ကိုယ်အလေးချိန်လျော့ကျစေတဲ့ထိုးဆေး(Weight Loss Pens)တွေဟာ တကယ်ပဲထိရောက်မှုရှိလား

ကိုယ်အလေးချိန်လျော့ကျစေတဲ့ထိုးဆေး(Weight Loss Pens)တွေဟာ တကယ်ပဲထိရောက်မှုရှိလား

အဓိကအချက်များ

  • အဝလွန်သူများဟာ ဆီးချို၊ ကိုလက်စထရောလ်များခြင်း၊ သွေးတိုးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များ ဖြစ်နိုင်ခြေမြင့်မားပြီး ကင်ဆာဖြစ်န်ိုင်ခြေလည်း သိသိသာသာများပြားပါတယ်။
  • စားသောက်မှုပုံစံဖြင့်လျှော့ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲပြင်ဆင်ခြင်း စတဲ့နည်းလမ်းများအပြင် ကိုယ်အလေးချိန်ကျစေ တဲ့ ဆေးများ သောက်ခြင်းဟာလည်း အချိန်တိုတိုအတွင်း ကိုယ်အလေးချိန် လျော့ကျစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဆေးတွေ သောက်မယ်ဆိုရင် နှလုံးခုန်နှုန်းမြင့်မားခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြီးခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ ဆေးမသောက်ရမနေနိုင်ခြင်း စတဲ့ဘေး ထွက်ဆိုးကျိုးများအပြင် ဆေးသောက်တာကိုရပ်လိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ကိုယ်အလေးချိန်ပြန်တက်လာနိုင်ခြေလည်း များပါတယ်။
  • ယနေ့ခေတ်မှာ အရေပြားထဲကိုထိုးသွင်းနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်း စေတဲ့ ဆေးတွေရှိနေပြီဖြစ်ပြီး အစားအသောက်ပုံစံပြင်ဆင်ခြင်း၊ လေ့ကျင့် ခန်းပုံစံ စတဲ့နည်းလမ်းများနဲ့တွဲပြီး အသုံးပြုနိုင်ပါတယ်။ မိမိတို့ရဲ့ နဂို ကိုယ်အလေးချိန်ရဲ့ (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းခန့် လျှော့ချချင်သူများ၊ ပထမနှစ်လအတွင်း ကိုယ့်ရဲ့ ခါးဆိုဒ် ကို (၈.၂)စင်တီမီတာအထိလျှော့ချ ချင်သူများကို ကူညီန်ိုင်ဖို့ရည်ရွယ်ချက်နဲ့ အဆိုပါဆေးများကို တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်အလေးချိန်ကျစေတဲ့ ထိုးဆေးများဟာ လူတွေရဲ့ ကိုယ်အလေးချိန်လျှော့ချရန် တစ်စိတ်တစ်ပိုင်း အားဖြင့်အထောက်အကူပြုစေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပါ တယ်။

အဝလွန်ခြင်းဟာ ယနေ့ခေတ်အချိန်အခါမှာ လူတော်တော်များများအတွက် မလိုချင်ကြတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ လေးလံတဲ့ကိုယ်အလေးချိန်ကို ထမ်းရွက်ထားရတဲ့အခါမှာ မျက်နှာပျက်စေခြင်း၊ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုလျော့ကျခြင်း တို့အပြင် တချို့ ဆိုးဝါးတဲ့အခြေအနေမှာ စိတ်ဓာတ်ကျခြင်းအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတော်တော်များများဟာ ကိုယ်အလေးချိန်ကျဖို့အတွက် ကိုယ်လက် လှုပ်ရှားမှုသင်တန်းများကိုသွားခြင်း၊ အထူးချုပ်လုပ်ထားတဲ့ အဝတ်အစား များကို ရွေးချယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆေးများထိုးခြင်း၊ ခန္ဓကိုယ်ထဲမှ အဆီများကို စုပ်ထုတ်ခြင်း(Liposuction)၊ ခါးဆိုဒ်လျော့ကျစေတဲ့ခွဲစိတ်မှုများ၊ အစာအိမ်အရွယ် အစားကိုလျှော့ချခြင်းဖြင့် အစားအစာများလက်ခံနိုင်မှုကိုနည်းပါး သွားအောင် လုပ်တဲ့ Gastric Band Surgery စတဲ့နည်းလမ်းများကို လုပ်ဆောင်လျက်ရှိကြပါ တယ်။ ဒါ့အပြင် အစာစားချင်စိတ်ကိုလျော့ကျစေသည့် ဆေးများ၊ အဆီကျဆေး များအပါအဝင် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူ ပြုတဲ့ ဆေးဝါးတွေ အများကြီးရှိပါတယ်။

အဝလွန်ခြင်းကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ?

လူတစ်ယောက်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အခြေခံပြီး တိုင်းတာတဲ့ အညွန်းကိန်း (BMI) အပေါ်မူတည်ပြီး အဝလွန်ခြင်း ကို သတ်မှတ်နိုင်ပါတယ်။( BMI ဆိုသည်မှာ ကိုယ်အလေးချိန် ( ကီလိုဂရမ် (သို့) ပေါင်) ကို တည်ကာ အရပ်အမြင့် ( မီတာ (သို့)လက်မ ရဲ့နှစ်ဆကိန်း) နဲ့ စားခြင်းဖြစ်ပါသည်။)

BMI နိုင်ငံတကာစံနှုန်း      (ဥရောပ)

BMI အာရှစံနှုန်း                (အာရှ)

သတ်မှတ်ချက်
< 18.5 < 18.5 ကိုယ်အလေးချိန်လျော့
18.5-24.9 18.5-22.9 သာမန်
25-29.9 23-24.9 အဝလွန်ခြင်း အဆင့် (၁)
30-34.9 25-29.9 အဝလွန်ခြင်း အဆင့် (၂)
35-39.9 ≥ 30 အဝလွန်ခြင်း အဆင့် (၃)
≥ 40 အဝလွန်ခြင်း အဆင့် (၄)

အသက်အန္တရာယ်ရှိတဲ့အဝလွန်ခြင်း

အဝလွန်သူတစ်ယောက်ဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းနဲ့ အစိတ်အပိုင်းတွေမှာ အဆီပိုတွေ ရှိနေပြီး ခန္ဓကိုယ်စနစ်အမျိုးမျိုးကို ထိခိုက်စေရုံသာမက အောက်ဖော် ပြပါ ရောဂါများဖြစ်လာနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။

  • ဆီးချိုအဆင့်(၂) - ပန်ကရိယ(မုန့်ချိုအိတ်) (သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) ထိန်းချုပ်မှု အတွက် အဓိကလုပ်ဆောင်) အတွင်းမှာ ထုတ် လုပ်တဲ့ အင်ဆူလင်ဟော်မုန်းလုပ်ဆောင်မှုအပေါ်မှာ အဆီဆဲလ်များ သက်ရောက်ခြင်းကြောင့်ဖြစ်တဲ့ နာတာရှည်ရောင်ရမ်းခြင်းမှတစ်ဆင့် ရောဂါဖြစ်လာတာပါ။ အဲဒီကနေတစ်ဆင့် အင်ဆူလင်ယဉ်ပါးမှု(Insulin Resistance) ဖြစ်လာနိုင်ပြီး အင်ဆူလင်ပမာဏမြင့်မားလာပါတယ်။ ဒီအခြေအနေဟာ ဝမ်းဗိုက်နားတစ်ဝိုက်တစ်ဆ ထက် တစ်ဆ များပြားလာ တဲ့ အဆီများကိုပြိုကွဲစေတဲ့ ခန္ဓာကိုယ်တွင်းမှစွမ်းရည်ကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့အပြင် ရေရှည်မှာ ဆီးချို၊ အဝလွန်ခြင်း များနဲ့ဆက်စပ် နေတဲ့ နောက်ဆက်တွဲရောဂါများဖြစ်န်ိုင်ခြေ မြင့်မားလာပါတယ်။
  • ပုံမှန်မဟုတ်တဲ့ကိုလက်စ်ထရောလ်ပမာဏ(Dyslipidemia) ဟာ Glycerol နဲ့ Fatty Acid (၃)မျိုးပေါင်းစပ်ထားတဲ့ဓာတ်တစ်မျိုး (Triglycerides)၊ Fatty Acids များနဲ့ Lipoproteins ခေါ် အဆီနဲ့ပရိုတိန်းပေါင်းစပ်ထားတဲ့ ပစ္စည်းတစ်မျိုး (Type B အမျိုးအစား) ပမာဏကိုလည်း မြင့်မားစေပါတယ်။ အဲဒီကနေတစ်ဆင့် သွေးကြောများရောင်ရမ်းပြီး နှလုံးသွေးကြောနဲ့ဆိုင်တဲ့ နှလုံးရောဂါ အထိ ဖြစ်နိုင်ပါတယ်။
  • နှလုံးသွေးကြောနဲ့ဆိုင်တဲ့နှလုံးရောဂါ(Coronary Heart Disease) ဟာ ဂလူးကို့စ်(သို့)အဆီပမာဏ မြင့်မားမှုမှတစ်ဆင့်ဖြစ်ပေါ်ပါတယ်။ ၎င်းရောဂါကြောင့် သွေးကြောများရောင်ရမ်းခြင်း(သို့) သွေးကြောပိတ်ခြင်း ဖြစ်စေပြီး ကွေးညွတ်နိုင်မှုကို လျော့ကျစေပါတယ်။ အဲဒီကနေတစ်ဆင့် သွေးတိုးခြင်းအပြင် နှလုံးသွေးလှည့်ပတ်မှုကိုထိန်းသိမ်းဖို့ ပိုမိုမြန်ဆန် စေတာကြောင့် နှလုံးလုပ်ဆောင်မှုကို ဝန် ပိစေပါတယ်။
  • အဆီပိုဆဲလ်များမှ သွေးရည်ကြည်ထဲတွင်တွေ့ရသည့်ပရိုတိန်း(C-RP) တစ်မျိုးရောင်ရမ်းခြင်း နဲ့ပတ်သတ်တဲ့ ဓာတ်ပ္စည်းများထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးမှုကြောင့် နာတာရှည်အဝလွန်ခြင်း(Chronic Obesity) ဖြစ်ပွားနိုင်ပါတယ်။ ၎င်း C-RP ဟာ ကျွန်တော်တို့ဗိုက်ပြည့်ပြီ ဆိုတဲ့ အချိန် မှာ အသိပေးခြင်း လုပ်ငန်းကို လုပ်ဆောင်တဲ့ အဆီဆဲလ်မှထွက်သည့် Leptin Hormones ကို ပိတ်ချလိုက်တာဖြစ်ပါတယ်။ အဲဒီလိုနဲ့ C-RP နဲ့ Leptin ပေါင်းစပ်ထားတဲ့ဓာတ်ပစ္စည်းအစုအဝေးဖြစ်ပေါ်လာပါတယ်။ ဒီပေါင်းစပ်ဓာတုပစ္စည်းများဟာ ဦးနှောက်ထဲကိုလည်းမစီးဆင်းနိုင်ဘဲ Leptin ကို လည်း ခံနိုင်ရည်ရှိသွားပါတယ်။ တကယ်လို့ အဆီဆဲလ်ပို တွေ ဆက်ရှိနေဦးမယ်ဆိုရင် Leptin ဟော်မုန်း တစ်နည်းအားဖြင့် ဗိုက်ပြည့်ပြီ ဆိုတဲ့ ခံစားမှုကိုပေးတဲ့ဟော်မုန်းကို ကို ပမာဏပိုများစွာ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Leptin ဟော်မုန်းတွေဟာ ဓာတုပစ္စည်းတွေကို ခံနိုင်ရည်ရှိလာ ပြီး ပိုများများစားကာ ဗိုက်ပြည့်ပြီဆိုတဲ့ခံစားမှုကိုရဖို့ ခက်သွားပါတယ်။
  • အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ(သွေးဆုံးပြီးအမျိုးသမီးများမှာဖြစ်) ကဲ့သို့သော ကင်ဆာရောဂါများ၊ သားအိမ်အတွင်းလွှာကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အစာမျိုပြွှန်ကင်ဆာ စတဲ့ရောဂါများဟာ အဝလွန် သူများနဲ့ အားကစားမလုပ်သူများမှာဖြစ်ပွားနိုင်ခြေ (၂၅)ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်း ပိုများပါတယ်။ ခန္ဓာကိုယ်အလေးချိန်ရဲ့ (၅)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ရုံနဲ့ လူတစ်ယောက်ရဲ့ ယေဘုယျ ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရင် အဝလွန်ခြင်းဟာ ဆီးချို၊ ကိုလက်စ်ထရောလ်ပမာဏ ပုံမှန်မဟုတ်ခြင်း(Dyslipidemia)၊ သွေးတိုး၊ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ နှလုံးရောဂါ နဲ့ ကင်ဆာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေတဲ့ အဓိက အကြောင်းအရင်းလို့ ပြောလို့ရပါတယ်။

လက်ရှိအသုံးပြုနိုင်တဲ့ကိုယ်အလေးချိန်ကျစေသည့်ဆေးများ

ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျအောင်နေထိုင်မှုပုံစံကိုပြောင်းလဲခြင်း စတဲ့နည်းလမ်း များ အပြင် ဆေးဝါးအကူအညီနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ယနေ့ခေတ်မှာ လူအများအပြားလုပ်ဆောင်လာကြပြီဖြစ်ပါတယ်။ အထူးသဖြင့် အချိန်လုံလုံ လောက်လောက်မရှိသူများ၊ မြန်မြန်ဆန်ဆန်နဲ့ ဝိတ်ကျချင်သူများဟာ ဆေးဝါး များကို အသုံးပြုကြပါတယ်။ အဆိုပါဆေးဝါးများမှာ အစာစားချင်စိတ်ကို လျော့ကျစေသည့်ဆေးများ၊ အဆီကျစေသည့်ဆေးများ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အစာစားချင်စိတ်လျော့ကျစေတဲ့ ဆေးဝါးများ အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှု၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ ဆေးစွဲခြင်း၊ အချိန်တိုအတွင်း ကိုယ်အလေးချိန် တက်လိုက်ကျလိုက်ဖြစ်ခြင်း (yo-yoing weight) စတာတွေဟာ လွန်စွာအန္တရာယ်များပါတယ်။

ကိုယ်အလေးချိန်ကျစေတဲ့ထိုးဆေး(Weight Loss Pen)အဝလွန်ခြင်းကို တကယ်ပဲထိရောက်စေသလား?

ယုံဖို့ခက်တဲ့အချက်အလက်များအရ Extendin-4(သွေးတွင်းသကြားဓာတ်ကို သောက်ဆေးနဲ့ မထိန်းနိုင်တဲ့ဆီးချိုအဆင့်-၂သမားများအသုံးပြု) ကို အကျားရောင်ဖွတ် (Gila Monster)  နဲ့ပတ်သက်ပြီးအစီအစဉ်ရေးဆွဲနေတဲ့ သတင်း ထောက် တစ်ဦးက စတင်ရှာဖွေတွေ့ရှိ ခဲ့တာလို့ဆိုပါတယ်။ ခန္ဓာကိုယ်မှာ အစင်း ပါတဲ့ အကျားရောင် ဖွတ် ဟာ တောင်အမေရိကမှ အဆိပ်ပြင်းတဲ့ တွားသွားသတ္တဝါမျိုးစိတ်တစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာတွေ့ရပါတယ်။ အဆိုပါသတင်းထောက်ဟာ အကျားရောင်ဖွတ် အကိုက်ခံရပြီးတဲ့နောက်မှာ အသည်း ရောင်ရောဂါ၊ ပျို့အန်ခြင်းနဲ့ အစာစားချင်စိတ်ပျောက်ဆုံးခြင်း စတာတွေကို ခံစား ခဲ့ရကာ နောက်ဆုံးမှာတော့ တိရစ္ဆာန်ရဲ့ တံတွေးထဲမှ Extendin-4 ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းများဟာ လူသားတွေမှာတွေ့ရတဲ့ GLP-1  ဟော်မုန်း (ဗိုက်ပြည့်ခြင်းကိုခံစားရစေ သည့်ဟော်မုန်း) နဲ့ ဆင်တူပါတယ်။ GLP-1  ဟော်မုန်းဟာ အစာချေ စနစ်အခြေခံတဲ့ဟော်မုန်းဖြစ်ပြီး ဂလူးကိုစ့် ပမာဏာကို လျှော့ချပေးပါတယ်။ ဒါဟာ ဆီးချိုရောဂါကို ကုသဖို့အတွက် နည်းလမ်းပုံစံတစ်ခု ဖြစ်ပါတယ်။ အဆိုပါဆေးများဟာ သွေးတွင်းသကြားဓာတ်ပမာဏကို သေချာထိန်းညှိပေးနိုင် ပြီး စုပြုံလာတဲ့ HbA1C အမျိုးအစားဂလူးကိုစ့်ပမာဏကို လျှော့ချခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်နည်းပါးမှုပြဿနာများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးတွေဟာ အချိုဓာတ်များတဲ့မုန့်ကြိုက်သူများအတွက် လွန်စွာထိရောက်မှု ရှိပြီး ဆီးချိုရောဂါရှိသူများအတွက် အဆီပိုတွေကို အနည်းဆုံး (၁၀) ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

The United States Food and Drink Administration မှ Liraglutide ခေါ် နေ့စဉ်ထိုးဆေးအဖြစ်အသုံးပြုနိုင်တဲ့ဆေးဝါးတစ်မျိုးကို ၂၀၁၄ ခုနှစ်မှာ တရားဝင်အသိအမှတ်ပြုခဲ့ ပါတယ်။ အဲဒီဆေးဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ ပုံမှန်လေ့ ကျင့် ခန်းပြုလုပ်ခြင်း စတာတွေနဲ့တွဲဖက်အသုံးပြုဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုသမှုဆိုင်ရာလေ့လာချက်များအရ Liraglutide (၃)မီလီဂရမ်ဟာ ဆီးချိုကြောင့်ဖြစ်တဲ့အဝလွန်ခြင်းသာမက ဆီးချိုနဲ့မသက်ဆိုင်တဲ့အဝလွန်ခြင်း ကို ခံစားနေရသူများ(BMI အညွှန်းကိန်း 30kg/m2 အထက်) အတွက် ကိုယ်အလေး ချိန်လျှော့ချရာမှာ အထောက်အကူ ပြုကြောင်း ဆိုပါတယ်။ BMI အညွှန်းကိန်း 27kg/ m2  အထက်ရှိတဲ့အပြင် သွေးတိုး၊ ဆီးချို၊ ပုံမှန်မဟုတ် တဲ့ ကိုလက်စ်ထရောလ်ပမာဏ(Dyslipidemia) စသဖြင့် ဆက်စပ်ကျန်းမာရေး ပြဿနာများရှိတဲ့ အဝလွန်သူလူနာများအနေနဲ့ ဆေးသောက်ပြီး ရက်သတ္တပတ် (၂၀) ကျော်ကြာပြီးတဲ့ထိ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း အပါအဝင် အစာချေစနစ်ဆိုင်ရာလက္ခဏာများခံစားရတယ်ဆိုရင် သူတို့ရဲ့ အစာစားချိန်စိတ် လျော့ကျနေပြီလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဆေးများဟာ ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်မှုမရှိသလို မသောက်ရမနေန်ိုင်စွဲတာမျိုး လည်း မဖြစ်ပါဘူး။

ကိုယ်အလေးချိန်ကျစေတဲ့ထိုးဆေး(Weight Loss Pens)အကြောင်း

အသုံးပြုပုံ

Liraglutide ဆေးကို ဘောပင်ပုံသဏ္ဍာန်ထုတ်လုပ်ထားပြီး အစွန်းဘက်မှာ သေးငယ်တဲ့ အပ်လေး ထည့်ထားပါတယ်။ အဆိုပါ အပ် ကို ဝမ်းဗိုက်၊ ပေါင်ခြံ (သို့)လက်မောင်းအပေါ်ဘက်ကနေ ထိုးသွင်းနိုင်ပြီး ရေရှည်မှာ ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ အထောက်အကူပြုပါတယ်။ အဆိုပါဆေးကို တကယ့်ဆေးနဲ့အသွင်တူပေမယ့်အာနိသင်မရှိသောဆေး (Placebo) နဲ့ တွဲဖက်အသုံးပြုပြီး ဆီးချိုနဲ့မပတ်သတ်ဘဲ အဝလွန်သူ(BMI အညွှန်းကိန်း 30kg/m2 အထက်) နဲ့ BMI အညွှန်းကိန်း 27kg/ m2  အထက်ရှိတဲ့အပြင် သွေးတိုး၊ ဆီးချို၊ ပုံမှန်မဟုတ် တဲ့ ကိုလက်စ်ထရောလ်ပမာဏ (Dyslipidemia) ရှိသူ လူပေါင်း (၃၇၃၁) ယောက်ကို လေ့လာခဲ့ပါတယ်။ (၅၆)ပတ်ကြာလေ့လာမှုအပြီးမှာထွက်ပေါ်ခဲ့တဲ့ရလဒ်တွေအရ စမ်းသပ်ခံခဲ့သူတွေ ဟာ ပထမနှစ်လအတွင်း ကိုယ်အလေးချိန် (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သလို ခါး အတိုင်း ကိုလည်း (၈.၂) စင်တီမီတာအထိ လျှော့ချပေး နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် လေ့လာခဲ့သူများရဲ့ (၁.၉) ရာခိုင်နှုန်း သာလျှင် ဆေးအသုံးပြုပြီးနောက် ကိုယ်အလေးချိန်ပြန်တက်လာခဲ့ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

ဆေးရဲ့အလုပ်လုပ်ပုံ

ဒီဆေးအမျိုးအစားဟာ သွေတွင်းဂလူးကို့စ်ကို မြင့်တက်စေတဲ့ Glucagon ဟော်မုန်းနဲ့ ဆင်တူပါတယ်။ ဒီဆေးဟာ သွေးထဲကိုစီးဝင်သွားတာနဲ့ တစ်ပြိုင်နက် အောက်ပါလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ 

  • ဦးနှောက်ဆီ အချက်ပြပေးပို့ပြီး ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
  • အစာအိမ်ကျုံ့ဝင်သွားမှုလျော့ကျသွားတာကြောင့် အစားအစာတွေဟာ အစာအိမ်ထဲမှာ ပိုကြာကြာရှိနေစေပြီး အစားအစာတွေ ထပ်မံသိုလှောင် ရန်လိုအပ်မှုကိုလည်း လျှော့ချပေးပါတယ်။
  • ဂလူးကို့စ်ပမာဏကို မျှတအောင်ထိန်းသိမ်းဖို့ မုန့်ချိုအိတ်(ပန်ကရိယ) ကို လှုံ့ဆော်ပြီး အင်ဆူလင်ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့်လည်း အစားအစာ တွေကို စားလိုက်တဲ့အချိန်မှာ ဆေးဟာ စတင် အာနိသင်ပြ လာတာကြောင့် သွေးတွင်းဂလူးကို့စ်ပမာဏနည်းခြင်း ကို မဖြစ်စေပါဘူး။

ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများ အနေနဲ့ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိ ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းသွားခြင်း(သို့)ဝမ်းချုပ်ခြင်းဖြစ်နိုင်ပေမယ့် လူတိုင်း ဖြစ်တာတော့မဟုတ်ပါဘူး။ ပထမတစ်ပတ် အသုံးပြုပြီးနောက်မှာ ဆေးထိုးရမယ့် အကြိမ်အရေအတွက်ကို အတိုးအလျှော့လုပ်နိုင်ပါတယ်။

ဆေးကိုအသုံးပြုဖို့မသင့်တော်သူများ - မိသားစုကျန်းမာရေး ရာဇဝင်မှာ သိုင်းရွိုက်ကင်ဆာနဲ့ သိုင်းရွိုက်ဂလင်းမှဟော်မုန်းထွက်မှုလျော့နည်းခြင်း ရှိခဲ့ဖူးသူ များ၊ အသက်(၁၈)နှစ်အောက်ကလေးများ၊ မုန့်ချိုအိတ်(ပန်ကရိယ)ရောင်သူများ၊ ကိုယ်ဝန်ဆောင်(သို့)နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ လက်ရှိမှာဆီးချိုကု သမှုခံယူနေရသူများ၊ မုန့်ချိုအိတ်(ပန်ကရိယ)နဲ့ ကျောက်ကပ်ရောဂါရှိသူများ။

ကိုယ်အလေးချိန်ကျစေတဲ့ထိုးဆေး(Weight Loss Pens) ဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့ အထောက်အကူပြုတဲ့ နည်းလမ်းပေါင်းများစွာထဲမှ တစ်ခုမျှသာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး မျှတအောင်စားခြင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း၊ ကောင်းစွာအနားယူခြင်း၊ ညအိပ်ချိန်နောက်မကျခြင်း၊ စိတ်ဖိစီးမှုကို ရှောင်ရှားခြင်း စတဲ့နည်းလမ်းတွေအားလုံးဟာ ကိုယ်အလေးချိန်လျော့ကျဖို့ ရည်ရွယ်ထားသူများအတွက် အထောက်အကူပြုတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

အဝလွန်သူများအတွက် ကိုယ်ကာယဆိုင်ရာစစ်ဆေးမှုများကို တစ်ဦးချင်းသီးသန့် စီစဉ်လုပ်ဆောင်ပေးတဲ့ စစ်ဆေးမှုများကို ဆစ်မီတဝေ့ဆေးရုံမှာ ဝန်ဆောင်ပေးနေ ပါတယ်။ စစ်ဆေးမှုအတွင်း အဝလွန်စေတဲ့အကြောင်းအရင်းများကိုမျိုးရိုးဗီဇဆိုင် ရာသုံးသပ်မှုများပြုလုပ်ခြင်း၊ အဝလွန်သူများရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာလေ့လာစစ်ဆေးချက်များကို ပြည့်ပြည့်စုံစုံလုပ်ဆောင်ပေးခြင်း တို့ ပါဝင်ပါတယ်။ အဆိုပါစစ်ဆေးမှုတွေအားလုံးကို ဆေးရုံရဲ့ ကျွမ်းကျင်ဆရာဝန်များ၊ အာဟာရပညာရှင်များ၊ လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တစ်ဆင့်ချင်းစီအတွက် တတ်ကျွမ်းနားလည်စွာ အကြံဥာဏ်နဲ့ လမ်းညွှန်မှုပေးနိုင် တဲ့ ပညာရှင်ဝန်ထမ်းများမှ ဂရုတစိုက်နဲ့လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။