Samitivej Virtual Hospital မှာ ဘယ်လိုဝန်ဆောင်မှုတွေရရှိနိုင်လဲ?
Samitivej Virtual Hospital မှာ အထူးကုဆရာဝန်ကြီးများနဲ့ Video Call မှတစ်ဆင့် ဆွေးနွေးတိုင်ပင်ခြင်းများကို (၂၄) နာရီ ပတ်လုံး ပြုလုပ်နိုင်သလို သွေးနမူနာယူခြင်းနဲ့ ဆေးဝါးများ ကိုလည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ပေးနေပါတယ်။
ဒါကြောင့် လူနာများ အနေနဲ့ ဆစ်မီတဝေ့ဆေးရုံရဲ့ဝန်ဆောင်မှုများကို ဘယ်နေရာကနေပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာ အချိန်အလေအလွင့်မရှိဘဲ ရရှိနိုင်မှာဖြစ်ပါတယ်။ Samitivej Virtual Hospital ကနေပေးနေတဲ့ဝန်ဆောင်မှုများဟာ ဈေးနှုန်းမျှတပြီး ဆေးရုံက ဝန်ဆောင်များအတိုင်း ဈေးနှုန်းအတူတူဖြစ်ပါတယ်။
ဆရာဝန်များရဲ့ အကြံဥာဏ်နဲ့ လမ်းညွှန်မှုများဟာလည်း လူနာများဘက်က ပေးတဲ့ အချက်အလက်များနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့်လည်း ဒီဝန်ဆောင်မှုဟာ တရားဝင်အသိအမှတ်ပြု ရောဂါရှာဖွေမှု မဟုတ်တာကြောင့် ရုတ်တရက် ဆုံးဖြတ်ရမယ့် အရေးပေါ် ကျန်းမာရေးအခြေအနေတွေမှာ အသုံးမပြုသင့်ပါဘူး။ Samitivej Virtual Hospital အကြောင်းကိုဆက်လက်သိရှိစေရန်
Samitivej Virtual Hospital ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည့်နည်းလမ်းများ
ဆစ်မီတဝေ့ဆေးရုံရဲ့ဝက်ဘ်ဆိုဒ် အွန်လိုင်းဆွေးနွေးမှုအတွက်ယခုပဲကလစ်နှိပ်လိုက်ပါ။ click here
Line application @Samitivej
ကျွန်တော်တို့ရဲ့ မိတ်ဖက် Application များ (MTL click application, My Allianz application, Thailife Insurance/Grouplife application, Thaiviwat Application, etc)
အထက်မှာ ဖော်ပြထားတဲ့ Application များကို သင့်ရဲ့ မိုဘိုင်းလ်ဖုန်း (သို့) Tablet များမှာ Download ဆွဲ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။
Samitivej Virtual Hospital ကို စီမံခန့်ခွဲရာအခန်း
ကျွန်တော်တို့ရဲ့ ဆရာဝန်များနဲ့ သူနာပြုများကို ထိန်းချုပ် စီမံခန့်ခွဲပေးရာ အခန်းဟာ ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံမှာ တည်ရှိပြီး Samitivej Virtual Hospital ရဲ့ အတွေ့အကြုံ များကို ပိုမိုမြင့်မားစေဖို့ တိတိကျကျ ဒီဇိုင်းပြုတည်ဆောက်ထားကာ အသုံးပြုသူများအတွက် အမြင့်မားဆုံး သော လုံခြုံစိတ်ချရမှုကို ရရှိစေမှာပါ။ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားပြီး Data system နဲ့ ဆေးရုံထိန်းချုပ်စီမံမှုစင်တာအကြား အလုံခြုံဆုံးသော ဆက်သွယ်မှုကို ထားရှိထားတာကြောင့် အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များနဲ့ လျှို့ဝှက်ချက်များကို အပြည့်အဝကာကွယ်ပေးနိုင် ပါတယ်။ ဒီလို နည်းပညာပံ့ပိုးမှု များကြောင့် အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် အကျိုးရှိရှိ နည်းစနစ် တစ်ခုကို ဖန်တီးထားနိုင်တာဖြစ်ပါတယ်။ ပိုမိုသိရှိစေရန်
ဆေးဘက်ဆိုင်ရာအဖွဲ့
ဆေးဘက်ဆိုင်ရာအဖွဲ့မှာတော့ အတွင်းပိုင်းရောဂါအထူးကု၊ ကလေးအထူးကု စတဲ့ နယ်ပယ်အသီးသီးမှ ဆရာဝန်များ ပါဝင်သလို အရေးပေါ်ကျန်းမာရေးအခြေအနေဝန်ဆောင်မှု ၊ ရောဂါကာကွယ်ရေး ၊ အသက်အရွယ်အိုမင်းရင့်ရော်မှုကိုဆန့်ကျင်ရေး စတာတွေအတွက် ကျွမ်းကျင်ပညာရှင်များလည်း ပါဝင်ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ ဆေးအဖွဲ့မှာပါဝင် တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သေချာစိစစ်ရွေးချယ်ထားတာဖြစ်ပြီး ဆေးပညာနဲ့ပတ်သက်ရင် ဆစ်မီတဝေ့ဆေးရုံရဲ့ ထိပ်တန်း စံချိန်စံညွှန်းများအတိုင်း လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။
အမြင့်မားဆုံးသော အချက်အလက်လုံခြုံစိတ်ချရမှုကို ရရှိစေဖို့ အသုံးပြုသူများအနေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုကို ရယူမယ့်နေရာကို အရင်ရွေးသင့်သလို့ လုံခြုံပြီး ဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း အသုံးပြုဖို့လည်းလိုပါတယ်။ ဒါ့အပြင် အတည်ပြုခြင်း အဆင့် လုပ်ဆောင်ဖို့အတွက် သုံးစွဲသူများရဲ့ နိုင်ငံသားကဒ်(သို့) Passport ကို ဆောင်ထားသင့်ပါတယ်။