အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းရောဂါကုသမှုစင်တာ

1st Floor, Japanese Hospital by Samitivej (opposite Samitivej Sukhumvit Hospital) Daily (7 days /week) - 08:00 - 18:00 66 (0) 2022-3410 info@samitivej.co.th

အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းရောဂါကုသမှုစင်တာ

ဆစ်မီတဝေ့ ဆူခွန်ဗစ်

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ဆစ်မီတဝေ့ဆေးရုံရဲ့ Colorectal Center ဟာ အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းရောဂါလူနာများအတွက် ပြီးပြည့်စုံတဲ့ ကုသစောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အဆိုပါ ကုသမှုများ ကို American Board of Colon and Rectal Surgery ရဲ့ အသိအမှတ်ပြု နိုင်ငံတကာအဆင့်မီ ကမ္ဘာ့အဆင့် ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများမှ လုပ်ဆောင်ပေးလျက်ရှိတာဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ အဆိုပါ Colorectal Center မှာ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ် ခေတ်မီ ဆေးဘက် ဆိုင်ရာကိရိယာများကို အသုံးပြုထားတာကြောင့် အူမကြီးနဲ့စအိုဝအနီးအူလမ်းကြောင်း ရောဂါများနဲ့ပတ်သက်ရင် ထိရောက်တိကျမြန်ဆန်ပြီး စိတ်ချရတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုများကို ပေးစွမ်းနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ Colorectal Center မှာ ကျွမ်းကျင်ဆရာဝန်ကြီးများ ၊ ကျွမ်းကျင် သူနာပြုဝန်ထမ်းများ၊ အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီး များ၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်ကြီးများ၊ ဓာတ်ရောင်ခြည်ကင်ဆာအထူးကု ဆရာဝန် ကြီးများ၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များ၊ မေ့ဆေးကျွမ်းကျင်ဆရာဝန်ကြီးများ အပါအဝင် အထူးကုဆရာဝန်ကြီးများသာမက ရောဂါဗေဒအထူးကုဆရာဝန်ကြီး များ၊ အာဟာရပညာရှင်များ ပေါင်းစပ်ပါဝင်တဲ့ ကုသမှုအဖွဲ့ကနေ ဝန်ဆောင်မှု ပေးလျက်ရှိတာဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းများရဲ့ အံ့မခန်းကျွမ်းကျင်မှုနဲ့ ယုံကြည် အားထားမှု တို့ကိုပေါင်းစပ်ပြီး ရှုပ်ထွေးနက်နဲပြီး စိန်ခေါ်မှုအရှိဆုံး ရောဂါအမျိုးမျိုး ကို နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း ကုသဝန်ဆောင်မှုပေးဖို့  ကျွန်တော်တို့ အနေနဲ့ယုံကြည်မှုအပြည့်ရှိပါတယ်။
 
ပိုမိုသိရှိလိုပါက  အသည်းနှင့်အစာခြေစနစ်အင်စတီကျု 

 

 ကုသပေးနိုင်သည့်ရောဂါများ

  • လိပ်ခေါင်းရောဂါ
  • စအိုပြည်တည်နာ
  • စအိုကွဲခြင်း
  • ဂရင်ဂျီနာ 
  • အူမကြီးကင်ဆာ
  • အူမကြီးအကျိတ်
  • နာတာရှည်အူရောင်ရောဂါ နဲ့ အူမကြီးရောဂါများ
  • စအို အူနံအူကျွံခြင်း
  • ဝမ်းသွားပြီးနောက်သွေးဆင်းခြင်း
  • ဝမ်းချုပ်ခြင်း ၊ ဝမ်းကျန်ခြင်း ၊ ဝမ်းသွားရခက်ခြင်း
  • ဝမ်းမထိန်းနိုင်ခြင်း
  • စအိုနာကျင်ခြင်း (သို့) မအီမသာဖြစ်ခြင်း
  • စအိုကြီးလာခြင်း (သို့) စအိုအကျိတ်တည်ခြင်း

ရောဂါရှာဖွေခြင်းဝန်ဆောင်မှုများ

  • အူမကြီးမှန်ပြောင်းကြည့်ပြီး အူမကြီးကင်ဆာစစ်ဆေးခြင်း ၊ ကနဦးအဆင့် ကင်ဆာစစ်ဆေးခြင်း ၊ ရောဂါရှာဖွေစစ်ဆေးခြင်း
  • စအိုလမ်းကြောင်းစစ်ဆေးမှုများ - စအိုရှိကြွက်သားများ လုပ်ဆောင်မှု ရှိ မရှိ ကိုစစ်ဆေးခြင်း (Anorectal Manometry) ၊ စအိုကြွက်သားလုပ်ငန်းများကို Electromyogram/EMG ဖြင့်တိုင်းတာခြင်း ၊  တင်ပါးဆုံအာရုံကြော (Pudendal nerve) မှ စအိုထိန်းကြွက်သား အာရုံကြောများဆီသို့ ပို့လွှတ်လိုက်သော အာရုံကြောစေ့ဆော်မှုလမ်းကြောင်းကြာချိန်ကိုတိုင်းတာခြင်း (Pundendal Nerve Terminal Motor Latency)
  • စအိုဝကြွက်သားကွင်း နဲ့ ၎င်းနေရာတစ်ဝိုက်ကို အာထရာစောင်းရိုက်ခြင်း (Endoanal and endorectal ultrasonography)

ကုသမှုနည်းလမ်းများ

  • လိပ်ခေါင်းအတွက်ခွဲစိတ်ကုသမှု နှင့် မခွဲမစိတ်ဘဲ ကုသမှု
  • လိပ်ခေါင်းကို ရာဘာကွင်းနှင့်စည်းနှောင်ခြင်း ၊ သွေးကြောများအတွင်း ကို ဆေးထိုးခြင်း
  • စအိုဝကြွက်သားကွင်းကိုစည်းနှောင်ကုသခြင်း
  • အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်းကင်ဆာအတွက် မှန်ပြောင်းအသုံး ပြုခွဲစိတ်ကုသခြင်း 
  • စအိုကင်ဆာအတွက် စအိုဝကြွက်သားကွင်းကိုထိန်းထားပြီးခွဲစိတ်ကုသခြင်း

သင့်အနေနဲ့ဘန်ကောက်မြို့မှာရှိတဲ့ အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်း ရောဂါကုသမှုစင်တာကို ရောက်ရှိပြီဆိုတာနဲ့ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများအပါအဝင် ဆေးရုံဝန်ထမ်းများမှ နွေးထွေးစွာ ကြို ဆိုမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းများနဲ့ လူနာများအားလုံးအတွက် ပြည့်စုံကောင်းမွန်တဲ့ ကုသမှုနည်းလမ်းများကို ဝန်ဆောင်မှု ပေးမှာဖြစ်ပါတယ်။

  • InterStim Therapy  ခေါ် ကိရိယာတစ်မျိုးထည့်သွင်းကုသသည့်ကုထုံး
  • မြှီးညှောင့်ရိုး နဲ့ ဆီးခုံကြားကြွက်သားစစ်ဆေးခြင်း ၊ စအိုဝကြွက်သား ပြဿနာများကိုကုသခြင်း
  • နောက်ဆုံးပေါ်နည်းပညာများအသုံးပြုကာ ပုံရိပ်ချဲ့စစ်ဆေးခြင်း ၊ ဆိုးဆေးအသုံးပြုကာအူမကြီးမှန်ပြောင်းကြည့်ခြင်း
  • အူမကြီး CTရိုက်ခြင်း (Colonography) ၊  X-ray နှင့် ကွန်ပျူတာ အသုံးပြုကာ ခန္ဓာကိုယ်ပြင်ပမှာ အူမကြီးပုံသဏ္ဍာန်ဖန်တီးပြီး စစ်ဆေးခြင်း (Virtual Colonoscopy)
  • မှန်ပြောင်းသုံးခွဲစိတ်ကုသမှု