လေဖြတ်ခြင်းကြောင့် ကိုယ်တစ်ပိုင်း သို့မဟုတ် တစ်ကိုယ်လုံး မသန်မစွမ်းဖြစ်နေသော လူနာများနဲ့ ကျောရိုးဆစ်အာရုံကြော/အာရုံကြောမကြီး ထိခိုက်မိထားသော လူနာများအတွက် အကြီးမားဆုံး စိန် ခေါ်မှုတစ်ခုကတော့ လှုပ်ရှားသွားလာဖို့ (အထူးသဖြင့် လမ်းလျှောက်ဖို့) ခက်ခဲသွားခြင်းသာ ဖြစ်ပါတယ်။ ဤကဲ့သို့ ရောဂါအခြေနေများကြောင့် လူကြီး/ကလေးများအနေဖြင့် အမှီအခိုကင်းမဲ့စွာ လမ်းမလျှောက်နိုင်တော့တဲ့အခါ မိမိရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်ပူပန်မှုများနဲ့ မရေရာမှုများ ခံစားရနိုင်ပါတယ်။ အချို့သော လူနာများတွင်မူ စိတ်ဖိစီးမှု သို့မဟုတ် စိတ်ဓာတ်ကျခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ပြန်လည်လမ်းလျှောက်နိုင်ခြင်းဟာ လူနာများအတွက်သာမက သူတို့ရဲ့ မိသားစုဝင်များအတွက်ပါ ယုံကြည်မှုနဲ့ လူနေမှုဘဝအရည်အသွေးကို ပြန်လည်ရရှိစေမယ့် အရေးပါဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံရဲ့ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေးနဲ့ ကုသရေး ဆေးခန်းဟာ လမ်းလျှောက်ခြင်းနဲ့ လှုပ်ရှားသွားလာမှုဆိုင်ရာ ပြဿနာရှိတဲ့ လူနာများကို ပြန်လည်သန်စွမ်းလာစေဖို့အတွက် "Am’walk Center" ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဤစင်တာတွင် လှုပ်ရှားသွားလာနိုင်မှု အခြေအနေကို စစ်ဆေးဆန်းစစ်ပေးခြင်းနဲ့အတူ စက်ရုပ်အကူအညီသုံး လမ်းလျှောက်လေ့ကျင့်ခန်းများ ပါဝင်တဲ့ ဝန်ဆောင်မှုများ ရရှိနိုင်ပါတယ်။ ဒါ့အပြင် လူနာတစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းအဆင့်နဲ့ ကိုက်ညီမယ့် လမ်းလျှောက်လေ့ကျင့်ခန်းများနဲ့ အထောက်အကူပြုသော ကိရိယာမျိုးစုံကိုလည်း အသုံးပြုပေးတာကြောင့် လူနာများကို ယုံကြည်မှုအပြည့်နဲ့ (နောက်တစ်ကြိမ်) ပြန်လည်လမ်းလျှောက်နိုင်အောင် ကူညီပေးနေပါတယ်။ ပထမဆုံးခြေလှမ်းကို ယုံကြည်မှုရှိရှိ စတင်လိုက်ခြင်းဟာ ရေရှည်လူနေမှုဘဝ အရည်အသွေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။
ဆစ်မီတဝေ့ ဆရီနာခရင်ဆေးရုံဟာ အသက်အရွယ်မရွေး လူနာအားလုံးအတွက် လမ်းလျှောက်ခြင်းနဲ့ လှုပ်ရှားသွားလာမှုဆိုင်ရာ ပြန်လည်သန်စွမ်းရေးစင်တာကို ပထမဆုံး စတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိကဆေးရုံ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ လှုပ်ရှားသွားလာမှုဆိုင်ရာ အောက်ပါကဏ္ဍတွေမှာ အထူးပြုကျွမ်းကျင်တဲ့ ကျွန်ုပ်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ဟာ လူနာများ နောက်တကြိမ်ပြန်လည်လမ်းလျှောက်နိုင်ရန် ပထမဆုံးခြေလှမ်းကို ယုံကြည်စိတ်ချစွာ စတင်နိုင်ဖို့အတွက် အသင့်စောင့်ကြို ကူညီပေးနေပါတယ်။
စက်ရုပ်အကူအညီဖြင့် လမ်းလျှောက်လေ့ကျင့်ရေးနည်းပညာ (Robotic-assisted gait training) ဆိုတာ စက်ရုပ်တွေရဲ့ အကူအညီနဲ့ လမ်းလျှောက်ရခက်ခဲတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်အောင် တီထွင်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ ဤနည်းပညာရဲ့ အဓိကပုံစံကတော့ ပြေးစက်ကိုအခြေခံထားသော စက်ရုပ်အကူအညီဖြင့် လမ်းလျှောက်လေ့ကျင့်ခြင်း (Treadmill-based robotic gait training) ဖြစ်ပြီး၊ လူနာ လမ်းလျှောက်လေ့ကျင့်နေတုန်း ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးရင်း တင်ပါးဆုံနဲ့ ဒူးဆစ်လှုပ်ရှားမှုတွေကို လိုက်ထိန်းပေးတဲ့စနစ် ပါဝင်ပါတယ်။ ဒီစနစ်က မတ်တပ်ရပ်ရင် ဟန်ချက်မထိန်းနိုင်တဲ့ လူနာများအတွက် အထူးသင့်လျော်ပါတယ်။ လူနာကို စောစောစီးစီး လမ်းပြန်လျှောက်နိုင်အောင် ကူညီပေးတဲ့အတွက် ပြန်ကျန်းမာလာဖို့ အများကြီး အထောက်အကူပြုသလို၊ မိမိကိုယ်ကိုယ် မထိန်းနိုင်လို့ ဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကိုလည်း လျှော့ချပေးပါတယ်။
Am’walk Center မှာတော့ ခေတ်မှီနည်းပညာများကိုအသုံးပြုပြီး အဆင့်မြင့်တဲ့အပြင် နိုင်ငံရပ်ခြားမှာပါ ခေတ်စားနေတဲ့ "ရွေ့လျားနိုင်သော စက်ရုပ်နည်းပညာ (Mobile robotics)" ကို အဓိကထား အသုံးပြုနေပါတယ်။ ဤနည်းပညာဟာ မြေပြင်ပေါ်မှာ တိုက်ရိုက် လမ်းလျှောက်လေ့ကျင့်ပေးနိုင်တာကြောင့် လူနာက မိမိသွားချင်တဲ့ဘက်ကို လွတ်လွတ်လပ်လပ် လျှောက်နိုင်ပါတယ်။ Exoskeleton ဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး ကူညီထောက်ပံ့ပေးပြီး လှုပ်ရှားနေချိန်မှာ ဟန်ချက်ထိန်းပေးပါတယ်။ ဆရာဝန်များနဲ့ အကြောအဆစ်ပညာရှင်များဟာ လူနာတစ်ယောက်ချင်းစီရဲ့ ပြဿနာနဲ့ အကိုက်ညီဆုံး စက်ရုပ်အမျိုးအစားကို ရွေးချယ်ပေးမှာပါ။ လူနာရဲ့ လမ်းလျှောက်နိုင်စွမ်းကို အရင် ဆန်းစစ်ပြီးမှ ထွက်လာတဲ့ ရလဒ်အတိုင်း Exoskeleton ရဲ့ အကူအညီပေးမယ့် အဆင့်များကို ညှိပေးမှာ ဖြစ်ပါတယ်။ ဘေးကင်းကင်းနဲ့ လမ်းလျှောက်လေ့ကျင့်နိုင်ဖို့ အခြား လမ်းလျှောက်အထောက်အကူပြုပစ္စည်းတွေကိုလည်း တွဲဖက်ပေးဦးမှာပါ။
Am’walk Center ဟာ မတ်တပ်ရပ်ဖို့ ခက်ခဲတာ၊ မတ်တပ်ရပ်ရင် ဟန်ချက်မညီတာ၊ လမ်းစလှမ်းဖို့ ခက်ခဲတာ ဒါမှမဟုတ် လမ်းလျှောက်တဲ့ပုံစံ မမှန်တာ စတဲ့ ပြဿနာရှိသူတွေကို ကူညီပေးနေတာ ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါ လူနာအုပ်စု (၄) စု ပါဝင်ပါတယ်။
နိုင်ငံတကာ သုတေသနတွေအရ လမ်းလျှောက်လေ့ကျင့်ဖို့အတွက် ဤကဲ့သို့ ရွေ့လျားနိုင်သော စက်ရုပ်နည်းပညာ (Mobile robotics) ကို အသုံးပြုခြင်းဟာ ကျောရိုး အာရုံကြော ထိခိုက်ထားတဲ့လူနာများ (SCI) အတွက် လမ်းလျှောက်နှုန်း ပိုမြန်လာစေခြင်း၊ ခံနိုင်ရည်ရှိလာခြင်းနဲ့ လမ်းလျှောက်နိုင်တဲ့ အကွာအဝေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေကြောင်း သိရပါတယ်။
လေဖြတ်ဝေဒနာခံစားထားရတဲ့ လူနာများကို စက်ရုပ်အကူအညီဖြင့် လမ်းလျှောက်လေ့ကျင့်ပေးခြင်း (Robotic gait rehabilitation) နဲ့ ပတ်သက်ပြီး အကောင်းဆုံး အထောက်အထားတွေက ဘာတွေပြောနေလဲဆိုတာကို စနစ်တကျ ပြန်လည်သုံးသပ်ဆန်းစစ်မှု။ (Journal of Clinical Neuroscience 48၊ ၂၀၁၈၊ စာမျက်နှာ ၁၁-၁၇)
ကျောရိုး အာရုံကြော ထိခိုက်ထားတဲ့ လူနာတွေအနေနဲ့ စက်မှုစနစ်သုံး သို့မဟုတ် မော်တာပါတဲ့ လမ်းလျှောက်အထိန်းအညှပ်ကိရိယာ (Mechanical and powered gait orthosis) တွေ သုံးပြီး လမ်းလျှောက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်တွင်း စွမ်းအင်အသုံးပြုမှု အညွှန်းကိန်း (The physiological cost index) ဆိုင်ရာ လေ့လာမှု။ (Spinal Cord၊ ၂၀၁၃၊ ၅၁၊ ၃၅၆-၃၅၉)။ ရလဒ် - လမ်းလျှောက်နှုန်း ပိုမြန်လာခြင်း၊ လမ်းလျှောက်နိုင်တဲ့ အကွာအဝေး ပိုဝေးလာခြင်းနဲ့ စွမ်းအင်အသုံးပြုမှု ပိုမိုထိရောက်လာခြင်း (Physiological cost index တိုးတက်လာခြင်း) တို့ကို တွေ့ရပါတယ်။
Robotic exoskeletons - လက်ရှိ အားသာချက်နဲ့ အားနည်းချက်များ။ (World J Orthop ၂၀၁၈ စက်တင်ဘာ ၁၈၊ ၉(၉)၊ ၁၁၂-၁၁၉)
မွေးရာပါ ဦးနှောက်လှုပ်ရှားမှုချို့ယွင်းရောဂါရှိသောသူများအတွက် စက်ရုပ်အကူအညီဖြင့် လမ်းလျှောက်လေ့ကျင့်ပေးခြင်း - စနစ်တကျ ပြန်လည်သုံးသပ်ဆန်းစစ်မှု။ (Archives of Physical Medicine and Rehabilitation ၂၀၁၇၊ ၉၈၊ ၂၃၃၂-၄၄)။ ရလဒ် - စုပေါင်းဆန်းစစ်ချက်များအရ လမ်းလျှောက်နှုန်းနဲ့ ခံနိုင်ရည် ပိုကောင်းလာပြီး ခန္ဓာကိုယ်ရဲ့ ကြီးမားတဲ့ ကြွက်သားလှုပ်ရှားမှုစွမ်းရည် (Gross motor function) တိုးတက်လာကြောင်း ပြသနေပါတယ်။