ဓာတ်မတည့်ခြင်းရောဂါကုသမှုစင်တာ

Allergy Center Building 1, Counter 3, Internal Medicine Dept. Daily (7 days /week) - 08:00 - 16:00 66 (0) 2022-2742-3 info@samitivej.co.th
ဆစ်မီတဝေ့ ဆူခွန်ဗစ်

ဆစ်မီတဝေ့ဆေးရုံကြီးမှာ အမျိုးမျိုးသော ရောဂါပြဿနာတွေအတွက် ကုသစောင့်ရှောက်မှု ပေးနိုင်ဖို့ အမြဲအသင့်ရှိနေပါတယ်။

ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဓာတ်မတည့်မှုပြဿနာဟာ တစ်ရိပ်ရိပ်ထိုးတက် လာနေပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းက ဘန်ကောက်မြို့ရှိကလေးငယ်များရဲ့ ပန်းနာရင်ကျပ် ရောဂါ(Asthma) ခံစားရမှုနှုန်းဟာ (၄.၂) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ မျက်မှောက်ကာလမှာတော့ ရောဂါခံစားနေရတဲ့ ကိန်းဂဏန်းဟာ (၁၃) ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီး ဆက်လက်မြင့်တက်ဖို့ ရှိနေပါတယ်။ တခြားအဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတည့်မှုပြဿနာ ဖြစ်တဲ့ ထိပ်ခတ်နာ(Sinusitis) ဟာလည်း လက်ရှိမှာ မြို့နေလူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းထိ ရှိနေပါတယ်။ တစ်ဆက်တည်းမှာပဲ လူတွေတော်တော်များများမှာ အစားအသောက်ဓာတ်မတည့်မှုများ ပိုဖြစ်လာပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိတောင် ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတည့်မှု ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေ သိသိသာသာကို မြင့်တက်လာပါတယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ၊ လမ်းပေါ်ကဖုန်မှုန့်များ ၊ စီးကရက်အငွေ့ ၊ စက်ရုံအလုပ်ရုံများနဲ့ အမြဲပြည့်ကျပ်နေတဲ့ ဘန်ကောက်လမ်းမများထက်က ကားအိတ်ဇောမီးခိုးငွေ့ စတဲ့ လေထုညစ်ညမ်းမှုများဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုဖြစ်ဖို့ ဦးတည်နေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဒီပြဿနာကို နောက်ထပ် တွန်းအားပေးတဲ့ အကြောင်းအရင်းတစ်ခုကတော့ မြို့နေလူထုရဲ့ နေထိုင်မှု ပုံစံတွေ ပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်။ မိရိုးဖလာအရ ထိုင်းနိုင်ငံတွင်းရှိ အိမ်တွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဘေးပတ်ပတ်လည်က လေတွေ လွတ်လွတ်လပ်လပ်ဝင်နိုင်တဲ့ ပုံစံ တည်ဆောက်ထားကြပါတယ်။ အနောက်တိုင်းဆန်ဆန်တည်ဆောက်ထားတဲ့ အိမ်တွေမှာတော့ လေဝင်လေထွက် အားနည်းပြီး အိမ်မွေးတိရစ္ဆာန်များသာမက ဖုန်တက်နေတဲ့ ကော်ဇောအခင်းတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းအရင်းတွေဟာ အိမ်မှာ နေထိုင်သူတွေအတွက် ဓာတ်မတည့်မှုတွေကို အမြဲတစေ အလုံးအရင်းလိုက် ရှူသွင်းစေသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်မှ ပဋိပ္စည်းတွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးစေပါတယ်။   

ဆစ်မီတဝေ့ဆေးရုံမှာ ကောင်းစွာလေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်များအဖွဲ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ တခြား ဓာတ်မတည့်မှုများအတွက် တိကျတဲ့ ရောဂါရှာဖွေမှုများသာမက ချက်ချင်းပြန်လည် သက်သာလာစေဖို့ လျင်မြန်တဲ့ ကုသမှုများကိုပါ ကုသပေးနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုများ

  • ပန်းနာရင်ကျပ်နှင့်တခြားအသက်ရှူလမ်းကြောင်းရောဂါရှာဖွေစစ်ဆေးမှု။
  • ရောဂါအခြေအနေစစ်ဆေးသုံးသပ်မှု ။ အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်း ၊ ကြွက်သားကိုက်ခဲ နာကျင်ခြင်းများ (သို့) သွေးတိုးရောဂါနှင့်ဆက်စပ်နေသည့် ဆေးဝါးများရဲ့နောက် ဆက်တွဲအခြေအနေများကြောင့် ဖြစ်ပေါ်စေသည့် အကြောင်းအရင်းအပြောင်းအလဲရှိနိုင်ပါတယ်။
  • ရာသီဥတုအပြောင်းအလဲ ၊ နာတည်ရှည်နှာစေးချောင်းဆိုး(သို့)ထိပ်ခတ်နာကြောင့်ဖြစ်သည့် ဓာတ်မတည့်ခြင်းများအတွက် ရောဂါရှာဖွေခြင်း။
  • ဓာတ်မတည့်မှုကြောင့်ဖြစ်သည့်နှာစေးခြင်း(သို့)နှာခေါင်းမြှေးရောင်ခြင်းကိုကုသခြင်း။
  • ဓာတ်မတည့်မှုကြောင့်ဖြစ်သည့်အရေပြားရောင်ရမ်းခြင်း(နှင်းခူနာ)ကိုစမ်းသပ်စစ်ဆေးခြင်း
  • အစားအသောက်ဓာတ်မတည့်မှုများအတွက်ရောဂါရှာဖွေခြင်း။
  • ဆေးဝါးဓာတ်မတည့်မှုများအတွက်ရောဂါရှာဖွေခြင်း။
  • အင်းဆက်ပိုးမွှားများအကိုက်ခံရခြင်းများအတွက်ရောဂါရှာဖွေခြင်း ( ပျား ၊ နကျယ်ကောင် ၊ ပဒူကောင် စသည်တို့ကိုက်ခံရခြင်းအတွက်)။
  • ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းမှုရောဂါများအတွက်ရောဂါရှာဖွေခြင်း။
  • နာတာရှည်ချောင်းဆိုးခြင်းအတွက်ရောဂါရှာဖွေခြင်း။
  • အင်ပျဉ်ထွက်ခြင်း(ယားယံခြင်း)အတွက်ရောဂါရှာဖွေခြင်း ။

ဓာတ်မတည့်မှုများအတွက် ကနဦးစမ်းသပ်စစ်ဆေးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပြီး ဆစ်မီတဝေ့ဆေးရုံမှာ အောက်ပါစစ်ဆေးမှုနည်းလမ်းတွေကို အသုံးပြုပါတယ်။

  • ဓာတ်မတည့်မှုအတွက်အရေပြားစစ်ဆေးခြင်း။
  • ကိုယ်ခံအားအသုံးပြုပြီးကုသခြင်း(Immunotherapy)
  • ဓာတ်မတည့်သည့်ပစ္စည်းများအားတုန့်ပြန်မှုလျော့နည်းအောင်ပြုလုပ်သည့်ဆေး (Drug Desensitization)
  • ဓာတ်မတည့်ခြင်းများအတွက်သွေးစစ်ခြင်း။