ယခုခေတ် လူငယ်လူရွယ်များဟာ ကျန်းမာကြံ့ခိုင်ဖို့အတွက် အစားအသောက်ကအစ လေ့ကျင့်ခန်းလုပ်တဲ့အထိ ကျန်းမာရေးကို အထူးဂရုစိုက်လာကြပါတယ်။ ဘောလုံးကစားခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း (Fitness) နဲ့ စက်ဘီးစီးခြင်း စတဲ့ အားကစားနည်းများဟာ ခန္ဓာကိုယ်ကို သန်စွမ်းစေသော်လည်း တစ်ဖက်မှာလည်း မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်ခြေများ ရှိနေနိုင်ပါတယ်။
ဤကဲ့သို့ ဒဏ်ရာရနိုင်ခြေများကို ရှေးရှုပြီး ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံတွင် “အဆစ်ကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနဲ့ အားကစား နဲ့ အရိုးအကြောဆိုင်ရာ ကုသရေးစင်တာ” ကို ဖွင့်လှစ်ထားပါတယ်။ ဤစင်တာတွင် မိမိကစားချင်တဲ့ အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးသလို၊ အားကစားကြောင့်ရတဲ့ ဒဏ်ရာတွေကိုလည်း အမြန်ဆုံးပြန်လည်သက်သာလာအောင် ကုသပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ အထူးကုဆရာဝန်ကြီးများက ခေတ်မီစံချိန်စံညွှန်းများနဲ့အညီ ရောဂါများကို ရှာဖွေကုသပေးနေတာကြောင့် အားကစားလောကထဲကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
အဆစ်ကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနဲ့ အားကစား နဲ့ အရိုးအကြောဆိုင်ရာ ကုသရေးစင်တာ တွင် အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်များ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကုထုံးပညာရှင်များနဲ့ အားကစားဆိုင်ရာ ဆေးပညာရှင်များ စုစည်းထားသော အတွေ့အကြုံရင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့မှ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ဤဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဟာ လူနာရဲ့ခန္ဓာကိုယ်၊ အရိုးနဲ့ အဆစ်အမြစ်များ ပြန်လည်သန်စွမ်းလာစေရန် ကူညီဆောင်ရွက်ပေးနေသောကြောင့် လူနာများအနေဖြင့် အကောင်းဆုံးသော ကုသမှုများကို ရရှိနေသည်ဟူသော ယုံကြည်စိတ်ချမှု အပြည့်အဝ ကို ရှိနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန်ဘဝသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်စေရန်အတွက်လည်း အလေးထား ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံရှိ အဆစ်ကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနဲ့ အားကစား နဲ့ အရိုးအကြောဆိုင်ရာ ကုသရေးစင်တာတွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးများအတွက် နောက်ဆုံးပေါ် ဆန်းသစ်သော ဆေးဘက်ဆိုင်ရာ နည်းပညာများကို အပြည့်အစုံ တပ်ဆင်ထားပါတယ်။
ဆောင်းပါးများ