Bi-Plane DSA (Digital Subtraction Angiography) လို့ လည်းခေါ်ကြတဲ့ မျက်နှာပြင်နှစ်ဖက်ပါတဲ့ X-ray စက်ဟာ ခန္ဓာကိုယ်နေရာအနှံ့အပြားရှိ သွေးကြောများကုသရာမှာ ထိရောက်မှုနဲ့ ဘေးကင်းလုံခြုံမှုကို ပေးစွမ်းတဲ့ ခေတ်မီနည်းပညာကိုအသုံးပြုထားပါတယ်။ ဦးနှောက် ၊ နှလုံးသွေးကြောများ ၊ ဝမ်းဗိုက် ၊ လက်မောင်း နဲ့ ခြေထောက်များနဲ့ ဆက်စပ်နေတဲ့ သွေးကြောများကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မှန်ရိုက်ရာတွင်ကွဲပြားစေသော ကြားခံပစ္စည်းပမာဏကို ကိုလျှော့ချပေးပြီး လူနာအတွက် စစ်ဆေးမှုလုပ်ဆောင်တဲ့ ကြာချိန်ကိုလည်း ပိုမို တိုတောင်းစေမှာဖြစ်ပါတယ်။
Bi-Plane DSA ဟာ CT scan နဲ့ လုပ်ဆောင်ချက်ဆင်တူပေမယ့်လည်း သွေးကြောများကိုမျက်နှာပြင်နှစ်ဖက် (အရှေ့ဖက်နဲ့ဘေးဖက်) မှာ တစ်ပြိုင်နက်တည်း ပုံရိပ်ဖမ်းယူနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ ပုံရိပ်ဟာ အရည်အသွေးကောင်းမွန်ပြီး ဆရာဝန်အနေနဲ့ သုံးဖက်မြင် 3D နီးပါး သွေးကြောများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်နိုင်စွမ်းဟာ ရှုပ်ထွေးနေတဲ့သွေးကြောများ အထူးသဖြင့် လေဖြတ်ခြင်း ၊ ဦးနှောက်နှင့်အာရုံကြောပြဿနာ အခြေအနေများမှာ အသုံးဝင်ပြီး ကျောရိုး ၊ ဝမ်းဗိုက် နဲ့ နှလုံး ကဲ့သို့ တခြားသော ခန္ဓာကိုယ် နေရာအနှံ့အပြားက သွေးကြောများကို လည်း ကြည်လင်ပြတ်သားစွာ မြင်တွေ့ရ စေနိုင်တာကြောင့် ကုသမှုကိုအထောက်အကူများစွာပေးပါတယ်။ နောက်ထပ်အနေနဲ့ ဓာတ်မှန်ရိုက်ရာတွင် ကွဲပြားစေသောကြားခံပစ္စည်း အသုံးပြုမှုကိုလျှော့ချနိုင်ပြီး စစ်ဆေးမှုအားလုံးလုပ်ဆောင်ချိန်ဟာလည်း တိုတောင်းပါတယ်။
Bi-plane DSA ရဲ့ သုံးဖက်မြင် 3Dပုံရိပ်ဟာ ဆရာဝန်များအတွက် ပုံမှန်မဟုတ်တဲ့သွေးကြောများဖြစ်တည်ပုံကို တိုင်းတာ စစ်ဆေး သုံးသပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဥပမာ စစ်ဆေးမှုမတိုင်ခင်နဲ့ စစ်ဆေးမှုအပြီး သွေးလည်ပတ်မှုနဲ့ ဦးနှောက်ရဲ့ ပုံမှန်/ပုံမှန်မဟုတ်တဲ့နေရာများကို ဆော့ဖ်ဝဲလ်ကနေတစ်ဆင့် နှိုင်းယှဉ်ပြသပေးနိုင်ပြီး ဆရာဝန်များအတွက် သူတို့လုပ်ဆောင်လိုက်တဲ့ ကုသမှုအပေါ် ယုံကြည်မှုများ တိုးပွားလာ စေပါတယ်။ ဒါဟာ ရောဂါရှာဖွေမှုနဲ့ ကုသမှုကို ပိုမိုလွယ်ကူ ထိရောက်စေကာ လူနာအနေနဲ့ ဆေးရုံမှာ ရက်အနည်းပဲနေပြီးနောက် ပုံမှန်နေ့စဉ်လုပ်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နှလုံးသွေးကြောရောဂါအတည်ပြုခြင်းနဲ့ ကုသခြင်းအတွက်သုံးတဲ့ Bi-plane DSA ဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးကြောများကုသမှုပေးဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါ့အပြင် အသည်းကင်ဆာ ၊ ဝမ်းဗိုက်သွေးယိုခြင်းကဲ့သို့ အကျိတ်ကိုတိုက်ရိုက်ဆေးထိုးရမယ့် ကင်ဆာကုသမှုများအတွက်လည်း အသုံးပြု ပါတယ်။ အဆိုပါ အခြေအနေမှာ ဆရာဝန်များဟာ သွေးထွက်နေတဲ့နေရာကို ဆေး(သို့) သွေးတိတ်စေတဲ့ပစ္စည်း များ ကို ပြွန်ပိုက်ကနေတစ်ဆင့် တိုက်ရိုက်ထိုးသွင်းဖို့အတွက် ဒီနည်းပညာကိုအသုံးပြုပြီး လူနာအတွက် ပိုပြီး ဘေးကင်းစေပါတယ်။ ဒါ့အပြင် Bi-plane DSA ကို အောက်ဖော်ပြပါ သွေးကြောသွေးကြောဆိုင်ရာရောဂါများ နှင့်တခြားရောဂါများကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။
Bi-plane DSA နည်းပညာဟာ အမျိုးမျိုးသောသွေးကြောအခြေအနေများအတွက် ရောဂါရှာဖွေမှုနဲ့ အတည်ပြုခြင်းကို ထူးခြားပြောင်မြောက်စွာ လုပ်ဆောင်ပေးနိုင်ပြီး တိကျမှု ၊ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတို့ကို မြင့်မားစေပါတယ်။ ဒီနည်းပညာဟာ မျက်နှာပြင်နှစ်ဖက်မှာ တစ်ပြိုင်တည်း ပုံရိပ်ဖမ်းနိုင်ပြီး အရည်အသွေးမြင့်မားတဲ့ သုံးဖက်မြင် 3D ပုံရိပ်ကို ထုတ်ပေးနိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများကို ကြည်လင်ပြတ်သားစွာမြင်တွေ့ရစေနိုင်ပါတယ်။ ဒီနည်းပညာကိုအသုံးပြုခြင်းအားဖြင့် ရှုပ်ထွေးလှတဲ့သွေးကြောများနဲ့ဆက်စပ်နေတဲ့ နှလုံးသွေးကြောရောဂါများနဲ့ လေဖြတ်ခြင်း အပြင် ကင်ဆာ ရောဂါကုသမှုကိုပါ အထောက်အကူဖြစ်စေပါတယ်။ Bi-plane DSA နည်းပညာဟာ လူနာအတွက် အချိန်ပိုမိုသက်သာစေပြီး ဓာတ်ရောင်ခြည်ထိတွေ့မှုကိုလျှော့ချပေးကာ ကုသမှုရလဒ်များကို ပိုမိုကောင်းမွန်စေပါတယ်။