဲ့ စိတ်နေစိတ်ထား၊ ဉာဏ်ရည်နှင့် အသက်အရွယ်အလိုက် စည်းကမ်းရှိမှုပေါ် မူတည်ပြီး ကလေးကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်မယ့် အခွင့်အရေးမျိုး ဖန်တီးပေးခြင်း၊ မိဘများအနေနှင့်လည်း လှုပ်ရှားမှုတွေအတွင်း သီအိုရီနှင့် လက်တွေ့လုပ်ဆောင်ပုံများ လေ့လာခွင့်ရခြင်း
  • ကလေးတွေအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆရာများထံမှ သင်ယူခွင့်ရရှိစေခြင်းနှင့် အုပ်စုလိုက် လှုပ်ရှားမှုတွေကတစ်ဆင့် လူမှုဆက်ဆံရေး အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း